Skip to main content

(မေလ ၉ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်) ပြည်သူ့ကိုယ်စားလှယ် စစ်စစ်...



(မေလ ၉ ရက်ထုတ် မဇ္ဈိမနေ့စဉ်သတင်းစာမှ အယ်ဒီတာ့အာဘော်)



ပြည်သူ့ကိုယ်စားလှယ် စစ်စစ်ဖြစ်ဖို့



ပါလီမန် ဒီမိုကရေစီစနစ်နှင့် နှစ်ပေါင်းများစွာ ဝေးကွာခဲ့ပြီးနောက် ၂၀၁၀ ပြည့်နှစ်တွင် မြန်မာ့နိုင်ငံရေး အပြောင်းလဲဖြစ်ပေါ်ခဲ့ပြီး လွှတ်တော်များလည်း ပေါ်ပေါက်လာခဲ့သည်။ လွှတ်တော်များ ပေါ်ပေါက်လာသည့်နည်းတူ ပြည်သူများ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ် သို့တည်းမဟုတ် ပြည်သူ့ကိုယ်စားလှယ်များ လွှတ်တော်ခန်းမအတွင်း ၀င်ရောက်ခွင့် ရရှိခဲ့ကြပြီးဖြစ်သည်။



ပြည်သူ့ထောက်ခံမှုဖြင့် ပြည်သူ့အရေးအရာများ၊ လိုအပ်ချက်များကို ဖြည့်ဆည်းရန်၊ ထောက်ပြပြောဆိုရန်၊ အရေးဆိုပေးရန် ပြည်သူ့မဲဆန္ဒဖြင့် တာဝန်ပေးအပ်ခံရသူများဖြစ်ခြင်းကြောင့် ပြည်သူ့ကိုယ်စားလှယ်များဟု ခေါ်ဆိုနိုင်သည်။ပြဋ္ဌာန်းခဲ့ပြီးဖြစ်သော လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများတွင် ကိုယ်စားလှယ်များ၏ တာဝန်များတွင် နိုင်ငံသားများ၏ မူလအခွင့်အရေးကို ရရှိခံစားနိုင်အောင် ဆောင်ရွက်ခြင်း၊ မိမိမဲဆန္ဒ နယ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊ မဲဆန္ဒရှင်များ၏ တင်ပြချက်များကို လွှတ်တော်တို့ ပြန်လည်တင်ပြခြင်းဖြင့် ပြည်သူ့အကျိုးကို ဆောင်ရွက်ရန် ပြဋ္ဌာန်းထားသည်။



ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားများ၏ မူလအခွင့်အရေးများအဖြစ် မိမိယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ လက်နက်မပါဘဲ ငြိမ်းချမ်းစွာစုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။ ပြည်သူ့ကိုယ်စားလှယ်များ၏တာဝန်တွင် နိုင်ငံသားများ၏ အခွင့်အရေးရရှိအောင် ဆောင်ရွက်ခြင်းဟု ပြဋ္ဌာန်းထားသည်ဖြစ်ရာ ထိုအခွင့်အရေးများအတွက် ကိုယ်စားလှယ်များ မည်မျှအားထုတ်ပြီးဖြစ်သည်ကို မေးခွန်းထုတ်ရန်ရှိလာပါသည်။



လတ်တလောအခြေအနေတွင် သတင်းထောက်များ ဖမ်းဆီးခံရမှု၊ အမှုရင်ဆိုင်နေခြင်းများရှိနေခြင်းသည် နိုင်ငံသားတို့၏ အခွင့်အရေးဖြစ်သော လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်အတွက် အဟန့်အတားများဖြစ်နေသည်ကို ပြည်သူ့ကိုယ်စားလှယ်များ သတိပြုရန်ဖြစ်သည်။ အလားတူပင် မိမိတို့နစ်နာနေ ရမှုများအတွက် စီတန်းလှည့်လည် ဆန္ဒပြတောင်းဆိုကြသည့် ပြည်သူများ တရားရင်ဆိုင်နေရခြင်း၊ ဖမ်းဆီးခံရခြင်းများ ဖြစ်ပေါ်နေသည်ကို အကာအကွယ်ပေးရန်လည်း ပြည်သူ့ ကိုယ်စားလှယ်များတွင် တာဝန်ရှိသည်။



အလားတူပင် မိမိမဲဆန္ဒနယ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် တာဝန်ရှိသည်ဟု ဥပဒေက ပြဋ္ဌာန်းပေးထားပြီးဖြစ်ရာ လွှတ်တော်သက်တမ်း သုံးနှစ်နီးပါး ကြာမြင့်ချိန်တွင် မိမိမဲဆန္ဒရှင်များနေထိုင်သည့် ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ မည်မျှလုပ်ဆောင်ပြီးဖြစ်သနည်း။ သက်တမ်းငါးနှစ်သာရှိသည့် ကိုယ်စားလှယ်တစ်ဦး၏ သက်တမ်းအတွင်း မိမိတာဝန်ကျေပွန်စွာ ထမ်းဆောင်ရန် လိုအပ်ပါလိမ့်မည်။



အလားတူပင် မဲဆန္ဒရှင်များ၏ဆန္ဒများကို လွှတ်တော်သို့ ပြန်လည်တင်ပြရန် အခွင့်အရေးရရှိပြီးဖြစ်ရာ မိမိ မဲဆန္ဒရှင်များ၏ လိုအပ်ချက်များ၊ လိုလားချက်များ၊ နစ်နာနေမှုများကို လွှတ်တော်ကိုယ်စားလှယ်များက လေ့လာသိရှိထားရန် လိုအပ်သကဲ့သို့ ထိရောက်၊ ထက်ရှသည့် အဆိုများတင်သွင်း၊ မေးခွန်းများ မေးမြန်းလျက် ပြည်သူ့ကိုယ်စားလှယ်စစ်စစ်ဖြစ်ရန် ကြိုးပမ်းသင့်ပါသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1l4sgvv

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...