Skip to main content

Posts

Showing posts from November 10, 2014

အောင်ဇေယျတံတား အတက်တွင် ယာဉ် (၂)စီး မျက်နှာချင်းဆိုင် တိုက်မိသဖြင့် (၃)ဦးသေဆုံး

လှိုင်သာယာမြို့နယ်၊ အောင်ဇေယျတံတား အတက်တွင် ယာဉ် (၂)စီး မျက်နှာချင်းဆိုင် တိုက်မိသဖြင့် (၃)ဦးသေဆုံး ရန်ကုန်၊ နိုဝင်ဘာ ၁၁ ၁၀.၁၁.၂၀၁၄ရက်နေ့ ၂၃၄၅အချိန်တွင် လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ညောင်တုန်း လမ်းအတိုင်း လှိုင်သာယာဘက်မှ အင်းစိန်ဘက်သို့ ယာဉ်မောင်း ကိုနန်းလင်း (၃၀)နှစ် မောင်းနှင်လာသော 3G---နစ်ဆန်းယူဒီထရပ်ယာဉ်သည် အောင်ဇေယျ တံတား အတက်အရောက် တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိပြီး မျက်နှာချင်းဆိုင်မှ အသက် (၃၀)နှစ်ခန့်ရှိ အမည်မသိ အမျိုးသား တစ်ဦး မောင်းနှင်လာသော 7E---အဖြူရောင်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့ပါသည်။ ယာဉ်တိုက်မှုကြောင့် ယာဉ် (၂)စီးပျက်စီးခဲ့ပြီး 7E---ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦးတို့တွင်ဒဏ်ရာများ အသီးသီးရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြပါသည်။ ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ကိုနန်းလင်းအား လှိုင်သာယာမြို့မရဲစခန်းယာဉ် (ပ)၁၆၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၇၉ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ Yangon Police http://ift.tt/1oASl5N from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1wdICop

မြန်မာ့သူခိုးည သူခိုးက အိမ်ရှင်ကိုရိုက်နှက် တရားစွဲ

နိုဝင်ဘာ ၁၁ ရက် ၂၀၁၄ တန်ဆောင်မုန်း လပြည့်ည မြန်မာ့ရိုးရာ သူခိုးညက သျှမ်းပြည်တောင်ပိုင်း လဲချားမြို့သို့ အုတ်ရိုက် အငှားလိုက်နေထိုင်သည့် အောက်ပြည်သား လေးဦးက ရွာတွင်းကြက်များ လိုက်ခိုးရာ အိမ်ရှင်နှင့်တိုး၍ ရိုက်နှက်မှုဖြစ်ပွားပြီး ဆေးရုံတင်လိုက်ရသည့် အိမ်ရှင်အား သူခိုးကပြန်လည် တရားစွဲသည် ဟုသိရသည်။ နိုဝင်ဘာ ၆ ရက် တန်ဆောင်မုန်းလပြည့်ည(သူခိုးည)က လဲချားမြို့ အမှတ် ၇ ရပ်ကွက် နောင်မိန်းရွာ အတွင်း ဗြုန်းအုတ်လုပ်ငန်း အငှားရိုက်ရန် အောက်ပြည်မှရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမား အောင်တင်ဆွေ၊ စိန်တင်အောင်နှင့်အပေါင်းအပါ ၂ ယောက်က ဆန်စက်ပိုင်ရှင် စိုင်းကောလိန်တ နေအိမ်သို့ ကြက်များသုံးကြိမ်သွားရောက်ခိုးယူခဲ့ရာ နောက်ဆုံးအကြိမ်တွင် အိမ်ရှင်နှင့်တိုးသဖြင့် အိမ်ရှင်အား ရိုက်နှက်မှုဖြစ်ပွါးခဲ့သည်ဟုဆိုပါသည်။ အိမ်ရှင် စိုင်းကောလိန်တ ခေါင်းကွဲကာ ဆေးရုံတင် ၇ ချက်ချုပ်လိုက်ရပြီးနောက် သူခိုး ၄ ယောက် သည် ၎င်းတို့အား အိမ်ရှင်မှ စောင့်ဆိုင်းရိုက်နှက်သည်ဟုဆိုကာ ရဲစခန်းတွင် အမှုဖွင့် ပြန်လည်တရား စွဲဆိုထားကြောင်း အိမ်နီးနားချင်း အသိုင်းအဝိုင်းကပြောသည်။ “ပထမ တကြိမ်နဲ့ ဒုတိယ တကြိမ်က ကြက်နှစ်ကောင်စီ လာခိုးသွားတယ်။ တတိယ အကြိမ်လ

