Skip to main content

Posts

Showing posts from February 12, 2015

မျက်နှာပေါ်က အမည်းစက်တွေ ကင်းအောင်

မျက်နှာပေါ်မှာ အမည်းစက်တွေ ထင်ကျန်မှု ကင်းစေဖို့ ဂရုစိုက် သင့်တဲ့ အချက်လေးတွေ ရှိပါတယ်။ ၁)မျက်နှာပေါ်က ဝက်ခြံနဲ့ အဖုတွေကို ညှစ်တာမျိုး လက်သည်းနဲ့ ကုတ်ဖဲ့ လိုက်တာမျိုးကို ရှောင်ပါ။ ၂)ဝက်ြခံ တွေကို ချွန်ထက်တဲ့ အရာတွေနဲ့ ထိုးဖောက် တာမျိုးလို အကျင့်တွေကြောင့် ရောဂါပိုး ဝင်တတ် ပါတယ်။ ၃)မျက်နှာပေါ်မှာ ဝက်ခြံ အများကြီး ပေါက်နေချိန်နဲ့ အဖုတွေ ပေါက်နေချိန်မှာ မျက်နှာ ကြေးချွတ် သန့်စင် တာမျိုးလို အတင်း ပွတ်တိုက်မှုတွေ မလုပ်ပါနဲ့။ ၄) မျက်နှာပေါ်က အဖုနဲ့ ဝက်ခြံတွေပေါ်ကို ပူတဲ့ အဝတ်နဲ့ အုပ်တာမျိုးကို ရှောင်ပါ။ ၅)အဖုတွေ ပေါ်ကို ဝက်ခြံ ပျောက်ဆေးသာ လိမ်းပေးပြီး တခြား လောင်ကျွမ်းစေတဲ့ ဆေးတွေကို အစက်ချ လိမ်းပေးတာ မျိုးရှောင်ပါ။ ၆)ဝက်ခြံနဲ့ အဖုတွေပေါ်ကို ရေအေးဝတ် ဒါမှမဟုတ် ရေခဲနဲ့ တစ်နေ့ကို နှစ်မိ နစ်လောက် ကပ်ပေးတာက ရောင်ရမ်းမှု ကိုကျစေပြီး ဝက်ခြံ သက်သာ စေပါတယ်။ မြ၀တီ from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1Ej1Dek

အစားအစာ ပူပူကို ပလတ်စတစ် ပန်းကန် ခွက်ယောက် များတွင် ထည့်သွင်း စားသုံးခြင်းက ကျောက်ကပ် ကျောက် တည် စေနိုင်

အစားအစာ ပူပူကို ပလတ်စတစ် ပန်းကန် ခွက်ယောက် များတွင် ထည့်သွင်း စားသုံးခြင်းက ကျောက်ကပ် ကျောက် တည် စေနိုင် ပလတ်စတစ် အသုံးဆောင်များသည် လွယ်လင့်တကူ အသုံးပြုနိုင်ခြင်း၊ စွန့်ပစ် နိုင်ခြင်းကြောင့် ယနေ့ခေတ် ကာလတွင် တွင်ကျယ် လာသော ပစ္စည်းများ ဖြစ်သ ည်။ ပလတ်စတစ် ပန်းကန် များသည် ပျော်ပွဲစား ထွက်ရာတွင် လည်းကောင်း၊ အလွယ်စာ များကို ထုတ်ပိုးရာတွင်လည်း ကောင်းလွယ် လင့်တကူ အသုံးပြု လာကြသည်။ သုတေသန တစ်ရပ်တွင် ဖော်ပြထားမှုအရ မယ်လမင်း ပစ္စည်းများ၊ ပလတ်စတစ် အသုံး အဆောင်များတွင် အစားအစာပူပူကို ထည့်သွင်း အသုံးပြုခြင်းသည် ကျောက်ကပ် ကျန်းမာရေးကို ထိခိုက် စေကြောင်း သိရှိရသည်။ ထိုင်ဝမ် သုတေသီများက ပလတ် စတစ် ပန်းကန်များတွင် အပူချိန်မြင့်သော အစားအစာကို ထည့်သွင်း စားသုံး ခြင်းသည် ကျောက်ကပ် ကျောက်တည် စေနိုင်ကြောင်းကို လေ့လာနိုင် ခဲ့သည်။ လေ့လာမှုတွင် ခေါက်ဆွဲ ပူပူ စားသုံးသူများကို လေ့လာ ခဲ့ခြင်း ဖြစ်သည်။ အုပ်စု နှစ်စုခွဲ၍ လေ့လာ ခဲ့ခြင်း ဖြစ်ပြီး ပထမအုပ်စုကို ပလတ်စတစ် ပန်းကန်ထဲတွင် စားသုံးစေခဲ့ပြီး ဒုတိယ အုပ်စုတွင် ကြွေပန်းကန် များကို အသုံးပြု စေခဲ့သည်။ စားသုံး ပြီးချိန်နှစ်နာရီ တိုင်းတွင် ဆီးနမူနာ များကို ရယူခဲ့ပြီး

