Skip to main content

အားလုံးအတွက် သတိချပ် ဆေးဝါးအန္တရာယ် ဒို့ ကာကွယ်






(သတိ) လူတိုင်းဆိုင်သည် သို့ သော အထူးသဖြင့် မိန်းကလေးများ သတိထားပါ ......

အခုပြောချင်တဲ့ဆေးတွေကတော့ မြန်မာအခေါ်အဝေါ်နဲ့ဆိုရင်

စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများစာရင်းမှာ ထည့်ရမယ် ထင်ပါတယ်။

အခုပြောမယ့်ဆေးတွေကို တစ်ခါတစ်ရံမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကို

အထောက်အကူပြုဖို့ အသုံးပြုကြပါတယ်။ လိင်ပိုင်းဆိုင်ရာ

ကျူးလွန်တယ်ဆိုရာတွင် ကာယကံရှင်၏ သဘောဆန္ဒမပါသော လိင်မှုဆိုင်ရာ အပြုအမူတိုင်းကိုဆိုလိုပါသည်။ ဤနေရာတွင် မလျှော်ရာ ကိုင်တွယ်ခြင်းမှအစ (မရိုသေစကား) အမျိုးသမီးအင်္ဂါတွင်း တစ်စုံတစ်ရာဖြင့် ထိုးသွင်းခြင်းအဆုံး၊လိင်ဆက်ဆံခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် မုဒိမ်းကျင့်ရန်

ကြံစည်ခြင်းတို့ပါ ပါဝင်ပါသည်။


ယခုပြောမည့် ဆေးဝါးများ၏ အာနိသင်ကြောင့်ဆေးခတ်ခံရသူဟာ ရုပ်ပိုင်းဆိုင်ရာ ခုခံနိုင်မှု မရှိတော့ဘဲ လိင်ဆက်ဆံမှုအားငြင်းပယ်နိုင်စွမ်း ပျောက်ဆုံးကာ မည်သို့ ဖြစ်ပျက်ခဲ့သည် ဆိုသည်ကိုပင်မှတ်မိနိုင်စွမ်း မရှိတော့ပေ။ ယင်းဆေးဝါးများသည် ယေဘုယျအားဖြင့် အရောင်မရှိ၊ အနံ့မရှိဘဲ အရသာလည်း မရှိသဖြင့် တစ်ဖက်သား မရိပ်မိစေဘဲအချိုရည်အတွင်းသို့ ထည့်ခတ်နိုင်ပေသည်။ Date rape drug အမျိုးအစားအနည်းဆုံး သုံးမျိုး ရှိပါသည်။


ယင်းတို့မှာ -


GHB (Gamma Hydroxybutyric Acid)

Rohypnol (Flunitrazepam)

Ketamine (Ketamine Hydrochloride) တို့ ဖြစ်ကြပါသည်။


Date rape (ချိန်းတွေ့ကျင့်ကြံခြင်းလို့ ဘာသာပြန်ရင် ရမယ်ထင်ပါ့) ဟု

အသုံးများသော်လည်း ပညာရှင်အများစုကတော့ ဆေးဝါး အသုံးပြု၍

လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း (drug-facilitated sexual assault)

ဟူသော အသုံးအနှုန်းကို ပိုမိုနှစ်သက်ကြသည်။ ယင်းဆေးဝါးများအား

ဓါးပြမှုနှင့် ရုပ်ပိုင်းအရ တိုက်ခိုက်ခြင်းများကဲ့သို့သော

အခြားရာဇ၀တ်မှုများတွင်လည်း အသုံးပြုနိုင်ပြီး ကျားမ မရွေး ဆေးအာနိသင်

ပြနိုင်ပေသည်။


ဆေး၏ ပုံသဏ္ဍာန် (မှတ်သားစေချင်သည် )


