Skip to main content

Posts

Showing posts from December 3, 2014

Auto World Journal Volume-3-issue-47

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1ySc5Jr via IFTTT

မြန်မာနဲ့ စစ်ရေးဆက်ဆံရေး မတိုးဖို့ အမေရိကန် ဗိုလ်ချုပ်ကြီးပြော

စစ်အစိုးရကနေ အရပ်သား အစိုးရ ဖြစ်လာပေမယ့် မြန်မာနိုင်ငံမှာ စစ်တပ်က ချုပ်ကိုင်ထားဆဲပဲလို့ ဆို အမေရိကန် စစ်တပ်ရဲ့ ပစိဖိတ်ဆိုင်ရာ တပ်မှူးသစ် အဖြစ် အဆိုပြုခံထားရတဲ့ ရေတပ် ဗိုလ်ချုပ်ကြီး က မြန်မာနိုင်ငံမှာ စစ်တပ် က ချုပ်ကိုင်ထားဆဲ ဖြစ်တာကြောင့် အမေရိကန် အစိုးရအနေနဲ့ မြန်မာ အစိုးရနဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်ဖို့ မသင့်သေးဘူးလို့ ပြောကြားလိုက်ပါတယ်။ သူ့ကို ဒီရာထူး ခန့်အပ်ဖို့ ဆီးနိတ်လွှတ်တော်ရဲ့ ကြားနာပွဲအတွက် ပေါ်လစီပိုင်းဆိုင်ရာ မေးခွန်းတွေကို စာနဲ့ ပြန်ဖြေခဲ့စဉ်အတွင်း ဗိုလ်ချုပ်ကြီး Harry Harris က သူ့သဘောထား အမြင်ကို အခုလို ပြောခဲ့တာပါ။ ဒါဟာ အမေရိကန် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ် တဦး အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေအပေါ် ခါတိုင်းနဲ့ မတူ ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ထိပ်တန်း သံတမန်တဦး ဖြစ်ခဲ့ဖူးသူ Ms Priscilla Clapp ကတော့ ဗိုလ်ချုပ်ကြီး Harry Harris ရဲ့ သဘောထားဟာ အမေရိကန် အစိုးရရဲ့ ပေါ်လစီနဲ့ တထပ်တည်းပဲလို့ ရှုမြင်ပါတယ်။ နှစ်နိုင်ငံ ချစ်ကြည်ရေးအရ အမေရိကန် အစိုးရဟာ မြန်မာစစ်တပ်နဲ့ ပြောဆို ဆက်ဆံမှုတွေ ရှိတယ် ဆိုပေမယ့် အမေရိကန် ပေါ်လစီအရ လူ

မှတ်တိုင်မှ ယာဉ်ထွက်ခွာစဉ် ယာဉ်ပေါ်မှ ပြုတ်ကျသူ ခရီးသည်အမျိုးသား နောက်ဘီးဖြင့် ကြိတ်မိခဲ့၍ သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၃ ၃.၁၂.၂၀၁၄ ရက်နေ့ ၁၈၁၅ အချိန်တွင် လှိုင်မြို့နယ်၊ အင်းစိန်လမ်း အတိုင်း လှိုင်မြို့နယ်ဘက်မှ ကမာရွတ်မြို့နယ်ဘက်သို့ မောင်းနှင်လာသော 7F---- (၂၂၆)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်သည် သံလမ်းမှတ်တိုင် အရောက် ခရီးသည် အတင်အချ ပြုလုပ်ပြီး မောင်းနှင်ထွက်ခွာစဉ် ၎င်းယာဉ်ပေါ်မှ အသက်(၂၅)နှစ်ခန့် အမျိုးသား(စိစစ်ဆဲ)မှာ ပြုတ်ကျခဲ့သဖြင့် ယာဉ်၏ယာဘက် နောက်ဘီးဖြင့် ကြိတ်မိခဲ့ပြီး ယာဉ်းမောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ယာဉ်အား ထားကာ ထွက်ပြေး တိမ်းရှောင်သွားခဲ့ပါသည်။ ယာဉ်ဖြင့်ကြိတ်မိသူ အမျိုးသားမှာ ဦးခေါင်းကြေမွဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွား ခဲ့ပါသည်။ ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား လှိုင်မြို့မရဲစခန်း ယာဉ်(ပ) ၅၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ Yangon Police http://ift.tt/1nAnmKq from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1rYDTpr

