Skip to main content

Posts

Showing posts from November 12, 2014

Auto World Journal Volume-3-issue-44

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/14gd9eP via IFTTT

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၃) အမှတ်(၄၅)

SportsView(V3,N45).pdf by Thit Htoo Lwin အားကစားမြင်ကွင်းဂျာနယ် အတွဲ(၃) အမှတ်(၄၅) from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/14gd6jf via IFTTT

ပညာ​ရေး ထောက်ပံ့​မှု တန်းတူ​ရအောင် ဆောင်​ရွက်နေ

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှာ ကျောင်းတက်နေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ သားသမီးတွေကို ထိုင်းကျောင်းသားတွေနဲ့ တန်းတူ ထိုင်းအစိုးရဆီက အထောက်အပံ့တွေ ရအောင် ထိုင်းရှေ့နေများ ကောင်စီ နိုင်ငံမဲ့များ ရေးရာဌာန က လိုက်လံ ဆောင်ရွက် ပေးနေပါတယ်။ ၂၀ဝ၈ ခုနှစ် ကတည်းက အဲဒီတုံးက အာဏာရ ထိုင်းအစိုးရဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် ရောက်လာသူတွေ ဖြစ်စေ၊ နိုင်ငံမဲ့အဖြစ် ခိုလှုံနေသူတွေ ဖြစ်စေ၊ ကလေးတိုင်းဟာ ထိုင်းနိုင်ငံမှာ မူလတန်း ကနေ ပီအိပ်ခ်ျဒီ ဒေါက်တာ ဘွဲ့ရတဲ့ အထိ အခမဲ့ပညာ သင်ယူဆည်းပူးနိုင်ခွင့် ဥပဒေကို ပြဌာန်းခဲ့ပါတယ်။ အဲဒီ ဥပဒေ အရ ဆိုရင် ကျောင်းလခ၊ စာအုပ် စာရေးကရိယာ၊ ကျောင်းဝတ်စုံ၊ ကျောင်းတွင်း လှုပ်ရှားမှု စားရိတ်၊ နေ့လည်စာ စတဲ့ ၅ မျိုးကို အစိုးရက ထိုင်းကျောင်းသားတွေ ကို ပေးတဲ့အတိုင်း ထိုင်းနိုင်ငံထဲကို တရား မဝင် ရောက်လာတဲ့ ကလေးတွေရော နိုင်ငံမဲ့ ကလေးတွေပါ ရရမှာ ဖြစ်ပါတယ်။ တာ့ခ်ခရိုင်ထဲမှာ ကျောင်းတက်နေတဲ့ မြန်မာ ကျောင်းသားတွေ ထဲမှာ အဲဒီ့ အခွင့်အရေးတွေ မရသေးတာ တသောင်းကျော် ရှိနေပြီး ထိုင်း-မြန်မာ နယ်စပ် တလျှောက်လုံး မှာတော့ တသိန်းကျော် ရှိနေပါတယ်။ ယာယီနေထိုင်ခွင့် လက်မှတ် မရှိသေးတဲ့ ကျောင်းသူ ကျောင်းသ