GHB သည် အရောင်အဆင်းနှင့် အနံ့မရှိသော အရည်၊ အဖြူရောင်အမှုန့်နှင့်

ဆေးပြားဟူ၍ ပုံစံအမျိုးမျိုး ရှိသည်။


Rohypnol သည် ဆေးပြားပုံစံဖြစ်ပြီး အရည်များတွင် ပျော်ဝင်နိုင်သည်။

ဆေးပုံစံအသစ်သည် အရည်များတွင် ပျော်ဝင်သည့်အခါ အပြာရောင်သန်းသွားသော်လည်း

အရောင်မရှိသည့် ဆေးပုံစံဟောင်းအားလည်း ရရှိနိုင်ပေသေးသည်။


Ketamine မှာမူ အဖြူရောင်အမှုန့်ဖြစ်သည်။

ခန္ဓာကိုယ်အား အကျိုးသက်ရောက်ပုံ


ဆေးသည် လျှင်မြန်စွာ အာနိသင်ပြနိုင်သည်။ ဆေးအာနိသင်မပျယ်ခင်

ခံသည့်အချိန်မှာမူ ကွဲပြားသည်။ ယင်းသည် ဆေးမည်မျှ

အသုံးပြုသည်ဆိုသည့်အချက်နှင့် အရက်ကဲ့သို့သော အခြားပစ္စည်းများနှင့်

ရောစပ်ထားသည့်အပေါ်တွင် မူတည်သည်။ အရက်သည် ထိုဆေးများ၏ အာနိသင်ကို ပိုမိုဆိုးဝါးစေပြီး ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်ပါသည်။ ထို့ပြင် GHB ကို အိမ်တွင်ပင် အလွယ်တကူ ပြုလုပ်နိုင်ပေသည်။


GHB ၏ အာနိသင်များ


အာရုံစူးစိုက်နိုင်မှု လျှော့ကျခြင်း

အိပ်ချင်မူးတူးဖြစ်ခြင်း

မူးဝေခြင်း

မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း

အမြင်ေ၀၀ါးလာခြင်း

သတိလစ်ခြင်း

လေဖြတ်သကဲ့သို့ဖြစ်ခြင်း

ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း

အသက်ရှူရန် ခက်ခဲခြင်း

တုန်တုန်ယင်ယင်ဖြစ်ခြင်း

ချွေးထွက်ခြင်း

အော့အန်ခြင်း

နှလုံးခုန်နှုန်း နှေးကွေးခြင်း

အိပ်မက်ကဲ့သို့ ခံစားရခြင်း

သတိမေ့မြောခြင်း (ဦးနှောက်အလုပ် ရပ်ဆိုင်းခြင်း - coma)