ကိုပါကြီးသေဆုံးမှု မရှင်းလင်းသေးတာတွေရှိ

စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ကိုပါကြီး ဈာပန မြန်မာနိုင်ငံ လူအခွင့်အရေးကော်မရှင် စုံစမ်းစစ်ဆေးရေးအဖွဲ့က ကိုအောင်နိုင် ခေါ် ကိုအောင်ကျော်နိုင် ခေါ် ကိုပါကြီးသေဆုံးမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးခဲ့ရာမှာ ကိုပါကြီးရရှိတဲ့ ဒဏ်ရာတွေ အရ ကိုပါကြီးဟာ ထွက်ပြေးလို့ ပစ်ခတ်ခံရတာမဟုတ်ဘဲ သေနတ်လုချိန်မှာ အပစ်ခံခဲ့ရတာလို့ ထွက်ဆိုချက်တွေအရ သိရကြောင်း မြန်မာနိုင်ငံ လူအခွင့်အရေးကော်မရှင် ဒုဥက္ကဌ ဦးစစ်မြိုင်က ပြောပါတယ်။ ဒါပေမယ့် ဒီထွက်ဆိုချက်တွေဟာ တပ်မတော်သားတွေရဲ့ သက်သေထွက်ဆိုချက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အနီးကပ်ပစ်တာလား ဘယ်လိုအကွာအဝေးကပစ်သလဲ ဆိုတာနဲ့ ပတ်သက်လို့ မှုခင်းဆရာဝန်ရဲ့ ထွက်ဆိုချက်နဲ့ ရင်ခွဲစစ်ဆေးချက်မှာ မှတ်ချက်မပေးထားဘူးလို့ ပြောပါတယ်။ ဖမ်းဆီးထားစဉ်မှာ ညှင်းပန်းနှိပ်စက်ခဲ့သလားဆိုတာနဲ့ ပတ်သက်လို့ ရင်ခွဲစစ်ဆေးချက်မှာ ဖေါ်ပြထားခြင်းမရှိသလို ကိုပါကြီးကို တပ်မတော်စစ်ကြောင်းတွေက ခေါ်လာချိန် ရွှေဝါချောင် ဘုန်ကြီးကျောင်းကို ရောက်ရှိခဲ့စဉ် အတွင်း မြင်တွေ့ခဲ့တဲ့ ဘုန်းတော်ကြီး၊ ဘုန်ကြီးကျောင်းသားနဲ့ ရွာလူကြီးတို့ရဲ့ ထွက်ဆိုချက်အရလည်း ညှင်းပန်း နှိပ်စက်တဲ့ သဘော မတွေ့ရဘူးလို့ ဦးစစ်မြိုင်က ပြောပါတယ်။ နေ

ပါလက်စတိုင်းနိုင်ငံ ကို အချုပ်အခြာ အာဏာပိုင်နိုင်ငံ တစ်နိုင်ငံအဖြစ် ပြင်သစ်နိုင်ငံက တရားဝင် အသိအမှတ်ပြု

