Skip to main content

Posts

Showing posts from May 8, 2014

တိုင်းရင်းသားရေး ထိရောက်စွာ ဆောင်ရွက်နိုင်သည့် ပြည်ထောင်စုဝန်ကြီး ဖြစ်ရန် ဥပဒေအာ...

တိုင်းရင်းသားရေး ထိရောက်စွာ ဆောင်ရွက်နိုင်သည့် ပြည်ထောင်စုဝန်ကြီး ဖြစ်ရန် ဥပဒေအားကောင်းဖို့လို မင်းမင်း| သောကြာနေ့၊ မေလ ၉ ရက် ၂၀၁၄ ခုနှစ် တိုင်းရင်းသားအရေး အမှန်ဆောင်ရွက်နိုင်သည့် ပြည်ထောင်စုအဆင့်ဝန်ကြီး ခန့်ထားနိုင်ရေးသည် တိုင်းရင်းသားလူမျိုးများအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဥပဒေ မည်မျှခိုင်မာ အားကောင်းသနည်းဆိုသည့် အချက်အပေါ် မူတည်နေကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ထောက်ပြပြောဆိုလိုက်သည်။ “မြန်မာပြည်မှာ ၀န်ကြီးဌာနတွေက ဖောင်းပွနေပြီ။ တိုင်းနဲ့ပြည်နယ်တွေမှာလည်း ၀န်ကြီးတွေရှိတယ်။ အခုလုပ်ကိုင်နေတာ သိပ်ပြီးတော့ အားရစရာမရှိဘူး” ဟု ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က မဇ္ဈိမကို ပြောသည်။ ဖွဲ့စည်းပုံပါ တိုင်းရင်းသားတို့၏ ရပိုင် ခွင့်အရ လွန်ခဲ့သည့် နှစ်နှစ်ကျော်ကတည်းက ခန့်ထားပြီးသည့် တိုင်း၊ ပြည်နယ်အဆင့် တိုင်းရင်းသားရေးရာဝန်ကြီးများ၏ လုပ်ကိုင်ဆောင်ရွက်နိုင်မှု အခြေအနေ ကိုချိန်ထိုး၍ ဝေဖန်ခြင်းဖြစ်သည်။ အဆိုပါ တိုင်းပြည်နယ်အဆင့် ၀န်ကြီးများသည် ပြီးခဲ့သည့် မတ်လအတွင်း ရောက်မှသာ အခြားသော အစိုးရအဖွဲ့ဝင်များနှင့် တန်းတူဖြစ်သည်ဟု သမ်္မတက သတ်မှတ်ပေးခဲ့သည်။ သ

မြန်မာ ဖွဲ့စည်းပုံ ပြင်ရေး EU တောင်းဆို

မေလ(၉)ရက်နေ့မှာ ကျရောက်မယ့် ဥရောပ သမဂ္ဂနေ့ အကြို အခမ်းအနားကို ရန်ကုန်မြို့မှာ ၈ ရက် နေ့က ကျင်းပပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံး အကြိမ် ကျင်းပတဲ့ ဥရောပ သမဂ္ဂနေ့ အခမ်းအနား မှာ မြန်မာ အစိုးရနဲ့ လွှတ်တော် ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြန်သုံးသပ်ဖို့ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီး တွေက တောင်းဆို ထားတယ်လို့ မြန်မာ နိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Roland Kobia က ပြောဆို လိုက်ပါတယ်။ (၂ဝဝ၈) ဖွဲ့စည်းပုံ ဥပဒေဟာ လက်ရှိ မြန်မာနိုင်ငံ အခြေအနေ တွေကို မထင်ဟပ် စေနိုင်ဘဲ ခုချိန်မှာ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်နေတဲ့ မြန်မာပြည်သူ တွေနဲ့ နိုင်ငံရေး လောက ဆန္ဒအတိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြောင်းဖို့ လိုနေတယ်လို့ သူက ဆိုပါတယ်။ မြန်မာ နိုင်ငံ အသွင် ကူးပြောင်းရေးနဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ကူညီဖို့ ဥရောပ သမဂ္ဂ က အမေရိကန် ဒေါ်လာ (၁.၃၅) ဘီလျံ ကူညီ ပေးထား ပါတယ်။ ဆက်လက်ပြီး EU နဲ့ မြန်မာ အကြား ကုန်သွယ်ရေး တိုးမြှင့်ပြီး နိုင်ငံခြား တိုက်ရိုက် ရင်းနှီး မြုပ်နှံမှုတွေ ရှိဖို့၊ အလုပ်အကိုင် အခွင့်အလမ်း တွေ ဖန်တီးဖို့ EU က မျှော်လင့် သလို နိုင်ငံတွင်း လုံခြုံ စိတ်ချ ရမှု ရှိဖို့နဲ့ ရခိုင် ပဋိပက္ခ

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်လိုကြောင်း ဗြိတိန်သံအမတ်ကြီး ပြောကြား ရ...

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပါဝင်လိုကြောင်း ဗြိတိန်သံအမတ်ကြီး ပြောကြား ရန်ကုန်၊ မေ ၈ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးလိုပြီး ဆွေးနွေးရန် ဖိတ်ကြားလာပါက အသင့်ရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မစ္စတာ အင်ဒရူးပက်ထရစ်က ပြောကြားလိုက်သည်။ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို/ကေအိုင်အေ၏ ဒုတိယ စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်က အပစ်ရပ် ဆွေးနွေးမှုများတွင် အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်ကဲ့သို့သော နိုင်ငံကြီးများ ပါဝင်ရန် လိုအပ်ကြောင်း ပြောကြားမှုနှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။ “ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ ဘယ်လို အခန်းကဏ္ဍပဲ ဖြစ်ဖြစ် ဗြိတိန်အနေနဲ့ ပါဝင်ဖို့ အသင့်ရှိပါတယ်။ ဒါပေမဲ့ အစိုးရ တိုင်းရင်းသား နှစ်ဖက်လုံးက သဘောတူ လက်ခံဖို့တော့ လိုတယ်” ဟု ဗြိတိန်သံအမတ်ကြီးက ဆိုသည်။ သို့သော် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်ကမူ ဗြိတိန် အပါအဝင် ပြည်ပနိုင်ငံကြီးများ၏ မြန်မာ့ငြိမ်းချမ်းရေးအတွ

ရွေးကောက်ပွဲကာလ မဲဆွယ်ခွင့်နှင့် ပတ်သက်သော သဘောထားများကို NLD ပါတီမှ ရွေးကောက်ပ...

