Skip to main content

Posts

Showing posts from October 25, 2014

ရန်ကုန် စည်ပင် ရွေးကောက်ပွဲ ဦးဝင်းချို ဝင်ပြိုင်မည်

လာမယ့် ဒီဇင်ဘာလကုန်ပိုင်းမှာ ကျင်းပမယ့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ရွေးကောက်ပွဲ မှာ လယ်သမားအရေး ကူညီ ဆောင်ရွက် ပေးနေတဲ့ ဦးဝင်းချိုက အနောက်ပိုင်း ခရိုင်ကိုယ်စားပြု ကော်မတီဝင် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူတွေထံ ပွင့်လင်းမြင်သာစွာ ချပြနိုင်ဖို့အတွက် အခုလို ပါဝင်ယှဉ်ပြိုင်မှာဖြစ်တယ်လို့ ဦးဝင်းချိုက ပြောပါတယ်။ "လက်ရှိအချိန်မှာလည်း မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်တွေ တာဝန်ကျေအောင် ထမ်းဆောင်နေသလား၊ မထမ်းဆောင်သလားဆိုတာကိုလည်း ပြည်သူတွေဘာမှမသိဘူး၊ လုံးဝကို ပွင့်လင်းမြင်သာမှု မရှိတဲ့ဘဝနဲ့နေလာခဲ့ရတဲ့အခါကျတော့ ပြည်သူတွေအနေနဲ့ သိသင့်တယ်လို့ ယူဆတဲ့အတွက် သာမန်ပြည်သူတွေထဲကနေ ရွေးချယ်ခဲ့ရင် ကျနော်တို့ဟာ ပွင့်လင်းမြင်သာပါမယ်၊ တာဝန်ယူမှု တာဝန်ခံမှုရှိစွာနဲ့ အလုပ်လုပ်မယ်ဆိုတာကို ပြချင်လို့ဝင်အရွေးခံပါမယ်" ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးသွင်းထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို ရန်ကုန် မြို့တော်စည်ပင်သာယာ ရေး ကော်မတီက လာမယ့် ၂၉ ရက်နေ့မှာ လူတွေ့စစ်ဆေးမှာဖြစ်ပြီး၊ အဲ့ဒီစစ်ဆေးမှုမှာ ရွေးချယ်ခံရမှသာ စည်ပင်သာ

သတင်းထောက်သေဆုံးမှု အဖွဲ့ ၃ဝ ကျော် သဘောထားထုတ်ဖေါ်မည်

အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သေဆုံး ခဲ့ရတဲ့ အပေါ် နိုင်ငံသား အခွင့်အရေး ချိုးဖေါက်ခံရမူနဲ့ တရားမဲ့ သတ်ဖြတ်အနိုင်ကျင့်ခံရမူအဖြစ် အရပ်ဘက်အဖွဲ့အစည်း ၃ဝ ဝန်းကျင်က ဒီကနေ့ သဘောထားထုတ်ဖေါ်ကြမယ်လို့ သိရပါတယ်။ ကိုပါကြီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အစိုးရစစ်တပ် နဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေအကြား ပစ်ခတ်မှုတွေကို သတင်းလိုက်ယူနေစဉ်အတွင်း ပျောက်ဆုံးသွားခဲ့လို့ လိုက်လံစုံစမ်းရာမှာ စစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ဇနီးဖြစ်သူက ပြောဆိုခဲ့ပြီး၊ လူပျောက်မှုနဲ့ အမှုဖွင့်ခဲ့သလို၊ သတင်းစာရှင်းလင်းပွဲလည်းကျင်းပခဲ့ပါတယ်။ သတင်းမီဒီယာနဲ့ အင်တာနက် လူမှုကွန်ရက်တွေမှာလည်း ဒီသတင်းပျံ့နှံ့သွားခဲ့ပါတယ်။ အဲ့ဒီနောက် စစ်တက်က သတင်းထုတ်ပြန်ခဲ့ရာမှာ ကိုပါကြီးဟာ KKO အဖွဲ့လို့ ခေါ်တဲ့ ဗိုလ်မှူးစောဆန်းအောင်အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီးအဆင့်ရှိကြောင်း၊ စက်တင်ဘာလ ၃ဝ ရက်နေ့က သူ့ကိုဖမ်းမိခဲ့ပြီး ထိန်းသိမ်းထားစဉ်မှာ အောက်တိုဘာလ ၄ ရက်နေ့ညက သေနတ်လုပြီး ထွက်ပြေးဖို့ကြိုးစားခဲ့ရာမှာ ပစ်ခတ်ဖမ်းဆီးရင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့လို့ မြှုပ်နှံ သဂြိုလ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့