မြန်မာ​ငွေ တန်ဖိုး​ကျနေ​လို့ ဗဟို​ဘဏ်​က ဒေါ်လာ​ဈေး ထိန်း​ချူပ်ပေးနေ

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တစ်ဒေါ်လာ ကို မြန်မာငွေ ၁၀၁၆ ကျပ် ဈေး ပေါက်အောင် ဒေါ်လာဈေးတွေ တက်လာ ခဲ့ရာမှာ အဆမတန် ထိုးတက် မသွားဖို့ ဗဟိုဘဏ်က ထိန်းချူပ် နေတယ် လို့ ဆိုပါတယ်။ ကမ္ဘာ့ဈေးကွက် အခြေအနေ မှာလည်း ဒေါ်လာတန်ဖိုး အားကောင်း နေတာက တစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ သွင်းကုန် ပမာဏက ပို့ကုန်အားထက် များနေတာက တစ်ကြောင်း အခုလို မြန်မာငွေ တန်ဖိုး ကျရတာ ဖြစ်တယ် လို့ ဗဟိုဘဏ်ရဲ့ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းသော် က ဘီဘီစီကို ပြောပါတယ်။ ဒေါ်လာဈေးတွေ တက်ရင် ကုန်ဈေးနှုန်းတွေ လိုက်တက်လာလေ့ ရှိတာမို့ ဗဟိုဘဏ် အနေနဲ့ ငွေလဲနှုန်းကို သတ်မှတ် ပေးတာမျိုး၊ ဒေါ်လာ ဝယ်လိုတဲ့ ပုဂ္ဂလိက ဘဏ်တွေကို ငွေပမာဏ ထိန်းချူပ်ပြီး ရောင်းပေးတာမျိုး လုပ်ပြီး ကိုင်တွယ် နေတယ် ဆိုပြီး ဦးဝင်းသော် က ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒေါ်လာငွေ လဲနှုန်းကို ၂၀၁၂ ခုနှစ်လောက် ကစပြီး အစိုးရက ၈၈၅ ကျပ် စ သတ်မှတ်ပြီး နောက်ပိုင်း အခု တစ်ထောင်ကျော် ကို ပထမဆုံး ရောက်လာတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် မြန်မာနိုင်ငံမှာ အခုလို ပွင့်လင်း ရာသီ မှာ ခရီးသွား လုပ်ငန်း၊ ဆန်၊ ပဲ၊ ငါး၊ ပုဇွန် လုပ်ငန်းတွေကနေ ဒေါ်လာတွေ ဝင်လာတာကြောင

Tech Space ကွန်ပျူတာ၊ မိုဘိုင်းနှင့် နည်းပညာဂျာနယ် Vol-3 Issue-32

TechSpace [Vol-3, Issue-32] FB.pdf by Thit Htoo Lwin Tech Space ကွန်ပျူတာ၊ မိုဘိုင်းနှင့် နည်းပညာဂျာနယ် Vol-3 Issue-32 from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1unArsW via IFTTT

ဦးဝင်းတင် ဖောင်ဒေးရှင်း ကိုပါကြီး မိသားစုကိုပါ ငွေကြေးထောက်ပံ့

ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းရဲ့ ၁၇ ကြိမ်မြောက် ထောက်ပံ့ငွေ ပေးအပ်ပွဲကို ရန်ကုန် မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ဒီနေ့ကျင်းပရာ အလွတ် သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင်၊ မွန်းတည့်နေဂျာနယ်က သတင်းသမား ၅ ဦး၊ မိကျောင်းကန် သပိတ်စခန်း ခေါင်းဆောင် ဦးစိန်သန်း နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ၂ဝ ကျော်တို့အတွက် စုစုပေါင်းငွေကျပ် ၅၇ သိန်း ထောက်ပံ့ လှူဒါန်းခဲ့ပါတယ်။ ကိုပါကြီးအတွက် ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း က သူ့ရဲ့မိသားစုဝင်တွေကို ငွေကျပ် ၃ သိန်း ထောက် ပံ့ပေးခဲ့တယ်လို့ ဖောင်းဒေးရှင်းရဲ့ အတွင်းရေးမှူး ဦးကျော်အောင်က ပြောပါတယ်။ "ဒီတစ်ပတ်တော့ ထူးခြားတာဟာ ဟိုတုန်းကလည်း ဖိနှိပ်ညှင်းပမ်းနှိပ်စက်မှုတွေကြောင့် သေဆုံးသွား တဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း ရှိခဲ့တယ်လေ၊ အဲ့ဒီတုန်းကတော့ ကျနော်တို့က မပေးနိုင်ခဲ့ဘူးပေါ့နော် ၊ ကျနော်တို့ ဖောင်ဒေးရှင်းလုပ်ပြီးနောက်ပိုင်းမှာ ပထမဆုံးအကြိမ် အဖမ်းခံရစဉ်မှာ အသတ်ခံရတာပေါ့နော်၊ တနည်းနည်းနဲ့ပေါ့ အသတ်အဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်တယ်၊ ဒါကြောင့် သူ့ကိုတော့ထိပ်ဆုံးက ဦးစားပေးပြီးတော့ ပေးမယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ ၈ ရက်နေ့က ဆုံးဖြတ်တယ်" ကို