ဝမ်းပျက် ဝမ်းလျှောနေချိန် ဆောင်သင့်၊ ရှောင်သင့် သည့် အချက်များ

ဝမ်းလျှောတယ် ဆိုတာ ယေဘုယျ အားဖြင့် ပျော့ပျောင်းတဲ့ အရည်ကြည် ဝမ်းတွေ သွားနေပြီး မကြာခဏ ဝမ်းသွားနေတဲ့ အခြေအနေကို ခေါ်ပါတယ်။ ဝမ်းလျှော တာက အများအားဖြင့် နှစ်ရက် လောက်ပဲ ကြာပေမယ့် ကြာရှည် ဝမ်းသွားတဲ့ အခြေအနေ ဆိုရင် နှစ်ရက်ကျော် ကြာတဲ့အထိ ဝမ်းသွား တတ်ပါတယ်။ ဒီအခြေအနေမျိုးမှာ ရေဓာတ် ခမ်းခြောက်မှု ဖြစ်တတ် ပါတယ်။ ဝမ်းပျက် ဝမ်းလျှော တာက ဘက်တီးရီးယားပိုး ဝင်တာ၊ ဗိုင်းရပ်စ်ပိုး ဝင်တာ၊ အစာနဲ့ မတည့်တာ၊ ကပ်ပါးပိုးတွေ ဝင်တာ၊ ဆေးနဲ့ မတည့်တာနဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါ တွေကြောင့် ဖြစ်တတ်ပါတယ်။ ဝမ်းပျက်တဲ့အခါ ခံစားရတဲ့ လက္ခဏာတွေက ဗိုက်အောင့်တာ၊ လေထတာ၊ ပျို့ချင်အန်ချင်ဖြစ်တာ၊ အိမ်သာကို အလောတကြီး သွားချင်စိတ် ပေါ်တာ စတာတွေ ဖြစ်ပါတယ်။ ဘယ်လို အကြောင်းကြောင့်ပဲ ဝမ်းပျက်ပါစေ၊ ဝမ်းပျက် ဝမ်းလျှော နေချိန်မှာ ဆောင်သင့်၊ ရှောင်သင့်တဲ့ အချက်တွေကို သိနားလည်ထားဖို့ လိုပါတယ်။ ရေနှင့် ဓာတ်ဆားသောက်ပါ - ဝမ်းပျက်ဝမ်းလျှောတာကို ကုသဖို့ အကောင်းဆုံးနည်းက ရေနဲ့ အရည်များများ သောက်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဝမ်းလျှောတာကြောင့် ခန္ဓာကိုယ်က အရည်ဆုံးရှုံးမှု များတဲ့အတွက် ရေများများ ပြန်သောက်ပေးသင့်တာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ရေနဲ့အတူ ဆ

