Skip to main content

နံနက်စာအဖြစ် စားသုံးရန် အသင့်လျော်ဆုံး အာဟာရ (၅) မျိုး







(၁) ဥအမျိုးမျိုး

ဥအမျိုးမျိုးဟာ ပရိုတင်းဓာတ် ကြွယ်ဝရုံ သာမက မနက်ခင်းတွင် စားသုံးထားပါက တစ်မနက်လုံး ဗိုက်ဝနေစေ၍ အခြားလိုအပ်သော အာဟာရ များနှင့်လည်း ပြည့်စုံ နေပါတယ်။


(၂)အုတ်စပါး(Oatmeal)


အုတ်စပါးကတော့ နေ့သစ်တစ်ခုစတင်ဖို့ အကောင်းဆုံး အစာတစ်ခု ဖြစ်သလို သင့်ရဲ့ အစာအိမ်ကိုလည်း အလုပ် ခဏခဏ လုပ်စေခြင်းမှ ကာကွယ်ပေး နိုင်ပါတယ်။ ဒါ့အပြင် အုတ်စပါး ဆန်ပြုတ်ထံမှာ အမျှင်ဓာတ်များစွာ ပါဝင်ပြီး သွေးတွင်း အဆီနဲ့ သကြား ဓာတ်ကို ထိန်းချုပ် ပေးနိုင်ပါတယ်။ ထို့ထက်သာမက အုတ်စပါးထဲတွင် ဓာတ်တိုး ဆန့်ကျင်ပစ္စည်း (anti oxidant) များစွာ ပါဝင်ပြီး ရောင်ရမ်းမှု တွေကိုလည်း သက်သာ စေပါတယ်။


(၃)လက်ဖက်ရည်ကြမ်း


(Green tea)- Green tea သောက်သုံးခြင်းက နှလုံးရောဂါ ဖြစ်ပွားမှုကို သိသာစွာ လျော့နည်းစေရုံ သာမက ယင်းတွင် ပါဝင်သော ဓာတ်တိုးဆန့်ကျင် ပစ္စည်းက ရင်သား ကင်ဆာ၊ အူမကြီးကင်ဆာ၊ အရေပြား ကင်ဆာစသည့် ကင်ဆာအမျိုးမျိုး ဖြစ်ပွားမှုအား လျော့နည်းစေသည်။ ထို့ပြင် green tea တွင် ပါဝင်သော Polyphenols နှင့် Flavonoids တို့က ခုခံအားစနစ်ကို မြင့်တက်စေပြီး ဆီးချို ထိန်းသိမ်းရာ၌လည်း ကူညီပေးကြောင်း သိရသည်။


(၄)ဒိန်ချဉ်


ဒိန်ချဉ်တွင် ကယ်ဆီယမ်များစွာ ပါဝင်ပြီး အရိုးနှင့်သွား များကို ခိုင်ခံ့စေသည်။ ထို့ပြင် ဒိန်ချဉ်က အစာအိမ်ကို ကူညီနိုင်ပြီး အစာအိမ်အချဉ်ဖောက်ခြင်း၊ အစာ အဆိပ်သင့်ခြင်း၊ အစာမကြေခြင်း တို့အား သက်သာ စေသည်။ ထို့ပြင် အရေပြားအား နူးညံ့ချောမွတ်စေ၍ အပေါ်ယံလွှာရှိ ဆဲလ်အသေများကို ကွာကျ စေနိုင်သည်။


(၅)အသီးများ


ပန်းသီး၊ ဖရဲသီး၊ လိမ္မော်သီး၊ ငှက်ပျောသီး၊ ဘယ်ရီ သီးစတဲ့အသီး အမျိုးမျိုး စားခြင်းက သင့်ကို နောက်တစ်ကြိမ် အစာမစားမီ အချိန်ထိ လိုအပ်သောစွမ်းအင် ပမာဏကို မပိုမလို တိကျစွာ ထောက်ပံ့ ပေးနိုင်ကြောင်း သိရသည်။


မိုင်ကိ


Health Updates Journal





from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://feedproxy.google.com/~r/myanmarnewsnow/LNje/~3/jQgQgwody-I/blog-post_30.html

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...