အမေရိကန်သမ္မတ အိုဘားမားနဲ့ မြန်မာ လွှတ်တော် အမတ်တွေ ဆွေးနွေးမည်

အမေရိကန်သမ္မတ အိုဘားမားနဲ့ မြန်မာ လွှတ်တော် ကိုယ်စားလှယ် တချို့ဟာ မြန်မာနိုင်ငံ ပြုပြင် ပြောင်း လဲရေး လုပ်ငန်းစဉ် အတွင်းက လွှတ်တော်ရဲ့အခန်း ကဏ္ဍဆိုတဲ့ ခေါင်းစဉ်နဲ့ နေပြည်တော် နန်းဝတီ ဟိုတယ်မှာ မနက်ဖြန် ဆွေးနွေးကြမယ်လို့ သိရပါတယ်။ အမေရိကန်သမ္မတက မြန်မာနိုင်ငံရဲ့ လွှတ်တော်အပေါ် သုံးသပ်ချက်ကို ပြောကြားမှာဖြစ်ပြီး တက်ရောက်မယ့် လွှတ်တော် ကိုယ်စားလှယ်တွေက ပြန်လည် ဆွေးနွေးမှာ ဖြစ်တယ်လို့ အဲဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခံထားရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။ "ကျနော်တို့ လွှတ်တော်အကြောင်းကို ပိုစိတ်ဝင်စားလိမ့်မယ်လို့ထင်တယ်၊ သူသိတဲ့မြင်တဲ့ဘက်ကနေပြီးတော့ လွှတ်တော်က မြန်မာ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွင်းမှာ လွှတ်တော်ရဲ့အခန်းကဏ္ဍ ဘယ်လိုပါနိုင်သလဲဆိုတာကို သူကပြောပြမယ်၊ ကျနော်တို့က မရှင်းတဲ့ကိစ္စတွေ ဒါမှမဟုတ် သူနားလည်မှုလွဲနေတဲ့ကိစ္စတွေကို ကျနော်တို့က ထောက်ပြနိုင်လိမ့်မယ်လို့ ကျနော်တို့ အဲ့လိုမျှော်လင့်တယ်" အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံကို မလာခင်ရက်ပိုင်းအတွင်းမှာပဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းကို အမေရိကန်အစိုးရက အမည်ပျက်စာရင်းတင်သွင်းလိုက်တဲ့ကိစ္စက

မြန်မာအရေး အာရှရဲ့အရေးကြီးမှုတခုဟု ဘန်ကီမွန်းထောက်ပြ

အာရှဒေသတွင်း အရေးတကြီး ကိုင်တွယ်ရမယ့် ကိစ္စတွေထဲမှာ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ တချက်အပါအဝင် ဖြစ်တယ်လို့ အာဆီယံ ထိပ်သီးညီလာခံကို တက်ရောက်ဖို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက နေပြည်တော်မှာ ဒီကနေ့ ပြောကြားလိုက်ပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်အတွင်း မူဆလင် လူနည်းစုတွေ ကိစ္စမှာ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ကိုင်တွယ် ဆောင်ရွက်ဖို့ မစ္စတာဘန်ကီမွန်းက တိုက်တွန်းသွားပါတယ်။ သူ့ရဲ့ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး ကိုဉာဏ်ဝင်းအောင်က ကောက်နှုတ် တင်ပြထားပါတယ်။ လက်ရှိမြန်မာအစိုးရက လုပ်ဆောင်နေတဲ့ မြန်မာ့ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုဟာ အဆုံးအဖြတ် ပေးရမယ့် အချိန်ကို ရောက်နေပြီလို့ နေပြည်တော်မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးညီလာခံ အဖွင့်နေ့ ဒီကနေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။ “ရှေ့နှစ် ၂၀၁၅ မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အားလုံးပါဝင်ခွင့်ရပြီး ပွင့်လင်းမြင်သာမှု ရှိဖို့လိုကြောင်း၊ ဒီမိုကရေစီ ပြောင်းလဲရေးကို အဆုံးအဖြတ် ပေးနိုင်မယ့် အရေးပါလှတဲ့ ရွေးကောက်ပွဲ ဖြစ်ကြောင်း” မစ္စတာဘန်ကီမွန်းက ပြောကြားသွားတာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ

