Skip to main content

Posts

Showing posts from June 1, 2014

အင်းဝမြို့ရိုး ဒုတိယကျုံး ဇွန်လဆန်းတူးဖော်မည်

မန္တလေး၊ ဇွန် ၁ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ထွန်းကားရာ မန္တလေးတိုင်းဒေသကြီးရှိ နှစ်ပေါင်း ၆၅၀ ကျော် သက်တမ်းရှိ အင်းဝနန်းမြို့ရိုး အပြင်ဘက် ဒုတိယကျုံးတော်ရှိ၊ မရှိ တူးဖော်စစ်ဆေးခြင်း လုပ်ငန်းကို ဇွန်လ ပထမပတ်တွင် စတင်လုပ်ဆောင်မည် ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) ထံမှ စုံစမ်းသိရှိရသည်။ “စာပေ အထောက်အထားတွေ ထဲမှာတော့ မြို့ရိုးအပြင်ဘက်မှာ ကျုံးရှိခဲ့တယ်။ ခုကျုံးက မမြင်တွေ့ရတော့ဘူး ဆိုတော့ ဌာနတွင်းက ပညာရှင်တွေနဲ့ ရှိ၊ မရှိ တူးဖော်စစ်ဆေးမှု အရင်ပြုလုပ်မယ်။ မှန်ကန်ခဲ့ပြီဆိုမှ အခြားပညာရှင်တွေ၊ ဌာနတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ဖို့ လုပ်ငန်းတွေ ရှိပါတယ်” ဟု အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အင်းဝမြို့သည် မန္တလေးမြို့တော်မှ သွားလာရ အလှမ်းဝေးပြီး အင်းဝရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်း လေ့လာကြည့်ရှုစရာ ရှေးဟောင်းလက်ရာ ဗိသုကာများနှင့် ဘုရားများသည်လည်း တစ်နေရာနှင့် တစ်နေရာ အလှမ်းကွာသဖြင့် လာရောက် လည်ပတ်သူ နည်းလျက် ရှိကြောင်း အင်းဝမြို့ ဒေသခံ အသက် ၄၀ အရွယ် စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးက ပြောကြားသည်။ အင်းဝ ယဉ်ကျေးမှုဇုန်အတွင

နယ်စပ်ပြဿနာ ဖြေရှင်းရန် ဘင်္ဂလားဒေ့ရှ်- မြန်မာ နှစ်နိုင်ငံအစည်းအဝေး ရက်ပိုင်းအတွင်း ပြုလုပ်မည်

ရန်ကုန်၊ ဇွန် ၁အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသသို့ အကြမ်းဖက် သောင်းကျန်းသူများ မဝင်ရောက်နိုင်ရေး၊ နယ်စပ်ပြဿနာများ ထပ်မံမပေါ်ပေါက် စေရေးတို့အတွက် အလံတင် အစည်းအဝေး တစ်ရပ်ကို ရက်ပိုင်းအတွင်း ပြုလုပ်မည် ဖြစ်ကြောင်း မြန်မာ့ရုပ်မြင်သံကြား သတင်းမှတစ်ဆင့် ဇွန်လ ၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။ နယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ နိုင်ငံအကြား ဆက်ဆံရေး၊ ယုံကြည်မှုနှင့် ချစ်ကြည် ရင်းနှီးမှုတို့ကို ဆက်လက်ထိန်းသိမ်းရန် ယင်းသို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ ယင်းအလံတင် အစည်းအဝေးကို မြန်မာနိုင်ငံ အတွင်းတွင် ပြုလုပ်မည်ဖြစ်ပြီး အစည်းအဝေး ပြုလုပ်မည့် နေ့ရက်များကို အတိအကျ ပြောဆို၍ မရသေးကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားသည်။ အလံတင် အစည်းအဝေးကို ဇွန်လ ၅ ရက်နေ့တွင် ပြုလုပ်ရန် မြန်မာအစိုးရက ကမ်းလှမ်းထားသည်ဟု စစ်တကောင်းဒေသရှိ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ Commander Brig Gen Syed Ahmed Ali ပြောဆိုချက်ကို ကိုးကားကာ The Daily Star တွင် ဖော်ပြသည်။ နယ်စပ်တွင် နှစ်နိုင်င

စတာလင်းကို တစ်ပတ်ပေါင် တစ်သိန်းဖြင့် ငါးနှစ်စာချုပ်ရန် လီဗာပူးလ်စီစဉ် .............

စတာလင်းကို တစ်ပတ်ပေါင် တစ်သိန်းဖြင့် ငါးနှစ်စာချုပ်ရန် လီဗာပူးလ်စီစဉ် .................................................. လီဗာပူးလ်အသင်းသည် ဥရောပထိပ်တန်းလူငယ်ကစားသမား ဖြစ်လာနိုင်သည့် စတာလင်းကို တစ်ပတ်ပေါင် တစ်သိန်းဖြင့် ငါးနှစ်သက်တမ်းတိုးစာချုပ်ရန် စီစဉ်နေသည်။ စာချုပ်သစ်ကို ကမ္ဘာ့ဖလားအပြီးတွင်ချုပ်ဆိုဖွယ်ရှိနေပြီး ..... (သတင်းအပြည့်အစုံကို ဒီနေရာမှာ ၀င်ရောက်ဖတ်ရှုနိုင်ပါပြီ) Mizzima Sport News အားကစားသတင်းမှန်သမျှ.....ဒီမှာ ရနေပြီ....။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1u7n9yy

နိုင်ငံတကာသတင်းတိုများ အမေရိကန်အကျဉ်းသားများကိုတာလီဘန်တို့ ပြန်လွှတ်ပေး အာဖဂန်န...

နိုင်ငံတကာသတင်းတိုများ အမေရိကန်အကျဉ်းသားများကိုတာလီဘန်တို့ ပြန်လွှတ်ပေး အာဖဂန်နိုင်ငံအတွင်း၌ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသော အမေရိကန်အကျဉ်းသားများအား တာလီဘန် တို့က အမေရိကန်အထူးတပ်ဖွဲ့သို့ ပြန်လည်လွှဲပြောင်းလိုက်သည်ဟု ဇွန်လ ၁ ရက်က ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။ ဖိလစ်ပိုင်တွင် ငလျင်လှုပ် ဖိလစ်ပိုင်နိုင်ငံ ကော့တပ်စ်မြို့ အရှေ့မြောက်ဘက် ၄၇ ကီလိုမီတာ၌ အင်အား ၅ ဒသမ ၃ ရစ်ချက်တာ စကေးရှိ ငလျင်တစ်ခု လှုပ်သွားသည်ဟု အမေရိကန် ဘူမိဗေဒလေ့လာဆန်းစစ်ရေး အဖွဲ့မှ ပြောကြား လိုက်ကြောင်း ဇွန်လ ၁ ရက်က ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ သမ္မတလုံခြုံရေး အကြံပေးအဖြစ် ကာကွယ်ရေးဝန်ကြီးခန့်အပ် တောင်ကိုရီးယားသမ္မတ ပက်ခ်ဂွမ်ဟေးက ၎င်း၏ လုံခြုံရေးအကြံပေးအရာရှိအဖြစ် လက်ရှိ ကာကွယ်ရေး ၀န်ကြီး ကင်ခွမ်ဂျင်းကို ရွေးချယ်ရန် အဆိုပြု လုပ်ထားသည်ဟု ဇွန်လ ၁ ရက်က ရိုက်တာ သတင်းတစ်ရပ် တွင် ဖော်ပြထားသည်။ အကြီးစား စီမံချက်ကိုးခုကိုဖိလစ်ပိုင်အစိုးရ အတည်ပြု အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၁ ဘီလီယံတန်ဖိုးရှိ အကြီးစားစီမံချက် ကိုးခုကို ဖိလစ်ပိုင်အစိုးရမှ အတည် ပြု လိုက်ပြီဟု အစိုးရ ထိပ်တန်းအာဏာပိုင် တစ်ဦးက မေလ ၃၀ ရက်တွင် ပြော ကြားခဲ့သည်ဟု ဇွန်လ ၁ ရက်