ပါရီ ၊ ၄-၁၂-၂၀၁၄ ပြင်သစ်လွှတ်တော် သည် ပါလက်စတိုင်း နိုင်ငံကို အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်နိုင်ငံ အဖြစ် တရားဝင် အသိအမှတ်ပြု ခဲ့ပြီးနောက် ယင်းနိုင်ငံသည် ပါလက်စတိုင်း ကို နိုင်ငံတစ်နိုင်ငံ အဖြစ် အသိအမှတ် ပြုသည့် ပဉ္စမမြောက် ဥရောပ နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ကြောင်း သိရသည်။ ပြင်သစ် အမျိုးသား ညီလာခံသည် ပါလက်စတိုင်းကို လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံ အဖြစ် အသိအမှတ် ပြုရေးနှင့် စပ်လျဉ်း၍ ဒီဇင်ဘာ ၂ ရက်က မဲခွဲဆုံးဖြတ် ခဲ့ကြပြီး ယင်းသို့ မဲခွဲရာ၌ ထောက်ခံမဲ ၃၃၉ မဲ နှင့် ကန့်ကွက်မဲ ၁၅၁ မဲဖြင့် အတည်ပြု နိုင်ခဲ့ခြင်း ဖြစ်သည်။ (ပုံ) ပါလက်စတိုင်းကို လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံ အဖြစ် ယခင်က ဗြိတိန်၊ စပိန်၊ အိုင်ယာလန် နှင့် ဆွီဒင် နိုင်ငံတို့က တရားဝင် အသိအမှတ်ပြု ခဲ့ကြသည်။ ပါလက်စတိုင်းကို နိုင်ငံတစ်နိုင်ငံ အဖြစ် အသိအမှတ် ပြုခြင်းသည် ယင်းနိုင်ငံနှင့် အစ္စရေးနိုင်ငံ တို့အကြား ပဋိပက္ခများကို ဖြေရှင်းရာတွင် ပိုမို အထောက်အကူ ပြုမည်ဟု ယုံကြည်ကြောင်း နှင့် ယင်းသို့ အသိအမှတ်ပြု လိုက်ခြင်းသည် နှစ်ဖက် အဖွဲ့အစည်းများ အကြား ကွဲပြားမှုများ နှင့် ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေများ ကို ဆွေးနွေး ဖြေရှင်းရန် ပိုမို ဖိအား

စိတ်ကြွရူးသွပ် မူးယစ်ဆေးဝါးတွေ အလွယ်တကူ ၀ယ်လို့ရနေ (ရုပ်/သံ)

စိတ်ကြွရူးသွပ် မူးယစ်ဆေးဝါးတွေ အလွယ်တကူ ၀ယ်လို့ရနေ (ရုပ်/သံ) from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1I24pIR via IFTTT

ချင်း စားသုံးခြင်းဖြင့် အအေးပတ်ခြင်းကို ကာကွယ်နိုင်

ဆောင်းဥတုတွင် အပြင်ထွက်လျှင် အအေးပတ်ခြင်းနှင့် ရေချိုး မှားခြင်းမှ ကာကွယ်ရန် အတွက် ချင်းကို နေ့စဉ် စားသုံး ပေးသင့်သည်။ ချင်းတက် အစိုကို အိမ်ရှင်မ များက မီးဖိုချောင်သုံး ဟင်းခတ် အမွှေးအကြိုင် အဖြစ် သုံးလေ့ ရှိသည်။ ချင်းခြောက်ကို ပရဆေး ပစ္စည်း အဖြစ် ဆေးဖော်ရာတွင် အသုံးပြုကြသည်။ အစာကြေဆေးနှင့် အခိုးပွင့်ဆေး မှန်သမျှတွင် ချင်းပါဝင်သည်။ အမျှင်များသော ဥအတက်မျိုး ဖြစ်သဖြင့် ကင်ဆာ ရောဂါကို ကာကွယ် စေနိုင်သည်ဟု ဖတ်ရှု ရသည်။ ချင်းကို ဟင်းခတ် အမွှေးအကြိုင် အဖြစ် သာမက အစာ ကြေစေရန် အတွက်ပါ ရည်ရွယ်ပြီး ဟင်းချက်ရာတွင် ထုထောင်းပြီး ထည့်လေ့ ရှိသည်။ အအေးပတ်သူနှင့် ရေချိုးမှား သူများ၏ ကိုယ်တွင်း ငုတ်လျိုး သွားသော အပူဓာတ်ကို ကြေသွား စေရန်နှင့် ပြန်လည် ကန်ထွက်စေရန် ပူစပ်သော အရသာရှိသည့် ချင်းတက်ကို ခပ်ပါးပါး လှီးဖြတ်ပြီး ချင်းပါးပါး ခုနှစ်လွှာ ထန်းလျက် (အမည်း) ခုနှစ်ခဲ၊ ကွမ်းရွက် သုံးရွက်တို့ ကိုဆား အနည်းငယ် ထည့်ပြီး ရေနွေး မတ်ခွက်ကြီး တစ်ခွက်နှင့် ရောကြိုပါ။ ရေနွေး သုံးပုံတစ်ပုံ ခမ်းသွားပြီးလျှင် ကြွေပန်းကန်လုံး အကြီးတွင် လောင်းထည့်ပါ။ ချင်းပြုတ်ရည် ပူပူမှ ထွက်သော အငွေ့ကိုလည်း ရှူရှိုက်ရင်း ကြွေဇွန်းဖြင့် ကော်