ဇော်လေးနိုင် ဇာတ်အဖွဲ့ တင်ဆောင်လာသော ထော်လာဂျီယာဉ် တိမ်းမှောက်သဖြင့် ဒဏ်ရာရ

ထော်လာဂျီယာဉ်၏ ၀ဲ/ယာ ရှေ့ဘီးနှင့် လေးများပြုတ်ထွက်ကာ တံတားအနောက်ဘက်ရှိ လူသွားစင်္ကြန်အုတ်ခုံအား ၀င်ရောက်တိုက်မိတိမ်းမှောက်သဖြင့် ဒဏ်ရာရ နေပြည်တော်၊ နိုဝင်ဘာ ၁၀ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မကွေးတိုင်း ဒေသကြီး၊ နတ်မောက်-မြို့သစ်ကားလမ်း၊ မိုင်တိုင်အမှတ်(၂၆/၁-၂)ကြား၊ ယင်းချောင်း တံတားပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ နတ်မောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မြို့သစ်မြို့နယ်၊ ဇီးတောကျေးရွာနေ ကျော်ရဲအောင်(၂၁)နှစ် မောင်းနှင်ပြီး နတ်မောက်မြို့နယ်၊ ရေယိုကျေးရွာအလှူပွဲတွင် ဖျော်ဖြေပြီးပြန်လာသည့် ဦးကျော်သန်း၏ ဇော်လေးနိုင် ဇာတ်အဖွဲ့သူ/သား(၂၄)ဦး တင်ဆောင်လာသော ထော်လာဂျီ(၆)ဘီးအပြာရောင်ယာဉ်သည် ၀ဲ/ယာရှေ့ဘီးနှင့် လေးများပြုတ်ထွက်ကာ တံတားအနောက်ဘက်ရှိ လူသွားစင်္ကြန်အုတ်ခုံအား ၀င်ရောက်တိုက်မိတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိုက်မိတိမ်းမှောက်မှုကြောင့် တောင်တွင်းကြီးမြို့နယ်၊ ရွှေအိုး(၁)ရပ်ကွက်နေ မခိုင်ဇင်လတ်(၂၃)နှစ်ပါ (၁၄)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ကျော်ရဲအောင်အား နတ်မောက်မြို့မရဲစခန်း ယာဉ်(ပ)၂၆/၂၀၁

ဗြိတိသျှဓားစာခံ များအား သတ်ဖြတ်ခဲ့သူ ISIS စစ်သွေးကြွ အဖွဲ့မှ ဂျီဟက်ဒ် တစ်ဦးကို နှိမ်နင်းရန် SAS အဖွဲ့က စစ်ဆင်ရေး စတင်

လန်ဒန် ၊ ၁၁-၁၁-၂၀၁၄ SAS အထူးတပ်ဖွဲ့ သည် ဗြိတိန်နိုင်ငံသား နှစ်ဦးကို ခေါင်းဖြတ် ကွပ်မျက်ခဲ့သည့် ISIS စစ်သွေးကြွ အဖွဲ့မှ ဂျွန် အမည်ရှိ ဂျီဟက်ဒ် စစ်သွေးကြွ တစ်ဦးကို နှိမ်နင်း တိုက်ခိုက်မည့် ၄င်းတို့၏ စစ်ဆင်ရေးကို နိုဝင်ဘာ ၉ ရက်တွင် စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဗြိတိန် အစိုးရအဖွဲ့မှ အရာရှိများက ပြောကြားသည်။ SAS အဖွဲ့မှ တပ်ဖွဲ့ဝင် များသည် ၄င်းတို့၏ စစ်ဆင်ရေးကို စတင် လုပ်ဆောင်ရန် အတွက် လွန်ခဲ့သော ရက်သတ္တပတ် ခန့်က အရှေ့ အလယ်ပိုင်း ဒေသတွင်းရှိ လျှို့ဝှက် အခြေစိုက်စခန်း တစ်ခုသို့ စီးပွားရေး လုပ်ငန်းရှင်များ၊ ကမ္ဘာလှည့် ခရီးသည်များ နှင့်အတူ ရောနှော၍ လိုက်ပါ သွားခဲ့ကြောင်း၊ SAS အဖွဲ့၏ စစ်ဆင်ရေးတွင် ဂျီဟက်ဒ် စစ်သွေးကြွ ဂျွန် ကို သတ်ဖြတ်ရမည့် တာဝန်အပြင် ISIS စစ်သွေးကြွ များလက်၌ ဓားစာခံအဖြစ် ဖမ်းဆီးခံ ထားရသည့် ဗြိတိန်နိုင်ငံသား ဓာတ်ပုံ သတင်းထောက် ဂျွန်ကန်တိုင်းလ် ကို ကယ်ဆယ်ရမည့် တာဝန်လည်း ပါဝင်ကြောင်း ၄င်းအရာရှိများက ပြောကြားသည်။ ဂျီဟက်ဒ် စစ်သွေးကြွ ဂျွန်သည် အမေရိကန် နိုင်ငံသား သတင်းထောက် နှစ်ဦးဖြစ်သည့် ဂျိမ်းစ်ဖိုလေး၊ စတီဗင် ဆော့သ်လော့ဖ် တို့အပြင် ဗြိတိန် ဓာတ်ပုံ သတင်းထောက် နှစ်ဦး ဖြစ်သော ဒေးဗ