ပြည့်ဖြိုးဦးအား ရန်ကုန်ယူနိုက်တက်တို့ အငှားချသွားမည် ............................

ပြည့်ဖြိုးဦးအား ရန်ကုန်ယူနိုက်တက်တို့ အငှားချသွားမည် ................................................. "ကျွန်တော်တို့အနေနဲ့ ပြည့်ဖြိုးဦးကို အငှားချဖို့စီစဉ်နေပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ သူ့ကို ခေါ်ယူဖို့ ဆက်သွယ်လာတဲ့ အသင်းမရှိသေးပါဘူး။ သူဟာ အသင်းကို နောက်ဆုံးမှ ရောက်ရှိလာတဲ့ ပြည်တွင်း ဂိုးသမား ဖြစ်ပေမယ့် ...." (သတင်းအစုံအလင်ကို ဒီနေရာမှာ ၀င်ရောက်ဖတ်ရှုနိုင်ပါပြီ) Mizzima Sport News အားကစားသတင်းမှန်သမျှ.....ဒီမှာ ရနေပြီ....။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1rB5K3n

မှုခင်းကာကွယ်ရေးအတွက်ဟုဆိုကာ မိန်းမလျာများကို ရဲတပ်ဖွဲ့က စစ်ဆေး ကိုတိုးကြီး| တနလ...

မှုခင်းကာကွယ်ရေးအတွက်ဟုဆိုကာ မိန်းမလျာများကို ရဲတပ်ဖွဲ့က စစ်ဆေး ကိုတိုးကြီး| တနင်္လာနေ့၊ ဇွန် ၂ရက်၊ ၂၀၁၄ခုနှစ်။ မုံရွာမြို့၊ ချင်းတွင်းမြစ်ဘေးတွင် ညအချိန်များ၌ အပန်းဖြေအနားယူနေသည့် မိန်းမလျာများအား မှုခင်းကြို တင်ကာကွယ်ရေးဟုဆိုကာ လှည့်ကင်းရဲအဖွဲ့များက မေ ၃၀ ရက်က ခေါ်ယူစစ်ဆေးလျက်ရှိသည်ဟု မုံရွာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြူအင်းက ပြောသည်။ ထိုသို့ ဆောင်ရွက်ရခြင်းမှာ ပြစ်မှုတစ်စုံ တစ်ရာကျူးလွန်နိုင်သည့် အကြောင်းများရှိသည်ဟုယူဆလျက် ယင်းကဲသို့ခေါ်ယူစစ်ဆေးခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ မုံရွာမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် နယ်မြေရဲစခန်းက ညဦးပိုင်း လှည့်ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ စုပေါင်း ကာ ပြစ်မှုကျူးလွန်နိုင်သည့် အခြေအနေရှိသည်ဟု ယူဆရသည့် မသင်္ကာသူများကို သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့်အတူ ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ပြီး ပြန်လွှတ်ပေးခဲ့သည်။ မသင်္ကာဖွယ်ရာ အခြေအနေရှိသူများ ကို မှုခင်းကြိုတင် ကာကွယ်ရေးလုပ်ငန်းများအတွက် ခေါ်ယူစစ် ဆေးမေးမြန်းမှုများ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့သော်လည်း မုံရွာမြို့ပေါ်တွင် ဖောက်ထွင်းခိုးယူခံရသည့် ပြစ်မှု ဖြစ်စဉ်များအတွက် စုံစမ်းဆဲ ကာလသာ လျှင်ဖြစ်သည်ဟု နယ်ထိန်းရဲအရာရှိတစ်ဦးက ဆိုသ

(အထက-၁) ဒဂုံရှေ့ကျောင်းရှေ့တွင် ယဉ်စဉ်းကမ်း မလိုက်နာသည့် ယဉ်များကြောင့် ကားများ...

(အထက-၁) ဒဂုံရှေ့ကျောင်းရှေ့တွင် ယဉ်စဉ်းကမ်း မလိုက်နာသည့် ယဉ်များကြောင့် ကားများ ပိတ်လျက်ရှိသည်ကို ဇွန်လ ၂ရက် နံနက်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်) ၂ဝ၁၄-၂ဝ၁၅ စာသင်နှစ် ပြန်လည်ဖွင့်လှစ်ပြီးဖြစ်သောကြောင့် ယဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပွားစေရန် ယဉ်ထိန်းရဲများ ချမှတ်ထားသော်လည်း ကျောင်းကားများဖြစ်သောကြောင့် နားလည်မှုဖြင့် အလုပ်လုပ်နေရခြင်းဖြစ်ကြောင်း အလံပြဘုရားလမ်းတွင်နေထိုင်သူ တစ်ဦးက ပြောသည်။ အင်ဒို - မြန်မာ လူကုန်ကူးမှု တားဆီးရေး အလုပ်ရုံဆွေးနွေးပွဲ (အထက-၁) ဒဂုံရှေ့ကျောင်းရှေ့တွင် ယဉ်စဉ်းကမ်း မလိုက်နာသည့် ယဉ်များကြောင့် ကားများ ပိတ်လျက်ရှိသည်ကို ဇွန်လ ၂ရက် နံနက်ပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်) ၂ဝ၁၄-၂ဝ၁၅ စာသင်နှစ် ပြန်လည်ဖွင့်လှစ်ပြီးဖြစ်သောကြောင့် ယဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပွားစေရန် ယဉ်ထိန်းရဲများ ချမှတ်ထားသော်လည်း ကျောင်းကားများဖြစ်သောကြောင့် နားလည်မှုဖြင့် အလုပ်လုပ်နေရခြင်းဖြစ်ကြောင်း အလံပြဘုရားလမ်းတွင်နေထိုင်သူ တစ်ဦးက ပြောသည်။ from Mizzima - News in Burmese's Facebook Wall http://ift.tt/1u7n6mo

ဆက်သွယ်ရေးနည်းဥပဒေ ဇွန်လပထမပတ်အတွင်း အစိုးရအဖွဲ့ရုံးတင်နိုင်အောင် ဆောင်ရွက်မည်...