90:00 MINUTES ဂျာနယ် Vol-06, No-48

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1yRu5Ui via IFTTT

ကော်တောင်ကျွန်းသတ်မှု စွဲချက်တင်တော့မယ်

စွပ်စွဲခံရသူတွေကို တရားစွဲတော့မယ် အသတ်ခံ ခဲ့ရတဲ့ ဗြိတိန် နှစ်ဦး ထိုင်းနိုင်ငံ တောင်ပိုင်း ကော်တောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦး သေဆုံးမှုနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို ဒီဇင်ဘာ ၄ ရက်နေ့မှာ တရားရုံးတင်တော့မှာဖြစ်ပါတယ်။ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ နှစ်ဦးကို လူသတ်မှု၊ မုဒိန်းမှု အပါအဝင် စွဲချက် ၆ ချက်နဲ့ တရားစွဲဆိုမယ်လို့ အစိုးရရှေ့နေက ပြောပါတယ်။ အမှတ်၈ အစိုးရရှေ့ချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ထဝပ်ချိုင်း စီယန်ကျဲန့်က တရားခံ နှစ်ဦးကို ကော့စမွီတရားရုံးမှာ တရားစွဲဆိုမှာဖြစ်တယ်။ ထိုင်းနိုင်ငံအတွင်းတရားမဝင် ဝင်ရောက်လာမှု၊ ထိုင်းနိုင်ငံမှာ တရားမဝင် နေထိုင်မှု၊ လူသတ်မှု၊ မုဒိန်းမှု၊ ပြစ်မှု ထိန်ချန်မှု၊ ပစ္စည်းခိုးမှု စတဲ့ ပြစ်မှုတွေဖြစ်တယ်။ သက်သေအထောက်ကတော့ နဂိုရှိပြီးသား သက်သေအထောက်အထားတွေပဲဖြစ်တယ်။ ဝန်ခံထွက်ဆိုချက်၊ လူပုဂ္ဂိုလ်သက်သေ၊ ဓါတ်ပုံအထောက်အထား၊ သိပ္ပံနည်းကျ စစ်ဆေးတွေ့ ရှိချက် စတဲ့ သက်သေအထောက်အထားတွေကိုပဲ ခိုင်လုံအောင်တင်ပြသွားမယ်လို့ ပြောပါတယ်။ တရားခံအဖြစ် စွပ်စွဲခံထားရသူ မြန်မာ နှစ်ဦးအတွက် ရှေ့နေအဖြစ် ထိုင်းရှေ့နေများ ကောင်စီက ရှေ့နေ အယောက် ၂၀ အဖွဲ့က အခမဲ့ အကျိုးဆောင

