Skip to main content

Posts

Showing posts from May 17, 2014

အိန္ဒိယ ရွေးကောက်ပွဲ ဟိန္ဒူအမျိုးသားရေးဝါဒီ မိုဒီ၏ BJP ပါတီ အနိုင်ရ နယူးဒေလီ၊ မေ...

အိန္ဒိယ ရွေးကောက်ပွဲ ဟိန္ဒူအမျိုးသားရေးဝါဒီ မိုဒီ၏ BJP ပါတီ အနိုင်ရ နယူးဒေလီ၊ မေ ၁၇ အိန္ဒိယ ရွေးကောက်ပွဲတွင် အတိုက်အခံ BJP ပါတီက ဆယ်စုနှစ် သုံးခုအတွင်း မဲအပြတ်အသတ် အသာဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့် ပါတီခေါင်းဆောင် မိုဒီက နယူးဒေလီမြို့တော်တွင် အောင်ပွဲခံ အခမ်းအနား ကျင်းပနေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ ရွေးကောက်ပွဲတွင် လက်ရှိ အာဏာရ ပါတီဖြစ်သော ကွန်ဂရက်ပါတီမှာ အရေးနိမ့်သွားပြီး လာမည့် ရက်ပိုင်းအတွင်း ရာထူးမှ နုတ်ထွက်သွားမည်ဟု မျှော်လင့်ရသည်။ ဟိန္ဒူအမျိုးသားရေး ဝါဒီတစ်ဦးဖြစ်သူ မိုဒီ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး စီးပွားရေး ပြန်လည်ဆန်းသစ်နိုင်ရေး လုပ်ဆောင်သွားမည်ဟု ရွေးကောက်ပွဲတွင် ကတိပြုထားသည်။ ထို့အပြင် ပါလီမန်နေရာ အများစုကို BJP ပါတီက အနိုင်ရရှိထားသဖြင့် ညွန့်ပေါင်းအဖွဲ့များ မပါဘဲ အစိုးရအဖွဲ့သစ် တစ်ရပ် ဖွဲ့စည်းနိုင်မည်ဟု ရွေးကောက်ပွဲ ရလဒ်များတွင် ဖော်ပြထားသည်။ သို့သော်လည်း မိုဒီ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဂူဂျာရတ်ပြည်နယ်၌ ၂၀၀၂ ခုနစ်တွင် ဖြစ်ပွားခဲ့သော လူ့အဖွဲ့အစည်းများကြား ပဋိပက္ခတွင် လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့ပြီး သေဆုံးသူ အများစုမှာ မွတ်ဆလင်များ ဖြစ်သဖြင့် မိုဒီ၏

ငရုတ်ကောင်း မြို့နယ်ခွဲတွင် ရှမ်းတရုတ် အမျိုးသားပိုင် အမဲစည်သွတ်စက်ရုံ တည်ဆောက်ြ...

ငရုတ်ကောင်း မြို့နယ်ခွဲတွင် ရှမ်းတရုတ် အမျိုးသားပိုင် အမဲစည်သွတ်စက်ရုံ တည်ဆောက်ခြင်းကို ဒေသခံများ ကန့်ကွက် ပုသိမ်၊ မေ ၁၇ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့နယ်ခွဲရှိ တည်ချောင်းတံတား မိုင်တိုင်အမှတ် (၅၂/၄) အနီး ပုသိမ်-မော်တင်ကား လမ်းမကြီး၏ အရှေ့ဘက် (၄) ဖာလုံခန့်အကွာ တောတွင်း၌ ရှမ်းတရုတ် အမျိုးသားတစ်ဦး ပိုင်ဆိုင်သည့် အမဲသား စည်သွတ်စက်ရုံ တည်ဆောက်လျက် ရှိခြင်းကို ကန့်ကွက်ကြောင်း ဒေသခံ ကျေးရွာသားများက ပြောကြားသည်။ ယင်းစည်သွတ် စက်ရုံသည် အလျား ၁၅ ပေ၊ အနံ ၁၅ ပေရှိပြီး အခန်း ၁၀ ခန်း ပါဝင်ရာ အရှည်ပေ ၁၅၀ ရှိပြီး ရှမ်းတရုတ် အမျိုးသား ဦးကျော်မြင့်၏ အမဲစည်သွတ်စက်ရုံ ဖြစ်ကြောင်း၊ ယင်းစက်ရုံ ပတ်လည်တွင် ဒေသခံကျေးရွာ ၁၅ ရွာ ရှိခြင်းကြောင့် ကန့်ကွက်ရခြင်း ဖြစ်သည်ဟု ၎င်းတို့က ပြောဆိုသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ အရေးယူ တားဆီးပေးရန် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနများသို့ မေလပထမပတ် အတွင်းက စုပေါင်း လက်မှတ်ရေးထိုး၍ အကြောင်းကြားစာ ပေးပို့ထားကြောင်း ကန့်ကွက်သူများအဖွဲ့ကို ဦးဆောင်သည့် ငရုတ်ကောင်း

သမ္မတဦးသိန်းစိန်နှင့် ၀ူခုန်းမင်းသား တွေ့ဆုံမည် --------- ၀ူခုန်းမင်းသားဟု နာ မည...