ဘန်ကီမွန်းက ရိုဟင်ဂျာကို ခွဲခြားမဆက်ဆံဖို့ ပြော

အာဆီယံ ထိပ်သီး ဆွေးနွေပွဲကြီးကို တက်ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ရိုဟင်ဂျာတွေကို ခွဲခြား မဆက်ဆံဖို့ ပြောလိုက်ပါတယ်။ ‘‘ခွဲခြားဆက်ဆံမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ကျွန်တော် ပြောလိုပါတယ်။ သမ္မတနဲ့ မြန်မာ ခေါင်းဆောင်တွေ အနေနဲ့ လူ့အခွင့်အရေးကို ကာကွယ်ထိန်းသိမ်းဖို့ ကျွန်တော် အားပေး တိုက်တွန်းပါတယ်’’လို့ ဘန်ကီမွန်းက ပြောပါတယ်။ မစ္စတာ ဘန်ကီမွန်းက အာဆီယံခေါင်းဆောင်တွေနဲ့ တွေ့ဆုံအပြီး နေပြည်တော်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေကို ဆန့်ကျင့်လှုံ့ဆော်မှုတွေနဲ့ပတ်သက်ပြီး မြန်မာဘက်က အလေးအနက်ထားဖို့ နဲ့ ဒုက္ခရောက်နေကြတဲ့ ရိုဟင်ဂျာတွေအပေါ် လူသားချင်းစာနာမှု အကူအညီပေးဖို့ကိုလည်း ပြောခဲ့ပါတယ်။ အာဆီယံနဲ့ ကုလသမဂ္ဂ ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဒေသတွင်းနဲ့ နိုင်ငံတကာအရေးတွေမှာ မြန်မာနိုင်ငံ ပိုပြီးတက်ကြွတဲ့ အခန်းကဏ္ဍဍကနေ ပါဝင်လာနေတာကို ကြိုဆိုတယ်လို့လည်း ဘန်ကီမွန်းက ပြောပါတယ်။ နောက်ပြီး မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ရည်ရွယ်လုပ်ဆောင်နေတာအပါအဝင် လူထုဘဝ တိုးတက်ရေး ဆောင်ရွက်ချက်တွေမှာ အောင်မြင်မှုတွေ ရှိနေတာကို ဂုဏ်ယူပြ

ရန်ကုန်- မန္တလေး အ မြန် လမ်း မ ကြီး ပေါ် တွင် ယာဉ်တစ်စီးနှင့် တစ်စီး ကျော်တက် မောင်းနှင်ရာမှ လေးခွနှင့် ပစ်ခတ်မှု ဖြစ်ပွား

ယမန်နေ့ နံနက် ၃နာရီ ၁ဝမိနစ်က ကျောက်တံခါးမြို့နယ် မြို့ချောင်း အမြန်လမ်း ရဲစခန်းအပိုင် ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၈၄/ဝ အနီး၌ ယာဉ်တစ် စီးအား လေးခွနှင့် ပစ်ခတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ နေပြည်တော်မှ ရန်ကုန်သို့ ယာဉ်မောင်း ချမ်းလင်းနောင် (ဘ) ဦးဟန်ဝင်းအောင်၊ ပြည်တော်သာ (၈)လမ်း လှည်းကူးမြို့နယ် ရန်ကုန်တိုင်း ဒေသကြီး နေသူ မောင်းနှင်ပြီး ခရီးသည် ၂၇ ဦးလိုက်ပါလာသော ၆ဃ/.... ယူတုန်း အမျိုးအစား GI Group မှန်လုံယာဉ်မှာ အမြန်လမ်းအတိုင်း မောင်းနှင်လာစဉ် မိုင်တိုင် အမှတ်၈၆/၅ အနီး အရောက် ၎င်းယာဉ်အား နံပါတ်မမှတ်မိ ALPHARD အဖြူရောင် ယာဉ်တစ်စီးမှ ကျော်တက် မောင်းနှင်သွားခဲ့ပြီး မိုင်တိုင်အမှတ် ၈၄/ဝ အနီးအရောက်၌ ၎င်းယာဉ်မှာ လမ်းယာဘက်စပ်၌ ရပ်၍ ယာဉ်ပေါ်ရှိ အမည်မသိ လူတစ်ဦးမှ လေးခွဖြင့် ပစ်ခတ်သဖြင့် ယာဉ်၏ ယာဘက်ခြမ်း ထိုင်ခုံအမှတ် (၃)၏ အထက်မှန်အား ထိမှန်ကာ အက်ကွဲသွားခဲ့ပြီး ခရီးသည်များ ထိခိုက် ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။ ထို့နောက် GI Group မှန်လံယာဉ်မှ ရပ်ရန်အတွက် လမ်းဘေးသို့ချပြီး အရှိန်လျှော့၍ မောင်းနှင်စဉ် ALPHARD ယာဉ်မှ မှန်လုံယာဉ်အားကျော် တက် မောင်းနှင် ပြီးနောက် လေးခွဖြင့်

