Skip to main content

Posts

Showing posts from February 27, 2015

သတိပြုကာကွယ် ပဋိဇီဝဆေး ယဉ်ပါးမှုအန္တရာယ်

ယနေ့ကမ္ဘာပေါ်တွင် ပဋိဇီဝဆေးကို ပုံစံ အမျိုးမျိုးဖြင့် အသုံးပြုနေကြပါသည်။ လူထု ဆေးပညာတွင်သာမက တိရစ္ဆာန်မွေးမြူရေး နှင့် တိရစ္ဆာန်ဆေးပညာတွင်လည်း တွင်တွင်ကျယ်ကျယ် အသုံးပြုလျက် ရှိသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နောက်ဆုံး ထွက်ရှိသည့် ပဋိဇီဝဆေးများကို ဈေးကွက်တွင် အလွယ်တကူ ရရှိနိုင်ပေသည်။ နေမကောင်းဖြစ်ပါက ဆေးခန်းသွားပြီး ဆရာဝန်ဆီ ပြသရန် ဝန်လေးတတ်သည်မှာ လူ့မနောပင်ဖြစ်တော့သည်။ လမ်းဘေးမှ ဆေးဆိုင်မှာ အလွယ်တကူပင် ဝယ်ယူတတ် ကြသည်။ ဆေးသက်တမ်းလည်းမကြည့်၊ မည်သည့်ဆေး ပေးလိုက်မှန်း မသိကြဘဲ မနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ်၊ အိပ်ရာဝင်ခါနီး တစ်ကြိမ်သောက် ဆိုပြီးသာသိကြ၏။ ကိစ္စများမြောင်လူတို့ဘောင်တွင် စားဝတ်နေရေးအတွက် လုံးပန်းနေကြရင်း ပဋိဇီဝဆေး၏ ခုခံနိုင်စွမ်းအား များပြားလာမှုကို သတိမပြုမိကြပေ။ စာရေးသူသည် ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်၌ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၃ ခုနှစ်အထိ Faculty of Veterinary Medicine တွင် ပဋိဇီဝဆေးခုခံနိုင်မှုနှင့်ပတ်သက်၍ တိရစ္ဆာန် ဆေးပညာဆိုင်ရာ ပြည်သူ့ကျန်းမာရေးဘာသာဖြင့် မဟာဘွဲ့ရရှိခဲ့ပါသည်။ ထို့ကြောင့် ပြည်သူများ ပဋိဇီဝဆေး ခုခံနိုင်မှုနှင့်ပတ်သက်၍ သိရှိစေရန်အတွက် ရေးသားတင်ပြလိုက်ရပါသည်။ ဗိုင

ပိုးမွှားအများဆုံးရှင်သန်တတ်သည့် ပိုက်ဆံအိတ်

ပိုက်ဆံများကို သွင်းလိုက် ထုတ်လိုက်လုပ်နေရသော နေ့စဉ် သုံးပိုက်ဆံအိတ်တွင် လက်များတွင် ကပ်လာသော ရောဂါပိုးမွှားများ ကပ်ငြိနေတတ်သည်။ သိပံ္ပပညာရှင် များ၏အဆိုအရ ပိုက်ဆံများအပေါ် တွင် တုပ်ကွေး ရောဂါပိုးမွှားများသည် ပျှမ်းမျှ(၁)နာရီကြာအောင် ကပ်တွယ် နေတတ်ကြသည်ဟု ဖော်ပြထား သည်။ ရောဂါပိုးမွှားအပြင် ဗိုင်းရပ်စ် တို့သည်လည်း နှာခေါင်းပေါက်မှ ထွက်သောနှာရည်မှတစ်ဆင့် ငွေ စက္ကူများပေါ်တွင် (၁၇) ရက်အထိ နေထိုင်နေတတ်ကြသည်။ သို့ဖြစ်၍ မိမိတို့၏ ပိုက်ဆံ အိတ်များကို (၁)ပတ်လျှင် (၁)ကြိမ် ဆေးကြောသန့်စင်ပါ။ မလိုအပ် သည်များကို လွှင့်ပစ်ပါ။ ပိုက်ဆံ အိတ်အတွင်းအပြင်ကို antibacteria ဆေးဖြင့် သန့်စင်ပါ။ အသုံးပြုသော ပစ္စည်းများ ဥပမာ ကဒ်ပြားဟောင်း တစ်သျှူး စက္ကူများ၊ သွားကြားထိုးတံ အစရှိ သည်တို့ကို အပြင်ပတ်ဝန်းကျင်မှ ပိုးမွှားများပါမလာစေရန် အိမ်ထဲသို့ ယူမလာဘဲ စွန့်ပစ်ခဲ့ပါ။ ထူး Health Updates Journal from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1BltTP8