မြန်မာတွေ ပြဿနာအများဆုံးလို့ မလေးရှားဝန်ကြီး ပြောဆို

ဒုက္ခသည်တွေထဲမှာ မြန်မာတွေဟာ ပြဿနာများ သူတွေ ဖြစ်ကြတယ်လို့ မလေးရှား ပြည်ထဲရေး ဝန်ကြီးက ပြောဆိုကြောင်း မလေးရှား Bernama သတင်းက ဖော်ပြပါတယ်။ ဒုက္ခသည် လက်မှတ် ထုတ်ပေးမယ့် ကိစ္စပြောဆိုရင်း ထည့်သွင်း ပြောကြား ခဲ့တာပါ။ မလေးရှား နိုင်ငံ ရောက် မြန်မာနိုင်ငံသား တစ်သိန်းလေးသောင်းနီးပါးကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့အစီအစဉ်နဲ့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု သက်သေခံကဒ်ပြားတွေ ထုတ်ပေးမယ်လို့ မလေးရှားအစိုးရက ပြောပါတယ်။ အဲ့ဒီ သက်သေခံကဒ်ပြားတွေအတွက် ကုန်ကျငွေ အမေရိကန်ဒေါ်လာ သုံးသန်းကျော်ကို သြစတေးလျ အစိုးရက ထောက်ပံ့ပေးမှာဖြစ်ပြီး၊ ဒီအစီအစဉ်ကို သုံးနှစ်အတွင်း ပြီးဆုံးအောင် ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ရကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီး ဒေါက်တာ Ahmad Zahid Hamidi က ပြောပါတယ်။ UNHCR မှာအမည် မှတ်ပုံတင်ထားသူတွေကိုသာ ဒုက္ခသည်ကဒ်ပြားထုတ်ပေးမှာဖြစ်ပြီး၊ မှတ်ပုံ မတင်ထားသူတွေကို ဥပဒေမဲ့ဝင်ရောက်သူတွေအဖြစ် သတ်မှတ်မှာဖြစ်ကြောင်း၊ လူဝင်မှု ကြီးကြပ်ရေးဌာနရဲ့အဆိုအရ မလေးရှားမှာ UNHCR မှတ်ပုံတင်မရှိသူ နှစ်သောင်းဝန်းကျင်ရှိပြီး၊ တချို့က မှတ်ပုံတင်အတုတွေ ကိုင်ဆောင်ထားကြတယ်လို့ သိရကြောင်းလည်းပြောပါတယ်။ ဒါ့

တရုတ်နိုင်ငံသား နှင့် လက်ထပ်ရန် အဓမ္မခိုင်းစေသူကို အရေးယူ

ကျောက်မဲ ၊ ၁၁-၁၁-၂၀၁၄ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် အမျိုးသမီး တစ်ဦးကို တစ်ရပ်ကွက် တည်းနေသူ အမျိုးသမီးကြီး တစ်ဦးက တရုတ် နိုင်ငံသား နှင့် အဓမ္မ လက်ထပ် ထိမ်းမြားရန် တရုတ်ငွေ သုံးသောင်းဖြင့် ရောင်းစား ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၇ ရက် မွန်းတည့် ၁၂ နာရီခန့်က တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အမှတ် ၁၇ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့သို့ ပြန်လည် လွှဲပြောင်းပေး အပ်ခဲ့သော လူကုန်ကူးခံ ရသူကို လားရှိုး အမှတ်(၁၆) လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့မှ ရဲအုပ် ကြည်ထူး ဦးစီးတပ်ဖွဲ့ဝင် များက မေးမြန်း စစ်ဆေးခဲ့ရာ မလှကြည် ရပ်ကွက်(၂)၊ ကျောက်မဲမြို့ နေသူက ၄င်းကို မကြာခဏ လာရာက်၍ တရုတ်ပြည်တွင် အလုပ်လုပ်ပါက ဝင်ငွေများများ ရကြောင်း၊ ခေါက်ဆွဲဆိုင်တွင် အလုပ်လုပ် ရမည်ဖြစ်ကြောင်း စည်းရုံးပြောဆို သဖြင့် သဘောတူကာ မလှကြည် က စရိတ် အကုန်ကျခံပြီး ကျောက်မဲမြို့မှ တရုတ်နိုင်ငံ၊ လုံဆမ်းမြို့၊ လီခေါင်ရွာ သို့ ခေါ်ဆောင် လာခဲ့ပြီး ၄င်း ကျေးရွာနေသူ တရုတ်နိုင်ငံသား နှင့် အဓမ္မထိမ်းမြား လက်ထပ်ရန် တရုတ်ငွေ သုံးသောင်းဖြင့် ရောင်းစား ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ မလှကြည် (ဘ) ဦးညဏ၊ ရပ်ကွက