အရေပြားပေါ်က ညှင်းအကြောင်း သိကောင်းစရာ

ယားပိုးတွေ ရှိနေတတ်ပါတယ်။ ပိုးတစ်ချို့က သိသိသာသာ ကြီးထွားပြန့်ပွားလာတဲ့အခါ အရေပြားမှာ ယားနာ၊ ၀ဲ၊ ပွေး၊ ညှင်း၊ နှင်းခူစတဲ့ အရေးပြားပြဿနာတွေဖြစ်လာတတ်ပါတယ်။ ဖြစ်ရသောအကြောင်းအရင်း Malassezia Furfur ဆိုတဲ့ အရေပြားမှိုတစ်မျိုးကြောင့် အရေးပြားမှာ ညှင်းပေါက်ရတာဖြစ်ပါတယ်။ လူ့အရေပြားမှာညှင်းဖြစ်စေတဲ့ မှိုပိုးအနည်းကသဘာဝအရ ရှိနေပါတယ်။ ညှင်းပေါက်ဖို့အခြေအနေပေါ်လာချိန်မှာ မှိုပိုးကြောင့် ညှင်းပေါက်ရတာပါ။ အထူးသဖြင့် အရေပြားမှာ အဆီအိတ်ဂလင်း(Sebaceous Gland)တွေ စတင်ဖွံ့ဖြိုးလာတဲ့ အပျိုဖော်၊ လူပျိုဖော်ဝင်စအချိန်မှာ ညှင်းစပြီးပေါက်နိုင်ပါတယ်။ အကြောင်းကတော့ ညှင်းဖြစ်စေတဲ့မှိုပိုးဟာ အရေပြားကအဆီဓာတ်ကိုသဘောကျလို့ပါ။ ထင်ရှားသောအချက် ညှင်းဟာပူပြင်းတဲ့ရာသီမှာပေါက်နှုန်းများပါတယ်။ အထူးသဖြင့် ချွေးထွက်များပြီး အရေပြားအစိုဓာတ်များသူတွေမှာ ညှင်းပေါက်တတ်ပါတယ်။ ညှင်းဟာ အများအားဖြင့် ရင်ဘတ်၊ ကျောပြင်၊ ချိုင်းတို့မှာပေါက်လေ့ရှိပြီး လည်ပင်း၊ မျက်နှာ၊ ပေါင်စတဲ့ နေရာတွေမှာလည်းပေါက်တတ်ပါတယ်။ ညှင်းက မကူးတတ်ပါဘူး။ ဖြစ်နိုင်ခြေများသူများ ညှင်းပေါက်တာကမျိုးရိုးလိုက်တတ်ပါတယ်။ ဥပမာ-မိဘမှာညှင်းပေါက်တာမျိုးဖြစ်ခဲ့ဖူးရင်သားသမီးမှာလဲ