မျက်နှာသစ်ပြီးမှ အိပ်ယာဝင်ပါ

ညဖက် အိပ်တော့မည် ဆိုပါက တစ်နေ့ကုန် လိမ်းထားသော မျက်နှာမှ မိတ်ကပ်များကို ဆေးပြီး အိပ်သင့်ပါသည်။ အချို့က ညဖက်တွင် အိပ်ချင်ဇောဖြင့် မိတ်ကပ်ဖျက်ရန် သွားတိုက်ရန် ပျက်ကွက် တတ်သည်။ မအိပ်မီ မျက်နှာကို ဆေးကြောပြီးမှ အိပ်သည့် အကြောင်းရင်း (၃)ချက် မှာ အိပ်နေစဉ် သဘာဝ ဖြစ်စဉ်အရ ကိုယ်အပူချိန် တက်လာ တတ်သဖြင့် ချွေးပေါက်များ ပွင့်လာတတ်သည်။ ထိုအခါ တစ်နေကုန် လိမ်းထားသော မိတ်ကပ်များက ချွေးပေါက်များထဲသို့ စိမ့်ဝင်ပြီး ပိတ်သွားတတ်ပြီး အတွင်း၌ အဖြူအဆံ၊ အမည်းဆံ ဖြစ်ကာ ပေါက်ထွက် လာတတ်သည်။ ချွေးပေါက် ချေးပိတ်ပြီး အဖုကြီး လာတတ်ရာမှ လွယ်လွယ်ကူကူ ပြန်ပြီး ကျုံ့ဝင်သွားခြင်း မရှိချေ။ အသက် နှင့်အမျှ Collagen လျော့ပါး လာတတ်သဖြင့် ချွေးပေါက်များ ကျယ်လာတတ်ပြီး ချွေးပေါက် ကျယ်လာလေ မိတ်ကပ် စင်အောင် ဖျက်ဖို့ မလွယ်လေ ဖြစ်လာတတ်သည်။ အရေပြား ဆဲလ်များသည် အိပ်ချိန်တွင် မျက်နှာမသစ်ဘဲ အိပ်ပါက အရေပြား ဆဲလ်များ လှုပ်ရှား လည်ပတ်မှုကို ကြန့်ကြာစေပြီး အောက်စီဂျင် စီးမှု ရပ်တန့်လျက် ဆဲလ်သေများ ပို၍ ဖြစ်ပေါ်စေခြင်း၊ အဖုပေါက် တတ်ခြင်းတို့ဖြစ်တတ် လေရာ မအိပ် မီမဖြစ်မနေ မျက်နှာရှိ တစ်နေ့ကုန် အညစ်အကြေးများကို ဆေးကြော ပစ်သင့်သည်။ ဆေးကြောရာတွင်

ဆီး က ပြောပြသော သင့်ကျန်းမာရေးအကြောင်း

ာဏတို့ ကို ထိန်းညှိပေးကာ၊ ပိုလျှံထွက်ရှိလာသော အရည်များ အား ဆီးအိမ်၊ ဆီးပို့ ပြွန်မှ တဆင့် ဆီးအဖြစ်ထွက်ရှိလာခြင်းဖြစ်ပါသည်။ အရွယ်ရောက်သူ တစ်ဦး၏ နေ့ စဉ်ရေသောက်နှုန်းသည် ပျမ်းမျှ ၁-လီတာမျှ သောက်သုံး သင့်ပြီး၊ ဆီးသွားမှု ပမာဏသည် အနဲဆုံး လီတာဝက်ခန့် မှ ၁- လီတာ ထိစွန့် ပစ်ရပါမည်။ ချွေးထွက်များ သောနေ့ တွင်ရေပို မို သောက်ပေးသင့်သည်။ အမျိုးသား၊အမျိုးသမီး၊ကလေး၊လူကြီးအားလုံး၏ ပုံမှန်ဆီးအရောင်သည် ၀ါဖျော့ဖျော့(သို့ ) အ၀ါရောင်ဖြစ်သည်။ (၁)ရေ သောက်နည်း ခြင်း (၂)အစားအစာ (၃)သောက်သုံးသောဆေးဝါးတို့ ကြောင့်လည်း ဆီးအရောင် ယာယီပြောင်းလဲတတ်သည်။ ထိုအကြောင်း(၃)ရပ် ကြောင့် ဆီးအရောင် ၂၄နာရီခန့် ကြာပြောင်းလဲခြင်း သည်ပြသနာမရှိလှသော်လည်း၊ ကျန်းမာရေးတစ်စုံတစ်ရာချို့ ယွင်းမှုကြောင့် *ဆီးအ *ရောင်သိသိသာသာပြောင်းလဲတတ်ပေရာ၊ မိမိကျန်းမာရေးအခြေအနေကို အောက်ပါအကြောင်းအရာတိုြ့ဖင့် သုံးသပ်နိုင်ပါသည်။ (၁) ကျန်းမာရေးကောင်းသူ၏ဆီးအရောင်သည် အနယ်အနှစ်မပါဘဲ ကြည်လင်သောဝါဖျော့ဖျော့ဖြစ်ပြီး၊ ရေသောက်များလေ ဆီးအရောင် ဖျော့လေဖြစ်သည်။ (၂)ဆီးထဲတွင် သွေးပါခြင်းသည် သွေးမတိတ်ရောဂါ၊ ကျောက်ကပ်ကျောက်တည်ခြင်း နှင့်ဆီးအိမ်ကင်ဆာတို့ ဖြင့် ဆက်စပ်နေသည်။ အ