အသက် ၁၀၀ ပြည့်မွေးနေ့ပွဲကို ကောင်းကင်မှ ဒိုင်ဗင်ထိုး ကျင်းပသည့် အမျိုးသမီး

နယူးယောက် ၊ ၁၁-၁၁-၂၀၁၄ အမေရိကန်ြ ပည်ထောင်စုမှ အမျိုးသမီးကြီး တစ်ဦးသည် ၄င်း၏ အသက် ၁ဝဝ ပြည့် မွေးနေ့ပွဲကို ကောင်းကင်မှ ဒိုင်ဗင်ထိုး၍ ကျင်းပ ခဲ့ကြောင်း သိရသည်။ နယူးယောက် မြို့ဟောင်း ကရေ့ဗ်ခရိုင် မှ အလီနောကန်း နင်းဂမ်း အမည်ရှိ အဆိုပါ အမျိုးသမီးကြီး သည် နိုဝင်ဘာ ၈ ရက်တွင် ကျရောက်ခဲ့သည့် ၄င်း၏ အသက် ၁ဝဝ နှစ်ပြည့် မွေးနေ့ပွဲကို ဆာရာတိုဂါ ကောင်းကင် ဒိုင်ဗင်ထိုး စခန်းတွင် လုပ်ဆောင် ခဲ့ခြင်းဖြစ်ပြီး သူမသည် ယခင်က အသက် ၉ဝ ပြည့်နှစ် အထိမ်းအမှတ် အဖြစ် ကောင်းကင်မှ ဒိုင်ဗင်ထိုး ခဲ့သည့် သမ္မတဟောင်း ဂျော့ ဒဗလျှူဘုရှ် စီနီယာ ၏ စွန့်စားမှုကို ကျော်ဖြတ် နိုင်ခဲ့သည်။ ယခု ပြုလုပ်ခဲ့သည့် ကောင်းကင် ဒိုင်ဗင်ထိုးခြင်း သည် ကန်းနင်းဂမ်း အတွက် တတိယ အကြိမ်မြောက် ဖြစ်ပြီး သူမသည် ယင်းသို့ ကောင်းကင် ဒိုင်ဗင်ထိုးခြင်းကို အသက် ၉ဝ အရွယ်မှစ၍ လေ့ကျင့် သင်ယူခဲ့ခြင်း ဖြစ်သည်။ကန်းနင်းဂမ်း သည် နယူးယောက် မြို့လယ်ကောင် တွင် မြေးဖြစ်သူ နှင့် အတူ နေထိုင်လျက် ရှိပြီး ယင်းသို့ ကောင်းကင် ဒိုင်ဗင်ထိုးရန် အတွက် ဆရာဝန် ဖြစ်သူက ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ #PyiChitThar http://ift.tt/1EnpLeR Eleanor Cunningham and tandem master

နိုင်ငံတကာရုပ်သေးပွဲတော်တွင် ထွေးဦးမြန်မာရုပ်သေးအဖွဲ့ အကောင်းဆုံး လှုပ်ရှားသက်ဝင်မှု နည်းပညာဆု ရရှိ

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်မှာ နိုဝင်ဘာ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကျင်းပတဲ့ ဟာမိုနီဝေါလ် နိုင်ငံတကာ ရုပ်သေးပွဲတော်မှာ မြန်မာနိုင်ငံက ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့က အကောင်းဆုံး လှုပ်ရှား သက်ဝင်မှု နည်းပညာဆုကို ရသွားပါတယ်။ ဒီဆုနဲ့အတူ အမေရိကန်ဒေါ်လာ တထောင်ကိုလည်း ဆုကြေးအဖြစ် ရရှိပါတယ်။ ဘန်ကောက်မြို့လယ်က နေရာပေါင်း ၁၃ နေရာမှာ တပြိုင်တည်း ကျင်းပယှဉ်ပြိုင်ခဲ့တဲ့ ဒီပွဲမှာ မြန်မာရုပ်သေး အဖွဲ့ဟာ တော်ဝင်ဇာတ်ရုံမှာ ယှဉ်ပြိုင်ခွင့်ရတာ ဖြစ်ပါတယ်။ ထွေးဦးမြန်မာ ရုပ်သေးအဖွဲ့က ပွဲမကခင်မှာ ပရိသတ်ကို မြန်မာနိုင်ငံတွင်း ရုပ်သေး ကပြပုံ ဓလေ့ကို ရှင်းပြပါတယ်။ အဲဒီနောက် ရိုးရိုးတိရစ္ဆာန်​​တွေနဲ့ ဒဏ္ဍာရီလာ သတ္တဝါ​တွေရဲ့အက​တွေ အပြင် သောတ္ထိသန သမ္ဗူလဇာတ်တော်ကြီးကို နာရီဝက်ကြာ ကပြ ဖျော်ဖြေခဲ့ပါတယ်။ ဟာမိုနီဝေါလ်လို့ နာမည်ပေးထားတဲ့ နိုင်ငံတကာ ရုပ်သေးပွဲတော်ကို နိုင်ငံပေါင်း ၇၀ ကျော်က ရုပ်သေးအဖွဲ့ပေါင်း ၁၆၀ ကျော် ပါဝင် ယှဉ်ပြိုင်ခဲ့တာပါ။ By ဒီဗွီဘီ http://ift.tt/1pKS5XF from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1AYh12F

