Skip to main content

Posts

Showing posts from December 29, 2014

သွေးတိုးကျစေရန် ပြုလုပ်သင့်သော ကိုယ်လက်လှုပ်ရှားမှုများ

သွေးတိုးရောဂါကို အသံတိတ် လူသတ်သမား လို့ခေါ်ဝေါ် ကြတာကြောင့် သွေးတိုးရောဂါ ရှိပြီးသူတွေ သွေးတိုးကျဖို့ အတွက်ရော၊ သွေးတိုးရောဂါ မရှိသေးသူတွေ အနေနဲ့ သွေးတိုးရောဂါ ဖြစ်မလာဖို့ အတွက်ပါ ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်သင့်ပါတယ်။ ပေါ့ပေါ့ပါးပါး လှုပ်ရှားမှု နေ့စဉ် အိမ်မှုကိစ္စ ပြုလုပ်ခြင်း၊ ဥယျာဉ်စိုက်ပျိုးခြင်း၊ ပြတွင်းပေါက်မှန်တွေ ဆေးကြောခြင်း၊ လှေကားတက်ခြင်း၊ လမ်းလျှောက်ကာ ဈေးဝယ်ခြင်း၊ ကလေးနဲ့အတူ ပြေးလွှား ဆော့ကစားခြင်း စတဲ့ ပေါ့ပါးတဲ့ လှုပ်ရှားမှုတွေဟာ နှလုံးကို ကျန်းမာစေပါတယ်။ အားကစားခန်းမမှာ လှုပ်ရှားမှု သင့်ကိုယ်သင် ပိုပြီး တက်ကြွလန်းဆန်း လိုပါသလား။ အားကစားခန်းမမှာ အသင်းဝင်ပြီး နည်းပြဆရာနဲ့ စနစ်တကျ လေ့ကျင့်ပါ။ တစ်ပတ်မှာ နှစ်ကြိမ်- သုံးကြိမ်ခန့် ကိရိယာနဲ့ လေ့ကျင့်တာဟာ နှလုံးကျန်းမာရေး ကောင်းပြီး သွေးဖိအားကျ စေပါတယ်။ နည်းပြဆရာနဲ့ လေ့ကျင့်တာကြောင့် ခန္ဓာကိုယ်မှာ မလိုအပ်တဲ့ အဆီတွေ ကျသွားတဲ့အပြင် အားကစားကြောင့် ထိခိုက်နာကျင်မှု ကိုလည်း မခံစားရ နိုင်တော့ပါဘူး။ ရေထဲမှာ လှုပ်ရှားမှု ရေကူးကန်မှာ မိနစ် ၃၀ ကြာ ရေကူးတာဟာ ခန္ဓာကိုယ်ထဲ လှည့်ပတ်နေတဲ့ အင်ဒရီနယ်လင် ဟော်မုန်း ပမာဏ လျော့ကျကာ သွေးကြောတွေကို အနားရစေပါတ

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က

Erectile Dysfunction Physiology ပန်းသေ-ပန်းညှိုး ဇီဝကမ္မဗေဒနှင့် ရောဂါဗေဒ

ဒီအကြောင်းကို ရေးထားတာကြာပါပြီ။ (ဘလော့ခ်) မှာသာတင်ထားပြီး၊ (ဖေ့စ်ဘွတ်) မှာမတင်ပါ။ ကနေ့မနက် မေးခွန်း ၂ ခုကို (ကွန်မင့်) နေရာကနေမေးလာတယ်။ တင်ပေးဘို့ဆုံးဖြတ်ပါတယ်။ နားလည်ခွင့်ပြုကြပါလို့ တောင်းပန်ပါတယ်။ ၁။ ဆရာမင်္ဂလာပါ။ Erectile dysfunction ကုထုံးအဆင့်ဆ့င်သိပါရစေ။ ပန်းသေ ပာုတ်မပာုတ် ဘယ်လိုသိနိုင်မလဲ ကျေးဇူးပြု၍ဖြေကြားပေးပါ။ ၂။ Dear sir I am 40 years old and my penis does not erect when I stimulate with my hand. I am a smoker and I think my penis is a little short and small in this duration. I feel this disease two weeks ago. Please treat my felling. ပန်းသေ-ပန်းညှိုးကို Erectile Dysfunction နဲ့ Impotence လို့ခေါ်တယ်။ “လိင်ဆက်ဆံမှုပြုနိုင်ဘို့ရာ ကျား-လိင်အင်္ဂါ လုံလောက်အောင် မသန်မာနိုင်တာနဲ့ လိင်ဆက်ဆံရာမှာ အပြည့်အဝမဖြစ်နိုင်တာ” လို့ အဓိပ္ပါယ်ဖွင့်ပါတယ်။ လိင်အင်္ဂါ သန်မာမှုဆိုတာ (ဟိုက်ဒရောလစ်) တံခါးမျိုးလိုဘဲ လိင်တံထဲကို သွေးတွေစီးဝင်လာရာကနေ ဖြစ်လာစေရပါတယ်။ လိင်အင်္ဂါသန်မာဘို့ရာ ဖြစ်စဉ် ၂ ခုရှိပါတယ်။ (၁) Reflex erection ဆိုတာ လိင်အင်္ဂါကို ထိကိုင်တဲ့အခါ တုံ့ပြန်မှု၊ Peripheral nerves အဖျားပိုင်းက အာရုံ