ရွေးကောက်ပွဲကာလ မဲဆွယ်ခွင့်နှင့် ပတ်သက်သော သဘောထားများကို NLD ပါတီမှ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးအား စာဖြင့်ရေးသား မေးမြန်းရာတွင် အမေးနှင့်အဖြေ ရှေ့နောက်မညီဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မေလ (၅)ရက်နေ့တွင် မြန်မာသံတော်ဆင့်မှ တစ်ဆင့် ဝေဖန် ပြောကြား လိုက်သည်။ NLD ပါတီသည် ရွေးကောက်ပွဲကာလ မဲဆွယ်မှုနှင့် ပတ်သက်သော သဘောထားများကို ဧပြီလ ၂၃ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌထံ စာရေးသား မေးမြန်းခဲ့သည်။ကော်မရှင်မှလည်း ၎င်းတို့၏ သဘောထားများကို မတ်လ ၄ရက်၊ NLD ပါတီထံ ပြန်လည်ပေးပို့ခဲ့သည်။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ပြောစကားများနှင့် ယခုပြန်လည်ဖြေဆို ပေးပို့သော သဘောထားများ ရှေ့နောက် ညီညွတ်မှု မရှိခြင်းအပေါ် NLD ပါတီမှ ပြန် လည် ဝေ ဖန်ခဲ့ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲကာလ မဲဆွယ်ခွင့် NLD မေးမြန်းမှုကို ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ပြန်လည်ဖြေရှင်းခ www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1iuAsoV

ပညာရေးဝန်ကြီးဌာန (အောက်မြန်မာပြည်) တက္ကသိုလ်များ ဘောလုံး ဆပ်ကော်မတီမှ ကြီးမှူး ကျ...

ပညာရေးဝန်ကြီးဌာန (အောက်မြန်မာပြည်) တက္ကသိုလ်များ ဘောလုံး ဆပ်ကော်မတီမှ ကြီးမှူး ကျင်းပသည့် တက္ကသိုလ် ချန်ပီယံလိဂ် ဘောလုံး ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား၌ ချန်ပီယံဆုဖလား အား မြန်မာ့လက်ရွေး စင် ဘောလုံး သမားဟောင်း ဦမျိုးလှိုင်ဝင်း က ဘောလုံးကွင်းအတွင်း ယူဆောင် လာမှုအပေါ် မဖြစ်သင့်ကြောင်း ယခင်တက္ကသိုလ် ဘောလုံး သမား ဟောင်းများနှင့် လက်ရှိတက္ကသိုလ် ဘောလုံးသမားများက ဝေဖန်လျက် ရှိသည်။ ဖိုးလပြည့်၏ ဆရာဟု နာမည်ထွက်နေသူ လက်ရွေးစင်ဟောင်း ဦးမျိုးလှိုင်ဝင်း တက္ကသိုလ်ချန်ပီယံ www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1iuAqx6

မြန်မာနိုင်ငံသို့ မုတ်သုံစ၀င်ပြီ စိမ့်စမ်းရေ မြန်မာနိုင်ငံသို့ မေလ ၈ ရက်မှ စတင...

မြန်မာနိုင်ငံသို့ မုတ်သုံစ၀င်ပြီ စိမ့်စမ်းရေ မြန်မာနိုင်ငံသို့ မေလ ၈ ရက်မှ စတင်ကာ မုတ်သုံမိုး စတင်ဝင်ရောက်ပြီဟု မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က ပြောသည်။ ဦးထွန်းလွင်က“မိုးရွာရက်က နောက်တောင်ကျနေပြီ။ မိုးကြိုကာလက ဧပြီ ၈ရက်ကတည်းက စရမယ်။ အခုမှ မိုးကစ၀င်တာ” ဟု ပြောသည်။ မေလ ၈ ရက်က မြန်မာနိုင်ငံ အထက်ပိုင်းတွင် နေရာကွက်ကျား မိုးရွာခဲ့ ပြီး ရှမ်းပြည်နယ် ဒေသအချို့တွင် နေရာ ကွက်ကြား မိုးကြီးခဲ့သည်။ ရန်ကုန်မြို့အတွင်း လေပြင်းများ တိုက်ခတ်ခဲ့ရာ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မှတာဝန်ရှိသူတစ်ဦးက “ရာသီအကူး အပြောင်းနဲ့ မုတ်သုံမိုး စတင်ဝင်ရောက်တာ ကြောင့် လေပြင်းတိုက်ခေတ်နိုင်ပါတယ်” ဟု ဆိုသည်။ မေလ ၈ ရက်က ရှမ်းပြည်နယ်တွင် နေရာကွက်ကြား မိုးကြီးခဲ့ရာ မိုင်းဆတ်မြို့ တွင် ၃ ဒသမ ၁၁၊ ကျိုင်းတုံ တွင် ၁ ဒသမ ၈၉၊ ပူတာအိုတွင် ၁ ဒသမ ၃၈ ၊ မချမ်း ဘောတွင် ၁ ဒသမ ၁၀၊ တီးတိန်တွင် ၁ ဒသမ ၀၂ လက်မ တို့ ဖြစ်သည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1fSYafs

ပညာရေးနှင့် စိုက်ပျိုးရေးအတွက် ဒေါ်လာ ၁ ဒသမ ၃၅ ဘီလီယံ အီးယူ ကူညီမည် နီနီမြင့်|ေ...

