Skip to main content

ဒေါ်နန်းရွှေကြာ၏ ဟောပြောပွဲ မဘသနှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန် မန္တလေး၊ မေ ၁၇ အမျ...



ဒေါ်နန်းရွှေကြာ၏ ဟောပြောပွဲ မဘသနှင့် မသက်ဆိုင်ကြောင်း ထုတ်ပြန်



မန္တလေး၊ မေ ၁၇



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မန္တလေးသို့ မေလ ၁၈ ရက်နေ့တွင် လာရောက် ဟောပြောမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုထောက်ခံပွဲ နေ့တွင်ပင် ဝံသာနု ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်နန်းရွှေကြာက အမျိုးသားရေး အသိပညာပေး ဟောပြောပွဲ ကျင်းပမည် ဖြစ်ရာ ယင်းဟောပြောပွဲ ကိစ္စရပ်များ အားလုံးသည် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဗဟို၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ အထက်မြန်မာပြည်တို့နှင့် သက်ဆိုင်ခြင်း မရှိကြောင်း မေလ ၁၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။



ဆရာတော်တို့ကို လာရောက် အကြောင်းကြားထားခြင်း မရှိဘဲ ဖိတ်စာကိုသာ လက်ခံ ရရှိထားကြောင်း၊ ယင်းကြောင့် အားလုံး အမြင်ရှင်းစေရန် ဒေါ်နန်းရွှေကြာ၏ ဟောပြောပွဲနှင့် ပတ်သက်မှု မရှိကြောင်းကို ကြေညာချက် ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ အထက်မြန်မာပြည် တာဝန်ခံ ဆရာတော်နှင့် အတွင်းရေးမှူး ဆရာတော် အရှင်ယသတို့က မိန့်ကြားသည်။



“ကျွန်မတို့ကတော့ အမျိုးဘာသာ သာသနာအတွက် လုပ်ဆောင်တာပါ။ အခြေခံဥပဒေ ပြင်တာလည်း နိုင်ငံရေးအလုပ် ဖြစ်သလို အမျိုးဘာသာ သာသနာအတွက် လုပ်ကိုင် ဆောင်ရွက်တာကလည်း အမျိုးသားနိုင်ငံရေး ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟောပြောမယ့် နေ့နဲ့ တိုက်ဆိုင်နေတာဟာ အမှတ်မထင် တိုက်ဆိုင်ခြင်းပါ” ဟု ဝံသာနု ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်နန်းရွှေကြာက ပြောကြားသည်။



အမျိုးဘာသာ သာသနာကို စောင့်ရှောက်ကြပါစို့ ခေါင်းစဉ်ဖြင့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အမျိုးသားရေး ဟောပြောပွဲကို မေလ ၁၈ ရက်နေ့တွင် အောင်မြေသာစံ မြို့နယ် ၁၉ လမ်း ၆၁-၆၂ လမ်းရှိ နန်းရှေ့ဘောလုံးကွင်းတွင် နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဝံသာနု ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်နန်းရွှေကြာနှင့် စာရေးဆရာမ ဒေါ်ယဉ်ယဉ်နုတို့က ဟောပြောမည် ဖြစ်ပြီး မေလ ၁၈ ရက်နေ့ ယင်းအချိန်တွင်ပင် ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အစီအစဉ်ဖြင့် အောင်ပင်လယ်ကွင်းတွင် အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဟောပြောမည် ဖြစ်သည်။



“ဟောပြောပွဲ လုပ်တာတို့ ဘာတို့ဆိုတာ သူလုပ်ခွင့် ရှိတာပါပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ သဘောထား မှတ်ချက်ပေးစရာ မရှိပါဘူး။ အင်အားပြချင်တာ ဆိုရင်တော့ ကိုယ့်အင်အားကို ကိုယ်သိဖို့ လိုတယ်” ဟု မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက ဆိုသည်။



အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးနှင့် မျိုးစောင့်ဥပဒေ ပေါ်ထွန်းရေးတို့အတွက် ထောက်ခံပွဲ၊ ဟောပြောပွဲများသည် ပါတီတစ်ခုခုကို လည်းကောင်း၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို လည်းကောင်း ထိခိုက်ပြောဆို ဟောပြောမှုများကို တွေ့ရှိနေရသဖြင့် အမျိုးသားရေး ဟောပြောပွဲ၊ မျိုးစောင့်ဥပဒေဆိုင်ရာ ထောက်ခံပွဲ၊ ဟောပြောပွဲများတွင် သက်ဆိုင်ရာ အမျိုးဘာသာ သာသနာအဖွဲ့များနှင့် ပူးပေါင်းပြီး အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗဟိုအဖွဲ့တို့ကို ဆက်သွယ်ခွင့်ပြုချက် သြဝါဒ ခံယူရမည် ဖြစ်ကြောင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ဗဟိုက မေလ ၁ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

from The Voice Weekly's Facebook Wall http://ift.tt/1gCBr83

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...