သမ္မတဦးသိန်းစိန်နှင့် ၀ူခုန်းမင်းသား တွေ့ဆုံမည် --------- ၀ူခုန်းမင်းသားဟု နာ မည်ကျော်ကြားသည့် သရုပ် ဆောင်မစ္စတာ လျူချီယိုလင်တန် သည် မေလတတိယပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်လည် ပတ်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတနှင့်လည်း တွေ့ ဆုံမည်ဟု သတင်းရရှိသည်။ သတင်းအပြည့်အစုံ... http://ift.tt/1sGmamo from 7Day News Journal's Facebook Wall http://ift.tt/1sGmams

မေ၁၈ ယ နေ့  မနက် ၈နာရီခန့် က မန္တလေးအောင်ပင်လယ်ကွင်းတွင်ဒေါ်အောင်ဆန်းစုကြည် ၊က...

မေ၁၈ ယ နေ့  မနက် ၈နာရီခန့် က မန္တလေးအောင်ပင်လယ်ကွင်းတွင်ဒေါ်အောင်ဆန်းစုကြည် ၊ကိုမင်းကိုနိုင်၊ ဦးဝင်းမြင့် တို့ က၂၀၀၈ဖွဲ့စည်းပုံ အ ခြေ ခံဥပ ဒေပြင်ဆင် ရေး အတွက်ဟောပြောခဲ့ကြသည်။ ခက်ဆစ် from Popular Myanmar News Journal's Facebook Wall http://ift.tt/1kdvWvm

သံဃာများ မဲပေးခွင့်ရရန် တောင်းဆိုမည် မဟုတ်ဟု မဘသပြော --------- သံဃာများ မဲပေးခွင...

သံဃာများ မဲပေးခွင့်ရရန် တောင်းဆိုမည် မဟုတ်ဟု မဘသပြော --------- သံဃာများ မဲပေးခွင့်ရရှိ ရေးအတွက် အစိုးရထံ တောင်းဆို မည့်ဆုံးဖြတ်ချက်ကို ၎င်းတို့အနေ ဖြင့် မည်သည့်အခါကမျှ မချမှတ်ခဲ့ ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ- ဗဟို) က ငြင်းဆိုလိုက်သည်။ သတင်းအပြည့်အစုံ.. http://ift.tt/1lP17ND from 7Day News Journal's Facebook Wall http://ift.tt/1gCMRZs

ကမ္ဘာကျော် ကေပေါ့ပ် နှစ်ဖွဲ့ ဖျော်ဖြေပွဲ ဈေးအကြီးဆုံးပွဲဖြစ်မည် ---------- ကမ္ဘာကေ...

ကမ္ဘာကျော် ကေပေါ့ပ် နှစ်ဖွဲ့ ဖျော်ဖြေပွဲ ဈေးအကြီးဆုံးပွဲဖြစ်မည် ---------- ကမ္ဘာကျော်ကေပေါ့ပ် အဖွဲ့နှစ်ဖွဲ့လာရောက်ဖျော်ဖြေ မည့်ပွဲကို ဇူလိုင်နောက်ဆုံးပတ် တွင် ပြုလုပ်ရန်စီစဉ်နေပြီး အဖွဲ့ အမည်များကို မကြာမီကြေညာ ပေးသွားမည်ဟု ပွဲစီစဉ်သူ ကိုဘိုဆန်းက ပြောသည်။ သတင်းအပြည့်အစုံ... http://ift.tt/1lP158y from 7Day News Journal's Facebook Wall http://ift.tt/1gCMTAr

RSO အဖွဲ့က တိုက်ခိုက်၍ နယ်ခြားစောင့်တပ်ဖွဲ့မှ လေးဦးကျ၊ နှစ်ဦးပျောက်၊ တစ်ဦးဒဏ်...

RSO အဖွဲ့က တိုက်ခိုက်၍ နယ်ခြားစောင့်တပ်ဖွဲ့မှ လေးဦးကျ၊ နှစ်ဦးပျောက်၊ တစ်ဦးဒဏ်ရာရ ------ မောင်တောမြို့နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် မေလ ၁၇ ရက်က ရိုဟင်ဂျာသွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO) ၏ ၀င် ရောက်တိုက်ခိုက်မှုကြောင့် နယ် ခြားစောင့်ရဲတပ်ဖွဲ့မှ လေးဦးကျ ဆုံးပြီး အရာရှိတစ်ဦး ဒဏ်ရာရရှိ ကာ နှစ်ဦးမှာ လက်နက်နှင့်အတူ ပျောက်ဆုံးနေကြောင်း သတင်း ရရှိသည်။ သတင်းအပြည့်အစုံ... http://ift.tt/1lP17Nu from 7Day News Journal's Facebook Wall http://ift.tt/1gCMRJ5

motors.com.mm က လုပ်ငန်းတိုးချဲ့ရန် မြို့ကြီးများတွင် ရုံးခွဲများ ထပ်မံဖွင့်မည်...