ဖမ်းမိရိုဟင်ဂျာတွေ ပင်လယ်ဘက် ပြန်လွှတ်မယ် ပြော

ထိုင်းတောင်ပိုင်း ပင်လယ်ပြင် မှာ ပြီးခဲ့တဲ့ စနေနေ့ က ဖမ်းမိခဲ့ တဲ့ ရိုဟင်ဂျာ လှေစီး ဒုက္ခသည် သုံးရာနီးပါး ကို ပင်လယ် ထဲ ပြန်ပို့မယ်လို့ ဒေသဆိုင်ရာ ထိုင်းအာဏာပိုင် တဦးက ပြောဆို ခဲ့တာနဲ့ ပက်သက်ပြီး လူ့အခွင့်အရေး အဖွဲ့တွေ က စိုးရိမ်တကြီး ဝေဖန် နေကြပါတယ်။ ထိုင်း ရေပိုင်နက် ကို ရောက်လာတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည် သုံးရာ နီးပါးကို လောလောဆယ် မှာ နိုင်ငံထဲ တရားမဝင် ခိုးဝင်မှုနဲ့ ဖမ်းဆီးထားပါတယ်။ ဒီလူတွေဟာ မြန်မာနိုင်ငံက ထွက်ခွာလာတာလို့ ပြောကြ ပေမယ့် စစ်ဆေးချက်တွေအရတော့ ဒီလို ပြောနိုင်တဲ့ အထောက်အထား မတွေ့ရဘူး လို့ ဒေသဆိုင်ရာ ထိုင်းအာဏာပိုင်တွေ က သတင်းဌာနတွေ ကို မှတ်ချက် ပေးပါတယ်။ ဒါပေမယ့် ဒီရိုဟင်ဂျာတွေဟာ မလေးရှားနိုင်ငံကို သွားဖို့ ထွက်လာတာ လို့တော့ သိရပါတယ်။ တချို့ အမျိုးသမီးတွေ ဟာ မလေးရှား နိုင်ငံ မှာ ရောက်ရှိနေပြီးဖြစ်တဲ့ သူတို့ရဲ့ ခင်ပွန်းသည်တွေ နောက်ကို လိုက်လာကြတာ ဖြစ်တယ်လို့ ထိုင်းတောင်ပိုင်း ကပိုးနယ်မြေက ထိုင်းရဲအရာရှိက ပြောပါတယ်။ အဆိုပါ ရဲအရာရှိက ထိုင်းမီဒီယာ နဲ့ အင်တာဗျုးတာမှာ သူတို့ကို ပင်လယ်ထဲ ပြန်ပို့ဖို့ လုပ်နေတယ်လို့ ပြောလိုက်တဲ့အတွက် လူ့အခွင့်အရေး လှုပ်ရှားသူတွေက စိုးရိမ်နေကြတာ ဖြစ

အကြမ်းဖက်အဖွဲ့နဲ့ဆက်သွယ်မှု သံသယဖြင့် အရေးယူထားသူ လူ ၂ဝ အမှု တာင်ကြီးတရားရုံးမှာ ရုံးထုတ်စစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ မှာ နိုင်ငံတော် အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မနဲ့ တရားစွဲ ခံထားရတဲ့ အစ္စလာမ်ဘာသာဝင် ၂၀ ဦးတို့ကို ဒီနေ့ တောင်ကြီး ခရိုင်တရားရုံးမှာ စတင်စစ်ဆေး နေပြီလို့ သိရပါတယ်။ အဲ့ဒီ ၂၀ ဦးထဲက ၁၂ ဦးအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်ခင်မိုးမိုးက ဒီကနေ့ တရားခံတွေ စတင်စစ်ဆေးခဲ့တာတွေကို ပြောပါတယ်။ "တရားခံတွေကိုစပြီးစစ်နေပြီ ကျမတို့ခံစစ်ပေါ့၊ ဒီနေ့ကနေစပြီးစစ်နေပြီ၊ တနင်္လာကနေပြီးတော့ တနင်္လာ ကြာသပတေးတိုင်း စစ်သွားမှာပေါ့၊ အဲ့ဒီတော့ တရားခံတွေကို စစ်ပြီးမှ တရားခံတွေပြတဲ့သက်သေတွေကိုစစ်ရမှာ သက်သေကတော့ ကျမလူ ၁၂ ယောက်မှာ အခုရေကြည့်လိုက်တာ ၉၈ ယောက်ရှိတယ်၊ အဲ့ဒီတော့ တစ်ယောက်ကို ၇ ယောက်သမားပါတယ်၊ ၁၀ ယောက်သမားပါတယ်ပေါ့" သူတို့တွေဟာ ပြည်ပအစ္စလာမ်မစ် ဖောက်ခွဲရေးအဖွဲ့တွေနဲ့ ဆက်နွယ်တယ်ဆိုပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့ က ရှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်းမြို့မှာ ကျင်းပမယ့် အစ္စလာမ်ဘာသာဝင် ပလီဆရာတစ်ဦးရဲ့ မင်္ဂလာ ဆောင်ပွဲတစ်ခုကနေ စတင် အဖမ်းခံထားရတာပါ။ ဒီကနေ့ တရားခွင်မှာ တရားခံ ၂၀ ဦးထဲက သတို့သား ပလီဆရာရဲ့ ဖခင် ဦးကောင်းရှင်တစ်ဦးကိုပဲ စတင်စစ် ဆေးခဲ့ပါတယ်။ ဒါ့အပြင် ရှေ့နေ