ကြယ်တံခွန်ပေါ် ဂြိုဟ်ဆင်းယာဉ် ဆင်းသက်မှု စတင်

အာကာသ သိပ္ပံ သမိုင်းမှာ အထူးခြားဆုံး အခိုက်အတံ့ အဖြစ် ကမ္ဘာမြေနဲ့ ကီလိုမီတာ သန်း ၅၀ဝ ကျော် အကွာမှာ ရှိတဲ့ ကြယ်တံခွန် တစ်ခုရဲ့ မျက်နှာပြင်ပေါ်ကို ဂြိုဟ်ဆင်းယာဉ် ဆင်းသက်မှု စတင် လိုက်ပါတယ်။ 67P ကြယ်တံခွန်ရဲ့ မျက်နှာပြင်ပေါ် ဆင်းသက်မယ့် ဂြိုလ်ဆင်းယာဉ် Philae ဟာ မိခင်ယာဉ် ရိုဆက်တာ ကနေ ထွက်သွားတာ ၂ နာရီ ကြာခဲ့ပြီးနောက် ယာဉ် ၂ ခုကြား အဆက်အသွယ် အားလုံး ကောင်းနေတယ်လို့ ဥရောပ အာကာသ အေဂျင်စီက သိပ္ပံပညာရှင် တွေက အတည်ပြု ခဲ့ပါတယ်။ အခုဆို 67P ကြယ်တံခွန်ဆီ ဆင်းသက်ဖို့ ကီလိုမီတာ အနည်းငယ်ပဲ ကွာတော့တဲ့ အဲဒီ ဂြိုလ်ဆင်းယာဉ် ကနေ မိခင် ယာဉ်မကြီးက ခွာထွက် ခဲ့တဲ့ ဓာတ်ပုံတွေကို ပေးပို့မှာကို စောင့်နေတယ်လို့ သိပ္ပံပညာရှင် တွေက ပြောပါတယ်။ Philae ဂြိုလ်ဆင်းယာဉ်ဟာ သက်တမ်း အားဖြင့် နှစ် သန်းပေါင်း ၄၀ဝ၀ ကျော်နေပြီလို့ ခန့်မှန်းထားကြတဲ့ ဒီ ကြယ်တံခွန်ဆီက ရေခဲနဲ့ မြေမှုန် တွေကို ဓာတ်ခွဲ လေ့လာပြီး အဲဒီကနေ တဆင့် စကြာဝဠာနဲ့ နေအဖွဲ့အစည်း ဖြစ်တည်လာပုံ တွေကို ပိုမို သိရှိလာ နိုင်မယ်လို့ မျှော်လင့် နေကြပါတယ်။ ဒီခရီစဉ်ကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က စတင် ခဲ့တာ ဖြစ်ပြီး ဒေါ်လာ သန်း တစ်ထောင် ကုန်ကျ ခဲ့ပါတယ်။ အရင်က အခုလို ကြယ်တံခွန် တစ်ခုပေ

ပါကစ္စတန် စစ်သွေးကြွများ ISIS အဖွဲ့နှင့် ပူးပေါင်း

အစ္စလာမ္မာဘတ် ၊ ၁၂-၁၁-၂၀၁၄ ပါကစ္စတန် အနောက် မြောက်ပိုင်းရှိ မြောက်ဝါဇီရစ္စတန် မျိုးနွယ်စု စစ်သွေးကြွ များသည် ISIS စစ်သွေးကြွ အဖွဲ့နှင့် ပူးပေါင်း ခဲ့ကြောင်း Press TV သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ ပါကစ္စတန် အစိုးရ တပ်ဖွဲ့ဝင် များသည် မြောက်ဝါဇီရစ္စတန် မျိုးနွယ်စု ဒေသတွင်းရှိ စစ်သွေးကြွ များအား ဖယ်ရှားရန် အတွက် စစ်ဆင်ရေး များကို ဇွန်လ ကတည်းက စတင် လုပ်ဆောင် ခဲ့သော်လည်း Tehrik-i-Taliban Pakistan(TTP) စစ်သွေးကြွ အဖွဲ့မှ ခေါင်းဆောင် အများအပြားသည် ISIS အဖွဲ့နှင့် ပူးပေါင်းခဲ့ကြောင်း အစ္စလာမ်မာဘတ် Quaidi- Azam တက္ကသိုလ်မှ ပါမောက္ခ နာဇီဘာဟူစိန် က Press TV သတင်းဌာနသို့ ပြောကြား ခဲ့သည်။ ထို့ပြင် ISIS စစ်သွေးကြွ များသည် ပက်ရှ်ဝါမြို့၊ လာဟိုးမြို့ နှင့် ကက်ရှ်မီးယား ဒေသအတွင်း၌ အကြမ်းဖက် လှုံ့ဆော်ရေး လက်ကမ်း စာစောင်များကို ဖြန့်ဝေလျက် ရှိကြောင်း ဟူစိန်က ထပ်လောင်း ပြောကြား ခဲ့သည်။ ၄င်းပြင် ISIS စစ်သွေးကြွ အဖွဲ့သည် ပါကစ္စတန်နိုင်ငံ အတွင်းရှိ ရှီယိုက် မျိုးနွယ်စု များကို အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်လျက် ရှိပြီး အင်အား ၁ဝဝဝဝ မှ ၁၂ဝဝဝ အကြားရှိ အကြမ်းဖက် တပ်ဖွဲ့ဝင် အရေအတွက်ကို တိုးမြှင့် စုဆောင်းလျက် ရှိကြောင်း သိရ