motors.com.mm က လုပ်ငန်းတိုးချဲ့ရန် မြို့ကြီးများတွင် ရုံးခွဲများ ထပ်မံဖွင့်မည် ရန်ကုန်၊ မေ ၁၇ မြန်မာနိုင်ငံ၏ နံပါတ်တစ် မော်တော်ယာဉ် အရောင်းအဝယ် လမ်းညွှန် Website ဖြစ်သည့် motors.com.mm က ပြည်တွင်းလုပ်ငန်း အခြေအနေကို ထပ်မံတိုးချဲ့ရန် မြန်မာနိုင်ငံအတွင်းရှိ အချက်အချာကျသော မြို့ကြီးများတွင် ရုံးခွဲများ ဖွင့်လှစ်၍ လုပ်ငန်းတိုးချဲ့ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း အဆိုပါ Website ကို တည်ထောင်ထားသည့် ဂျာမနီအခြေစိုက် Rocket Internet ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ Mr. Erwin Sikma က ပြောကြားသည်။ motors.com.mm အနေနှင့် လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင် အခြေစိုက် လုပ်ကိုင်နေသော်လည်း လုပ်ငန်း ပိုမိုတိုးချဲ့နိုင်ရန်နှင့် နိုင်ငံတစ်ဝန်းမှ မော်တော်ယာဉ်များကို ပိုမိုစုစည်း တင်ပြနိုင်ရန် နေပြည်တော်၊ မန္တလေး၊ မကွေး၊ တောင်ကြီး အစရှိသည့် မြို့ကြီးများတွင် တိုးချဲ့ ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း ၎င်းကဆိုသည်။ “လက်ရှိ Website မှာ မော်တော်ယာဉ် ၅၀၀၀ ကျော်လောက်ရဲ့ အချက်အလက်တွေ တင်ပေးထားတယ်။ ရောင်းထွက်သွားတဲ့ ကားတွေကို ထပ်တင်မထားဘူး။ ပြန်ဖြုတ်ချတယ်။ တစ်လတစ်လကို ဒီ Website ကနေတစ်ဆင့် မော်တော်ယာဉ် အရောင်းအဝယ် လုပ်ဖို့ စုံစ

ဖက်ဆွတ်တောင် သတ္တုတူးဖော်ရေး စီမံကိန်းမှ စွန့်ပစ်မြေနှင့် ရေဆိုးများကြောင့် ရေထုည...

ဖက်ဆွတ်တောင် သတ္တုတူးဖော်ရေး စီမံကိန်းမှ စွန့်ပစ်မြေနှင့် ရေဆိုးများကြောင့် ရေထုညစ်ညမ်းဟုဆို ရန်ကုန်၊ မေ ၁၇ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့နယ် အနောက်ဘက်ရှိ ဖက်ဆွတ်တောင်တန်းပေါ်တွင် သတ္တုတူးဖော်ရာမှ ထွက်ရှိသည့် စွန့်ပစ်မြေနှင့် ရေဆိုးများမှာ အနီးပတ်ဝန်းကျင်ရှိ နမ့်ကြာချောင်း၊ ကကာချောင်း၊ မန်စီချောင်းနှင့် သွေးကျောက်ချောင်းတို့ အတွင်းသို့ စီးဝင်လျက် ရှိခြင်းကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေကြောင်း အဆိုပါ ဒေသခံများက ပြောကြားသည်။ ဖက်ဆွတ်တောင်တန်းပေါ်တွင် သတ္တုတူးဖော်ရေး လုပ်ငန်းကို ပုဂ္ဂလိက နိုင်ငံခြားကုမ္ပဏီတစ်ခုက ၂၀၀၄ ခုနှစ်က စတင်၍ အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ပတ်ဝန်းကျင် ထိခိုက်နစ်နာမှု လေ့လာဆန်းစစ်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ထားခြင်း မရှိသည်ကို တွေ့ရှိရကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးကျော်စွာဝင်းက ပြောဆိုသည်။ သတ္တုတူးဖော်ရာက ထွက်ရှိလာသည့် စွန့်ပစ်မြေစာများကြောင့် စိုက်ပျိုးရေး လုပ်ငန်းများ ထိခိုက်နိုင်ပြီး ချောင်းအတွင်း စွန့်ပစ်မြေများကြောင့်လည်း ချောင်းရေ မျက်နှာပြင် မြင့်တက်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း သတ္တုတွင်းပညာရှင် ဦးစောမိုးမြင့်က သုံးသ

ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပွားနေသည့် အမြန်လမ်းမကြီး၏ လမ်းပိုင်းအချို့ကို ပြင်ဆင်...

ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပွားနေသည့် အမြန်လမ်းမကြီး၏ လမ်းပိုင်းအချို့ကို ပြင်ဆင် တောင်ငူ၊ မေ ၁၇ ယခုနှစ်အတွင်း ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားနေသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ လမ်းပိုင်းအချို့ကို အဆင့်မြင့် နိုင်လွန်ကတ္တရာ ခင်းခြင်းနှင့် လမ်းအကျယ် တိုးချဲ့ ဖောက်လုပ်ခြင်း လုပ်ငန်းများ၊ စတီးလက်ရန်း တိုးချဲ့တပ်ဆင်ခြင်း လုပ်ငန်းများကို စတင် လုပ်ဆောင်လျက် ရှိကြောင်း အမြန်လမ်း ကွပ်ကဲထိန်းသိမ်းမှု အင်ဂျင်နီယာမှူး ရုံးထံမှ စုံစမ်းသိရှိရသည်။ ယင်းသို့ တိုးချဲ့လုပ်ဆောင်နေခြင်းသည် ယာဉ်မတော်တဆမှုများ ဖြစ်ပွားမှု များလာခြင်းကြောင့် မဟုတ်ဘဲ မူလကတည်းက ရှိနှင့်ပြီး လျာထားချက်များ အတိုင်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ အထူးသဖြင့် နှစ်လမ်းသာ သွားနိုင်သည့် အသွား၊ အပြန် လမ်းပိုင်းများကို အနည်းဆုံး သုံးလမ်း မောင်းနိုင်သည့် လမ်းဖြစ်ရန် တစ်နှစ်ပြီးတစ်နှစ် တိုးချဲ့ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အထက်မြန်မာပြည် အမြန်လမ်း ကွပ်ကဲထိန်းသိမ်းမှု အင်ဂျင်နီယာမှူးရုံးမှ အင်ဂျင်နီယာမှူး ဦးပြည့်ဖြိုးဆယ်က ပြောကြားသည်။ “အမြန်လမ်းမှာ ယာဉ်တိုက်မှုတွေ မဖြစ်ခင်ကတည်းက ပုံမှန်လမ်းပြုပြင် ထိန်းသိမ်းရေးတွေကို လုပ်နေတာပါ။ အခုလည်း အမြ

ရွှေဘိုတွင် GSM ဖုန်းလိုင်းများ နှစ်ရက်နီးပါး ဆက်သွယ်မှု ပြတ်တောက် ရွှေဘို၊ မေ ၁၇...

ရွှေဘိုတွင် GSM ဖုန်းလိုင်းများ နှစ်ရက်နီးပါး ဆက်သွယ်မှု ပြတ်တောက် ရွှေဘို၊ မေ ၁၇ ရွှေဘိုမြို့တွင် GSM တယ်လီဖုန်းလိုင်းများ မေလ ၁၅ ရက်နေ့ ညမှစ၍ မေလ ၁၇ ရက်နေ့ထိ နှစ်ရက်နီးပါး ဆက်သွယ်မှုလိုင်းများ ပြတ်တောက်လျက် ရှိကြောင်း GSM ဖုန်းသုံးစွဲသူများက ပြောကြားသည်။ ရွှေဘိုမြို့တွင် မေလ ၁၅ ရက်နေ့က မိုးအနည်းငယ် ရွာသွန်းခဲ့ပြီးနောက် ယင်းနေ့ ည ၈ နာရီ မိနစ် ၃၀ ခန့်မှစ၍ GSM ဖုန်းလိုင်း ပြတ်တောက်ခဲ့ခြင်း ဖြစ်ရာ လက်ရှိ အချိန်အထိ (မေလ ၁၇ ရက်နေ့) မွန်းလွဲ ၃ နာရီခန့်ထိ အသုံးပြု၍ မရသေးကြောင်း GSM ဖုန်းသုံးစွဲသူ တစ်ဦးဖြစ်သည့် အသက် ၂၀ အရွယ် ကိုပြည့်က ပြောဆိုသည်။ “လိုင်းပျက်နေတဲ့အတွက် အရေးအကြောင်း ကိစ္စကြုံရင် ကြိုးဖုန်းရှိတဲ့ဆီကို သွားဆက်နေရတယ်” ဟု ၎င်းက ပြောဆိုသည်။ ယင်းသို့ GSM တယ်လီဖုန်းလိုင်းများ ပြတ်တောက်ရခြင်းမှာ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်နှင့် ပျော်ဘွယ်မြို့နယ်ကြားရှိ ဖိုက်ဘာလိုင်း ပြတ်တောက်ခြင်းကြောင့် ဖြစ်ရာ ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိသော်လည်း မည်သည့် အချိန်တွင် ပြီးစီးမည်ကို မသိရှိရသေးကြောင်း ရွှေဘိုခရိုင် မြန်မာ့ဆက်သွယ်ရေးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ရွှေဘိုမြို့တွင် GSM တယ်လီဖုန်း သုံးစွဲသူ မျာြး

ကချင်၌ သန်းခေါင်စာရင်း ပြန်ကောက်ရန် ကေအိုင်အို ဗဟိုကော်မတီ ဆုံးဖြတ်ချက် လိုအပ်ဟု...