ဆံကေသာ ကျန်းမာရေး အတွက် သင်သိထား သင့်သည်များ

ဆံကေသာ ကျန်းမာရေး အတွက် သင်သိထား သင့်သည်များ ဆံကေသာ လှပကျန်းမာဖို့ရာ အတွက် သင်သိထား သင့်သော အကြောင်း ရင်းတွေကို ရေးသားလိုက်ရပါတယ်။ တစ်နေ့ပျမ်းမျှ ကျွန်သော ဆံပင်အသားအရေ အတွက် ကျွတ်တဲ့ ဆံပင်အရေ အတွက်ဟာ အခြေအနေအကြောင်း ရင်း အမျိုးမျိုးအပေါ် မူတည်နေ ပါတယ်။ ဒါပေမဲ့ ပျမ်းမျှအား ဖြင့် တစ်နေ့မှာ ဆံပင်အရေ အတွက် ၁၀ဝခန့် ကျွတ်နေတယ် လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထား ပါတယ်။ သင့်ခေါင်းမှာ ရှိတဲ့ ဆံပင်အရေအတွက်ရဲ့ ၅ ရာခိုင်နှုန်းခန့်ဟာ ကျွတ်တော့ မယ့် အနေအထားမျိုး ရှိနေကာ ခေါင်းလျှော်တဲ့အခါ ပါလာ တတ်ပါတယ်။ ဗီတာမင် များလွန်းခြင်းနှင့် ဆံကေသာ ကျန်းမာရေး တချို့ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို အလွန်အမင်း သုံးစွဲ တဲ့အခါ ဆံပင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဥပမာ ပြောရရင် ဗီတာမင်အေ ဖြစ်ပါတယ်။ ဗီတာမင်အေက ဆံပင် သားကျန်းမာဖို့အတွက် မရှိမဖြစ်အရေးပါတဲ့ အာဟာရဓာတ် တစ်မျိုးဖြစ်ပေမယ့် ဖြည့်စွက်ဆေးအနေနဲ့ သောက်တဲ့ပမာဏ အလွန်များ လွန်းရင် အဆိပ်အတောက်ဖြစ်စေပြီး ဆံပင်ကျွတ် စေနိုင်ပါတယ်။ အထူးသဖြင့် ဗီတာမင်အေအားဆေးကို ပမာဏ အများကြီး မှီဝဲတဲ့အခါမှာ ဖြစ်တတ် ပါတယ်။ မုန်လာဥနီ၊ ကိုက် လန်၊ ကန်စွန်းဥ၊ ရွှေဖရုံသီး၊ ငရုတ်သီးနဲ့ မက်မွန်သီး