သေဆုံးခြင်း


Rohypnol ၏ အာနိသင်များ


ဆေးခတ်ခံရချိန်နှင့် ဆေးအာနိသင် ပျယ်ချိန်အကြားမှ အဖြစ်အပျက်များအား မမှတ်မိခြင်း

သွေးပေါင်ချိန်ကျခြင်း

အိပ်ချင်လာခြင်း

ကြွက်သားများ အားလျှော့လာခြင်း သို့မဟုတ် ကြွက်သားများအား

ထိန်းချုပ်နိုင်စွမ်း မရှိတော့ခြင်း

အရက်မူးသကဲ့သို့ဖြစ်ခြင်း

မအီမသာနှင့် ပျို့ချင် အန်ချင်စိတ်ဖြစ်ခြင်း

စကားမပြောနိုင်တော့ခြင်း

လှုပ်ရှားရန် ခက်ခဲလာခြင်း

အသိစိတ် ပျောက်ဆုံးခြင်း

ဇဝေဇ၀ါဖြစ်ခြင်း

အမြင်ေ၀၀ါးလာခြင်း

မူးဝေခြင်း

အစာအိမ် မအီမသာဖြစ်ခြင်း


Ketamine ၏ အာနိသင်များ


စိတ်အာရုံချောက်ခြားခြင်း

အချိန်နှင့် အမှတ်အသားများအား မှတ်သားနိုင်စွမ်း ပျောက်ဆုံးခြင်း

အမြင်နှင့် အကြားအာရုံများ မမှန်မကန် ဖြစ်လာခြင်း

မိမိကိုယ်ကို မထိန်းသိမ်းနိုင်ဟု ခံစားလာရခြင်း

လှုပ်ရှားနိုင်စွမ်းအား ထိခိုက်လာခြင်း

အသက်ရှူရန် ခက်ခဲလာခြင်း

အူတက်အောင်ရယ်ခြင်း

အော့အန်ခြင်း

ခန္ဓာကိုယ် ထိတွေ့ခံစားနိုင်စွမ်း မရှိတော့ခြင်း

မှတ်ဉာဏ်ထိခိုက်ခြင်း

အိပ်မက်ကဲ့သို့ ခံစားရခြင်း

ထုံထိုင်းခြင်း

လှုပ်ရှားမှုအား ဟန်ချက်ညီအောင် ထိန်းနိုင်စွမ်း ပျောက်ဆုံးခြင်း

အမူအရာ ကြမ်းတမ်းလာခြင်း

စကားသံ ဗလုံးဗထွေးဖြစ်ခြင်း

ဒီဆေးတွေ တရားဝင်သလား?


ဟုတ်ကဲ့။ တစ်ချို့ဆေးတွေက တရားဝင်ပါတယ်။ ဒါပေမယ့် သင့်ကို မထိခိုက်ဟု မဆိုလိုပါ။ တရားဝင်ဆေးဝါးဖြစ်သော်လည်း ကျန်းမာရေးဝန်ဆောင်မှုပေးသူများ (ဆရာဝန်ကဲ့သို့သော ပုဂ္ဂိုလ်များ) ၏ ညွှန်ကြားချက်မပါဘဲ အသုံးမပြုသင့်ပါ။


Rohypnol သည် တရားဝင်ဆေးဝါး မဟုတ်ပါ။ သို့သော် ဥရောပနှင့်

မက္ကစီကိုတို့တွင် အိပ်မပျော်သည့်ရောဂါများအတွက် သောက်ရန် ညွှန်လေ့ရှိပြီး ခွဲစိတ်ရာတွင် မေ့ဆေးအဖြစ်လည်း တရားဝင် အသုံးပြုတတ်ကြသည်။


Ketamine ကို အမေရိကတွင် လူများနှင့် တိရိစ္ဆာန်များအတွက်

မေ့ဆေးတစ်မျိုးအဖြစ် တရားဝင်သုံးစွဲကြသည်။ တိရစ္ဆာန်များတွင် အများဆုံး

အသုံးပြုကြသည်။ တိရိစ္ဆာန်ဆေးခန်းများရှိ Ketamine ဆေးများအား မကြာခဏလုယက်ခံကြရကြောင်း သိရသည်။


GHB အား narcolepsy ဟုခေါ်သည့် အိပ်မပျော်သည့်ရောဂါအား ကုသရန်အတွက် အမေရိကတွင် မကြာသေးမီက တရားဝင်ဆေးဝါးအဖြစ် သတ်မှတ်ခဲ့သည်။


ဆေးခတ်မခံရအောင် သင်တို့ ဘယ်လိုကာကွယ်မလဲ?


ကိုယ်နှင့်မသိသူများမှ တိုက်ကျွေးသည့် ဖျော်ရည်၊ သောက်ရေ

စသည့်အရည်များအား မသောက်ပါနှင့်။

အအေးသံဗူးများအား ကိုယ်တိုင်ဖွင့်၍ သောက်ပါ။

ကိုယ်ပိုင် သောက်ရည်နှင့် အအေးဗူးများအား ကိုယ်နှင့်မကွာထား၍

အိမ်သာသွားလျှင်ပင် ယူသွားပါ။

အအေးနှင့် ရေအား အခြားသူနှင့် မျှဝေမသောက်ပါနှင့်။ Punch

ဖျော်ရည်များနှင့် ယင်းကဲ့သို့သော လူအများ စုပေါင်းသောက်သုံးသည့်

ခွက်များ၊ ပုလင်းများအတွင်းမှ အရည်များအား မသောက်ပါနှင့်။


(မိန်းကလေးတွေသင်္ကြန်လိုအချိန်မျိုး Club ပွဲများ သတိထားကြဗျို့)