ကချင်၌ သန်းခေါင်စာရင်း ပြန်ကောက်ရန် ကေအိုင်အို ဗဟိုကော်မတီ ဆုံးဖြတ်ချက် လိုအပ်ဟု ဗိုလ်ချုပ်ဂွမ်မော် ပြောကြား မြစ်ကြီးနား၊ မေ ၁၇ ကချင်ပြည်နယ်အတွင်းရှိ ကေအိုင်အို ထိန်းချုပ်နယ်မြေများတွင် သန်းခေါင်စာရင်း ကောက်ယူရန် ကျန်ရှိနေသော ကျေးရွာများ၌ စာရင်း ဆက်လက် ကောက်ယူရေးမှာ ကေအိုင်အို ဗဟိုကော်မတီ၏ အဆုံးအဖြတ်အပေါ် မူတည်ကြောင်း ကချင်လွတ်လပ်ရေးတပ်ဖွဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ကေအိုင်အို နည်းပညာ အကြံပေးရုံး၌ မေလ ၁၅ ရက်နေ့က သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။ ကေအိုင်အို ထိန်းချုပ်နယ်မြေတွင် သန်းခေါင်စာရင်း ကောက်ယူရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ကေအိုင်အို ဗဟိုကော်မတီထံ ဗိုလ်ချုပ်ဂွမ်မော်ထံမှ တစ်ဆင့် စာပို့ တောင်းဆိုထားကြောင်း၊ ကျန်ရှိရွာပေါင်း ၉၇ ရွာတွင် သန်းခေါင်စာရင်းကောက်ရန် ကေအိုင်အိုကို သင်တန်းပေးပြီး ဆောင်ရွက်နိုင်ကြောင်း၊ အခြားနည်းဖြင့်လည်း ကောက်ယူနိုင်သည်ဟု တောင်းဆိုစာတွင် ဖော်ပြထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ “ဗဟိုကော်မတီ ဆုံးဖြတ်ချက်အရ ကောက်လို

ဒေါ်နန်းရွှေကြာ၏ ဟောပြောပွဲ မဘသနှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန် မန္တလေး၊ မေ ၁၇ အမျ...

ဒေါ်နန်းရွှေကြာ၏ ဟောပြောပွဲ မဘသနှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန် မန္တလေး၊ မေ ၁၇ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မန္တလေးသို့ မေလ ၁၈ ရက်နေ့တွင် လာရောက် ဟောပြောမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲ နေ့တွင်ပင် ဝံသာနု ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်နန်းရွှေကြာက အမျိုးသားရေး အသိပညာပေး ဟောပြောပွဲ ကျင်းပမည် ဖြစ်ရာ ယင်းဟောပြောပွဲ ကိစ္စရပ်များ အားလုံးသည် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဗဟို၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ အထက်မြန်မာပြည်တို့နှင့် သက်ဆိုင်ခြင်း မရှိကြောင်း မေလ ၁၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။ ဆရာတော်တို့ကို လာရောက် အကြောင်းကြားထားခြင်း မရှိဘဲ ဖိတ်စာကိုသာ လက်ခံ ရရှိထားကြောင်း၊ ယင်းကြောင့် အားလုံး အမြင်ရှင်းစေရန် ဒေါ်နန်းရွှေကြာ၏ ဟောပြောပွဲနှင့် ပတ်သက်မှု မရှိကြောင်းကို ကြေညာချက် ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ အထက်မြန်မာပြည် တာဝန်ခံ ဆရာတော်နှင့် အတွင်းရေးမှူး ဆရာတော် အရှင်ယသတို့က မိန့်ကြားသည်။ “ကျွန်မတို့ကတော့ အမျိုးဘာသာ သာသနာအတွက် လုပ်ဆောင်တာပါ။ အခြေခံဥပဒေ ပြင်တာလည်း နိုင်ငံရေး

လိုင်စင်ရ တံဆိပ်ခေါင်းခွန် အရောင်းဆိုင်များ ခွင့်ပြုမည် ရန်ကုန်၊ မေ ၁၇ ပြည်တွင...

