နေပြည်တော်၊ နိုဝင်ဘာ ၁၀
၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် မကွေးတိုင်း ဒေသကြီး၊ နတ်မောက်-မြို့သစ်ကားလမ်း၊ မိုင်တိုင်အမှတ်(၂၆/၁-၂)ကြား၊ ယင်းချောင်း တံတားပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်းသတင်းအရ နတ်မောက်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ မြို့သစ်မြို့နယ်၊ ဇီးတောကျေးရွာနေ ကျော်ရဲအောင်(၂၁)နှစ် မောင်းနှင်ပြီး နတ်မောက်မြို့နယ်၊ ရေယိုကျေးရွာအလှူပွဲတွင် ဖျော်ဖြေပြီးပြန်လာသည့် ဦးကျော်သန်း၏ ဇော်လေးနိုင် ဇာတ်အဖွဲ့သူ/သား(၂၄)ဦး တင်ဆောင်လာသော ထော်လာဂျီ(၆)ဘီးအပြာရောင်ယာဉ်သည် ၀ဲ/ယာရှေ့ဘီးနှင့် လေးများပြုတ်ထွက်ကာ တံတားအနောက်ဘက်ရှိ လူသွားစင်္ကြန်အုတ်ခုံအား ၀င်ရောက်တိုက်မိတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့တိုက်မိတိမ်းမှောက်မှုကြောင့် တောင်တွင်းကြီးမြို့နယ်၊ ရွှေအိုး(၁)ရပ်ကွက်နေ မခိုင်ဇင်လတ်(၂၃)နှစ်ပါ (၁၄)ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ကျော်ရဲအောင်အား နတ်မောက်မြို့မရဲစခန်း ယာဉ်(ပ)၂၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇/၂၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
http://ift.tt/1t1wG91
from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1wdIzZL
Comments
Post a Comment