ပညာရေးနှင့် စိုက်ပျိုးရေးအတွက် ဒေါ်လာ ၁ ဒသမ ၃၅ ဘီလီယံ အီးယူ ကူညီမည် နီနီမြင့်| သောကြာနေ့၊ မေလ ၉ ရက် ၂၀၁၄ ခုနှစ် ဥရောပသမဂ္ဂ(အီးယူ) မှ မြန်မာနိုင်ငံအတွင်းရှိ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၄ မှ ၂၀၂၀ ခုနှစ်အတွင်း ယူရိုတစ်ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၅ ၀န်းကျင် ဘီလီယံ) ကူညီပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးမှသံအမတ် မစ္စတာရိုလန်ကိုဘီယာက မေလ ၈ ရက်တွင် ပြောသည်။ “အီးယူက မြန်မာနိုင်ငံမှာ အကြီးဆုံးအလှူရှင် ဖြစ်ပါတယ်။ အခုကူညီပေးမယ့် ငွေတွေကို ပညာရေး၊ စိုက်ပျိုးရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးစတဲ့ လုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကနေတစ်ဆင့် ကူညီပေးသွားမှာ ဖြစ်ပါတယ်”ဟု မစ်္စတာကိုဘီယာက ရန်ကုန်မြို့၊ သင်္ကေတ စားသောက်ဆိုင်တွင် ကျင်းပသော အီးယူနေ့အခမ်း အနားနေ့၊ စာနယ်ဇင်းများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ထောက်ပံ့ငွေများကို ပညာရေးကဏ္ဍတွင် ၃၅ ရာခိုင်နူန်း၊ ကျေးလက် ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး အစား အသောက်နှင့် အာဟာရဖွံ့ဖြိုးရေး ကဏ္ဍတို့တွင် ၃၅ ရာခိုင်နှုန်း၊ ငြိမ်းချမ်းရေးကဏ္ဍတွင် ၁၅ ရာခိုင်နူန်း၊ အုပ်ချုပ်ရေး၊ တရားဥပ

နိုင်ငံခြားသား ဒီဗီဘီသတင်းထောက် ပြည်နှင်ဒဏ်ပေးခံရ အေးမြင့်စန်း| သောကြာနေ့၊ မေလ...

နိုင်ငံခြားသား ဒီဗီဘီသတင်းထောက် ပြည်နှင်ဒဏ်ပေးခံရ အေးမြင့်စန်း| သောကြာနေ့၊ မေလ ၉ ရက် ၂၀၁၄ ခုနှစ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပြည်နှင်ဒဏ်ပေးခဲ့သည့် သြစတြေးလျနိုင်ငံသားDVB သတင်းထောက် Mr. Angus Watson ကို ထိန်းသိမ်းခံထားရနိုင်သည့် အခြေအနေမှ ကင်းလွတ်ရန် ပြည်ပသို့ထွက်ခွာနိုင်ရေး ချက်ချင်းစီစဉ်ပေးခဲ့သည်ဟု DVB ၏ ဒု- ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက မေ ၈ ရက်တွင် မဇ္ဈိမကို ပြောသည်။ “လေဆိပ်လ၀ကကိုမေးတော့ ဒီနေ့ညပို့လို့မရရင် လေဆိပ်မှာထိန်းသိမ်းဖို့နေရာ မရှိဘူးလို့ ပြောတယ်။ ဆက်ထားမယ်ဆို သတင်းထောက်ကို မြို့ထဲပြန်ခေါ်သွားပြီး အချုပ်ထဲထည့်ထားနိုင်တယ်။ ကျွန်တော်တို့ သတင်းထောက်ကလဲ အချုပ်ထဲ ဘယ်အိပ်ချင်မလဲ၊ ဒါကြောင့် အနီးဆုံးလေယာဉ်နဲ့ထွက်ခွာဖို့လုပ်တာ”ဟု ၎င်းက ပြောသည်။ ၎င်းသည် ဖမ်းဆီးခံထားရသည့် DVB သတင်းထောက် ကိုဇော်ဖေလွတ်မြောက်ရေး မေ ၇ ရက် မကွေးမြို့ ဆန္ဒဖော်ထုတ်မှုကို သွားရောက်သတင်းယူစဉ် အဖမ်းခံခဲ့ရ ခြင်းဖြစ်သည်။ မကွေးတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ဗီဇာစည်းကမ်း ချိုးဖောက်မှု (စီးပွားရေးဗီဇာကိုင်ဆောင်၍ သတင်းရယူမှု)၊ ရဲတပ်ဖွဲ့က ခွင့်ပြုချက်မရဘဲ ဆန္ဒဖော်ထုတ်မှုတို့ဖြ

ကျိုင်းတုံ အာရ်စီအက်စ်အက်စ် ဆက်ဆံရေးရုံးကို စရဖက အကြောင်းမကြားဘဲ ၀င်စစ် ဖနိဒါ|...