လိုင်စင်ရ တံဆိပ်ခေါင်းခွန် အရောင်းဆိုင်များ ခွင့်ပြုမည် ရန်ကုန်၊ မေ ၁၇ ပြည်တွင်းအခွန်များဦးစီးဌာနက ရောင်းချလျက် ရှိသော ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်များကို အလွယ်တကူ ဝယ်ယူနိုင်ရန် လိုင်စင်ရ တံဆိပ်ခေါင်းခွန် အရောင်းဆိုင်များ ဖွင့်ကာ ရောင်းချခွင့် ပြုမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။ လက်ရှိတွင် အဆိုပါ တံဆိပ်ခေါင်းခွန်များကို ဗဟိုတံဆိပ်ခေါင်း အရောင်းကောင်တာ နှစ်ခု၊ တစ်နိုင်ငံလုံးရှိ အခွန်ဦးစီးမှူးရုံး ၂၇၀ ကျော်တွင် ရောင်းချပေးလျက် ရှိပြီး ဝယ်ယူမှု ပိုမိုအဆင်ပြေစေရန် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ မြန်မာ့စီးပွားရေး ဘဏ်ခွဲများတွင်လည်း တိုးချဲ့ရောင်းချလျက် ရှိကြောင်း အဆိုပါ ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။ “ကျွန်တော်တို့ ကြားရတာက ဌာနက ရောင်းတဲ့ဈေးနဲ့ အပြင်ဈေး ကွာဟမှုတွေ ရှိနေတယ်။ ဒါကလည်း လိုချင်တဲ့ အချိန်မှာ လိုသလို မရလို့ရယ်၊ တချို့ ဈေးဆိုင်တွေက ဒီစာရွက်တွေပေါ်မှာ အိမ်အရောင်းအဝယ် စတာတွေကို ကြိုရိုက်ပြီး ရောင်းတာတွေရယ်ကြောင့်ပါ” ဟု ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဆိုသည်။ ပြည်တွင်းအခွန်များ ဦးစီးဌာနက ရောင်းချသည့် အဆိုပါ တံဆိပ်ခေါင်းခွန်မျာ

ဖွဲ့စည်းပုံပြင်ရေးအတွက် အသက်၁၈နှစ် မပြည့်သေးသူများ ကာချုပ်ထံ တိုက်ရိုက်စာပို့ရန်...

ဖွဲ့စည်းပုံပြင်ရေးအတွက် အသက်၁၈နှစ် မပြည့်သေးသူများ ကာချုပ်ထံ တိုက်ရိုက်စာပို့ရန် ဒေါ်အောင်ဆန်းစုကြည်ပြော အောင်ကိုဦး မန္တလေး၊ မဇ္ဈိမ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် အသက် ၁၈နှစ် မပြည့်သေးတဲ့ ပြည်သူတွေကလည်း ကာကွယ်ရေးဦးစီးချုပ်ထံ တိုက်ရိုက်စာတင်ပြီး တောင်းဆိုကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မန္တလေး၊ အောင်ပင်လယ်ကွင်း၌ မေလ ၁၈ရက်က တိုက်တွန်းလိုက်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် မန္တလေးမြို့၊ အောင်ပင်လယ်ကွင်းတွင် မေလ ၁၈ရက် နံနက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဟောပြောပွဲ့ကို နံနက် ၈နာရီခွဲတွင် စတင်ခဲ့သည်။ ထိုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ တပ်မတော်သည် နိုင်ငံကို ကာကွယ်ရေးအတွက် ဖွဲ့စည်းထားခြင်းသာဖြစ်ပြီး သမ္မတရာထူးအတွက် ထောက်ခံပေးဖို့ ဖွဲ့စည်းထားခြင်းမဟုတ်ဟု ပြောဆိုလိုက်သည်။ ယင်းအပြင် တပ်မတော်အနေဖြင့် ပြည်သူလူထုထံမှ ယုံကြည်မှု ရရှိရန် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံး ပြင်ဆင်ပေးဖို့ လိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်မံ တိုက်တွန်းလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်က မေလ ၁၇ရက်က ရန

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကိုရီးယား လူ့အခွင့်အရေးဆု ချီးမြှင့်ခံရ ရန်ကုန...

သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကိုရီးယား လူ့အခွင့်အရေးဆု ချီးမြှင့်ခံရ ရန်ကုန်၊ မေ ၁၇ ကိုရီးယားနိုင်ငံ ဆိုလ်းမြို့အခြေစိုက် True Foundation က သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကို လူ့အခွင့်အရေးဆု ချီးမြှင်လိုက်ကြောင်း ဦးဝင်းတင် ဖောင်ဒေးရှင်းမှ ဘဏ္ဍာရေးမှူး ဦးအောင်ကျော်က ပြောကြားသည်။ ဦးဝင်းတင်နှင့် ၎င်းတည်ထောင်ခဲ့သော ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းသည် တပ်မတော်အစိုးရ၏ ဖမ်းဆီးထောင်ချ နှိပ်စက်ခြင်း ခံခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများကို လူသားချင်းစာနာမှုဖြင့် ကူညီထောက်ပံ့ခဲ့သောကြောင့် အဆိုပါဆုကို ချီးမြှင့်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “ကျွန်တော်တို့ဆီက အချက်အလက် တောင်းသွားတာ ကြာပါပြီ။ အဲဒီ ဖောင်ဒေးရှင်းက တစ်နှစ်ကို တစ်ယောက်ပဲ လူ့အခွင့်အရေးဆု ချီးမြှင့်တာပါ” ဟု ၎င်းကဆိုသည်။ ဆုကြေးငွေ ၇၀၀၀ ဒေါ်လာ ရှိသော လူ့အခွင့်အရေးဆုကို ဇွန်လ ၂၆ ရက်နေ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ပေးအပ်မည် ဖြစ်သော်လည်း သွားရောက် ဆုလက်ခံမည့် ကိုယ်စားလှယ်များကို ရွေးချယ်ရခြင်း မရှိသေးကြောင်း ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းထံမှ သိရသည်။ အဆိုပါ True Foundation သည် ကိုရီးယားနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက်ေ
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး လူထုဟောပြောပွဲ(မန္တလေး) from Eleven Media Group's Facebook Wall http://ift.tt/1lOmluU

မန္တလေးတွင် အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ကိုမင်းကိုနိုင် ဟောပြောနေ မဇ္ဈိမသတင်း...