သတိထားရမည့် တို့ဆေးနှင့် မေ့ဆေး အန္တရာယ်

ယခုတလော ပြည်တွင်းမှ ဒုစရိုက်ဂိုဏ်းများက တို့ ဆေး များသုံး၍ လုရက်မှု-မုဒိန်းမှုခလေး ငယ်များအား တို့ ဆေးသုံးလျှက် ဖမ်းဆီးခံရသည့် သတင်းများ မကြာခဏ ဖြစ်ပေါ်နေသဖြင့် စာဖတ်သူများ ဗဟုသုတ ရရန်နှင့် သတိထားနိုင်စေဘို့  တို့ ဆေး အကြောင်း တင်ပြလိုက်ပါသည်။ တို့ ဆေးဟု လူပြောများနေသော်လည်း အမှန်မှာ အထူးပြုလုပ်ထားသည့် အပ်အသေစားက လေးဖြင့် လူကိုယ်တွင်းသို့  လျှက်တပျက် ထိုးသွင်းလိုက်ခြင်းဖြစ်သည် ခြင်းကိုက်သလို စစ်ကနဲ့ စူးရှနာကျင်သွားမည်၊ ဌင်းဆေးအသားတွင်း ၀င်သွားသည်နှင့် စက္ကန့် ပိုင်းအတွင်းမှာ မူးဝေလာမည်-အမြင်အာရုံဝေး၀ါးကာ သတိလွတ်သွားမည် ထိုအချိန်မှာ သင့်ကိုအနားမှာ အလိုက်သင့်တွဲခေါ်သူနောက်ပါသွားရတာပါ။ သည်ဆေးဝါ့းတွေကတော့ တရားဝင် ဆေးဝါး မဟုတ်ပါ။ ခွဲစိတ်ရာမှာ သုံးတဲ့သူ မေ့ဆေးအမျိုးစား တွေ date of rape သည့် မိန်းခလေးများအား ဆေးခတ် မုဒိန်းကျင့်နိုင်သောတားမြစ် မူးရစ်ထုံထိုင်း ဆေး တွေကို များသောအားဖြင့်သုံးကြသည်။ အဆိုပါဆေးဝါးတွေဟာ အမှုန့် -အဆီ-အရည် အမျိုးမျိုးထုတ်လုပ်ပြီး ဒုစရိုက်သမားများ သုံးနေကြ သည်၊ သူအဆက်သွယ်သွယ်နဲ့  ရှာရပါတယ် မူးရစ်ဆေးဝါးရှာရသည်ထက် လောက် မခက်လှပါ၊ ရန်ကုန်တွင်ကား အဌားယဉ်မောင်းသူ -ဇိမ်းခမ်းနဲ

သတိလစ်စေရန် ပြုလုပ်နှိင်သည့် ဆေးဝါးများ

အခု ပြောချင်တဲ့ ဆေးတွေကတော့ မြန်မာ အခေါ်အဝေါ်နဲ့ ဆိုရင် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ စာရင်းမှာ ထည့်ရမယ် ထင်ပါတယ်။ အခုပြောမယ့် ဆေးတွေကို တစ်ခါတစ်ရံမှာ လိင်ပိုင်း ဆိုင်ရာ ကျူးလွန်မှု တွေကို အထောက်အကူ ပြုဖို့ အသုံးပြု ကြပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တယ် ဆိုရာတွင် ကာယကံရှင်၏ သဘောဆန္ဒ မပါသော လိင်မှုဆိုင်ရာ အပြုအမူတိုင်းကို ဆိုလိုပါသည်။ ဤနေရာတွင် မလျှော်ရာ ကိုင်တွယ်ခြင်းမှ အစ (အရွယ် ရောက်သူတိုင်း သိကြပြီး ဖြစ်မည့် အမြင်ရိုင်းသော ရှင်းလင်းချက် စာသားများကို ဖျက်ထားပါသည်) ကြံစည်ခြင်းတို့ပါ ပါဝင်ပါသည်...........ယခုပြောမည့် ဆေးဝါးများ၏ အာနိသင်ကြောင့် ဆေးခတ် ခံရသူဟာ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှု မရှိတော့ဘဲ လိင်ဆက်ဆံမှုအား ငြင်းပယ် နိုင်စွမ်း ပျောက်ဆုံးကာ မည်သို့ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကိုပင် မှတ်မိနိုင်စွမ်း မရှိတော့ပေ။ ယင်းဆေးဝါး များသည် ယေဘုယျ အားဖြင့် အရောင်မရှိ၊ အနံ့မရှိဘဲ အရသာလည်း မရှိသဖြင့် တစ်ဖက်သား မရိပ်မိစေဘဲ အချိုရည် အတွင်းသို့ ထည့်ခတ် နိုင်ပေသည်။ Date rape drug အမျိုးအစား အနည်းဆုံး သုံးမျိုး ရှိပါသည်။ ယင်းတို့မှာ - GHB (Gamma Hydroxybutyric Acid) Rohypnol (Flunitrazepam) Ketamine (Ke