အာဆီယံ ထိပ်သီး ဆွေးနွေးပွဲ နေပြည်တော်မှာ ဖွင့်လှစ်

မြန်မာနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးကို နေပြည်တော်မှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ စတင် ဖွင့်လှစ် ခဲ့ပါတယ်။ ဒီကနေ့မှာ မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ အင်ဒိုနီရှား သမ္မတ၊ ဂျပန် ဝန်ကြီးချုပ် တို့နဲ့ သီခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အင်ဒိုနီရှားနဲ့ ၂၀၁၆မှာ နှစ်နိုင်ငံ ကုန်သွယ်မှုတွေကို အမေရိကန် ဒေါ်လာ တစ်ဘီလျံ အထိ တိုးမြှင့်သွားဖို့ သဘောတူခဲ့ကြပါတယ်။ ဂျပန် နိုင်ငံနဲ့ ပိုမို ပူးပေါင်း ဆောင်ရွက်ဖို့ သဘောတူခဲ့ပြီး ရန်ကုန်မြို့တွင်း လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓါတ်အား စီမံကိန်း၊ သီလဝါနဲ့ ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း တွေမှာ ပိုမို ရင်းနှီးမြှုပ်နှံဖို့နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်မှာ အကူအညီ ပေးဖို့ ဂျပန်က သဘောတူခဲ့ပါတယ်။ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲနဲ့ ဆက်စပ်တဲ့ ထိပ်သီး ဆွေးနွေးပွဲတွေ၊ ဒေသဆိုင်ရာ ဆွေးနွေးပွဲတွေကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းနဲ့ အမေရိကန် သမ္မတ အိုဘာမား အပါအဝင် နိုင်ငံခေါင်းဆောင် အတော်များများ တက်ရောက်ကြမှာ ဖြစ်ပါတယ်။ အာဆီယံနဲ့ ကုလသမဂ္ဂရဲ့ ထိပ်သီး ဆွေးနွေးပွဲမှာ ဒေသတွင်းနဲ့ နိုင်ငံတကာ အရေးတွေမှာ မြန်မာနိုင်ငံက ပိုပြီး တက်ကြွတဲ့ အခန်းကဏ္ဍဍ ကနေ ပါဝင် လာနေတာကို ကြ

အာဖဂန်ဘိန်းထွက် စံချိန်သစ်တင်

အာဖဂန်နစ္စတန် နိုင်ငံရဲ့ ဒီနှစ် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုဟာ အရင်နှစ်တွေကထက် ပိုပြီး တိုးလာခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု တိုက်ဖျက်ရေးဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်မှာ အာဖဂန်နိုင်ငံရဲ့ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့နှစ်ကထက် ၁၇ ရာခိုင်နှုန်း၊ တန်ချိန်အားဖြင့် ၆, ၄၀၀ လောက် တိုးလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီနှစ်တွင်း ဘိန်းစိုက်ပျိုးမှုမြေ ဧရိယာ စုစုပေါင်း ၇ ရာခိုင်နှုန်း၊ ၅၅၃ ဧကလောက်အထိ တိုးချဲ့ စိုက်ပျိုးလာခဲ့တာ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ကမ္ဘာပေါ်က ဘိန်းစိုက်ပျိုးထုတ်လုပ်မှု စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းကို အာဖဂန်နစ္စတန်နိုင်ငံမှာ စိုက်ပျိုးတာဖြစ်ပြီး ဒီလို ဘိန်းတွေကို တရားမ၀င် ကုန်သွယ်မှုကနေ ရလာတဲ့ အကျိုးအမြတ်တွေကနေ တာလီဘန် သူပုန်တွေအတွက် ရန်ပုံငွေ ရှာပေးနေတာ ဖြစ်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ အာဖဂန်နိုင်ငံထဲ ၀င်တိုက်ခိုက်တဲ့ ၂၀၀၁ ခုနှစ်ကစလို့ အာဖဂန်နိုင်ငံတွင်း မူးယစ်ဆေးဝါး ကုန်သွယ်မှု နှိမ်နင်းရေး လုပ်ငန်းတွေအတွက် ဒေါ်လာ သန်းပေါင်း ၇,၈၀၀ သုံးစွဲ လုပ်ဆောင်နေပါတယ်။ ဗွီအိုအေ (မြန်မာပိုင်း) http://ift.tt/1ubmONI

လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ နောက်ထပ်သက်သေ ၃ ဦး စစ်မေးမည်

ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် လိပ်ကျွန်း (ခိုတောင်ကျွန်း)မှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ ကိစ္စမှာ သံသယရှိသူအဖြစ် ဖမ်းဆီး ခံထားရတဲ့ မြန်မာလူငယ် ၂ ဦးဟာ ကျူးလွန်ခြင်း ရှိမရှိ သက်သေပြနိုင်ဖို့ အတွက် နောက်ထပ်သက်သေ ၃ ဦးကို စစ်ဆေး မေးမြန်းဖို့ ရှိနေပါတယ်။ ဖမ်းဆီးခံ လူငယ် ၂ ဦးဘက်ကနေ ခုခံချေပပေးမယ့် ထိုင်းရှေ့နေများကောင်စီအဖွဲ့ဝင်တွေဟာ မနက်ဖြန် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဆူရတ်ဌာနီကို သွားပြီး ရွှေ့ပြောင်းအလုပ်သမားတွေကို သွားမေးမယ်လို့ ဒီကိစ္စမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ မြန်မာသံရုံးအထူးအဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။ “အဖမ်းခံထားရတဲ့ ကလေး ၂ ယောက်ထဲက စူရတ်ဌာနီကိုလာရင်း အဖမ်းခံရတဲ့ ၀င်းဇော်ထွန်း ကို လာကြိုတဲ့ အလုပ်သမားတွေကို မေးမှာပါ။ သူတို့က စူရတ်ဌာနီမှာ ပန်ရံအလုပ်သမား လိုတယ်လို့ ပြောတော့ ၀င်းဇော်ထွန်းက အလုပ်လုပ်ဖို့ လာတာလေ။ ဘတ် (အလုပ်သမားကတ်) လည်း ရိုက်ပေးမယ်ပြောလို့ လာတာ၊ အဲဒီမှာ ရဲတွေက သူ့ကို ဖမ်းလိုက်တာ၊ တကယ်တမ်း ကျူးလွန်သူဆိုရင် အဲဒီကိုဘယ်လာမှာလဲ၊ တခြားကို ထွက်ပြေးမှာပေါ့။ အဲဒီကိစ္စအတွက် သက်သေတွေကို သွားမေးမှာဖြစ်ပါတယ်။ သူတို့အလုပ်နားချိန် ညနေပိုင်းလောက်ပေါ့။” ရေ

မြန်မာနိုင်ငံအတွင်း မရှိမဖြစ် သွင်းကုန်များဝယ်ယူရန် ဗဟိုဘဏ်မှ ဒေါ်လာများ ရောင်းပေး