ဆံပင်ကျွတ်စေသော အကြောင်းရင်းများ မှတ်သားထား

အမျိုးသမီးများမှာ ဆံပင်တွေကျွတ်နှုန်းများလာပြီးဆိုလျှင် မိမိစိတ်ကို နှောင့်ယှက်ဖြစ်တွေဖြစ်လာပါတယ်။ ဆံပင်တွေကျွတ်လာပြီဆိုလျှင် ခေါင်းကဆံပင်များကိုပင် ဘီးများဖြင့် ဆံပင်လှပမှု့ ကိုပင် မလုပ်ရဲအောင်ပင်ဖြစ်လာကြောင့် တွေ့ ရှိရပါတယ် ။ ဒီလိုဆံပင်တွေကျွတ်လာခြင်းသည့် ခန္ဓာကိုယ်အတွင်ဟော်မုန်းတွေပြောင်းလဲခြင်း ၊ သူများကောင်းတယ်ဆိုတာနဲ့ ခေါင်းလျှော်ရည် ခေါင်းလိမ်းဆီများကို အသုံးပြု့ မိခြင်း နှင့် အလှပြင်ဆိုင်တွေမှာ ပုံစံတွေပြောင်းလိုက် ကောက်လိုက် ဖြောင့်လိုက် ဆေးအရောင်ပြောင်းလိုက် လုပ်ဆောင်တက်သည့် အချက်တွေပါဝင်ပါသည် ။ မိမိမျိုးရိုးလည်း လိုက်တက်ပါတယ် တစ်ချို့ အသက်ကြီးလာပြီးဆိုလျှင် အမျိုးသား အမျိုးသမီးပါ ဆံပင်တွေကျဲလာမယ် ပါးလာကြပါတယ် ။တစ်ချို့ ဆိုလျှင် ထိပ်တောင်ပြောင်းသည့်အထိဖြစ်လာပါတယ် ဒါလည်း မျိုးရိုးဗီဇကြောင့်လည်း သက်ဆိုင်ပါတယ် ။အဲလိုဖြစ်လာပြီဆိုလျှင် ဆံခြည်မျှင်အိတ်တွေ အားကောင်းအောင် ဆေးကုသမှုတွေခံယူလုပ်ဆောင်ရပါတယ် ။ မိမိခန္ဓာကိုယ်တွင်းထဲမှာ ဟော်မုန်းအမျိုးအစားနှင့် တခြားဓာတုပစ္စည်းအပြောင်အလဲတွေကြောင့် ဆံပင်ကျွတ်ခြင်းဖြစ်နိုင်ပါတယ် ။အဓိကအပိုင်းတွေကတော့ သွေးအားနည်းခြင်း ၊ သိုင်းရွိက်ရောဂါ ( သောက်

မျက်နှာအသားရည်များ မခြောက်သွေ့ စေရန်

မိန်းကလေးများသည့် တစ်နေ့ တာအတွက် မနက်ခင်းမှ စပြီးအသုံးပြု့ ခဲ့သည့် မိတ်ကပ်များ ၊ ခရင်မ်များကို ညပိုင်းရောက်သည့်နှင့် မျက်နှာကိုစင်ကြယ်အောင်သန့် စင်အောင်ပြု့ လုပ်ပြီးမှ အိပ်ယာဝင်သင့်ပါတယ် ။ တစ်ချို့ မိန်းကလေးများတွင် လိမ်းထားသည့်မျက်နှာကို နှမြောပြီး မျက်နှာကို စင်ကြယ်အောင် မလုပ်ဘဲ ဒီအတိုင်းထားခဲ့သည့် ကြိမ်ဖန်များစွာ ရှိလာခဲ့လျှင် မိန်းကလေးများတွင် တင်းတိပ်များ စွဲလာတက်ပါသည် ။ မျက်နှာစင်ကြယ်အောင် ပြု့ လုပ်ပြီး အိပ်ယာဝင်ခြင်းသည့် မိန်းကလေးများတွင် မဟုတ်ဘဲ ယောင်္ကျားလေးများပင် မဖြစ်မနေ လုပ်ဆောင်သင့်သော မျက်နှာသစ်ခြင်းပင်ဖြစ်ပါသည် ။ မျက်နှာမသစ်ခင် မိမိလက်များကိုဆပ်ပြာဖြင့် သန့် ရှင်းအောင် ဆေးကြောပြီးမှသာ မျက်နှာသစ်ခြင်းကို လုပ်ဆောင်ပါ မျက်နှာသစ်သည့်အခါတွင် လက်သည်များနှင့် မျက်နှာသစ်အရေပြားများကို ကုတ်ဖဲ့ခြင်းလုံးဝ မလုပ်ရပါ ။ လက်ချောင်းများနဲ့ သည် မျက်နှာပြင် အရေပြားကို နှိပ်နယ်ခြင်း ပုံစံမျို့ ဖြင့် မျက်နှာပြင်တစ်ခုလုံးကို ညင်သာစွာလုပ်ဆောင်ပါ ။ ထို့ ကဲ့သို့ မျက်နှာသစ်သည့် စနစ်မျိုးကို မလုပ်ဆောင်မိခဲ့ပါက သင့်သည် ယနေ့ မှ စပြီး လုပ်ဆောင်ပါလိုက်ပါ ။ လုပ်ဆောင်ချက်များကြောင့် Dead cells (ဆဲလ်) မ