ဆက်သွယ်ရေးနည်းဥပဒေ ဇွန်လပထမပတ်အတွင်း အစိုးရအဖွဲ့ရုံးတင်နိုင်အောင် ဆောင်ရွက်မည် နည်းပညာဆိုင်ရာ စကားလုံးရှုပ်ထွေးမှုကြောင့် နှောင့်နှေးနေခြင်းဖြစ်သည်ဟု ဆို မောင်မန်း| တနင်္လာနေ့၊ ဇွန် ၂ရက်၊ ၂၀၁၄ခုနှစ်။ ဆက်သွယ်ရေးနည်းဥပဒေကို ဇွန်လ ပထမပတ်အတွင်းတွင် အစိုးရအဖွဲ့ရုံးသို့တင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဥပဒေဆိုင်ရာ အသုံးအနှုန်းများကို မြန်မာနိုင်ငံနှင့် ကိုက်ညီစေရန် ဆောင်ရွက်နေသည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်က ပြောသည်။ ဦးသန်းထွန်းအောင်က“နည်းဥပဒေမှာ နည်းပညာပိုင်းဆိုင်ရာ အရေးအသားပုံစံကို မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ပုံစံဖြစ်ဖို့အတွက် လုပ်ဆောင်နေပါတယ်”ဟု ဆိုသည်။ ဆက်သွယ်ရေးနည်းဥပဒေကို ဆက်သွယ်ရေးဥပဒေပြဋ္ဌာန်းပြီး ရက်ပေါင်း ၉၀ကျော်လာသည်အထိ ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးဘဲ နည်းပညာရပ်များကို ဥပဒေအသုံးအနှုန်းများ ရေးသားရာတွင် ရှုပ်ထွေးမှုများ ရှိနေ သည်ကား အခြားနည်းဥပဒေများနှင့် မတူဘဲ နည်းဥပဒေ ငါးခုခန့် တင်သွင်းရပြီး အများနားလည်လက်ခံ နိုင် မည့် ပုံစံဖြစ်စေရန် အကြံပြုချက်များ ကောက်ခံခဲ့ရခြင်းကြောင့် ယခုကဲ့သို့ နှောင့်နှေးနေခြင်

အင်ဒို - မြန်မာ ဒေသဆိုင်ရာ လူကုန်ကူးမှု တားဆီးရေး အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်...

အင်ဒို - မြန်မာ ဒေသဆိုင်ရာ လူကုန်ကူးမှု တားဆီးရေး အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ အလံပြဘုရားလမ်း Park Royal Hotel တွင် ဇွန်လ ၂ရက် နံနက်ပိုင်းက ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) အင်ဒို - မြန်မာ လူကုန်ကူးမှု တားဆီးရေး အလုပ်ရုံဆွေးနွေးပွဲ အင်ဒို - မြန်မာ ဒေသဆိုင်ရာ လူကုန်ကူးမှု တားဆီးရေး အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ အလံပြဘုရားလမ်း Park Royal Hotel တွင် ဇွန်လ ၂ရက် နံနက်ပိုင်းက ပြုလုပ်ကျင်းပစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ) from Mizzima - News in Burmese's Facebook Wall http://ift.tt/1rB5JfT

" ရန်ရှာပြီး ရဲကင်းကိုပါမီးရှို့သော စစ်ကိုင်းအမှုနေပြည်တော်ရဲဌာနချုပ်မှ တိုက်ရိုက်...

" ရန်ရှာပြီး ရဲကင်းကိုပါမီးရှို့သော စစ်ကိုင်းအမှုနေပြည်တော်ရဲဌာနချုပ်မှ တိုက်ရိုက်ကိုင်တွယ်မည် " ရွာသား ၁ဝ ဦးကျော်က ရဲကို ရန်ရှာပြီး၊ ရဲကင်းကိုပါ မီးရှို့လိုက်သော စစ်ကိုင်းတိုင်း ဒေသကြီး၊ ဗန်းမောက်မြို့နယ်၊ ဟော့ယော ကျေးရွာ တွင်း ဖြစ်ပွားခဲ့ သည့်အမှု ကို နေပြည်တော် ရဲဌာနချုပ်က တိုက်ရိုက်ကိုင်တွယ်မည်ဟု လုံခြုံ ရေးနှင့် မှုခင်းဌာနက ပြောသည်။ ယခုနှစ် မေလ၂၂ရက်နေ့က တရားခံပြေး ကို သွားဖမ်းသော ရဲနှစ်ဦး အား ယင်းရွာသား တို့က ရိုက်နှက်ခဲ့ခြင်း အမှုတစ်ခုဖြစ်ခဲ့ရာ မန်စီကြီး နယ်မြေရဲစခန်းက အဆိုပါအမှုတွင် ပါဝင်သူများအား တာဝန် ဝတ္တရားနှောင့်ယှက်မှု၊ လူစုလူဝေးဖြင့် ရိုက်နှက်မှု၊ မီးရှို့မှု၊ စသည်တို့ဖြင့် အမှုဖွင့်ထားသည့် ထိုအမှုကို စုံစမ်းစစ် ဆေးရေးအဖွဲ့ဖြင့် ဆောင်ရွက်မည် ဟု ထိုဌာနမှ ဒုတိယရဲမှူးကြီးမင်းအောင်က ပြောသည်။ ”အရင်က ဖြစ်ခဲ့တဲ့အမှုတွေက နှစ်ဖက်အခြေအနေတင်းမာနေတဲ့ အခြေအနေကြောင့် ဖြစ်ခဲ့တဲ့အတွက် အကြောင်းရှာလို့ရခဲ့ပါတယ်။ ဒါပေမဲ့ အခုအမှုက နည်းနည်း ဆန်း တယ်”ဟု ၎င်းက ပြောသည်။ ပြီးခဲ့သော စက်တင်ဘာလက လူစုလူဝေး ဖြင့် ရဲအားဝိုင်းရိုက်မှုကို နေပြည်တော် ပုဗ္ဗသီရိ မြို့နယ် ဝဲကြီးကျေးရွာ၌လယ်သမားများ၏ အိမ်များကိုဝင်စီးေ

ဇွန် ၁ မှစ၍ပြည်တွင်းလေကြောင်း လေယာဉ်လက်မှတ်များကို နှစ်လ ကြိုစနစ်ဖြင့် ၀ယ်ယူနိုင...