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပိုမိုလုပ်ဆောင်ဖို့ လိုအပ်

ကမ္ဘာအ၀ှမ်း အဂတိ လိုက်စားမှု အခြေအနေတွေကို စောင့်ကြည့်တဲ့ Transparency International အဖွဲ့ရဲ့ CPI ခေါ်တဲ့ နှစ်စဉ် ကမ္ဘာအ၀ှမ်း အဂတိလိုက်စားမှု အခြေအနေ စစ်တမ်း ထွက်ပေါ် လာရာမှာ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၇၅ နိုင်ငံထဲ ၁၅၆ အဆင့်နဲ့ အောက်ပိုင်းမှာပဲ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဟာ အရေးတကြီး လိုအပ်တယ်ဆိုတာကို တာဝန်ရှိသူတွေအကြား နားလည်လက်ခံလာတာဟာ မြန်မာနိုင်ငံအတွက်တော့ တိုးတက်လာမှု တရပ်အနေနဲ့ ရှုမြင်နိုင်တယ်လို့ သမ္မတရဲ့ စီးပွားရေးအကြံပေး ဒေါက်တာ အောင်ထွန်းသက်က ပြောပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။ Transpency International အဖွဲ့ရဲ့ CPI ကမ္ဘာအ၀ှမ်း အဂတိလိုက်စားမှု အခြေအနေ သုံးသပ်တဲ့ စစ်တမ်းထဲမှာ နိုင်ငံပေါင်း ၁၇၅ နိုင်ငံထဲ မြန်မာနိုင်ငံဟာ အဆင့် ၁၅၆ ဆိုပေမဲ့ မနှစ်တုန်းက ၁၅၇ ထက် တဆင့် တက်လာတယ်လို့ ပြောရမှာပါ။ သတ်မှတ်တဲ့ အမှတ်ပေးနှုန်းမှာတော့ ၂၁ မှတ်ဖြစ်လို့ မနှစ်ကနဲ့ အတူတူဖြစ်ပါတယ်။ စီးပွားရေးပညာရှင် ဒေါက်တာ အောင်ထွန်းသက်ကတော့ မြန်မာအနေနဲ့ အရပ်သားအစိုးရ တက်လာပြီးနောက်ပိုင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဦးစားပေးလုပ်လာပေမဲ့ ဒီစစ်တမ်းကိုကြည့်ရင် ဒီထက် လုပ

မြစ်သားမှာ တပ်သိမ်းမြေပြန်ရရှိရေး တောင်သူ ၃၀၀ ကျော် ဆန္ဒပြတောင်းဆို

မန္တလေးတိုင် ဒေသကြီး၊ မြစ်သားမြို့နယ်မှာ မြို့နယ် တရားသူကြီးကို တာဝန်ကနေ ရုပ်သိမ်းပေးဖို့နဲ့ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည် ရရှိဖို့အတွက် လယ်သမား ၃ဝဝ ကျော်က မြစ်သားမြို့နယ် တရားရုံးရှေ့မှာ ဒီကနေ့ ဆန္ဒပြ ခဲ့ကြပါတယ်။ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ယာမြေတွေနဲ့ ပတ်သက်ပြီး မြို့နယ်တရားသူကြီးက လုပ်ပိုင်ခွင့်ချထားပေးတာ တရားမျှတမှု မရှိတဲ့ အတွက် ဆန္ဒပြတာ ဖြစ်တယ်လို့ မြစ်သားမြို့နယ် ပေတောကျေးရွာက လယ်သမားကို မွတ်တားက ပြောပါတယ်။ "တရားသူကြီးရဲ့ ဘက်လိုက်မှုတွေပေါ့၊ စစ်တပ်ဘက်က တရားလိုက မထွက်တတ်တဲ့ဟာတွေကို သူကရှေ့ကနေပြီးတော့ ဖေးမပြီးတော့ ထွက်တာတွေပေါ့ဗျာ၊ ကျနော်တို့ တောင်သူတွေအပေါ်မှာ ကာကွယ်မပေးပဲနဲ့ ဖိနှိပ်ပြီး မတရားမှုတွေပြုလုပ်နေလို့ တရားသူကြီးကို ဆန္ဒပြတာပါ၊ နောက် သိမ်းဆည်းခံလယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက်ပါ ဆန္ဒဖော်ထုတ်တာပါ" လွန်ခဲ့တဲ့ ၁၉၇၉ ခုနှစ်ကစပြီး ကျောက်ဆည်နဲ့ မြစ်သားမြို့နယ်က ပေါင်လောင်ကြီး၊ လွန်ကျော်၊ ထားဝယ်အင်း၊ ပေတောစတဲ့ ကျေးရွာ ၅ ရွာက ယာမြေဧက ခြောက်ထောင်ကျော်ကို 'လွန်ကျော်ဝါ' စိုက်ပျိုးရေးခြံစီမံကိန်းအတွက်ဆိုပြီး ပင်မခဲယမ်းမီးကျောက်တပ် (မန္တလေး)က နစ်နာကြေးမပေးဘဲ သိမ်း