အဲဒီဟာတွေထဲမှာဆေးခတ်ထားနိုင်ပါတယ်။)

ထူးခြားသော အနံ့နှင့် အရသာရှိသော မည်သည့်အရည်ကိုမျှ မသောက်ပါနှင့်။

များသောအားဖြင့် GHB တွင် ငန်သောအရသာ ရှိပါသည်။


အကယ်၍ ဆေးခတ်ခံရသည် သို့မဟုတ် မုဒိမ်းကျင့်ခံရသည်ဟုထင်ပါက ရဲစခန်းသို့မဟုတ် ဆေးရုံသို့ တိုက်ရိုက်သွားပါ။

ဖြစ်နိုင်သမျှ ချက်ခြင်း ဆီးစစ်ဆေးမှု ခံယူပါ။ ဆေးအာနိသင်သည်

အလွန်လျှင်မြန်စွာ ပျယ်သွားနိုင်ပါသည်။


Rohypnol သည် ခန္ဓာကိုယ်အတွင်းတွင် နာရီပေါင်းများစွာ နေနိုင်ပြီး ဆေးသောက်သုံးပြီး ၇၂ နာရီအတွင်းတွင် ဆီးအတွင်း စစ်ဆေးတွေ့ရှိနိုင်ပါသည်။ GHB မှာမူ ၁၂ နာရီအထိသာ ခန္ဓာကိုယ်အတွင်း နေနိုင်ပါသည်။


တစ်စုံတစ်ရာ အကူအညီမရမချင်း ဆီးမသွားပစ်ပါနှင့်။ ရေလောင်းဆေးခြင်း၊

ရေချိုးခြင်း သို့မဟုတ် အ၀တ်အစားလဲခြင်း မပြုလုပ်ပါနှင့်။ ယင်းအရာများသည်မုဒိမ်းကျင့်ခံရသည်ဆိုသည့် သက်သေများ ဖြစ်ပါသည်။

အရေးပေါ်ဖုန်းနံပါတ် သို့မဟုတ် ရဲဌာနသို့ ဖုန်းခေါ်ပါ။ ရှက်ခြင်း၊

အပြစ်ရှိသလို ခံစားရခြင်း၊ ကြောက်လန့်ခြင်းနှင့် တုန်လှုပ်ခြင်းတို့သည်

ပုံမှန်ဖြစ်တတ်သော အရာများ ဖြစ်ပါသည်။ ကျွမ်းကျင်သည့် ပညာရှင်များ၏

အကြံဉာဏ်ရရှိရန် အရေးကြီးပါသည်။


အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲများသို့သွားလျှင် တစ်ဦးတည်း

မသွားပါနှင့်။ သူငယ်ချင်းများ စုပေါင်းသွားခြင်းဖြင့် တစ်ဦးကို တစ်ဦး

အပြန်အလှန် ကူညီနိုင်ပါသည်။

သင့်စိတ်တွင် ပုံမှန်မဟုတ်ဟု ခံစားရသော အဖြစ်အပျက်များနှင့် ခပ်ဝေးဝေးတွင်သာ နေပါ။

သင် အပြည့်အ၀ ယုံကြည်နိုင်ခြင်းမရှိသူထံမှ မည်သည့်တိုက်ကျွေးမှုကိုမျှ

လက်မခံပါနှင့်။

သင်သောက်နေသောခွက်အား စိတ်ချရသော စောင့်ကြည့်ပေးမည့်သူမရှိဘဲ

အိမ်သာသွားလျှင်ပင် ချန်မထားခဲ့ပါနှင့်။


အထက်ပါ ဆေးများအား အရက်အပြင် အချိုရည်များ၊ လက်ဘက်ရည်၊ ကော်ဖီနှင့်ချောကလက်ဖျော်ရည်အပူ စသည်တို့တွင် ထည့်ခတ်နိုင်ပါသည်။ သင့်အားခုခံနိုင်စွမ်းမရှိအောင် ပြုလုပ်နိုင်သည့် ဆေးဝါးများစွာရှိပြီး