ဇွန် ၁ မှစ၍ပြည်တွင်းလေကြောင်း လေယာဉ်လက်မှတ်များကို နှစ်လ ကြိုစနစ်ဖြင့် ၀ယ်ယူနိုင် မို့မို့ကြည်| တနင်္လာနေ့၊ ဇွန် ၂ရက်၊ ၂၀၁၄ခုနှစ်။ ပြည်တွင်းလေကြောင်း ဦးစီးဌာန၊ လေယာဉ်လက်မှတ် အရောင်းဌာနက ပြည်တွင်း လေယာဉ်လက်မှတ်များကို ယခင်က တစ်လကြိုဝယ်စနစ်ဖြင့် ရောင်းချပေးခဲ့ရာမှ ဇွန်လ ၁ ရက်မှစကာ နှစ်လ ကြိုဝယ်စနစ်သို့ တိုးမြှင့်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းလေကြောင်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မေလ ၂၉ ရက်တွင် မဇ္ဈိမကို ပြောသည်။ “ခရီးသွားပြည်သူတွေ လက်မှတ် ၀ယ်ယူတဲ့အခါမှာ အဆင်ပြေအောင် အရင်က တစ်လပဲကြိုဝယ်လို့ရတဲ့ စနစ်ကနေ အခု နှစ်လကြိုဝယ်လို့ရတဲ့ စနစ်ကိုပြောင်းလဲ ဆောင်ရွက်တာပါ ”ဟု အဆိုပါတာဝန် ရှိသူက ပြောသည်။ အဆိုပါ နှစ်လကြိုစနစ်ကို ၂၀၁၄ခုနှစ် ဇွန်လ ၁ရက်မှ စတင်၍ ၀ယ်ယူခွင့် ရရှိမည်ဖြစ်ပြီး လေယာဉ် လက်မှတ်ခများကိုကြိုတင်ပေးချေရန် လိုအပ်မှု မရှိ ဟုလည်း အထက်ပါ တာဝန်ရှိသူက ပြောသည်။ “အမည်စာရင်းကို အရင်ပေးထားရမှာပါ။ သွားချင်တဲ့ ရက်မတိုင်မီ နှစ်ရက်အလိုမှာ မြန်မာ့လေကြောင်း ကပြန်ပြီးဆက် သွယ်ပေးမှာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောသည်။ “ ဒီစနစ်ကို ကျင့်သုံးတယ်ဆိုပေမယ့် အရင်လုပ်ပေးထားတဲ့ ကြိုရောင်းစနစ်ကိုတော့ ဖျက်ပစ်မှာ
အရည်အသွေးမြင့်မားပြီး ကုန်ကျစရိတ်သက်သာသည့် Kodak CTP & Workflow Solution ပုံနှိပ်စက်ကို မဇ္ဈိမသတင်းစာ အသုံးပြုမည် မဇ္ဈိမနေ့စဉ်သတင်းစာကို ပုံနှိပ်အရည်အသွေး မြင့်မားစွာဖြင့် ထုတ်လုပ်နိုင်ရန် KODAK TRENDSETTER CT စက်အသစ်ကို တပ်ဆင်အသုံးပြုတော့မည်ဟု မြန်မာ့ဈေးကွက်တွင် Kodak ပစ္စည်းများ ဖြန့်ချိနေသော Fujito ကုမ္ပဏီက မေ ၃ from Mizzima - News in Burmese's Facebook Wall http://ift.tt/1hPl6b7

စစ်ပွဲတွင်အကူအညီပေးခဲ့သော အာဖဂန်နစ္စတန် ၅၀၀ ကျော်အား သြစတြေးလျဗီဇာပေး -----------...

စစ်ပွဲတွင်အကူအညီပေးခဲ့သော အာဖဂန်နစ္စတန် ၅၀၀ ကျော်အား သြစတြေးလျဗီဇာပေး -------------- ဆစ်ဒနီ- သြစတြေးလျအစိုးရသည် အာဖဂန်နစ္စတန်နိုင်ငံစစ်ဆင်ရေးအတွင်း ၎င်း၏တပ်ဖွဲ့ဝင်မျာကို အကူအညီပေးခဲ့သော အာဖဂန်နစ္စတန်နိုင်ငံသား ၅၀၀ ကျော်အား နိုင်ငံရေးခိုလှုံခွင့်ဗီဇာပေးခဲ့သည်ဟု ဇွန်လ ၁ ရက်နေ့တွင်ကြေညာသည်။ သတင်းအပြည့်အစုံ... http://ift.tt/1nGS2dG from 7Day News Journal's Facebook Wall http://ift.tt/1jLvbp6

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးပွဲတွင် ရဲတပ်ဖွဲ့ဝင်အချို့ နှောင့်ယှက်ဟု NLD ပါတ...

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးပွဲတွင် ရဲတပ်ဖွဲ့ဝင်အချို့ နှောင့်ယှက်ဟု NLD ပါတီပြော ကလေး၊ ဇွန် ၁ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးပွဲ၌ ရဲတပ်ဖွဲ့ဝင်အချို့က စောင့်ကြည့်မှုနှင့် နှောင့်ယှက်မှုများ ရှိခဲ့ကြောင်း ဦးဆောင် ကျင်းပသည့် ယင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များက ပြောကြားသည်။ “မေလ ၂၈ ရက်နေ့က ရုံးမှာ လက်မှတ်လာထိုးတဲ့ သူတွေကို စောင့်ကြည့်မှုတွေ လုပ်တယ်။ နောက်ပြီး ရုံးမလာနိုင်တဲ့ သူတွေအတွက် စီစဉ်ပေးထားတဲ့ စာအုပ်တွေ ယူသွားတဲ့ သူတွေကိုလည်း စစ်ဆေး မေးမြန်းမှုတွေ လုပ်တယ်။ နန်းဖာလုံဈေးမှာ ဈေးရောင်းရင်း လက်မှတ်မထိုးရတဲ့ သူတွေ ထိုးဖို့ စာအုပ်ယူခဲ့တာ။ ရဲက ဈေးထဲမှာ အော်ကြီးဟစ်ကျယ် မေးမြန်းတာတွေ လုပ်တော့ လက်မှတ်ထိုးမယ့် သူအချို့ မထိုးရဲတော့ဘူး” ဟု နန်းဖာလုံဈေးတွင် ဈေးရောင်းချသည့် NLD ပါတီဝင်တစ်ဦးက ၎င်းကြုံတွေ့ရသည်ကို ပြောဆိုသည်။ ယင်းနေ့က ရပ်ကွက်အတွင်း လက်မှတ်ထိုးရန် စာအုပ် ယူဆောင်သွားသူ ၁၀ ဦးခန့်ရှိရာ ၎င်းတို့အားလုံး စစ်ဆေး မေးမြန်းမှုများနှင့် ကြုံခဲ့ရသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ပေးရ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာ လွှတ်တော်တွင် ဆွေးနွေးရန် မလိုသေးဟုဆို နေပြည်တော...

