ကိုပါကြီးအတွက် ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း က သူ့ရဲ့မိသားစုဝင်တွေကို ငွေကျပ် ၃ သိန်း ထောက် ပံ့ပေးခဲ့တယ်လို့ ဖောင်းဒေးရှင်းရဲ့ အတွင်းရေးမှူး ဦးကျော်အောင်က ပြောပါတယ်။
"ဒီတစ်ပတ်တော့ ထူးခြားတာဟာ ဟိုတုန်းကလည်း ဖိနှိပ်ညှင်းပမ်းနှိပ်စက်မှုတွေကြောင့် သေဆုံးသွား တဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း ရှိခဲ့တယ်လေ၊ အဲ့ဒီတုန်းကတော့ ကျနော်တို့က မပေးနိုင်ခဲ့ဘူးပေါ့နော် ၊ ကျနော်တို့ ဖောင်ဒေးရှင်းလုပ်ပြီးနောက်ပိုင်းမှာ ပထမဆုံးအကြိမ် အဖမ်းခံရစဉ်မှာ အသတ်ခံရတာပေါ့နော်၊ တနည်းနည်းနဲ့ပေါ့ အသတ်အဖြတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်တယ်၊ ဒါကြောင့် သူ့ကိုတော့ထိပ်ဆုံးက ဦးစားပေးပြီးတော့ ပေးမယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ ၈ ရက်နေ့က ဆုံးဖြတ်တယ်"
ကိုပါကြီးအတွက် ထောက်ပံ့ငွေကို သူ့ရဲ့ ဇနီးဖြစ်သူ မသန္တာက တက်ရောက်လက်ခံခဲ့ပါတယ်။
ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းဟာ နိုင်ငံရေးအကျဉ်းသားတွေ၊ ထောင်ကျခံနေရတဲ့ သတင်းသမားတွေ နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ၂ လတစ်ကြိမ် အလှည့်ကျထောက်ပံ့ငွေ ပေးအပ်နေတာဖြစ်ပါတယ်။
ဒီနေ့ထောက်ပံ့မှုအပါအဝင် ဖောင်ဒေးရှင်းက စုစုပေါင်း ငွေကျပ်သိန်း ၁၄ဝဝ ကျော်ထောက်ပံ့ပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။
RFA Burmese
http://ift.tt/1mveILg
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1sENMsy
Comments
Post a Comment