လန်ဒန်ဆရာတော်ရဲ့ သက်သေခံလျှောက်လဲချက် တရားရုံးပယ်ချ

လန်ဒန်ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၄ ပါးကို သံဃာ အဖွဲ့အစည်း စကား နားမထောင်မှုနဲ့ တရားစွဲဆိုတဲ့အမှုမှာ ဆရာတော် ဦးဥတ္တရက နိုင်ငံတော် သံဃာ့ မဟာနာယကရဲ့ အစည်းအဝေး မှတ်တမ်းကို သက်သေခံအဖြစ် တင်ပြတဲ့ လျှောက်လဲချက်ကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ဒီနေ့ ပယ်ချ လိုက်ပါတယ်။ အကြောင်းပြချက် ၂ ချက်နဲ့ အရှေ့ပိုင်းခရိုင်တရားရုံးက ပယ်ချလိုက်တာဖြစ်တယ်လို့ လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ပါတယ်။ "နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ရဲ့ အစည်းအဝေးမှတ်တမ်းကို ဘုန်းကြီးတို့က သက်သေခံစာအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အမှုစစ်ဆေးနိုင်အောင်ဆိုပြီးတော့ တင်သွင်းတယ်ပေါ့နော်၊ ခရိုင်တရားရုံးကလည်း ဒါကိုပယ်ချတယ်၊ အကြောင်းက နှစ်ချက်ပေါ့၊ ဒါကန့်သတ်ချက်ဖြစ်တယ်၊ နောက်တခါ ပြည်သူလူထုလက်ထဲကို ရောက်သွားလို့ရှိရင် မလိုလားအပ်တဲ့ အဓိကရုဏ်းတို့ဘာတို့ ဖြစ်နိုင်တယ်ဆိုပြီးတော့ အဲ့လိုပြောထားတယ်" အဲဒီ့ အစည်းအဝေးမှတ်တမ်းကို သက်သေအဖြစ် တင်သွင်းခွင့်ပြုဖို့ တရားလွှတ်တော်ချုပ်အထိ ဆက်လက်တင်ပြသွားမယ်လို့ လန်ဒန်ဆရာတော်ရဲ့ရှေ့နေ ဦးသိမ်းဝင်းက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ညက မဟာသန္တိသုခကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ လန်ဒန်ဆရာတော် ဦးဥတ္တရအပါအ၀င် သံဃာ

ပြည်တွင်းဖြစ် ဂျက်တိုက်လေယာဉ်များ ပါကစ္စတန်လေတပ်၌ ဖြန့်ကြက်

ကရာချိ ဒီဇင်ဘာ ၃ ပါကစ္စတန်နိုင်ငံ ပြည်တွင်း၌ တည်ဆောက်သည့် ဂျက်တိုက် လေယာဉ်များကို ယင်းနိုင်ငံ၏ လေတပ်တွင် စတင် ဖြန့်ကြက်ပြီ ဖြစ်ကြောင်း ပါကစ္စတန် လေကြောင်း ပျံသန်းမှု နည်းပညာ ကုမ္ပဏီ အကြီးအကဲက ဒီဇင်ဘာ ၃ ရက်တွင် ပြောကြားသည်။ ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သော ဘက်စုံသုံး ဂျေအက်ဖ်-၁၇ အမျိုးအစား တိုက်လေယာဉ်အစင်း ၅ဝ ကို ပါကစ္စတန် လေတပ်တွင် စတင်အသုံးပြုလျက်ရှိပြီး ဒုတိယအသုတ် တိုက်လေယာဉ်များပေးပို့မှုကို ယခုလအတွင်း စတင်မည်ဖြစ်ကြောင်း နိုင်ငံပိုင် ပါကစ္စတန်လေကြောင်း ပျံသန်းမှု နည်းပညာကုမ္ပဏီအကြီးအကဲ လေတပ်ဗိုလ်ချုပ် ဂျာဗက်အာမက်က ပြောကြားသည်။ ပါကစ္စတန်နိုင်ငံသည် ၂ဝဝ၉ ခုနှစ်မှစ၍ ဂျေအက်ဖ်-၁၇ အမျိုးအစား တိုက်လေယာဉ်များကို ထုတ်လုပ်နိုင်ရန် တရုတ်နိုင်ငံ ချန်ဒူးလေယာဉ်ထုတ်လုပ်ရေးလုပ်ငန်း ကော်ပိုရေးရှင်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ပါကစ္စတန်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်မှာ နှစ်စဉ်အမျိုးသားဝင်ငွေ၏ ၂ဝ ရာခိုင်နှုန်းခန့်ရှိပြီး ပညာရေးနှင့် ကျန်းမာရေးအသုံးစရိတ်ငွေများထက် ပိုမိုသာလွန်ကြောင်း သတင်းတွင် ဖော်ပြသည်။ ရိုက်တာ။ The Mirror Daily http://ift.tt/1n2DVIZ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/