ကျိုင်းတုံ အာရ်စီအက်စ်အက်စ် ဆက်ဆံရေးရုံးကို စရဖက အကြောင်းမကြားဘဲ ၀င်စစ် ဖနိဒါ| သောကြာနေ့၊ မေလ ၉ ရက် ၂၀၁၄ ခုနှစ် ချင်းမိုင်၊ မေ ၈ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ ရှမ်းပြည်တောင်ပိုင်းတပ်မတော် (ခေါ်) ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) ၏ ဆက်ဆံရေးရုံးကို အစိုးရ၏ စရဖတပ်ဖွဲ့မှူး ဗိုလ်မှူးရဲနေလင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မေလ ၆ ရက် က အကြောင်းမကြားဘဲ လာရောက်ရှာဖွေစစ်ဆေးခဲ့သည်ဟု ဆက်ဆံရေးရုံးတာဝန်ခံ ဒု-ဗိုလ်မှူးကြီး စိုင်းစိုးမိန်းက ပြောသည်။ မေလ ၆ ရက် ညနေ ၄ နာရီဝန်းကျင်တွင် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ)တပ်မှူး ဗိုလ်မှူးရဲနေလင်း၊ ပြည်နယ်ရဲမှူး၊SB အဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အပါအ၀င် အင်အား ၂၀ ခန့်ကRCSSဆက်ဆံ ရေးရုံးကို တစ်နာရီခန့်ကြာ ရှာဖွေစစ်ဆေးခဲ့သော်လည်း ပစ်္စည်းတစ်စုံတစ်ရာ သိမ်းသွားခြင်းမရှိဟု ၎င်းက ပြောသည်။ “ခုထိ ဘာကြောင့် ၀င်စစ်တယ်ဆိုတာ မသိဘူး။ ဘာမှအကြောင်းမကြားဘူး။ သိချင်ရင် စရဖရုံးမှာ သွား မေးပါဆိုပြီးတော့ ပြောတယ်တဲ့။ စရဖတပ်မှူး ဗိုလ်မှူးရဲနေလင်းကိုယ်တိုင်လာတယ်။ တစ်နာရီလောက် ၀င်ရှာတယ်။ သူတို့ ဘာအကြောင်းနဲ့လာတယ်ဆိုတာ ကျွန်တော်လည်း မသိဘူး”ဟု ဒု-ဗိုလ်မှူးကြီး စ

(မေလ ၉ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်) ပြည်သူ့ကိုယ်စားလှယ် စစ်စစ်...

(မေလ ၉ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်) ပြည်သူ့ကိုယ်စားလှယ် စစ်စစ်ဖြစ်ဖို့ ပါလီမန် ဒီမိုကရေစီစနစ်နှင့် နှစ်ပေါင်းများစွာ ဝေးကွာခဲ့ပြီးနောက် ၂၀၁၀ ပြည့်နှစ်တွင် မြန်မာ့နိုင်ငံရေး အပြောင်းလဲဖြစ်ပေါ်ခဲ့ပြီး လွှတ်တော်များလည်း ပေါ်ပေါက်လာခဲ့သည်။ လွှတ်တော်များ ပေါ်ပေါက်လာသည့်နည်းတူ ပြည်သူများ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ် သို့တည်းမဟုတ် ပြည်သူ့ကိုယ်စားလှယ်များ လွှတ်တော်ခန်းမအတွင်း ၀င်ရောက်ခွင့် ရရှိခဲ့ကြပြီးဖြစ်သည်။ ပြည်သူ့ထောက်ခံမှုဖြင့် ပြည်သူ့အရေးအရာများ၊ လိုအပ်ချက်များကို ဖြည့်ဆည်းရန်၊ ထောက်ပြပြောဆိုရန်၊ အရေးဆိုပေးရန် ပြည်သူ့မဲဆန္ဒဖြင့် တာဝန်ပေးအပ်ခံရသူများဖြစ်ခြင်းကြောင့် ပြည်သူ့ကိုယ်စားလှယ်များဟု ခေါ်ဆိုနိုင်သည်။ပြဋ္ဌာန်းခဲ့ပြီးဖြစ်သော လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများတွင် ကိုယ်စားလှယ်များ၏ တာဝန်များတွင် နိုင်ငံသားများ၏ မူလအခွင့်အရေးကို ရရှိခံစားနိုင်အောင် ဆောင်ရွက်ခြင်း၊ မိမိမဲဆန္ဒ နယ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊ မဲဆန္ဒရှင်များ၏ တင်ပြချက်များကို လွှတ်တော်တို့ ပြန်လည်တင်ပြခြင်းဖြင့် ပြည်သူ့အကျိုးကို ဆောင်ရွက်ရန် ပြဋ္ဌာန်းထားသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားမ

မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာ လူနည်းစုတွေ အပေါ် ဖိနှိပ်ကန့်သတ်မှုတွေကို အဆုံးသတ်...

မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာ လူနည်းစုတွေ အပေါ် ဖိနှိပ်ကန့်သတ်မှုတွေကို အဆုံးသတ်ဖို့ မြန်မာအစိုးရကို တောင်းဆိုတဲ့ ဆုံးဖြတ်ချက်တရပ်ကို အမေရိကန် အောက်လွှတ်တော်ကနေ မေလ ရ ရက်နေ့က အတည်ပြု လိုက်ပါတယ်။ ရိုဟင်ဂျာ လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ဖိနှိပ်မှုတွေကို ဝေဖန်ထားပြီး၊ ပြီးခဲ့တဲ့ နှစ်ဆန်းက စစ်တွေမှာ နိုင်ငံတကာ ကူညီရေး အဖွဲ့ရုံးတွေကို တိုက်ခိုက် အကြမ်းဖက်တဲ့ကိစ္စ ကိုလည်း ဝေဖန်ပြစ်တင် ထားပါတယ်။ အသေးစိတ်ကိုတော့ ကိုသားညွန့်ဦးက ပြောပြမှာပါ။ ရိုဟင်ဂျာအရေး ဖိနှိပ်မှုရပ်ရန် မြန်မာကို ကန်လွှတ်တော်တောင်းဆို - သစ်ထူးလွင် (နေ့စဉ်သတင်� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1iuxLUo
ဓာတ်ငွေ့ ဝယ်ယူမှု ငွေကြိုပေးဖို့ ယူကရိန်းကို ရုရှားတောင်းဆို - သစ်ထူးလွင် (နေ့စဉ်သတင်း) - www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1iuxLDI

မေလ(၉)ရက်နေ့မှာ ကျရောက်မယ့် ဥရောပ သမဂ္ဂနေ့ အကြို အခမ်းအနားကို ရန်ကုန်မြို့မှာ ၈ ရ...