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာ လွှတ်တော်တွင် ဆွေးနွေးရန် မလိုသေးဟုဆို နေပြည်တော်၊ မေ ၃၀ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်တွင် မေလနောက်ဆုံးပတ် အတွင်းက စတင်ဖြစ်ပွားနေသော နှစ်နိုင်ငံ အပြန်အလှန် ပစ်ခတ်မှုများကို လွှတ်တော်တွင် ထည့်သွင်း ဆွေးနွေးရန် မလိုအပ်သေးကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့ထံမှ သိရသည်။ လက်ရှိ နှစ်နိုင်ငံအကြား ဖြစ်ပွားနေသော အငြင်းပွားဖွယ် ကိစ္စများကို သက်ဆိုင်ရာ အစိုးရများက သံတမန် နည်းလမ်းအရသာ ငြိမ်းချမ်းစွာ ဖြေရှင်းလိုကြောင်း ပြောကြားထားသည့်အတွက် လွှတ်တော်အတွင်း ဆွေးနွေး မေးမြန်းမှုများ ပြုလုပ်ပါက မလိုအပ်ဘဲ ပြဿနာကို အကျယ်ချဲ့မှုမျိုး ဖြစ်စေနိုင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားသည်။ ပစ်ခတ် တိုက်ခိုက်မှုများ ကြုံတွေ့လာလျှင် စစ်၏ သဘောတရားအရ ချက်ခြင်း ပြန်တုံ့ပြန်ရလေ့ ရှိသော်လည်း ရခိုင်ပြည်နယ် နယ်ခြားစည်းမျဉ်းအနီး ဖြစ်ပွားသော ပြဿနာမှာ လုံခြုံရေးတပ်ဖွဲ့နှင့် ဘင်္ဂါလီ လက်နက်ကိုင်အဖွဲ့ (RSO) တို့အကြား ပြဿနာသာ ဖြစ်ကြောင်း၊ ပဋိပက္ခ အရိပ်အယောင်ကြောင့် တစ်ဖက်နိုင်ငံက စစ်ရေးအင်အား ထုတ်ဖော်ပြသမှုမျိုး ပြုလုပ်လျှင် မိမိနိုင်ငံကလည်း စစ်ရေးအင

ရှမ်း (မြောက်) နှင့် ကချင်ရှိ စစ်ရှောင်ဒုက္ခသည်များကို ရွှေပါရမီ ကျန်းမာရေးဖောင်ဒေ...

ရှမ်း (မြောက်) နှင့် ကချင်ရှိ စစ်ရှောင်ဒုက္ခသည်များကို ရွှေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်း သွားရောက်ဆေးကု ရန်ကုန်၊ ဇွန် ၁ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အချို့အကြား တိုက်ပွဲများကြောင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ကချင်ပြည်နယ်အတွင်း ပျံ့နှံ့ ရောက်ရှိနေသော စစ်ရှောင်ဒုက္ခသည်များကို ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်းက ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် သွားရောက် ဆေးကုသပေးနေကြောင်း ရွှေပါရမီဆရာတော် အရှင်ဆန္ဒာဓိကက မိန့်ကြားသည်။ အဆိုပါ ဒေသများသို့ တတိယအကြိမ်အဖြစ် သွားရောက်သည့် ရွှေပါရမီ ကျန်းမာရေး ဖောင်ဒေးရှင်း၏ ခရီးစဉ်တွင် နမ့်ခမ်းမြို့၌ အခြေပြု၍ မေလ ၃၀ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ရန်ကုန်မြို့မှ ပါမောက္ခ ဆရာဝန်ကြီးများ အပါအဝင် ဆရာဝန်ဦးရေ တစ်ရာကျော်၊ လုပ်အားဒါန အကူ ၃၀၀ ကျော်ဖြင့် အထွေထွေရောဂါများကို သွားရောက် ကုသပေးခြင်း ဖြစ်ကြောင်း ဆရာတော်က ထပ်လောင်း မိန့်ကြားသည်။ “ခွဲစိတ်ကုသဖို့လိုတဲ့ ဝေဒနာရှင်တွေကိုလည်း ချက်ချင်း ကုသပေးနိုင်အောင် စီစဉ်ထားတယ်။ အချို့ရောဂါကြီးရင်လည်း ဆက်ပြီးတော့ ကုသနိုင်ဖို့ စီစဉ်ပေးပါတယ်” ဟု ရွှေပါရမီဆရာတော်က ရှင်းပြသည်။ သုံးရက်ကြာ ကျန်းမာရေး စောင့်ရှောက်မှု ခရီးစဉ်အတွင်း နမ

မြစ်သားမြို့ မင်္ဂလာဆောင်တွင် ဧည့်ခံသောဒန်ပေါက်မှ အစာအဆိပ်သင့်မှု လူပေါင်း ၁၅၂ ဦး...

မြစ်သားမြို့ မင်္ဂလာဆောင်တွင် ဧည့်ခံသောဒန်ပေါက်မှ အစာအဆိပ်သင့်မှု လူပေါင်း ၁၅၂ ဦး ဆေးရုံရောက် မျိုးသန့်| တနင်္လာနေ့၊ ဇွန် ၂ရက်၊ ၂၀၁၄ခုနှစ်။ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်ရှိ ငါးဆူကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် မေ ၃၁ ရက်က မင်္ဂလာပွဲတွင် ဧည်ခံသည့်အနေဖြင့် ဒန်ပေါက်နှင့်ဧည့်ခံကျွေးမွေးရာမှ အစာဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၅၂ ယောက် ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း မြစ်သားမြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ဇွန်လ ၁ ရက်တွင် မဇ္ဈိမကို ပြောသည်။ ဖြစ်စဉ်မှာ ဧည့်ခံပွဲသို့လာရောက်သည့် ပရိသတ်များကို ဧည့်ခံကျွေးမွေးသည့် ဒန်ပေါက်ကို စားမိသူများသည် အော့အန်ခြင်း၊ ၀မ်းလျှောခြင်း၊ ၀မ်းပျက်ခြင်း၊ ပျို့အန်ခြင်းများဖြစ်ပွားခဲ့သဖြင့် မြစ်သားမြို့ နယ်ရဲတပ်ဖွဲ့မှ ကူမဲမြို့နယ် တိုက်နယ်ဆေးရုံ၊ မြစ်သားမြို့နယ် ပြည့်သူဆေးရုံတို့ထံ ဆေးဝါးကုသရန် ပို့ဆောင်ပေးခဲ့သည်။ “ဘာကြောင့်ဖြစ်လဲဆိုတာကတော့ မသိသေးဘူး။ ကျန်းမာရေးဦးစီးဌာနက စစ်ဆေးနေတယ်။ သေဆုံးမှုလည်း လုံးဝ မရှိပါဘူး ” ဟု ယင်းက ဆက်ပြောသည်။ လက်ရှိအချိန်တွင် မြစ်သားမြို့နယ် ဆေးရုံတွင် ၇၂ဦး၊ ကူမဲတိုက်နယ်ဆေးရုံတွင် ၃၂ ဦးကို ကုသမှုပေးခဲ့ရကြောင်း

ဝန်ကြီးချုပ်အိမ်မီးလောင်မှု တရားစွဲဆိုနိုင်ရန် ရက်ပေါင်း လေးဆယ်ကျော်ကြာမှ မြို့နယ...