မြန်မာ့ဆေးဖက်ဝင် ဆီးဖြူပင်

Item Name ---------- Emblic Myrobalan; Indian Gooseberry (ဆီးဖြူ) Category ------------ Raw Material Botany Term -------- Emblica officinalis Gaertn ,Phyllanthus emblica Linn. Species Family ----- Euphorbiaceae. မြန်မာနိုင်ငံ တစ်ဝန်းလုံး၌ ပေါက်ရောက်သည်။ အထူးသဖြင့် အထက် မြန်မာပြည်နှင့် သမအေးပိုင်းဒေသတွင် အမြောက်အမြား ပေါက်ရောက်သည်။သဘာဝအလျောက် ပေါက်ရောက်သည်။ ♥ အပင် ရွက်ကြွေပင်လတ်မျိုးဖြစ်သည်။ ပေ ၃၀ ခန့် ထိမြင့်၍ ပင်စည် တွင် အညိုရောင် အပွေးအခေါက်များရှိသည်။ ကိုင်းဖြာသည်။ ♥ အရွက် ၂ မွာ ငှက်မွေးရွက်ပေါင်းဖြစ်၍ ရွက်လွှဲထွက်တတ်သည်။ ရွက်မြွာများ ၅၀-၆၀ ခန့်ထိပါရှိ၍ သေးငယ်ပြီး မျက်နှာချင်းဆိုင် ခပ်စိပ်စိပ် ထွက်၏။ ဆူးပုပ်ရွက်နှင့် တူသော်လည်း ဆူးပုပ်ရွက်ထက် ရွက်ပြား ပိုကြီးပြီး ရှည်၏။အပွင့်စိမ်းဝါရောင်ဖြစ်သည်။ အဆုပ်လိုက်ပွင့်၍ ပြာသို၊တပို့တွဲတွင်ပွင့်သည်။ ♥ အသီး ပြောင်ချော၍ အ၀ါနုရောင်ရှိသည်။ အသားထူ၍ ဒေါင်လိုက်အမြောင်း ၆ မြောင်းရှိသည်။အစေ့တစ်ခုသာ ပါဝင်သည်။ တပေါင်း၊ တန်ခူးတွင် သီးသည်။ ► အသုံးဝင်ပုံ အသီး ၊ အရွက် ၊ အစေ့။ ♥ အာနိသင် မြန်မာဆေးကျမ်းများအလိုအရ ဆီးဖြူသီးသည် ချို ၊ ချဉ် ၊ဖန်သော အရသာ ရှိ၏။ ေ

သွားကိုက်ခြင်းအတွက် သဘာဝဆေးနည်းများ

သွားနာ၊ သွားကိုက်ခြင်းများနဲ့ပတ်သက်ပြီး သဘာဝဆေးနည်းများကို မကြာခဏ တောင်းဆိုလာကြသူများအတွက် မျှဝေပေးလိုက်ပါတယ်။ (၁) တမာရွက်ကို ကျွမ်းအောင်လှော်၍ အမှုန့်ကြိတ်ပြီး ဆားအနည်းငယ်နှင့်အတူ သွားတိုက်ပေးသော် သွားကိုက်၊ သွားနာစတဲ့ သွားရောဂါများ ကင်းဝေးစေ၍ သွားများကို ပိုမိုခိုင်မာလာစေပြီး ဖြူစင်စေပါသည်။ (၂) သွားအတွက် အကောင်းဆုံးဆေးပင်မှာ ဒန္တသုခပင် ဖြစ်ပါသည်။ ဒန္တသုခပင်၏ ပဉ္စငါးပါးပြုတ်ရည်ကို ငုံပေးခြင်း၊ ပဉ္စငါးပါးကို ပြာချ၍ ၄င်းပြာဖြင့် သွားဖုံး၊ သွားကြားတို့ကို သိပ်ပေးခြင်း၊ ဒန္တသုခပင်၏ အမြစ်ကို အစိမ်းအတိုင်း ကြိတ်၍ သွားကြားကို သိပ်ပေးခြင်းတို့ဖြင့် သွားများကို ခိုင်မာစေ၍ သွားနာ၊ သွားကိုက်ခြင်းများကို သက်သာပျောက်ကင်းစေပါသည်။ (၃) နန်းလုံးကြိုင်ပင်၏ အခေါက်ကို ရေ ၃ခွက် ၁ခွက်ကျို၍ ၄င်းရေဖြင့် ပလုတ်ကျင်းခြင်း၊ ငုံခြင်းများ ပြုလုပ်ပေးပါက သွားနာ၊ သွားကိုက်၊ သွားကျင်၊ သွားဖုံးရောင်ခြင်းများ ပျောက်ကင်းစေပါသည်။ (၄) ကစော့ခါးသီးပင်၏ အမြစ်ကို သွေး၍ သိပ်ပေးခြင်း၊ အမြစ်ကို အမှုန့်ကြိတ်၍ မှိုင်းတိုက်ကာ အခိုးအငွေ့ကို ရှုခြင်းတို့ဖြင့် သွားကိုက်၊ သွားကျင်၊ သွားပိုးစား စသည့် သွားရောဂါများကို သက်သာပျောက်ကင်းစေပါသည်။