မေလ(၉)ရက်နေ့မှာ ကျရောက်မယ့် ဥရောပ သမဂ္ဂနေ့ အကြို အခမ်းအနားကို ရန်ကုန်မြို့မှာ ၈ ရက် နေ့က ကျင်းပပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံး အကြိမ် ကျင်းပတဲ့ ဥရောပ သမဂ္ဂနေ့ အခမ်းအနား မှာ မြန်မာ အစိုးရနဲ့ လွှတ်တော် ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြန်သုံးသပ်ဖို့ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီး တွေက တောင်းဆို ထားတယ်လို့ မြန်မာ နိုင်ငံ ဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Roland Kobia က ပြောဆို လိုက်ပါတယ်။ မြန်မာ ဖွဲ့စည်းပုံ ပြင်ရေး EU တောင်းဆို - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1iuxMHL

ရန်ကုန်မြို့တွင် မေလ ၈ ရက်က လေပြင်းတိုက်ခတ်မှု များကြောင့် သန်လျင်မြို့ပေါ်နှင့်...

ရန်ကုန်မြို့တွင် မေလ ၈ ရက်က လေပြင်းတိုက်ခတ်မှု များကြောင့် သန်လျင်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ နေ အိမ်နှင့် ရုံးအဆောက်အအုံအချို့ ပြိုလဲပြီး ဓာတ်တိုင် ၇၀ ခန့် ပျက် စီးသွားကြောင်း သတင်းရရှိသည်။ မေလ ၈ ရက် ညနေသုံးနာ ရီခွဲခန့်မှ စတင်ကာ ၃ နာရီမိနစ်၅၀ ခန့်ထိ မိနစ် ၂၀ ကြာ လေပြင်းတိုက်ခတ်မှုကြောင့် သန်လျင်မြို့ပေါ်နှင့် ပတ်ဝန်းကျင် ကျေးရွာရှိ နေအိမ် ၁၇ လုံးနှင့် ဌာနဆိုင်ရာ ရုံးသုံးရုံး အပါအ၀င် မြို့ထဲရှိ လျှပ်စစ်ဓာတ်တိုင်စုစု ပေါင်း ၇၀ ခန့်ပျက်စီးခဲ့ကာ အပင် များပြိုလဲမှုဖြစ်ပွားခဲ့ကြောင်း သန် လျင်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။ ရန်ကုန်တွင် လေပြင်းတိုက် နေအိမ်၊ ရုံးနှင့် ဓာတ်တိုင်အချို့ပျက်စီး သစ်ပင်အချို့ပြိုလ� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1s8Fhp0

ဧပြီလ နှင့် မေလ ကာလများသည် မိုးကြိုကာလ ဖြစ်သည်။ ယင်း မိုးကြိုကာလတွင် အပူချိန်...

ဧပြီလ နှင့် မေလ ကာလများသည် မိုးကြိုကာလ ဖြစ်သည်။ ယင်း မိုးကြိုကာလတွင် အပူချိန် မြင့်တက်ခြင်း ၊ မိုးရွာသွန်းခြင်း ၊ မိုးရွာသွန်း ပါက လေပြင်း တိုက်ခတ်ခြင်း ၊ မိုးကြီးခြင်း များနှင့် မိုးကြိုးပစ်ခြင်း များ ဖြစ်ပေါ်နိုင်သည်။ အဆိုပါ အပူချိန် မြင့်ခြင်း ၊ မိုးကြီးခြင်း ၊ မိုးကြိုးပစ်ခြင်း ၊ လေပြင်းတိုက်ခြင်း နှင့် မုန်တိုင်းဖြစ်ခြင်း စသည့် သဘာဝ ဘေးအန္တရာယ် များအတွက် အများပြည်သူတို့ အနေဖြင့် မိုးလေ၀သ သတင်းကို စိတ်ဝင်တစား အချိန်ပေး၍ ဖတ်မှတ် သတိပြု နားထောင်သင့်သည်။ မြန်မာနိုင်ငံ အတွက် အန္တရာယ် မရှိနိုင်သော မုန်တိုင်း ဖြစ်ပါက " မုန်တိုင်းသတင်း " ဟုသာ အမည်တပ် ကြေညာပြီး မြန်မာနိုင်ငံ အတွက် အန္တရာယ် ရှိသော မုန်တိုင်းများ ဖြစ်မှသာ " မုန်တိုင်း သတိပေးချက် " ဟု အမည်တပ် ထုတ်ပြန်လေ့ ရှိသည်ကို သိရှိ ထားရမည် ဖြစ်သည်။ မုန်တိုင်း အဖြစ်များသော ကာလများမှာ မိုးကြိုကာလ ဧပြီလ နှင့် မေလ ဖြစ်ပြီး မိုးနှောင်းကာလ မှာ အောက်တိုဘာလ နှင့် နိုဝင်ဘာလ တို့ ဖြစ်သည်။ သတိပြုသင့်သည့် မိုးကြိုကာလ မုန်တိုင်းအန္တရာယ် - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်မျာ

မန္တလေးမြို့သူ၊ မြို့သားများ အတွက်တပေါင်းလ ရွှေစာရံဘုရား ပွဲတော် အခါမျိုးမှာ ဘုရာ...

မန္တလေးမြို့သူ၊ မြို့သားများ အတွက်တပေါင်းလ ရွှေစာရံဘုရား ပွဲတော် အခါမျိုးမှာ ဘုရား ပွဲတော် သွားရင်း မလုပ်မဖြစ်လုပ်လေ့ ရှိတဲ့ အရာ တစ်ခုကတော့ ဒုဋ္ဌဝတီမြစ်ထဲကို ရေဆင်း ချိုးကြ တာပါပဲ။ အေးစိမ့်လှတဲ့ ဒုဋ္ဌဝတီမြစ် ရေထဲ တစ်ကိုယ်လုံး စိမ်လိုက်ရပြီဆို အပန်းတွေပြေ သွားရုံသာမက စိတ်ရော လူပါ လန်းဆန်းသွားတာ ကြုံဖူးသူတိုင်း အသိပါ။ အရင်က ဒုဋ္ဌဝတီမြစ်ရေကို ပွဲတော်ရက် ရောက်မှသာ စိမ်နိုင်ပါတယ်။ ခုတော့ အမြဲတမ်း စိမ်နိုင်နေပါပြီ။ သွားကြမလားကွဲ့ ခုနစ်မိုင်စခန်းဆီ - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1iuxIYA

မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ထန်းလုံးတပ် ကျေးရွာ၌ ၅...

မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်၊ ထန်းလုံးတပ် ကျေးရွာ၌ ၅ မိုင်အရှည်ရှိ ကျေးရွာကိုယ်ထူ ကိုယ်ထလမ်းကို ပြည်ခိုင်ဖြိုး အမည်ဖြင့် ပြည်ထောင်စု နေ့စဉ်သတင်း စာ၌ ထည့်သွင်းဖော်ပြခဲ့ခြင်းကြောင့် ကျေးရွာ လူထုဒေသခံ တစ်ထောင်ကျော်ခန့် မေ ၆ ရက်တွင် သတင်းစာရှင်းလင်းပွဲကျင်းပပြုလုပ်ကာ““ပြည်ခိုင်ဖြိုး ပါတီ အနေနဲ့ ကျွန်တော်တို့ ကျေးရွာလမ်းလေး အပေါ် ပွဲလန့်တုန်း ဖျာခင်းခဲ့တာပါ””ဟု ဒေသခံများက ဆိုကြသည်။ ပွဲလန့်တုန်း ဖျာခင်းသွားတဲ့ ပြည်ခိုင်ဖြိုး ပါတီဟု ဒေသခံများကဆို - သစ်ထူးလွင် (နေ့စဉ်သတ www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1s8FgRZ

အခြားလူမျိုးနှင့် ဘာသာများကို နှောင့်ယှက် ဖျက်ဆီးမည် မဟုတ်ဟု အမျိုးဘာသာ၊ သာသနာေ...

အခြားလူမျိုးနှင့် ဘာသာများကို နှောင့်ယှက် ဖျက်ဆီးမည် မဟုတ်ဟု အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ ထုတ်ပြန် ရန်ကုန်၊ မေ ၈ အမျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေး ကြိုးပမ်းနေသည့် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) အနေနှင့် အခြားသော လူမျိုးများနှင့် ဘာသာများ အပေါ် နှောင့်ယှက်ဟန့်တားခြင်း၊ ဖျက်ဆီးခြင်းများ ပြုလုပ်မည် မဟုတ်ကြောင်း မေလ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။ အဆိုပါအဖွဲ့ အနေနှင့် အမျိုးဘာသာ၊ သာသနာစောင့်ရှောက်ရေး ကိစ္စများကို နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့တို့အတွက် တစ်တပ်တစ်အား ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ပြီး ယင်းသို့ လုပ်ဆောင်ခြင်းသည် ပြည်ထောင်စုအတွင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ မဖြစ်ပေါ်စေရန်သာ ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ သုံးလပတ် အစည်းအဝေးတွင် ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တတိလောကာဘိဝံသက လက်မှတ်ရေးထိုးကာ ထုတ်ပြန်ခြင်း ဖြစ်သည်။ ယင်းအပြင် မဘသအဖွဲ့က ဦးဆောင်ကာ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကို ကန့်ကွက် ဆန္ဒပြမည် ဟူသည့် သတင်းများ အင်တာနက် လူမှုကွန်ရက်များနှင့် သတင်းမီဒီယာများတွင် ဖော်ပြနေမှုများ ရှိနေပြီး အဆိုပါ သတင်းများမှာ မဟုတ်မှန်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယနေ့ မိုးလေဝသအခြေအနေ

ယနေ့ မိုးလေဝသအခြေအနေ from The Voice Weekly's Facebook Wall http://ift.tt/RsYCpR

(မေလ ၉ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial) လုပ်အားပြ...

(မေလ ၉ ရက်နေ့ထုတ် The Voice နေ့စဉ်သတင်းစာ မျက်နှာဖုံးနှင့် Editorial) လုပ်အားပြဿနာ မြန်မာ့စီးပွားရေး ကွင်းဆင်းလေ့လာမှု စစ်တမ်းကို မကြာသေးမီက ထုတ်ပြန်ခဲ့ရာ ကျွမ်းကျင်လုပ်သား ရှားပါးခြင်းသည် ပြည်တွင်းစီးပွားရေး လုပ်ငန်းများ ရင်ဆိုင်ရသည့် အခက်အခဲကြီး ဖြစ်ကြောင်း ထောက်ပြထားသည်။ စီးပွားရေး လုပ်ငန်းတစ်ခု တည်ထောင်ရန်၊ အောင်အောင်မြင်မြင် လည်ပတ်ရန်အတွက် ငွေကြေး အရင်းအနှီး၊ တည်နေရာ အဆောက်အအုံတို့ ကဲ့သို့ပင် လူသားအရင်းအမြစ်သည် အရေးကြီးသော လိုအပ်ချက် ဖြစ်သည်။ လူကောင်းမရှိလျှင် မည်သည့် အလုပ်မျှ မလုပ်နိုင်။ တစ်ဖန် မြန်မာတို့သည် နိုင်ငံခြားလုပ်ငန်းများထက် အရင်းအနှီး နည်းပါးကာ ချေးငွေဖြင့် ရင်းနှီးရန်လည်း ဘဏ်များသည် အားမကောင်းသေးပါ။ ထို့ကြောင့် ကုန်ထုတ်လုပ်ရေး လုပ်ငန်းများထက် အရင်းအနှီး နည်းသော ဝန်ဆောင်မှု လုပ်ငန်းများသည် မြန်မာတို့ ဝင်သင့်သော လုပ်ငန်းများ ဖြစ်သည်။ ဝန်ဆောင်မှု လုပ်ငန်းများသည် လူအားသုံးရသော လုပ်ငန်းများ ဖြစ်သည့်အတွက် လူသာမရလျှင် လုပ်ငန်းချောမွေ့စွာ လည်ပတ်နိုင်ရန် မဖြစ်နိုင်ပါ။ မြန်မာအသေးစားနှင့် အလတ်စား လုပ်ငန်းများသည် ဝန်ဆောင်မှု၊ ကုန်ထုတ်လုပ်ငန်းမဟူ အရင်းအနှီး နည်းပါးသည် ဖြစ်သောကြောင့် က