ရန်ကုန် ၊ ၁၂-၁၁-၂၀၁၄ မြန်မာနိုင်ငံအတွင်း အမေရိကန် ဒေါ်လာဈေးများ မြင့်တက်လျက် ရှိရာ သွင်းကုန်အချို့ ရပ်ဆိုင်းထား ရသော်လည်း မရှိမဖြစ် လိုအပ်သော သွင်းကုန်များ ဝယ်ယူရန် ဗဟိုဘဏ်မှ ဒေါ်လာများ ရောင်းချ ပေးနေကြောင်း မြန်မာ နိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။ အဆိုပါ ဒေါ်လာဈေးနှုန်း မြင့်တက်မှုကြောင့် တန်ဖိုးမြင့် ပစ္စည်းများ ဖြစ်သည့် ရေခဲသေတ္တာ၊ လေအေးပေးစက် စသည့်ပစ္စည်းများ အပြင် အခြားသွင်းကုန် များပါ တင်သွင်းမှု ရပ်ဆိုင်း ထားရကြောင်း၊ သွင်းကုန် ပစ္စည်းအများစု သည် အမေရိကန် ဒေါ်လာ ဈေးနှုန်းပေါ်တွင် အခြေခံ သောကြောင့် မရှိမဖြစ် လိုအပ်သည့် ပစ္စည်းများ တင်သွင်းရာ၌ ဗဟိုဘဏ်မှ ရောင်းချပေးသော ပမာဏနှင့် လုံလောက်မှု ရှိကြောင်း သိရသည်။ ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်များသို့ တစ်နေ့လျှင် အမေရိကန် ဒေါ်လာ သန်း ၃ဝ ဖြင့် အများဆုံး ရောင်းချ ပေးလျက်ရှိပြီး ဗဟိုဘဏ်၏ အမေရိကန် ဒေါ်လာ သတ်မှတ်နှုန်းမှာ တစ်ဒေါ်လာလျှင် ၁ဝဝ၉ ကျပ် ဖြစ်ကြောင်း သိရသည်။ လက်ရှိဈေးကွက် အတွင်း အမေရိကန် တစ်ဒေါ်လာ လျှင် ၁ဝ၁၄ ကျပ် ခန့်ရှိပြီး အမေရိကန် ဒေါ်လာဈေး မြင့်ခြင်းကြောင့် ထိုင်းနိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်း အချို့မှာ ဈေးတက် လာသဖြင

ရန်ကုန်မြို့ ၌ ရုံးခန်းများငှားရမ်းခ တစ် မီတာပတ်လည်လျှင် အမေရိကန် ဒေါ်လာ ၈၇ ဒေါ်လာဖြင့် ကမ္ဘာ့ ဈေးအကြီးဆုံး ဖြစ်လာ

ရန်ကုန် ၊ ၁၂-၁၁-၂၀၁၄ ယခုနှစ်အတွင်း အရှေ့တောင် အာရှနိုင်ငံ များ၌ ရုံးခန်းများ ငှားရမ်းရာတွင် ရန်ကုန်မြို့၌ ပျမ်းမျှအားဖြင့် ၁ မီတာ ပတ်လည်လျှင် အမေရိကန် ဒေါ်လာ ၈၇ ဒေါ်လာနှုန်း ပေါက် နေသဖြင့် ကမ္ဘာတစ်ဝန်း ၌ ဈေးအကြီးဆုံး ငှားရမ်းခ ဖြစ်နေကြောင်း အိမ်ခြံမြေ ဈေးကွက် ဆိုင်ရာ သုတေသန အဖွဲ့ တစ်ခုဖြစ်သည့် Colliers International အဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။ အဆိုပါ နှုန်းထားမှာ ရုံးခန်းများ ငှားရမ်းရာတွင် ဒုတိယ ဈေးအကြီးဆုံး ဖြစ်သည့် စင်ကာပူထက် ၂၁ ရာခိုင်နှုန်း မြင့်မားလျက် ရှိကာ ရန်ကုန်မြို့ အိမ်ခြံမြေ ဈေးနှုန်းများ ဆက်လက် မြင့်တက် လာမှုနှင့် ပတ်သက်၍ အိမ်ခြံမြေ ဈေးကွက် ပူဖောင်း ဖြစ်ပေါ်နေခြင်း ရှိ၊ မရှိ မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေ ရှာဖွေရေး ဝက်ဘ်ဆိုက် တစ်ခုဖြစ်သည့် House.com.mm မှ လေ့လာမှုများ အရ ရန်ကုန်မြို့ အိမ်ခြံမြေ ဈေးနှုန်းများ မြင့်တက် ရာတွင် ရုံးခန်း၊ လူနေအိမ်ခန်း ငှားရမ်းမှုများ ပိုမိုမြင့်တက် လာမှုကလည်း အကြောင်းအရင်း တစ်ရပ်အဖြစ် ပါဝင်ကြောင်း သိရသည်။ ''ရန်ကုန်မြို့ အိမ်ခြံမြေ ဈေးနှုန်းတွေဟာ မြင့်မားတဲ့ နှုန်းထား ဖြစ်နေ ပေမယ့်လည်း အိမ်ခြံမြေ ဈေးကွက်က လေသွင်းတိုင်း ကြီးကြီးလာတဲ့ ပူ