အကြမ်းဖက်သမား (၄) ဦးဝင်ရောက်မှု မြန်မာရဲတပ်ဖွဲ့ သတိပေး

မွန်ပြည်နယ် အတွင်း ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေး အဖွဲ့ (RSO) ကလို့ ယူဆရတဲ့ အကြမ်းဖက်သမား (၄) ဦး ၀င်လာတဲ့ အတွက် ပြည်နယ်ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံစုံစမ်း ရှာဖွေနေ တယ်လို့ ပြည်နယ်အစိုးရ အဖွဲ့ဝင်တွေက ပြောပါတယ်။ ဒီ အကြမ်းသမားတွေ ၀င်ရောက်လာမှုဟာ နေပြည်တော်မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး အစည်းအဝေး အတွက် လုံခြုံရေးရေး အရ စိတ်ပူစရာ အနေအထားမှာ ရှိနေတယ်လို့ ပြောဆိုမှုတွေ ရှိနေတဲ့ အကြောင်းကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။ ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေး အဖွဲ့ (RSO) က စေလွှတ်လာတယ်လို့ ယူဆရတဲ့ အကြမ်းဖက်သမား (၄) ဦးဟာ မွန်ပြည်နယ်အတွင်း ၀င်ရောက်လာတဲ့ အတွက်ကြောင့် ပြည်နယ်ရဲ တပ်ဖွဲ့တွေ အနေနဲ့ အပူတပြင်း လိုက်လံစုံစမ်း ရှာဖွေနေတယ်လို့ မွန်ပြည်နယ်၊ နယ်စပ်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင်က ပြောပါတယ်။ “ကျနော်တို့လည်း ရောက်လာတယ်ပဲ သိရတာပဲ၊ ရှာတော့ရှာနေတာပဲ၊ တွေ့သမျှလူထုနဲ့ရော ဘာနဲ့ရော အကုန်လုံး ဧည့်စာရင်းစစ်တာတွေရော၊ ရဲတပ်ဖွဲ့က နယ်ထိန်းတွေရော အကုန် ရှာဖွေနေပါတယ်။ လမ်းကြောင်းကတော့ မြဝတီက ဝင်လာတယ်လို့ သိရတယ်။ ဘယ်သွားမလဲတော့ ဖမ်းမမိသေးတော့ မသိသေးဘူးပေါ့။” အကြမ်းဖက

မြန်မာ့ငြိမ်းချမ်းရေးကိစ္စ အမေရိကန်သမ္မတကို SNLD ဥက္ကဌ ပြောပြမည်

နိုဝင်ဘာ ၁၀ ရက် ၂၀၁၄ အမေရိကန်သမ္မတ မစ္စတာ ဘားရက်အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် ငြိမ်းချမ်းရေးနှင့် အပစ်ရပ်စဲရေး အတွက် မြန်မာအစိုးရအား ဖိအားပေးရန် ပြောဆိုတိုက်တွန်းသွားမည်ဟု SNLD ဥက္ကဌ ခွန်ထွန်းဦး က ပြောသည်။ “တိုင်းရင်းသားတွေ အဓိကလိုအပ်ချက် ငြိမ်းချမ်းရေးပဲ။ ခုအထိတော့ ငြိမ်းချမ်းရေး ဘာမှမလုပ်ရသေးဘူး။ ၆၇ နှစ်ရှိပြီလေ တိုက်နေကြတာ။ ငြိမ်းမှမငြိမ်းချမ်းသေးဘဲ” ဟု ခွန်ထွန်းဦး ကဆိုသည်။ ပြီးခဲ့သည့် ရက်ပိုင်းတွင် အမေရိကန် နိုင်ငံခြားရေးအတွင်းဝန်အဖွဲ့က SNLD ပါတီနှင့်တွေ့ဆုံစဉ် ငြိမ်းချမ်းရေး နှင့်အပစ်ခတ်ရပ်စဲရေးကို မြန်မာအစိုးရအားဖိအားပေးဖို့ တိုက်တွန်းခဲ့ကြောင်း (SNLD) အထွေထွေအတွင်းရေး မှူး စိုင်းညွန့်လွင် ကပြောသည်။ ထို့အတူ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၏ဥက္ကဌဖြစ်သော ဦးစိုင်းအိုက်ပေါင်းက “အစိုးရကိုတော့ ဖိအားပေးမယ်ထင်တယ်။ ငြိမ်းချမ်းရေးမရှိရင် နိုင်ငံက မတည်ငြိမ်ဘူးလေ။ ဖွံ့ဖြိုးတိုးတက်ဖို့လည်း မဖြစ်နိုင်ဘူး လေ” ဟုဆို သည်။ သမ္မတအိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်တွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့်ငြိမ်းချမ်းရေးအတွက် တွန်းအား ပေးရန် မျှော်လင့်ထားကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မြန်မာ့ငြိမ်းခ