ဓာတ်ငွေ့ ဝယ်ယူမှု ငွေကြိုပေးဖို့ ယူကရိန်းကို ရုရှားတောင်းဆို

ယူကရိန်း နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှု တွေကြောင့် အစိုးရအနေနဲ့ ဘဏ္ဍာငွေကြေး အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာပဲ အနာဂတ် ဓါတ်ငွေ့ဝယ်ယူမှုတွေ အတွက် ငွေကြိုပေးရမယ်လို့ ရုရှားနိုင်ငံက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ယူကရိန်းနိုင်ငံဟာ ရုရှားထံက ဓါတ်ငွေ့တွေကို မှီခို အားထားနေရ တာဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံအနေနဲ့ ဗုဒ္ဓဟူးနေ့ နောက်ဆုံးထားပေးရမယ့် အမေရိကန်ဒေါ်လာ ၃ ဘီလီယံခွဲကို အချိန်မှီ ပေးနိုင်ခဲ့ခြင်းမရှိဘူးလို့ ရုရှား လောင်စာ စွမ်းအင်ဝန်ကြီးဌာနက ပြောကြားလိုက်ပြီး ဇွန်လ ၁ ရက်နေ့နောက်ပိုင်း ၀ယ်ယူတဲ့ ဓါတ်ငွေ့တွေအတွက် ငွေသား ကြိုပေးရမယ်လို့ ဆိုပါတယ်။ အခုလို ဆုံးဖြတ်ချက်အသစ် ချမှတ်တာက ကြာသပတေးနေ့ နှောင်းပိုင်းအထိ ဥရောပသမဂ္ဂအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိမယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါဘူး။ အနောက်ဥရောပနိုင်ငံတွေက လိုအပ်တဲ့ ဓါတ်ငွေ့ ၃၀ ရာခိုင်နှုန်းကို ရုရှားနိုင်ငံက ၀ယ်ယူနေတာဖြစ်ပြီး အဲဒီထဲက ထက်ဝက်လောက်ဟာ ယူကရိန်းနိုင်ငံက ဖြတ်သွားတာ ဖြစ်ပါတယ်။ တခြား ဖြစ်ပေါ်မှုတခုမှာတော့ - ရုရှားသမ္မတ Vladimir Putin က တောင်းဆိုထားတဲ့ကြားကပဲ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက Donetsk နဲ့ L

ရာထူးမှဖယ်ရှားခံရသော ထိုင်းဝန်ကြီးချုပ်ယင်လက် နိုင်ငံရေးလုပ်ခွင့် ၅ နှစ် ပိတ်ပင...

ရာထူးမှဖယ်ရှားခံရသော ထိုင်းဝန်ကြီးချုပ်ယင်လက် နိုင်ငံရေးလုပ်ခွင့် ၅ နှစ် ပိတ်ပင်ခံရမည် ရာထူးမှဖယ်ရှားခံရသော ထိုင်းဝန်ကြီးချုပ်ယင်လက် နိုင်ငံရေးလုပ်ခွင့် ၅ နှစ် ပိတ်ပင်ခံရ� from Eleven Media Group's Facebook Wall http://ift.tt/1oc4alW

ဖမ်းဆီးခြင်းတားဆီးထားသော်လည်း ရှားပါးလင်းရှူးငါးများကို ရခိုင်တွင် ဖမ်းဆီးသတ်ဖြတ...

ဖမ်းဆီးခြင်းတားဆီးထားသော်လည်း ရှားပါးလင်းရှူးငါးများကို ရခိုင်တွင် ဖမ်းဆီးသတ်ဖြတ်ခြင်း ရှိနေဆဲ၊ ထိရောက်စွာ အရေးယူမှုမရှိပါက လင်းရှူးငါးများ မျိုးသုဉ်းသွားနိုင်ဟု ဒေသခံများပြော ဖမ်းဆီးခြင်းတားဆီးထားသော်လည်း ရှားပါးလင်းရှူးငါးများကို ရခိုင်တွင် ဖမ်းဆီးသတ်ဖြတ်ြ ထိရောက်စွာ အရေးယူမှုမရှိပါက လင်းရှူးငါးများ မျိုးသုဉ်းသွားနိုင်ဟု ဒေသခံများပြော from Eleven Media Group's Facebook Wall http://ift.tt/1oc47Xj

ကားတွင်း အင်တာနက်ချိတ်ဆက် နည်းပညာနှင့် အနာဂတ်ကားများ၏ လုံခြုံရေး

Apple, Samsung နဲ့ Microsoft စတဲ့ နာမည်ကြီး နည်းပညာကုမ္ပဏီကြီးများက သူတို့ရဲ့ နည်းပညာ ဆိုင်ရာ ကိရိယာတန်ဆာပလာများကို ဘတစ်ပြန်၊ ကျားတစ်ပြန် အပြန်အလှန်စိန်ခေါ် တီထွင် ထုတ်လုပ်ရောင်းချနေ ကြပြီး ဈေးကွက်နယ်ချဲ့နေတာ အားလုံးအသိပါ။ တစ်ဆက်တည်းမှာပဲ ယင်းကုမ္ပဏီကြီးများက ကားတွင်း နည်းပညာဆိုင်ရာ အထောက်အပံ့ပေးတဲ့ ကိရိယာများကို တီထွင် ထုတ်လုပ်ရောင်းချဖို့ ကြိုးစား နေခြင်းအားဖြင့် အမြော်အမြင် ကြီးကြီးနဲ့ မော်တော်ယာဉ် ဈေးကွက်ထဲ နယ်ချဲ့ဖို့ ကြိုးစားလာ နေကြပါတယ်။ နည်းပညာ ဖွံ့ဖြိုးတိုးတက် လာတာနဲ့အမျှ ကောင်းကျိုး အထွေထွေကို လူအများ မျှဝေ စံစားရပေမယ့် ဆိုးကျိုးတွေ ကိုလည်း မျှဝေခံစားကြရပါတယ်။ လောကဓမ္မတာ အရ အကြောင်းနဲ့ အကျိုး၊ အကောင်းနဲ့ အဆိုး၊ အလင်းနဲ့ အမှောင်၊ အဖြူ နဲ့ အမဲ စသဖြင့် ဒွန်တွဲနေသလိုပဲ ကွန်ပျူတာနဲ့ လုပ်ငန်းအဝဝကို ပြီးစီးအောင် ဆောင်ရွက်လုပ်ကိုင်နိုင်ပေမယ့် ကွန်ပျူ တာတည်းဟူသော ကိရိယာကို မှီတည်ပြီး ကွန်ပျူ တာ Virus, Malware, Adware, Trojan စတဲ့ ကွန်ပျူတာထဲကို ထိုးဖောက် ဝင်ရောက်ပြီး အနှောင့်အယှက် ပေးနိုင်တဲ့ အရာတွေ ရှိလာပါတယ်။ အလားတူပဲ ကားတွင်း ထောက်ပံ့ပေးတဲ့ အင်တာနက်ချိတ်ဆက် နည်းပညာဆိုတာ အလုံးစုံ ပြ

