Skip to main content

Posts

Showing posts from March 30, 2015

တစ်မိနစ်အတွင်း လက်ဖဝါးတွေနူးညံ့အောင်ပြုလုပ်နည်း

ကြမ်းတမ်းနေတဲ့သင့်လက်ဖဝါးတွေ ကို အချိန်တစ်မိနစ်အတွင်းမှာ နူးညံ့သွား စေမယ်ဆိုရင် သင်အံ့သြသွားလေမလား။ မယုံမရှိနဲ့ အခုပဲလုပ်ကြည့်လိုက်ပါ။ ကြမ်း ထော်နေတဲ့ လက်ဖဝါးတွေ ညက်ညော သွားစေရုံမက ဝင်းမွတ်လာတော့မှာ ဖြစ် ပါတယ်။ အသုံးပြုရမည့်ပစ္စည်းများမှာ- သကြား လက်ဖက်ရည်ဇွန်းနှစ်ဇွန်းခန့်၊ သံလွင်ဆီ(သို့)အုန်းဆီ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခန့် သကြားနှစ်ဇွန်းခန့်ကို လက်ဖဝါး ထဲသို့လောင်းထည့်ပါ။ ပြီးရင် သံလွင်ဆီ (သို့)အုန်းဆီနှစ်ဇွန်းခန့်ကိုလောင်းထည့်ပါ။ သကြားနဲ့ဆီတွေရောသမသွား အောင်လက်ဖဝါးနှစ်ဖက်ကိုခပ်ကြမ်းကြမ်း ပွတ်တိုက်ပါ။ (ထိုအရောအနှောတွေ အောက်သို့ကျမသွားအောင်လက်ဖဝါးချင်း သေသေချာချာပွတ်တိုက်ပါ။) အသားထဲသို့ စိမ့်ဝင်သွားအောင် လက်ဖဝါးနှစ်ဖက်ကို စက်ဝိုင်းပုံဏ္ဌာန် အဖြစ် ပုံစံအမျိုးမျိုးပွတ်ပေးပါ။ လက် ဖဝါးတွေကို အားရအောင်ပွတ်ပြီးတဲ့အခါ လက်ခုံ၊ လက်ဖမိုးတွေကိုပါ ဆက်၍ ပွတ် တိုက်ပေးလိုက်ပါဦး။ အားရပြီဆိုပါက လက်ကို ဆပ်ပြာ ဖြင့်ဆေးကြောပါ။ ပြီးရင် သြိပ လိုးရှင်း တစ်ခုခုလိမ်းပေးလိုက်ပါ။ကဲသင့်လက် တွေအရင်ကနဲ့တူသေးလား။ အလှအပမြတ်နိုးသူတိုင်း လှသထက် ပို၍လှနိုင်ကြပါစေရှင်။ ပေါက်ပေါက် The Union Daily http://uniondaily.net f

အဲကွန်းရဲ့ဆိုးကျိုး

အဲကွန်းကို အလွန်အကျွံအဆက်မပြတ် အသုံးပြုခြင်းကြောင့် ကျန်းမာရေးနဲ့ ဆက် စပ်ထိခိုက်နိုင်မှုတို့ကို Global က အခုလိုဖော်ပြထားပါတယ်။ နှာခေါင်း၊ ပါးစပ်အတွင်းရှိ ချွဲ၊သလိပ်၊ နှပ်ရည်တွေထွက်တဲ့အမြှေးပါးကို ထိခိုက် ရောင်ရမ်းစေပြီး နှာမွန်ကာ အသက်ရှူရ ခက်ခဲမှုတို့ဖြစ်စေတတ်ပါတယ်။ အဆက် မပြတ်မောပန်းနွမ်းနယ်ခြင်း၊ အအေးမိခြင်း တို့လဲဖြစ်စေတတ်ပါတယ်။ နွေရာသီကာလမှာ လူတိုင်းဟာလုပ် ငန်းခွင်မှာ၊အိမ်မှာ အဲကွန်းကိုအသုံးပြုကြ ရတာကြောင့်အကျိုးမယုတ်စေဘဲ ကျန်းမာ ရေးထိခိုက်မှုကိုရှောင်ကြဉ်နိုင်တဲ့ မျှတတဲ့ သုံးစွဲမှုတို့ကို သတိရှိနိုင်ကြစေဖို့ဖော်ပြပေး လိုက်ပါတယ်။ (Ref: Internet) ကေကေ The Union Daily http://uniondaily.net from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1IJ52pJ