ဝန်ကြီးချုပ်အိမ်မီးလောင်မှု တရားစွဲဆိုနိုင်ရန် ရက်ပေါင်း လေးဆယ်ကျော်ကြာမှ မြို့နယ်ဥပဒေရုံးသို့ တင်ပြထား မျိုးသန့်| တနင်္လာနေ့၊ ဇွန် ၂ရက်၊ ၂၀၁၄ခုနှစ်။ မန္တလေးတိုင်း၊ ၀န်ကြီးချုပ်ဦးရဲမြင့်နေအိမ် ဧပြီလ ၁၉ရက်က မီးလောင်ကျွမ်းခဲ့ခြင်းကို ရဲတပ်ဖွဲ့က တရားစွဲဆိုရန် ရက်ပေါင်း လေးဆယ်ကျော်ကြာမြင့်ပြီး မေ ၃၁ ရက်တွင် မြို့နယ်ဥပဒေရုံးထံသို့ တင်ပြထားကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံး ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး ဦးစိန်ထွန်းက ဇွန်၁ရက်တွင် မဇ္ဈိမကို ပြောသည်။ “ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ဆေးပေါ်ပေါက်ချက်တွေကို မြို့နယ်ဥပဒေရုံးကို တင်ပြထားပါတယ်။ အဲဒီက အကြံပြုချက် တွေကျလာပြီးမှ တရားစွဲဆိုဖို့ကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်၊ ဥပဒေရုံးကို မနေ့က မေ ၃၁ရက်က တင်ပြထားပါတယ်” ဟု ဒု-ရဲမှူးကြီးက ပြောသည်။ မန္တလေးမြို့ ၆၅လမ်း ၂၃-၂၄လမ်း ကြားရှိ မန္တလေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးရဲမြင့်နေထိုင်သော ၀င်း အတွင်းတွင် ဧပြီလ၁၉ရက် ည၈နာရီခွဲခန့်က မီးလောင်ကျွမ်းခဲ့သည်။ ဧပြီလ၂၂ ရက်တွင် အောင်မြေသာ စံမြို့နယ် အမှတ်(၁)ရဲစခန်းက အဆိုပါ မီးလောင်ကျွမ်းသည့်နေရာရှိ အိမ်ထောင်ဦးစီးဖြစ်သူ ဖြေရှင်းပေး ရန် ပြစ်မှု ပုဒ်မ၂၈၅အရအမှုဖွင့်ခဲ့သည

ကျောင်းဖွင့်ချိန် ရောက်သော်လည်း အခြေခံပညာကျောင်းအချို့ ပြဋ္ဌာန်းစာအုပ် မလုံလောက်သေ...

ကျောင်းဖွင့်ချိန် ရောက်သော်လည်း အခြေခံပညာကျောင်းအချို့ ပြဋ္ဌာန်းစာအုပ် မလုံလောက်သေး ရန်ကုန်၊ ဇွန် ၁ ၂၀၁၄-၂၀၁၅ ပညာသင်နှစ် စတင်ပြီ ဖြစ်သော်လည်း ရန်ကုန်တိုင်းဒေသကြီး အပါအဝင် နိုင်ငံတစ်ဝန်း အခြေခံပညာ ကျောင်းအချို့တွင် ပြဋ္ဌာန်းစာအုပ်များ လုံလောက်စွာ မပေးနိုင်သေးကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ လမ်းပန်းဆက်သွယ်ရေး လွယ်ကူသော ရန်ကုန်မြို့လယ်ရှိ မူလတန်းနှင့် အလယ်တန်းအဆင့် အခြေခံပညာကျောင်း အချို့တွင်ပင် ပြဋ္ဌာန်းစာအုပ်များ လိုအပ်နေသေးကြောင်း အမည်မဖော်လိုသူ ကျောင်းအုပ်ဆရာကြီးတစ်ဦးက The Voice သို့ ပြောကြားသည်။ ပညာရေးဝန်ကြီးဌာန လက်အောက် အခြေခံပညာကျောင်းများသည် ဇွန်လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။ “ကျောင်းသား သုံးရာလောက် ရှိတဲ့ ကျောင်းကို ၁၂ ဦးစာပဲ ဖတ်စာအုပ်တွေ လာပေးထားတယ်” ဟု အဆိုပါ ကျောင်းအုပ်ဆရာကြီးက ဆက်လက် ပြောကြားသည်။ ရန်ကုန်မြို့တော်တွင် ယင်းအခြေခံပညာကျောင်းနည်းတူ ပြဋ္ဌာန်းစာအုပ် မလုံလောက်သော ကျောင်းအချို့ရှိကြောင်း ၎င်းကဆိုသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနသို့ ဆက်သွယ်မေးမြန်းရာ ဝေးလံသော ဒေသများရှိ အခြေခံပညာကျောင်းများကို ကျောင်းဖွင့်ရာသီအမ

ဧရာဝတီသတင်းဌာနမှ သတင်းထောက် ပိုင်နက်ကျူးလွန်မှုဖြင့် အမှုဖွင့်ခံရ ရန်ကုန်၊ ဇွန်လ...

ဧရာဝတီသတင်းဌာနမှ သတင်းထောက် ပိုင်နက်ကျူးလွန်မှုဖြင့် အမှုဖွင့်ခံရ ရန်ကုန်၊ ဇွန်လ ၁ ဧရာဝတီမြစ်ဝကျွန်းပေါ် သတင်းများကို ဦးစားပေး ဖော်ပြနေသော ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် တစ်ဦးဖြစ်သော ဦးကျော်ထွန်းကို ကို လှိုင်သာယာမြို့နယ် ခြေမြန်တပ်ရင်း (၅၃၂) က ပိုင်နက်ကျူးလွန်မှု (ပုဒ်မ ၄၄၇) ဖြင့် ဇွန်လ နံနက် ၁၂ နာရီတွင် အမှုဖွင့်ထားကြောင်း ကာယကံရှင်က The Voice သို့ ပြောကြားသည်။ ခြေမြန်တပ်ရင်း အမှတ် (၅၃၂) တပ်ပိုင်မြေပေါ်တွင် အငှားချကာ လုပ်ကိုင်နေသော လယ်ယာမြေပေါ်ရှိ အိမ်ကို အကြမ်းဖက် ဖျက်ဆီးမည်ဟု ကြားရသဖြင့် မေလ ၃၁ ရက်၌ အဆိုပါ အိမ်တွင် စောင့်ဆိုင်းနေစဉ် ည ၈ နာရီခန့်တွင် ခြေမြန်တပ်ရင်း အမှတ် (၅၃၂) မှ သံတုတ်များ၊ ဓားများဖြင့် အရပ်ဝတ် လူအင်အား သုံးဆယ်ခန့် အိမ်ကို ဝိုင်းလာသဖြင့် ဓာတ်ပုံရိုက်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ သို့သော် ဓာတ်ပုံရိုက်ကူးသည့် အတွက်ဟု ဆိုကာ ၎င်းကိုင်ဆောင်သည့် Nikon အမျိုးအစား ကင်မရာကို လုယူကာ အိမ်အောက်သို့ ဆွဲချပြီး လူသုံးဦးခန့်က ဝိုင်းထိုးကာ လူငါးဦးက ဆိုင်ကယ်ဖြင့် ခြေမြန်တပ်ရင်း အမှတ် (၅၃၂) သို့ ခေါ်ဆောင်သွားကြောင်း၊ ၎င်း၏ အိတ်အတွင်းမှ ပစ္စည်းများကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ပြီး လှိုင်သာယြာ

နိုင်ငံရေး အကျင့်ပျက်ခြစားမှုကို တရားဝင် ခွင့်ပြုတော့မှာလား ယခုနှစ်အတွင်း ၂၀၁၅...