ဆံပင်ကျွတ်ခြင်းအတွက် သဘာဝကုထုံးများ

ဆံပင်ကျွတ်ခြင်း၊ ဦးရေပြား ယားယံခြင်း၊ ဗောက်နှင့် ဒက်တို့ကို သဘာဝနည်းဖြင့် ကုသပေးနိုင်ပါတယ်။ ကုသနည်း (၁) သံပရာရည်တစ်ဇွန်းခန့်ကို အုန်ရည် လေးဇွန်းခန့်ဖြင့် ရောစပ်ပြီး တစ်ပတ်ကို တစ်ကြိမ် လိမ်းပေးလျှင် ဆံပင်ကျွတ်ခြင်းကို ပျောက်ကင်းစေပါသည်။ (၂) ဦးရေပြား ယားယံခြင်းအတွက် သံပရာသီးတစ်လုံးကို အရည်ညစ်လိုက်ပါ။ ကြက်ဥတစ်လုံးကို ခွဲလိုက်ပြီး အကာ၏ အရည်နှင့် သံပရာရည်ကို ရောစပ်ပြီး မွှေလိုက်ပါ။ ၄င်းရည်ဖြင့် ဆံနွယ်များ၏ အမြစ်မှ လိမ်းပေးပါ။ တစ်နာရီခန့်ကြာပြီးလျှင် ခေါင်းလျှော်ပစ်နိုင်ပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်ခန့်နဲ့ တစ်လခန့် လျှော်ပေးလျှင် ဦးရေပြား သန့်ရှင်းသွားပြီး ဗောက်၊ ဒက်တို့ ပျောက်ကင်းသွားပြီး ဦးရေပြားယားယံခြင်းတို့ ကင်းဝေးသွားပါလိမ့်မည်။ စောနွဲ့ နေဆိုင် (ပူတာအို) ကိုးကား ။ ။ Health Update Journal Credit to ကျန်းမာရေးသတင်းများ from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1vngAr7