မေ့ပျောက်၍ရမည်မဟုတ်သည့် သမိုင်းထဲက ရန္တပို

နှစ်အားဖြင့် တွက်ဆမည်ဆိုပါက နှစ်ပေါင်းရာကျော်ကြာခဲ့ပေပြီ။ သို့သော် မေ့နိုင်ဖွယ်မရှိဘဲ အမှတ်တရ ဆက်ရှိနေဦးမည့် သမိုင်းစာမျက်နှာထက်က နေ့လေးတစ်နေ့ပင်။ ထိုနေ့သည် ပထမအင်္ဂလိပ်-မြန်မာ စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုခဲ့သည့် ၁၈၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်(၁၁၈၇ ခုနှစ် တပေါင်းလပြည့်ကျော် ၄ ရက်နေ့)ပင်ဖြစ်သည်။ယင်းနေ့က ချုပ်ဆိုခဲ့သည့် စာချုပ်ကို ရန္တပိုစာချုပ်ဟုခေါ်ဆိုခဲ့ပြီး ရန္တပိုရွာတွင် ချုပ်ဆိုခဲ့ခြင်းကြောင့် ရန္တပိုစာချုပ်ဟု ဆိုစမှတ်ပြုခဲ့ခြင်းဖြစ်သည်။ ရန္တပိုစာချုပ်ချုပ်ဆိုရခြင်းမှာ ဘကြီးတော်မင်းတရားခေါ် စစ်ကိုင်းမင်းလက်ထက် ၁၈၂၄ ခုနှစ် မတ် ၈ ရက်တွင် စတင်ဖြစ်ပွားခဲ့သည့် ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲကို စစ်ပြေငြိမ်းစေ ရေးအတွက် အင်္ဂလိပ်အစိုးရကိုယ်စားလှယ်များနှင့် မြန်မာဘုရင် အစိုးရကိုယ်စားလှယ်များက သက်ဆိုင်ရာနိုင်ငံတို့၏ ကိုယ်စား လက်မှတ်ရေးထိုး၍ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ၁၈၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် (၁၁၈၇ ခုနှစ် တပေါင်းလပြည့်ကျော် ၄ ရက်နေ့)တွင် ရန္တပိုစာချုပ်ကို နှစ်ဖက် စုံညီစွာချုပ်ဆိုခဲ့ကြရာ အချက်(၅)ချက်ကို သဘောတူညီ၍ ချုပ်ဆိုခဲ့ကြခြင်းဖြစ်ပြီး အဆိုပါ အချက်(၅)ချက်မှာ (၁) မြန်မာက ရခိုင်၊ တနင်္သာရီနှင့်

ဒီဇင်ဘာလ (၆)ရက်နေ့ ထုတ် Tech Space ကွန်ပျူတာ၊ မိုဘိုင်းနှင့် နည်းပညာဂျာနယ် Vol-3 Issue-35

ဒီဇင်ဘာလ (၆)ရက်နေ့ ထုတ် Tech Space ကွန်ပျူတာ၊ မိုဘိုင်းနှင့် နည်းပညာဂျာနယ် Vol-3 Issue-35 ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1Bej2XJ