နိုင်ငံရေး အကျင့်ပျက်ခြစားမှုကို တရားဝင် ခွင့်ပြုတော့မှာလား ယခုနှစ်အတွင်း ၂၀၁၅ ခုနှစ် ပြည်လုံးကျွတ် ရွေးကောက်ပွဲအတွက် အကြိုအားစမ်းပွဲဟု ဆိုနေကြသည့် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ရန်ရှိနေပြီး ယင်းနှင့်ဆက်စပ်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မေလအတွင်း ညွှန်ကြားချက်၊ ထုတ်ပြန်ချက်များသည် ရွေးကောက်ပွဲ လွတ်လပ်မျှတရေးအတွက် စိုးရိမ်စရာများ ဖြစ်လာကြောင်း သုံးသပ်မှုများ ရှိနေသည်။ ရွေးကောက်ပွဲ ကော်မရှင်က ပထမဆုံး အနေဖြင့် ပါတီများကို ကန့်သတ်သည့် ညွှန်ကြားချက် မူကြမ်းတစ်စောင် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ညွှန်ကြားချက်မူကြမ်းတွင် မဲဆွယ်စည်းရုံးခွင့် ရက်ပေါင်း ၃၀ သာ ခွင့်ပြုခြင်း၊ ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်ဖြင့်သာ အခြားသူက ကူညီမဲဆွယ် ဟောပြောခွင့်ရမည်ဖြစ်ခြင်း၊ ရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်ဖြင့်သာ မီဒီယာများမှတစ်ဆင့် စည်းရုံးဟောပြောခွင့် စသည့်အချက်များ ပါဝင်ခဲ့သည်။ ယင်းကဲ့သို့ ညွှန်ကြားချက် ထုတ်ပြန်နိုင်ရန် စီစဉ်ခြင်းအပေါ် ဝေဖန်မှုများစွာရှိခဲ့ပြီး ယင်းမှာ ရွေးကောက်ပွဲတွင် လွတ်လပ်စွာမဲဆွယ်ခွင့် ကန့်သတ်လိုခြင်းကြောင့်သာ ဖြစ်ကြောင်းနှင့် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည် ဖွဲ့စည်းပေးရန်

ဇွန်လ ၂ ရက်နေ့ထုတ် Weekly Eleven News Journal မျက်နှာဖုံး #weeklyelevencover

ဇွန်လ ၂ ရက်နေ့ထုတ် Weekly Eleven News Journal မျက်နှာဖုံး #weeklyelevencover from Eleven Media Group's Facebook Wall http://ift.tt/1wRkcVg

ရွေးကောက်ပွဲကော်မရှင်ကြောင့် တိုင်းပြည် မငြိမ်မသက်ဖြစ်လာနိုင်သလား စည်သူအောင်မြင...

ရွေးကောက်ပွဲကော်မရှင်ကြောင့် တိုင်းပြည် မငြိမ်မသက်ဖြစ်လာနိုင်သလား စည်သူအောင်မြင့် အားလုံးသိကြတဲ့အတိုင်း အရင်စစ်အစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြု၊ ၂၀၁၀ မှာ ရွေးကောက်ပွဲ ကျင်းပပြီး အပြောင်းအလဲတစ်ခုကို စတင်ခဲ့ပါတယ်။ အပြောင်းအလဲ ပုံသဏ္ဌာန် ဘယ်လိုပဲရှိပါစေ၊ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဘက်ကို သွေးထွက်သံယို တစ်စုံတစ်ရာမရှိဘဲ ညင်ညင်သာသာ ပြောင်းလာနိုင်တာ၊ နောက်တက်တဲ့ အစိုးရအဖွဲ့ကလည်း နိုင်ငံရေးအရ၊ စီးပွားရေးအရ ဖြေလျော့မှုတွေ လုပ်ခဲ့တာမို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ချီးကျူးကြိုဆိုခဲ့ကြပါတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ လွှတ်တော်နဲ့ အစိုးရအဖွဲ့ဆိုတာ ပေါ်ပေါက်တည်ရှိနေပြီ ဖြစ်ပေမယ့် တကယ့်တကယ် ပြည်သူတွေရဲ့ ဆန္ဒအစစ်အမှန်နဲ့ ရွေးကောက် တင်မြှောက်ထားတာတွေတော့ မဟုတ်ပါဘူး။ အကူးအပြောင်းကာလအတွက် အရင်စစ်အာဏာရှင်တွေက စနစ်တကျဖန်တီးနေရာချသွားသူတွေ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံဟာ ဒီမိုကရေစီခရီးကို နောက်တစ်ဆင့်ရှေ့ဆက် သွားကြရပါလိမ့်မယ်။ အဲဒီအတွက် အရင်စစ်အာဏာရှင်တွေ နေရာချသွားတဲ့ လွှတ်တော်နဲ့ အစိုးရအဖွဲ့နေရာမှာ ပြည်သူတွေ တကယ် ရွေးကောက်တင်မြှောက်သူတွေနဲ့ ဖွဲ့စည်းနိုင်ဖို့ ကြိုးစားကြရပ

တာဝန်ယူဖို့ နှောင့်နှေးနေတယ် အယ်ဒီတာ ခင်ဗျား ကျွန်တော်တို့က ပြီးခဲ့တဲ့ဧပြီလ ၁၂...

တာဝန်ယူဖို့ နှောင့်နှေးနေတယ် အယ်ဒီတာ ခင်ဗျား ကျွန်တော်တို့က ပြီးခဲ့တဲ့ဧပြီလ ၁၂ ရက်၊ နေပြည်တော် အမြန်လမ်းမှာ တောင်ကြီး-ရန်ကုန် ခရီးစဉ်မောင်းနှင်လာတဲ့ တောင်ပြာတန်း Express မီးလောင်လို့ သေခဲ့ရတဲ့သူတွေရဲ့ မိသားစုဝင်တွေပါ။ ကျွန်တော်တို့မှာ သေဆုံးတဲ့သူတွေအတွက် ပူဆွေးသောက ရောက်ရတဲ့အပြင် ရရှိရမယ့် ကရုဏာကြေး ငွေထောက်ပံ့မှုတွေ မရသေးတာကြောင့် လူမှုဒုက္ခများစွာနဲ့ တွေ့ကြုံရင်ဆိုင်နေရတာကို မဇိ္ဈမသတင်းစာကနေ တာဝန်ရှိသူတွေသိအောင် တင်ပြချင်လို့ စာရေးပေးပို့လိုက်ပါတယ်။ အဖြစ်မှန်က တောင်ပြာတန်း Express ကားကြီးက မိုင်တိုင် ၁၁၆ ၂/၃ မှာ ယာဉ်ငယ်တစ်စီးကို နောက်မှ ၀င်တိုက်ပြီး ကားနှစ်စီးစလုံး မီးလောင်ကျွမ်းမှုဖြစ်ခဲ့ရာမှာ Express ကားကြီးမှ ခြောက်ဦးနဲ့ ယာဉ်ငယ်ပေါ်မှ ခြောက်ဦး စုစုပေါင်း ၁၂ ဦး အခင်းဖြစ်နေရာမှာတင် မီးလောင်သေဆုံးခဲ့ရပြီး ဒဏ်ရာရသူများထဲမှ တစ်ဦးလည်း ၁၇-၄-၁၄ ရက်မှာ ထပ်မံသေဆုံးခဲ့ပါတယ်။ ဒီလို ဖြစ်ပျက်ခဲ့တာကို တောင်ပြာတန်းယာဉ်လိုင်းမှ တာဝန်ရှိသူတွေဟာ ယာဉ်လိုင်းတွေအပေါ် မိမိအသက်ကို ယုံကြည်အပ်နှင်းပြီး စီးနင်းလိုက်ပါ အားပေးခဲ့တဲ့ ပြည်သူတွေကို တန်ဖိုးမထားဘဲ ကျန်ရစ်တဲ့ မိသားစုဝင်တွေကို သတင်းမေးဆက်သွယ်ပြီး လူမ

ထိုင်းစစ်တပ်အကြီးအကဲက အစိုးရအိမ်တော်ကို မသုံးဘဲ စစ်တပ်ဌာနချုပ်တွင်သာ ရုံးထိုင်မည...