Instant noodles ခေါက်ဆွဲခြောက်ထုပ်

1. ဆရာ ခေါက်ဆွဲတွေ ဥပမာ Mama yam yam တို့လိုအသင့်စားတွေစားခြင်းဟာ (နို့တိုက်မိခင်) စားခြင်းဟာ ကလေးကို ဆိုးကျိုးဖြစ်စေနိုင်ပါသလား ဆရာ။ 2. သမီး အခုတလော လုံးဝထမင်းစားချင်စိတ်မရှိဘူးဖြစ်နေတယ်။ ထမင်းဟင်းဆို ကြည့်ချင်စိတ်တောင် မရှိဘူး။ အဲဒါကြောင့် ယမ်ယမ် ကြာဇံပြုတ်ပဲ ပြုတ်စားဖြစ်တယ်။ ကြိုက်လည်းကြိုက်လို့ပါ။ သိချင်တာက နေ့တိုင်းစားရင် ဘေးဥပါဒ် ဖြစ်မဖြစ်ကိုပါ။ အာဟာရဓာတ်တွေကော ပါပါ့မလားလို့ပါ။ နေ့တိုင်းပုံမှန်စားသင့်တဲ့ အစားအစာထက် ကိုယ်စားချင်တာပဲ ရွေးစားမယ်ဆိုရင်ကော ကောင်းပါ့မလား။ ခေါက်ဆွဲပြုတ်အထုတ်တွေကတော့ နေ့တိုင်းစားရင် ၆ လ ဆို လူတောင် သေနိုင်တယ်လို့ ဖတ်ဖူးပါတယ်။ 3. အသက်ကတော့ ၃၄ နှစ်ပါ။ သမီးသိချင်တာက အသင့်စားသုံးနိုင်တဲ့ ခေါက်ဆွဲခြောက်ထုပ် အကြောင်းပါ။ ဗဟုသုတ အနေဖြင့် သိချင်ပါတယ်။ သမီးတို့မိသားစုက ပြင်ပမှာနေကြတာပါ။ အမြဲလိုလို ခေါက်ဆွဲခြောက်ထုပ် စားဖြစ်နေလို့ သိချင်ပါတယ်။ Instant noodles အသင့်စားသုံးလို့ရတဲ့ ခေါက်ဆွဲခြောက်ထုပ်တွေဟာ Dried noodles ခြောက်အောင် လုပ်ထားတာ ဖြစ်ဖြစ် Precooked noodles ကြိုတင်ပြုတ်ထားတာဖြစ်ဖြစ် ရှိတယ်။ ဂျပန်နိုင်ငံက Momofuku Andō of Nissin Foods ကနေ ၁၉၅၈ ခုနှစ်ကတည်းက စ

Glaucoma မျက်စိ ရေတိမ်

ါ။ တနေ့လုံး ကွန်ပျူတာ သုံးနေရပါတယ်။ ရောက်စက ညာဘက်မျက်စိမှာ အဖြူစက်တွေတွေ့လို့ ဆရာဝန်နဲ့ သွားပြပါတယ်။ အဲဒီအချိန်တုန်းက ဘယ်ဘက်ကိုဖုံးထားပြီး ညာဘက် တဖက်တည်း ကြည့်ရင် အရှေ့မှာ အလွှာပါးပါး တစ်ခု ကာထားသလိုဖြစ်ပြီး ဝါးနေပါတယ်။ အဲဒါ မျက်ကြည်လွှာမှာ အမာရွတ်ရှိနေလို့ဖြစ်တာဆိုပြီး မျက်စဉ်းတွေ ပေးပါတယ်။ အမြဲသွားပြပြီး စစ်ဆေးနေရပါတယ်။ မျက်လုံးကလည်း တဖြေးဖြေး သက်သာလာပြီး ပုံမှန်ဘဲ ပြန်မြင်လာပါတယ်။ မျက်စဉ်းကို လိုအပ်သလို အတိုး-အလျော့ လုပ်သွားပြီး ပေးခဲ့ပါတယ်။ အမာရွတ်ဆိုတာကို ပျောက်ဖို့ဆိုရင် မျက်ကြည်လွှာ အစားထိုးမှ ရမယ်လို့ ပြောပါတယ်။ နောက်ပိုင်း သက်သာလာပြီး အမြင်အာရုံကို အနှောင့်အယှက် မပေးဘူးဆိုတော့ မျက်စဉ်းဘဲ အမြဲခပ်ပြီးနေခဲ့ပါတယ်။ ဘယ်ဘက်မျက်လုံးက ဝါးလာလို့ ဘယ်ဘက်ကိုပါ မျက်စဉ်း ခပ်ခဲ့ရပါတယ်။ ဇွန်လ ၁၁ ရက်နေ့ကတော့ ဘယ်ဘက်က အရမ်းဝါးလာပါတယ်။ ကွန်ပျူတာကိုတောင် ကြည့်ရင် အရမ်း ဝါးနေလို့ အလုပ်လဲ မသွားနိုင်ခဲ့ပါဘူး။ ဆရာဝန်ဆီသွားပါတယ်။ မျက်စဉ်းအသစ် တမျိုး ထပ်ပေးပါတယ်။ အဲဒီ မျက်စဉ်း ခပ်တာလဲ မသက်သာခဲ့တော့ ဇွန်လ ၁၈ရက်နေ့မှာ Consultant တစ်ယောက်နဲ့ သွားပြပါတယ်။ စစ်လိုက်တော့ ဘယ်ဘက်မျက်လုံးမှာ Cataract ရှိနေလို့ ဖြစ်တာ

