Skip to main content

Posts

Showing posts from February 6, 2015

အပြေး လေ့ကျင့်ခန်းကို လိုအပ်သည်ထက် ပိုလျှင် ကျန်းမာရေး ဆုတ်ယုတ်မှုကို ခံစားရနိုင်

ဝါရှင်တန် ၊ ၆-၂-၂၀၁၅ ကျန်းမာရေး အပြေး လေ့ကျင့်ခန်းကို လိုအပ်သည်ထက် ပိုလုပ်လျှင် ကျန်းမာရေး တိုးတက် ကောင်းမွန်လာမည် မဟုတ်ဘဲ အပြေး လေ့ကျင့်ခန်း လုံးဝ မလုပ်သူအတိုင်း ကျန်းမာရေး ဆုတ်ယုတ်မှု ကိုသာ ခံစားရမည်ဟု အမေရိကန် နှလုံးဘက် ဆိုင်ရာကောလိပ် မှ သုတေသီ များက ဆိုသည်။ သိပ္ပံပညာရှင် များက ကျန်းမာရေး အပြေး လေ့ကျင့်သူများ နှင့် မပြေးသူများ စုစုပေါင်းဦးရေ ၁ဝဝဝ ကျော်ကို ၁၂ နှစ်ကြာ စောင့်ကြည့် လေ့လာခဲ့ရာ ခပ်မှန်မှန် ခြေလှမ်းဖြင့် တစ်ပတ်လျှင် ၂ နာရီခွဲခန့် ပြေးသူများသည် အခြားသူများ နှင့် နှိုင်းယှဉ်လျှင် အသက် သေဆုံးနိုင်ခြေ အနည်းဆုံး ဖြစ်ပြီး တစ်ပတ်လျှင် ၄ နာရီကျော် ပြေးသူများနှင့် လေ့ကျင့်ခန်း လုံးဝ မလုပ်သူများ သည် သေဆုံးနိုင်ခြေ အမြင့်ဆုံး ဖြစ်နေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ''ကျန်းမာရေး အပြေး လေ့ကျင့်မယ် ဆိုရင် တစ်နာရီကို ငါးမိုင်နှုန်းနဲ့ တစ်ပတ်ကို ၃ရက်၊ စုစုပေါင်း ပြေးချိန် ၂ ဒသမ ၅ နာရီက အသင့်လျော်ဆုံး ဖြစ်ပါတယ်။ ဒါထက် ပို အားစိုက်ထုတ် လိုက်မယ်ဆိုရင် ကျန်းမာရေး အကျိုး သက်ရောက်မှု မရှိတော့ဘဲ ဘာ ကျန်းမာရေး လေ့ကျင့်ခန်းမှ မလုပ်သူ အတိုင်း ခံစား ရနိုင်ပါတယ် .. '' ဟု သုတေသီ တစ်ဦး က ေ