အများစုသည် သောက်သုံးသည့် အရည်များအတွင်း အလွယ်တကူ မသိရှိနိုင်ပါ။


ပုလင်းအတွင်းမှ အရည်ကို သောက်သုံးပြီး ပုလင်းအ၀အား သင့်လက်မဖြင့်

ပိတ်ထားခြင်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ ထိုပုလင်းအား

စောင့်ကြည့်ပေးမည့်သူမရှိဘဲ ထားခဲ့လျှင် ယင်းပုလင်းအတွင်း မည်သူက

မည်သည့်အရာများ ထည့်လိုက်သည်ဟု သိရှိနိုင်စွမ်း မရှိတော့ပေ။


အကယ်၍ ထိုသို့ထားခဲ့မိ၍ ပြန်လာသည့်အခါ သင်၏ ပုလင်း သို့မဟုတ် ခွက်သည်နေရာ ရွေ့နေခြင်း၊ ပုံစံပြောင်းနေခြင်း၊ ပြည့်အောင် ထပ်ဖြည့်ထားသည်ဟုထင်ရခြင်း သို့မဟုတ် အရသာ ထူးခြားနေခြင်းတို့ တွေ့ရှိရပါက ဆက်လက်သောက်သုံးခြင်း မပြုပါနှင့်။


အရက်ဆိုင်၊ ကလပ် သို့မဟုတ် ပါတီပွဲတွင် ယခုမှ တွေ့ဖူးသူနှင့်

အတူပြန်ရမည်ဆိုပါက အထူးစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။

တစ်ခွက်၊ နှစ်ခွက်မျှနှင့် မူးလာသည်ဟု ခံစားလာရပါက ယုံကြည်ရသော မိတ်ဆွေ၊ ကလပ်မှ လုံခြုံရေးဝန်ထမ်း သို့မဟုတ် အရက်ဆိုင် အုပ်ချုပ်သူများထံမှအကူအညီ ရယူပါ။


လုံခြုံစိတ်ချရသည့်နေရာသို့ ဖြစ်နိုင်သမျှ မြန်မြန်ရောက်ရှိရန်

အရေးကြီးပါသည်။

သင်အကူအညီတောင်းမည့်သူသည် မည်မျှကြာအောင်ပင် သိရှိနေခဲ့သူ ဖြစ်စေကာမူ လုံးဝယုံကြည်ရသူ ဟုတ်မဟုတ် သေချာစွာ ဆင်ခြင်သုံးသပ်ပါ။

ကျားမ မရွေး ဆေးခတ်ခံရနိုင်ပါသည်


အထက်တွင် ဖော်ပြခဲ့သည်များမှာ ဆေးဝါး အသုံးပြု၍ လိင်ပိုင်းဆိုင်ရာ

ကျူးလွန်ခြင်းအန္တရာယ်အား လျှော့ချရန် နည်းလမ်းများ ဖြစ်ပါသည်။

သင်အပြင်သွားသည့်အခါတိုင်း အထက်ပါ အချက်အလက်များအား

မှတ်မိနိုင်လိမ့်မည်ဟု မမျှော်လင့်ပါနှင့်။ ထို့ကြောင့်

မည်သည့်အချိန်တွင်မဆို အထူးဂရုပြုသင့်ပါကြောင်း။ ။


Mg Mandalay





from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1vngxvq

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...