ကျောက်ကပ်နှင့် ဆီးရောဂါ ကာကွယ်ရန်အတွက် ဆောင်ရန် ရှောင်ရန်များ

ကျောက်ကပ်နှင့် ဆီးရောဂါ ကာကွယ်ဖို့ အတွက် သိထားသင့်တဲ့ အချက်များ ရှိပါတယ်။ လည်ချောင်းနာခြင်း၊ အအေးမိခြင်း၊ အာသီးရောင်ခြင်း၊ အရေပြား အနာပေါက်ခြင်း ဖြစ်တတ်ကာ အာသီး အနာရောဂါများ မဖြစ်ရင် ကျောက်ကပ်ရောဂါ ချက်ချင်း ဖြစ်မှာ မဟုတ်ပါဘူး။ သို့မဟုတ် နာတာရှည် ကျောက်ကပ်ရောင် ရောဂါ ဖြစ်ဖို့လည်း ခက်ခဲ ပါတယ်။ ရှောင်ရန် ငယ်စဉ် ကတည်းကပင် အအေး မမိအောင်၊ လည်ချောင်း မနာအောင်၊ အာသီး မရောင်အောင် ဂရုစိုက်ဖို့ လိုတယ်။ ဆရာဝန်နဲ့ ပြသပြီး တစ်ခါတည်း ရောဂါပျောက်အောင် ကုသ သင့်ပါတယ်။ အာသီးကို ခွဲရန် လိုအပ်ပါက ခွဲထုတ် ပေးသင့်တယ်။ ကျောက်ကပ်သို့ သွေး အရောက်နည်းရင် ကျောက်ကပ်ရောဂါ ဖြစ်နိုင်လို့ သွေးလှည့်ပတ်မှု မှန်ကန်စေဖို့ အားကစား အမြဲ လုပ်သင့်တယ်။ နေ့စဉ် နာရီဝက်ခန့် အားကစား (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) လုပ်သင့်တယ်။ ကျောက်ကပ်ကို အဆိပ် ဖြစ်စေတဲ့ ဆာလဖာများ၊ ခဲ၊ စိန်နဲ့ ပြဒါးပါသော ဆေးများကို ဆရာဝန် မညွှန်းဘဲ မစားသင့်ပါ။ ဆီး များများ သွားမှ ကျန်းမာမှာ ဖြစ်လို့ ရေများများ သောက်ပေး သင့်တယ်။ အထူးသဖြင့် အပူပိုင်း ဒေသမှာ နေသူများ၊ ချွေးထွက် များစေသော ပန်းပဲ၊ စက်ရုံ အလုပ်ရုံ၌ အလုပ် လုပ်သူများ တစ်နေ့ကို အနည်းဆုံး ရေ လေးပုလင်းလောက်

ကျောက်ကပ်နှင့် သွေးတိုးရောဂါ

ကျောက်ကပ်မှာ ရောဂါတစ်ခုခုရှိရင် ဒါမှမဟုတ် ကျောက်ကပ်ထဲ သွေးအရောက်နည်းရင် သွေးဖိအား တက်လာတတ်တယ်။ ကျောက်ကပ် ထိခိုက်မှုသိသာလေ သွေးဖိအားတက်မှု သိသာလေဖြစ်တယ်။ ကျောက်ကပ် ရောဂါသည်တိုင်းမှာ သွေးတိုးရောဂါ ယှဉ်တွဲပြီးရှိနေ တတ်တယ်။ သွေးတိုးဆိုတာက သွေးဖိအားတိုင်း ကိရိယာနဲ့တိုင်းတဲ့အခါ အပေါ်သွေးဖိအား ၁၄ဝ မီလီမီတာ၊ အောက်သွေးဖိအား ၉ဝ မီလီမီတာ ပြဒါးကျော်မှ ခေါ်ဆိုခြင်းဖြစ်တယ်။ သာမန် လူတစ်ဦး အနေနဲ့ အပေါ်အောက် ၁၂ဝ/၈ဝ မီလီမီတာ ပြဒါးခန့်သာ ရှိတယ်။ အသက်ကြီးလာရင် သွေးတိုးနဲ့ ကျောက်ကပ်ရောဂါ ပိုဖြစ်တတ်တယ်။ သွေးတိုးရောဂါ ခံစားရသူ ၁ဝဝ မှာ ၉ဝ ခန့်ဟာ ဘာကြောင့်ဖြစ်မှန်း မသိပါ။ ဒါပေမဲ့ ၁ဝ ရာခိုင်နှုန်းက ကျောက်ကပ်ရောဂါကြောင့် ဖြစ်ပြီး ကျောက်ကပ်ရဲ့အထက် အကျိတ်ရောင် ရောဂါကြောင့် ဒါမှမဟုတ် ဦးနှောက်နဲ့ကျောရိုး နာ့ဗ်ကြောရောဂါ အချို့ကြောင့်လည်း ဖြစ်နိုင်တယ်။ သွေးတိုးလူနာ အများစုဟာ ကျောက်ကပ်ကြောင့်ဖြစ်တဲ့ သွေးတိုးက မများလှဘူးလို့ ဆိုတယ်။ ဒါပေမဲ့ ကျောက်ကပ်ရောင် ရောဂါသည် တိုင်း သွေးတိုးကြပါတယ်။ ကျောက်ကပ်က ရီနင်ကို ထုတ်ပေးတဲ့အတွက် အခြားဟော်မုန်းဓာတ် ပစ္စည်းများနဲ့ ပေါင်းပြီး သွေးဖိအား တက်စေတယ်။ ရီနင်ဟာ ကျောက်ကပ်ရောဂါရ တိုင်း ကျောက