မန္တလေးတွင် အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ကိုမင်းကိုနိုင် ဟောပြောနေ မဇ္ဈိမသတင်းဌာန မန္တလေး၊ မဇ္ဈိမ။ ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဟောပြောပွဲကို မန္တလေးမြို့၊ အောင်ပင်လယ်ကွင်းတွင် မေလ ၁၈ရက် နံနက် ၈နာရီခွဲက စတင်နေပြီး ၉နာရီခန့်မှ စတင်ကာ ၈၈မျိုးဆက်အဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင်က ဟောပြောနေပြီဖြစ်သည်။ ကိုမင်းကိုနိုင် ဟောပြောပြီးပါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည်ဖြစ်ပြီး မန္တလေး အောင်ပင်လယ်ကွင်းတွင် ပရိတ်သတ် သိန်းချီတက်ရောက်လျက်ရှိသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1lys8TO

လာအို ကာကွယ်ရေးဝန်ကြီး လိုက်ပါသည့် လေယာဉ် ပျက်ကျ ဗီယင်တိန်း၊ မေ ၁၇ လာအိုနိုင်င...

လာအို ကာကွယ်ရေးဝန်ကြီး လိုက်ပါသည့် လေယာဉ် ပျက်ကျ ဗီယင်တိန်း၊ မေ ၁၇ လာအိုနိုင်ငံတွင် ကာကွယ်ရေးဝန်ကြီး အပါအဝင် ထိပ်တန်းစစ်ဘက် အရာရှိများ စီးနင်း လိုက်ပါလာသော စစ်လေယာဉ်တစ်စင်း ပျက်ကျသွားခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ လာအိုနိုင်ငံ မြို့တော် ဗီယင်တိန်းမှ ထွက်ခွာလာသော အဆိုပါ စစ်ဘက် လေယာဉ်သည် မြို့တော်မှ ကီလိုမီတာ ၅၀၀ (မိုင် ၃၁၁) အကွာရှိ ရှန်ခေါင်ပြည်နယ်ထဲသို့ ပျက်ကျသွားသည်ဟု ယူဆရသည်။ လေယာဉ်ပေါ်တွင် လာအို ကာကွယ်ရေးဝန်ကြီး ဒိုယန်ချေဖီချစ်နှင့် အခြားအရာရှိ ၂၀ ခန့် ပါသွားသည်ဟုလည်း ယူဆရကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။ ၎င်းတို့သည် ရှန်ခေါင်ပြည်နယ်သို့ ဧည့်ခံပွဲတစ်ခု တက်ရောက်ရန် သွားရောက်ခြင်း ဖြစ်ဖွယ်ရှိပြီး ယခုကဲ့သို့ လေယာဉ် ပျက်ကျသွားပြီးနောက် လေယာဉ်ပေါ် ပါသွားသူများ၏ သေဆုံး၊ ဒဏ်ရာရ သတင်းကိုမူ ယခုအထိ မသိရသေးပေ။ ယမန်နှစ် အောက်တိုဘာလကလည်း လာအို လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စင်းသည် ရာသီဥတု ဆိုးဝါးခြင်းကြောင့် မဲခေါင်မြစ်ထဲသို့ ပျက်ကျသွားခဲ့ရာ လေယာဉ်ပေါ်ပါသူ လူ ၄၉ ဦးစလုံး သေဆုံးခဲ့ရသည်။ လူဦးရေ ခုနစ်သန်းခန့်သာ ရှိပြီး ကုန်းတွင်းပိတ် နိုင်ငံဖြစ်သော လာအိုနိုင်ငံသည် တစ်ပါတီ ကွန်မြူနစ်

ကေအိုင်အေ လူသစ်စုဆောင်း ခံခဲ့ရသူများကို မိဘများထံ ပြန်အပ် မြစ်ကြီနား၊ မေ ၁၇ ကခ...

