Skip to main content

Posts

Showing posts from January 1, 2015

အမေရိကန်တွင် ကင်ဆာကြောင့် သေဆုံးမှုနှူန်းကျဆင်း၊ ၁ ဒသမ ၅ သန်းခန့် ကို အသက်ကယ်နိုင်

ကျန်းမာရေး၊ ဇန် (၁) သမန်းကျား လွန်ခဲ့သော ဆယ်စုနှစ် နှစ်စုအတွင်း အမေရိကန်ပြည်ထောင်စုတွင် ကင်ဆာအမျိုးမျိုးကြောင့် သေဆုံး သည့်နှူန်း ကို လျော့ချနိုင်ခဲ့သည့်အတွက် အနှစ် ၂၀ အတွင်း အသက်ပေါင်း ၁ ဒသမ ၅ သန်း ထက်မနဲ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ ၁၉၉၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ကင်ဆာအမျိုးမျိုးကြောင့် သေဆုံးမှုကို ၂၂ ရာခိုင်နှူန်း လျော့ချနိုင် ခဲ့ကြောင်း၊ သို့ သော် ယင်းသို့ လျော့ချခဲ့နိုင်ခြင်းသည် အမေရိကန်ပြည်ထောင်စုတ၀ှမ်းလုံးတွင် အချိုးအစားတူညီစွာ ဖြစ်ပေါ် နေခြင်း မဟုတ်ကြောင်း၊ အမျိုးသားများ၏ အသက်ကို ကယ်တင်ရာတွင် အောင်မြင်မှုပိုရရှိခဲ့ကြောင်း၊ ထို့ အပြင် အမေရိကန်ပြည်ထောင်စု တောင်ပိုင်းတွင် ကင်ဆာသေဆုံးမှုလျော့ကျမှု အနဲဆုံးဖြစ်ပေါ်ခဲ့ကြေင်း၊ အရှေ့  မြောက်ပိုင်း ဒေသတများတွင်မူ ကင်ဆာသေဆုံးမှုမှာ သိသာထင်ရှားစွာ လျော့ကျခဲ့ကြောင်း၊ မည်သို့ ပင် ဆိုစေ၊ လူဖြူနှင့်လူမည်းနှိုင်းယှဉ်လျင် လူမည်းများက ကင်ဆာကို ခံနိုင်ရည်နဲပါးကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စုတွင် ၂၀၁၅ ခုနှစ်အတွင်း ကင်ဆာဖြစ်ပွားသူအသစ် ၁ ဒသမ ၆၅ ဦးရှိမည်ဖြစ်ပြီး ၄င်းတို့  အနက် ၅၉၀၀၀၀ ဦးမှာ သေဆုံးမည်ဖြစ်သည်။ ဖော်ပြပါနှူန်းအတိုင်းဆိုလျင် တစ်ရက်လျှင်