ထိုင်းစစ်တပ်အကြီးအကဲက အစိုးရအိမ်တော်ကို မသုံးဘဲ စစ်တပ်ဌာနချုပ်တွင်သာ ရုံးထိုင်မည် --------- ဘန်ကောက်- ထိုင်းအာဏာသိမ်းစစ်ကောင်စီဖြစ်သည့် ငြိမ်းချမ်းရေးနှင့်ငြိမ်ဝပ်ပိပြားရေးအမျိုးသားကောင်စီ (NCPO) အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ သည် ကြားဖြတ်အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့သော်လည်း နိုင်ငံတော်အာဏာပြယုဂ်ဖြစ်သည့် အစိုးရအိမ်တော်ကိုဌာနချုပ်အဖြစ် အသုံးမပြုဘဲ စစ်တပ်ဌာနချုပ်၌သာအုပ်ချုပ်ရေးလုပ်ငန်းများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းအပြည့်အစုံ... http://ift.tt/1rAMkvM ထိုင်းစစ်တပ်အကြီးအကဲက အစိုးရအိမ်တော်ကို မသုံးဘဲ စစ်တပ်ဌာနချုပ်တွင်သာ ရုံးးထိုင်မည် 7daydaily.com ဘန်ကောက်- ထိုင်းအာဏာသိမ်းစစ်ကောင်စီဖြစ်သည့် ငြိမ်းချမ်းရေးနှင့်ငြိမ်ဝပ်ပိပြားရေးအမျိုးသားကောင်စီ (NCPO) အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ သည် ကြားဖြတ်အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့သော်လည်း နိုင်ငံတော်အာဏာပြယုဂ်ဖြစ်သည့် အစိုးရအိမ်တော်ကိုဌာနချုပ်အဖြစ် အသုံးမပြုဘဲ စစ်တပ်ဌာနချုပ်၌သာအုပ်ချုပ… from 7Day News Journal's Facebook Wall http://ift.tt/1u788Nl

မှတ်သား ဖမ်းဆီးခံရသည့် ယာဉ်၏ ပိုင်ရှင်နှင့် ဂိတ်များသို့ သတိပေးစာ ပေးပို့ ရန်ကု...

မှတ်သား ဖမ်းဆီးခံရသည့် ယာဉ်၏ ပိုင်ရှင်နှင့် ဂိတ်များသို့ သတိပေးစာ ပေးပို့ ရန်ကုန်၊ ဇွန် ၁ ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်းကမ်း ဖောက်ဖျက်မှုကြောင့် မှတ်သား ဖမ်းဆီးခံရသည့် ယာဉ်များအနေနှင့် ဒဏ်ငွေ လာရောက်ဆောင်စေရန် ယာဉ်ပိုင်ရှင်၏ နေအိမ်နှင့် ယာဉ်လိုင်းဂိတ်များသို့ မေလ နောက်ဆုံးပတ်မှ စ၍ သတိပေး အကြောင်းကြားစာများ ပေးပို့လျက် ရှိကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဦးလင်းထွဋ်က ပြောကြားသည်။ “မှတ်သား ဖမ်းဆီးခံရတာကို ယာဉ်ပိုင်ရှင်တိုင်း မသိနိုင်ဘူး။ လတွေ နှစ်တွေကြာမှ လာဆောင်ရင် ဒဏ်ငွေ ပမာဏက များသွားတယ်။ တချို့ လိုင်းကားတွေဆို ခရီးစဉ် တစ်ခုတည်းနဲ့ ပွိုင့် သုံး၊ လေးပွိုင့်က ဖမ်းတာ ခံရတယ်” ဟု ၎င်းကဆိုသည်။ စာပို့ အကြောင်းအကြားရတွင် ခရီးသည်တင် ယာဉ်များကို သက်ဆိုင်ရာ ယာဉ်လိုင်းဂိတ်သို့ အသိပေး အကြောင်းကြားသွားမည် ဖြစ်ပြီး အငှားယာဉ်နှင့် ကိုယ်ပိုင်ယာဉ်များကို ဖမ်းဆီးရမိသည့် ယာဉ်၏ Owner Book ပါ လိပ်စာအတိုင်း အကြောင်းကြားသွားမည် ဖြစ်ကြောင်း အဆိုပါ ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲအုပ် ဦးအောင်မျိုးလွင်က ပြောကြားသည်။ “ဥပမာ ပါရမီ၊ အဓိပတိယာဉ်ရဲ့ မှတ်သား ဖမ်းဆီးခံရတဲ့ ကားစာရင်းတွေ စုပြီး သူတို့ရုံး

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှု ပြည်ခိုင်ဖြိုးအမတ်များ လက်မှတ်မထိုး ရွှေရည်ဝင်းထ...

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှု ပြည်ခိုင်ဖြိုးအမတ်များ လက်မှတ်မထိုး ရွှေရည်ဝင်းထက်| တနင်္လာနေ့၊ ဇွန် ၂ရက်၊ ၂၀၁၄ခုနှစ်။ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ထောက်ခံလက်မှတ်ရေးထိုးပြီးသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၃၀ ကျော်တွင် ပြည်ခိုင်ဖြိုးအမတ်များ မပါဝင်ဟု နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မဇ္ဈိမကို ပြောသည်။ “ပြည်ခိုင်ဖြိုးဘက်က ပါဝင်ပူးပေါင်းတာမရှိပါဘူး” ဟု ၎င်းက ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်း/ပွင့်တို့ ပူးပေါင်းလုပ်ဆောင်နေသော လက်မှတ်ရေးထိုးခြင်းကို မေ ၂၇ရက်မှ စတင်ခဲ့ပြီး တစ်ရက်တည်းတွင် ထောက်ခံလက်မှတ် ရေးထိုးသော လွှတ်တော်ကိုယ်စားလှယ် ၃၀ ကျော်သာရှိသေးသည်ဟု နေပြည်တော်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမင်းသူက မဇ္ဈိမကို အတည်ပြုပြောသည်။ ယင်းတို့ထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီအချို့မှ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည်ဟု ဆိုသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၁၂ မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက “ကျွန်တော်က ဘာဖြစ်လို့ သွားထိုးရမှ