မုတ်သုံဝင်ခါနီးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ လေပြင်းတိုက်ခတ်မှုများ မိုး...

မုတ်သုံဝင်ခါနီးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ လေပြင်းတိုက်ခတ်မှုများ မိုးရွာသွန်းမှုများ ဆက်တိုက်ဖြစ်ပေါ်၊ ရန်ကုန်တိုင်းဒေသကြီးအပါအ၀င် ပြည်နယ်နှင့် တိုင်းအချို့တွင် လေပြင်းတိုက်၍ ဓါတ်တိုင်၊သစ်ပင်ပြိုလဲမှုများ ဖြစ်ပွားခဲ့ မုတ်သုံဝင်ခါနီးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ လေပြင်းတိုက်ခတ်မှုများ မုတ်သုံဝင်ခါနီးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ လေပြင်းတိုက်ခတ်မှုများ မိုးရွာသွန်းမှုများ ဆက်တိုက်ဖြစ်ပေါ်၊ ရန်ကုန်တိုင်းဒေသကြီးအပါအ၀င် ပြည်နယ်နှင့် တိုင... from Eleven Media Group's Facebook Wall http://ift.tt/1l3OsGe

နိုင်ငံရေးအကျဉ်းသားများကို သံခြေကျင်းခတ်မှုကို အကျဉ်းထောင် ဥပဒေသစ်တွင် ပြင်နိုင်ရ...

နိုင်ငံရေးအကျဉ်းသားများကို သံခြေကျင်းခတ်မှုကို အကျဉ်းထောင် ဥပဒေသစ်တွင် ပြင်နိုင်ရန် ဆွေးနွေးမည်၊ လာမည့်လွှတ်တော်တွင် ဆွေးနွေးမည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ပြော နိုင်ငံရေးအကျဉ်းသားများကို သံခြေကျင်းခတ်မှုကို အကျဉ်းထောင် ဥပဒေသစ်တွင် နိုင်ငံရေးအကျဉ်းသားများကို သံခြေကျင်းခတ်မှုကို အကျဉ်းထောင် ဥပဒေသစ်တွင် ပြင်နိုင်ရန် ဆွေးနွေးမည်၊ လာမည့်လွှတ်တော်တွင် ဆွေးနွေးမည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသိန်... from Eleven Media Group's Facebook Wall http://ift.tt/1l3OsG5

သြစတြေးလျနိုင်ငံသား DVB သတင်းထောက်ကို ဗီဇာစည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ လ၀ကမှ ပြည...

သြစတြေးလျနိုင်ငံသား DVB သတင်းထောက်ကို ဗီဇာစည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ လ၀ကမှ ပြည်နှင်ဒဏ်ပေး၊ မေလ (၇) ရက်နေ့ မကွေးမြို့တွင် ပြုလုပ်သည့် မီဒီယာလွတ်လပ်ခွင့် ဆန္ဒပြပွဲသတင်းယူပြီးချိန်တွင်ဖြစ် သြစတြေးလျနိုင်ငံသား DVB သတင်းထောက်ကို ဗီဇာစည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ သြစတြေးလျနိုင်ငံသား DVB သတင်းထောက်ကို ဗီဇာစည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ လ၀ကမှ ပြည်နှင်ဒဏ်ပေး၊ မေလ (၇) ရက်နေ့ မကွေးမြို့တွင် ပြုလုပ်သည့် မီဒီယာလွတ်လပ်ခွင့် ဆန္ဒ... from Eleven Media Group's Facebook Wall http://ift.tt/1l3OrlC

တရားစီရင်ရေးအားနည်းချက်များကို ထောက်ပြထားသည့်မှတ်တမ်းရုပ်ရှင်ကိုDVB သတင်းဌာနက ပြ...

တရားစီရင်ရေးအားနည်းချက်များကို ထောက်ပြထားသည့်မှတ်တမ်းရုပ်ရှင်ကိုDVB သတင်းဌာနက ပြသ၊ သက်သေအထောက်အထားနှင့် မှတ်တမ်းများ အတုပြုလုပ်ခဲ့မှုကို ဖော်ထုတ်တင်ပြထား တရားစီရင်ရေးအားနည်းချက်များကို ထောက်ပြထားသည့် မှတ်တမ်းရုပ်ရှင်ကို တရားစီရင်ရေးအားနည်းချက်များကို ထောက်ပြထားသည့် မှတ်တမ်းရုပ်ရှင်ကို DVB သတင်းဌာနက ပြသ၊ သက်သေအထောက်အထားနှင့် မှတ်တမ်းများ အတုပြုလုပ်ခဲ့မှုကို ဖော်ထုတ်တင်ပြထား from Eleven Media Group's Facebook Wall http://ift.tt/1nmrA88