ကေအိုင်အေ လူသစ်စုဆောင်း ခံခဲ့ရသူများကို မိဘများထံ ပြန်အပ် မြစ်ကြီနား၊ မေ ၁၇ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ၏ လူသစ်စုဆောင်းခြင်း ခံခဲ့သူများအနက် ၂၁ ဦးကို အစိုးရနှင့် ကေအိုင်အိုအဖွဲ့တို့၏ ညှိနှိုင်းမှုဖြင့် မေလ ၁၆ ရက်နေ့က ဧရာဝတီမြစ်ဆုံဒေသ၌ မိဘများထံ ပြန်လည် အပ်နှံခဲ့ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ခင်မောင်မောင်က ပြောကြားသည်။ မြစ်ကြီးနား မြို့နယ်အတွင်း မေလဆန်းပိုင်းက လူသစ်စုဆောင်းခြင်း ခံရသူများကို မေလ ၁၆ ရက်နေ့က တီယန်ဇွပ် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကေအိုင်အေ တပ်ဖွဲ့ဝင်များထံမှ ခေါ်ဆောင်ခဲ့ပြီး မိဘများထံ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ ၂၁ ဦးအနက် ၁၈ ဦးမှာ အစိုးရနှင့် ကေအိုင်အိုအဖွဲ့တို့ နှစ်ဘက်ညှိနှိုင်းမှုအရ လွဲပြောင်းခဲ့သူများ ဖြစ်ပြီး ကျန် ၃ ဦးမှာ ကေအိုင်အေ တပ်ဖွဲ့ဝင်များ ဖမ်းဆီးခေါ်ဆောင်စဉ် လမ်းခရီးတစ်ဝက်မှ ထွက်ပြေး လွတ်မြောက်လာသူများ ဖြစ်ကြောင်းနှင့် ဖမ်းဆီးခံရသူ အများစုမှာ မြန်မာပြည်အောက်ပိုင်းမှ ကချင်ပြည်နယ်သို့ လာရောက် အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သား အများစု ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “ဒီတစ်ကြိမ် အပ်နှံတာ ဒုတိယ အကြိမ်မြေ

အင်အန်ဒီနှင့် ၈၈ မန္တလေးဟောပြောပွဲ လူသိန်းချီတက်ရောက် မဇ္ဈိမသတင်းဌာန မန္တလေး၊ မဇ...

အင်အန်ဒီနှင့် ၈၈ မန္တလေးဟောပြောပွဲ လူသိန်းချီတက်ရောက် မဇ္ဈိမသတင်းဌာန မန္တလေး၊ မဇ္ဈိမ။ ။ မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွင် ပြုလုပ်သော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းဟောပြောပွဲကို မေလ ၁၈ရက် နံနက် ၈နာရီခွဲတွင် စတင်ပြီဖြစ်သည်။ ဟောပြောပွဲသို့ မန္တလေးမြို့ခံ ပရိတ်သတ်အပါအဝင် အနယ်နယ်အရပ်ရပ်မှ လာရောက်ကျသူများ သိန်းနှင့်ချီ တက်ရောက်လာသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်တို့က ဟောပြောမည်ဖြစ်သည်။ မေလ ၁၈ရက်ကလည်း ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းတွင် ဟောပြောခဲ့သေးသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1jHFJp4

ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံတော်သမ္မတ မပြင်ဆင်လိုဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန်...

ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံတော်သမ္မတ မပြင်ဆင်လိုဟု ဒေါ်အောင်ဆန်းစုကြည် ဝေဖန် ရန်ကုန်၊ မေ ၁၇ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်လိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မေလ ၁၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ မျိုးဆက် ကျောင်းသားများ အခြေခံဥပဒေ ပြင်ဆင်ရေး အခန်း (၁၂) ပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲတွင် ဝေဖန်ပြောကြားသည်။ “နိုင်ငံတော်သမ္မတရဲ့ မိန့်ခွန်းတွေကို နားထောင်ကြည့်လိုက်ပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆက်လက်တည်စေချင်တဲ့ သဘောထားတွေ ပါနေပါတယ်။ အဓိကကျတဲ့ ပုဒ်မတွေ မပြင်ဘဲနဲ့ တိုင်းရင်းသားတွေအကြား သွေးခွဲတဲ့ ပုဒ်မတွေကို ပြင်ဖို့ မကြိုးစားပါနဲ့။ မပြင်ချင်ဘူးဆိုရင် မပြင်ချင်ဘူး ပြောပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။ ထို့အပြင် အစိုးရ အဖွဲ့အစည်းများ၏ လုပ်ရပ်များနှင့် ပတ်သက်ပြီး ဝေဖန်သင့်သည်များကို သိက္ခာရှိရှိ အဆင့်မြင့်မြင့် ဝေဖန်ရန် အရေးကြီးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ အခြေခံဥပဒေ ပြင်ဆင်ရာတွင် ပြင်ဆင်ရေး အခန်း (၁၂) ပါ ပြဋ္ဌာန်းချက်မျာ

#emg_cartoons

#emg_cartoons from Eleven Media Group's Facebook Wall http://ift.tt/1j5BRlY

#emg_cartoons

#emg_cartoons from Eleven Media Group's Facebook Wall http://ift.tt/1sZVW06

#emg_cartoons

#emg_cartoons from Eleven Media Group's Facebook Wall http://ift.tt/1j5BOa1

#emg_cartoons

#emg_cartoons from Eleven Media Group's Facebook Wall http://ift.tt/1j5BNTg

#emg_cartoons

#emg_cartoons from Eleven Media Group's Facebook Wall http://ift.tt/1j5BNmd