ဝနေလို့  ပိန်ချင်သူတွေအတွက် အကောင်းဆုံး နံနက်စာ

(၁) ဂျုံကြမ်းဖြင့် ပြုလုပ်ထားသော ပေါင်မုန့် ဂျုံကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်တွေမှာ အမျှင်ဓာတ်များစွာ ပါဝင်တဲ့အတွက် သင့်ကို တာရှည်စွာ အဆာခံနိုင်တယ်လို့ ဆွီဒင်မှ သုတေသနပြုသူတွေက ဆိုပါတယ်။ ဂျုံကြမ်းနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်ကို နံနက်စာ အဖြစ်စားသူတွေဟာ ဂျုံနုနဲ့ လုပ်ထားတဲ့ ပေါင်မုန့်စားသူတွေထက် ၃ နာရီ ပိုပြီး အဆာခံနိုင်ကာ အကျိုး သက်ရောက်မှုဟာ နေ့ခင်းအထိတောင် တာရှည်နိုင်တယ်လို့ ဆိုပါတယ်။ (၂) နွားနို့ အဆီမပါတဲ့ နွားနို့ကို နံနက်စာအဖြစ် စားသုံးသူတွေဟာ နေ့လယ်စာမှာ အစာ စားတဲ့ ပမာဏကို လျှော့ချနိုင်ပါတယ်။ သြစတြေးလျတက္ကသိုလ်မှ သုတေသန ပြုသူတွေက နံနက်စာကို နွားနို့ သောက်သူတွေဟာ အချိုရည် သောက်သူတွေထက် ပိုမို ဗိုက်ပြည့်တင်းမှု ရစေပြီး နေ့ခင်းအစာစားချိန်မှာ ၂၀၀ ကယ်လိုရီလောက် လျှော့စားဖြစ်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ (၃) ကြက်ဥ အစားလျှော့စားသူတွေအဖို့ နံနက်စာကို ကြက်ဥစားသုံးရင် ကိုယ်အလေးချိန် ပိုလျော့နိုင်တယ်လို့ US မှ လေ့လာမှုအရ သိရပါတယ်။ နံနက်စာကို ကြက်ဥ နှစ်လုံးနဲ့ စတင်သူတွေဟာ ကိုယ်အလေးချိန် ၆၅ ရာခိုင်နှုန်း ပိုလျော့ပြီး BMI ၆၁ ရာခိုင်နှုန်း ပိုကျကာ စွမ်းအင်အဆင့်တွေ ပိုကောင်းတယ်လို့ ဆိုပါတယ်။Health Mg

နံနက်စာအဖြစ် စားသုံးရန် အသင့်လျော်ဆုံး အာဟာရ (၅) မျိုး

(၁) ဥအမျိုးမျိုး ဥအမျိုးမျိုးဟာ ပရိုတင်းဓာတ် ကြွယ်ဝရုံ သာမက မနက်ခင်းတွင် စားသုံးထားပါက တစ်မနက်လုံး ဗိုက်ဝနေစေ၍ အခြားလိုအပ်သော အာဟာရ များနှင့်လည်း ပြည့်စုံ နေပါတယ်။ (၂)အုတ်စပါး(Oatmeal) အုတ်စပါးကတော့ နေ့သစ်တစ်ခုစတင်ဖို့ အကောင်းဆုံး အစာတစ်ခု ဖြစ်သလို သင့်ရဲ့ အစာအိမ်ကိုလည်း အလုပ် ခဏခဏ လုပ်စေခြင်းမှ ကာကွယ်ပေး နိုင်ပါတယ်။ ဒါ့အပြင် အုတ်စပါး ဆန်ပြုတ်ထံမှာ အမျှင်ဓာတ်များစွာ ပါဝင်ပြီး သွေးတွင်း အဆီနဲ့ သကြား ဓာတ်ကို ထိန်းချုပ် ပေးနိုင်ပါတယ်။ ထို့ထက်သာမက အုတ်စပါးထဲတွင် ဓာတ်တိုး ဆန့်ကျင်ပစ္စည်း (anti oxidant) များစွာ ပါဝင်ပြီး ရောင်ရမ်းမှု တွေကိုလည်း သက်သာ စေပါတယ်။ (၃)လက်ဖက်ရည်ကြမ်း (Green tea)- Green tea သောက်သုံးခြင်းက နှလုံးရောဂါ ဖြစ်ပွားမှုကို သိသာစွာ လျော့နည်းစေရုံ သာမက ယင်းတွင် ပါဝင်သော ဓာတ်တိုးဆန့်ကျင် ပစ္စည်းက ရင်သား ကင်ဆာ၊ အူမကြီးကင်ဆာ၊ အရေပြား ကင်ဆာစသည့် ကင်ဆာအမျိုးမျိုး ဖြစ်ပွားမှုအား လျော့နည်းစေသည်။ ထို့ပြင် green tea တွင် ပါဝင်သော Polyphenols နှင့် Flavonoids တို့က ခုခံအားစနစ်ကို မြင့်တက်စေပြီး ဆီးချို ထိန်းသိမ်းရာ၌လည်း ကူညီပေးကြောင်း သိရသည်။ (၄)ဒိန်ချဉ် ဒိန်ချဉ်တွင် ကယ်ဆီယမ်များစွာ ပါဝင