အားလုံးအတွက် သတိချပ် ဆေးဝါးအန္တရာယ် ဒို့ ကာကွယ်

(သတိ) လူတိုင်းဆိုင်သည် သို့ သော အထူးသဖြင့် မိန်းကလေးများ သတိထားပါ ...... အခုပြောချင်တဲ့ဆေးတွေကတော့ မြန်မာအခေါ်အဝေါ်နဲ့ဆိုရင် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများစာရင်းမှာ ထည့်ရမယ် ထင်ပါတယ်။ အခုပြောမယ့်ဆေးတွေကို တစ်ခါတစ်ရံမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို အထောက်အကူပြုဖို့ အသုံးပြုကြပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တယ်ဆိုရာတွင် ကာယကံရှင်၏ သဘောဆန္ဒမပါသော လိင်မှုဆိုင်ရာ အပြုအမူတိုင်းကိုဆိုလိုပါသည်။ ဤနေရာတွင် မလျှော်ရာ ကိုင်တွယ်ခြင်းမှအစ (မရိုသေစကား) အမျိုးသမီးအင်္ဂါတွင်း တစ်စုံတစ်ရာဖြင့် ထိုးသွင်းခြင်းအဆုံး၊လိင်ဆက်ဆံခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် မုဒိမ်းကျင့်ရန် ကြံစည်ခြင်းတို့ပါ ပါဝင်ပါသည်။ ယခုပြောမည့် ဆေးဝါးများ၏ အာနိသင်ကြောင့်ဆေးခတ်ခံရသူဟာ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှု မရှိတော့ဘဲ လိင်ဆက်ဆံမှုအားငြင်းပယ်နိုင်စွမ်း ပျောက်ဆုံးကာ မည်သို့ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကိုပင်မှတ်မိနိုင်စွမ်း မရှိတော့ပေ။ ယင်းဆေးဝါးများသည် ယေဘုယျအားဖြင့် အရောင်မရှိ၊ အနံ့မရှိဘဲ အရသာလည်း မရှိသဖြင့် တစ်ဖက်သား မရိပ်မိစေဘဲအချိုရည်အတွင်းသို့ ထည့်ခတ်နိုင်ပေသည်။ Date rape drug အမျိုးအစားအနည်းဆုံး သုံးမျိုး ရှိပါသည်။ ယင်းတို့မှာ - GH

Date Rape Drugs protection ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ

Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်တဲ့ဆေးတွေအကြောင်းအပြင် ဆေးရန်ဘေးရန်ကနေ ဘယ်လိုနည်းနဲ့ လွတ်အောင် မိမိကိုယ်မိမိ ကာကွယ်နိုင်အောင် ဆောင်ရွက်သင့်တယ်ဆိုတာရေးပြမှသာ ဆေးကြော်ညာမဖြစ်မှာပါ။ ကိုယ်နဲ့မသိသူများမှ တိုက်ကျွေးတဲ့ ဖျော်ရည်၊ သောက်ရေစတဲ့ အရည်တွေ မသောက်ပါနဲ့။ အအေးသံဗူးတွေကို ကိုယ်တိုင်ဖွင့်ပြီး သောက်ပါ။ ကိုယ်ပိုင် သောက်ရည်နဲ့ အအေးဗူးတွေကို ကိုယ်နဲ့မကွာထားပြီး၊ အိမ်သာသွားရင်လဲ ယူသွားပါ။ အအေးနဲ့ရေကို တခြားသူနဲ့ မျှဝေမသောက်ပါနဲ့။ ဖျော်ရည်တွေနဲ့ လူအများ စုပေါင်းသောက်သုံးတဲ့ ခွက်တွေ၊ ပုလင်းတွေထဲက အရည်တွေကို မသောက်ပါနဲ့။ ထူးခြားတဲ့ အနံ့နဲ့ အရသာရှိတဲ့ ဘယ်အရည်ကိုမျှ မသောက်ပါနဲ့။ များသောအားဖြင့် GHB မှာ ငန်တဲ့အရသာ ရှိပါတယ်။ သင်္ကြန်လိုအချိန်မျိုး သတိထားကြပါ။ အကယ်၍ ဆေးခတ်ခံရသည် သို့မဟုတ် အဓမ္မကျင့်ခံရသည်ဟုထင်ပါက • ရဲစခန်း သို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်သွားပါ။ • ဖြစ်နိုင်သမျှ ချက်ခြင်း၊ ဆီးစစ်ဆေးမှု ခံယူပါ။ ဆေးအာနိသင်သည်အလွန်လျှင်မြန်စွာ ပျယ်သွားနိုင်ပါသည်။ • Rohypnol သည် ခန္ဓာကိုယ်အတွင်းတွင်နာရီပေါင်းများစွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီအတွင်းတွင် ဆီးအတွင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ GHB