Skip to main content

ဇွန် ၁ မှစ၍ပြည်တွင်းလေကြောင်း လေယာဉ်လက်မှတ်များကို နှစ်လ ကြိုစနစ်ဖြင့် ၀ယ်ယူနိုင...



ဇွန် ၁ မှစ၍ပြည်တွင်းလေကြောင်း လေယာဉ်လက်မှတ်များကို နှစ်လ ကြိုစနစ်ဖြင့် ၀ယ်ယူနိုင်



မို့မို့ကြည်| တနင်္လာနေ့၊ ဇွန် ၂ရက်၊ ၂၀၁၄ခုနှစ်။



ပြည်တွင်းလေကြောင်း ဦးစီးဌာန၊ လေယာဉ်လက်မှတ် အရောင်းဌာနက ပြည်တွင်း လေယာဉ်လက်မှတ်များကို ယခင်က တစ်လကြိုဝယ်စနစ်ဖြင့် ရောင်းချပေးခဲ့ရာမှ ဇွန်လ ၁ ရက်မှစကာ နှစ်လ ကြိုဝယ်စနစ်သို့ တိုးမြှင့်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းလေကြောင်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက မေလ ၂၉ ရက်တွင် မဇ္ဈိမကို ပြောသည်။



“ခရီးသွားပြည်သူတွေ လက်မှတ် ၀ယ်ယူတဲ့အခါမှာ အဆင်ပြေအောင် အရင်က တစ်လပဲကြိုဝယ်လို့ရတဲ့ စနစ်ကနေ အခု နှစ်လကြိုဝယ်လို့ရတဲ့ စနစ်ကိုပြောင်းလဲ ဆောင်ရွက်တာပါ ”ဟု အဆိုပါတာဝန် ရှိသူက ပြောသည်။



အဆိုပါ နှစ်လကြိုစနစ်ကို ၂၀၁၄ခုနှစ် ဇွန်လ ၁ရက်မှ စတင်၍ ၀ယ်ယူခွင့် ရရှိမည်ဖြစ်ပြီး လေယာဉ် လက်မှတ်ခများကိုကြိုတင်ပေးချေရန် လိုအပ်မှု မရှိ ဟုလည်း အထက်ပါ တာဝန်ရှိသူက ပြောသည်။



“အမည်စာရင်းကို အရင်ပေးထားရမှာပါ။ သွားချင်တဲ့ ရက်မတိုင်မီ နှစ်ရက်အလိုမှာ မြန်မာ့လေကြောင်း ကပြန်ပြီးဆက် သွယ်ပေးမှာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောသည်။



“ ဒီစနစ်ကို ကျင့်သုံးတယ်ဆိုပေမယ့် အရင်လုပ်ပေးထားတဲ့ ကြိုရောင်းစနစ်ကိုတော့ ဖျက်ပစ်မှာ မဟုတ်ပါ ဘူး။ အရင်ကလိုပဲ ၀ယ်လို့ရမှာပါ ” ဟုလည်း ၎င်းက ပြောသည်။



လက်ရှိအချိန်တွင် မြန်မာ့လေကြောင်းက ပြည်တွင်းခရီးစဉ်များအဖြစ် နေပြည်တော်၊ မနလး၊ ဟုမ္မလင်း၊ ကလေး၊ လွိုင်ကော်၊ ဟဲဟိုး၊ မိုင်းဆတ်၊ ကျိုင်းတုံ၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ သံတွဲ၊ ကျောက်ဖြူ၊ စစ် တွေ၊ မြစ်ကြီးနား၊ ခန္တီး၊ မော်လမြိုင်၊ ဗန်းမော်၊ ပူတာအို၊ မုံရွာ၊ လားရှိုး၊ တာချီလိတ်၊ ဘုတ်ပြင်း၊ သံတွဲ၊အမ်း၊ စစ်တွေ စသည့်ဒေသများသို့ သတ်မှတ်ထားသည့် နေ့အလိုက် ပြေးဆွဲပေးလျက်ရှိသည်ဟု ရန်ကုန်မြို့၊ကမ်းနားလမ်း ရှိ လေယာဉ်လက်မှတ် အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

from Mizzima - News in Burmese's Facebook Wall http://ift.tt/1gWx47y

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...