ရေဒီယို အစီအစဉ် ရပ်နားခြင်း ရုပ်သံမှတ်တမ်း

ရေဒီယို အစီအစဉ် ရပ်နားခြင်း ရုပ်သံမှတ်တမ်း တင်ဆက် - ကိုမောင် ရိုက်ကူး၊ တည်းဖြတ် - ကိုမောင်၊ ကိုသက် DVB TV News from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1yAlhAs

ကို​ပါ​ကြီး အမှု​မှာ စစ်​တပ်​က ဥပဒေ ချိုး​ဖောက်​ခဲ့​ကြောင်း ဝေဖန်​နေ

ကိုပါကြီး ပစ်သတ် ခံရမှုမှာ အစိုးရ စစ်တပ်ဘက်က တည်ဆဲ ဥပဒေတွေ၊ လုပ်ထုံး လုပ်နည်းတွေကို လျစ်လျူရှုပြီး ဥပဒေမဲ့ လုပ်တယ် လို့ ယူဆထားတဲ့ ကျန်ရစ်သူ မိသားစုက တရားစွဲဖို့ ပြင်ဆင် နေပါတယ်။ ကိုပါကြီးကို ဖမ်းဆီးပြီး ထိန်းသိမ်း ထားခဲ့တဲ့ လုပ်ရပ်တွေမှာ ဥပဒေနဲ့ အညီ သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်တာမျိုး၊ တရားရုံးမှာ ရမန်ရယူတာမျိုး မရှိတဲ့ အပြင်၊ သေဆုံး သွားတဲ့ အခါမှာလည်း သေမှုသေခင်း ဖွင့်ဖို့ ပျက်ကွက်ရုံ သာမက၊ ဆေးရုံမှာ သေဆုံးရတဲ့ အကြောင်းအရင်းနဲ့ စပ်လျှဉ်းပြီး တရားဝင် မှတ်ချက်ချမှု ကို ရယူ ခဲ့ခြင်းလည်း မရှိခဲ့ဘူး လို့ မိသားစုဘက် က ရှေ့နေ လိုက်ပေးမယ့် တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်ဆန်းအောင် က ထောက်ပြပါတယ်။ ရှေ့တန်း စစ်မျက်နှာမှာ မသင်္ကာသူ ဒါမှမဟုတ် သုံ့ပမ်း အနေနဲ့ စစ်တပ်က ဖမ်းဆီး ခဲ့ရင်တောင် လိုအပ်တဲ့ စစ်ကြောမှု မျိုးလုပ်ပြီး၊ သက်ဆိုင်ရာ ခုံရုံးမှာ ဥပဒေကြောင်း အတိုင်း တရားစွဲဆို ရမှာ ဖြစ်ကြောင်းနဲ့၊ တရားလက်လွတ် ပစ်ခတ် သတ်ဖြတ်တာမျိုး မလုပ်ရဘူး ဆိုပြီး ၂၀ဝ၅ ခုနှစ်မှာ စစ်တပ်က အနား ယူထားတဲ့ ဗိုလ်ကြီးနေမျိုးဇင် က ပြောပါတယ်။ ကိုပါကြီး အသတ် ခံရတဲ့ကိစ္စ ကို အမှုမှန် ဖော်ထုတ် ပေးဖို့ သုံးရောင်ခြယ် ကျောင်းသားဟောင်း တွေ၊ ဒ

အီ​ဘို​လာ​နဲ့ ပတ်သက်​ပြီး အမေ​ရိ​ကန် ထိန်း​ချူပ်​မှု ပုံစံ​ကို ဝေဖန်နေ

ဆီရာလီယွန်း နိုင်ငံက အီဘိုလာ ရောဂါသည် တွေကို ပြုစု ကုသမှု ပေးခဲ့တဲ့ အမေရိကန် သူနာပြု ကေစီ ဟစ်အော့ဇ် ဟာ အမေရိကန် နိုင်ငံကို ပြန်လည် ဝင်ရောက် လာတဲ့အခါ၊ သူမကို ၃ ပတ်ကြာ တစ်ယောက်တည်း သီးခြား ခွဲပြီး ထားခံ ခဲ့ရတဲ့ အတွက် အဲဒီ စည်းမျဉ်း အပေါ် ဝေဖန် လိုက်ပါတယ်။ အီဘိုလာ ကူးစက်မှု အကြီးအကျယ် ဖြစ်ပေါ်နေတဲ့ အနောက် အာဖရိက နိုင်ငံတွေ ကနေ အမေရိကန်ကို ဝင်လာကြသူ ဘယ်သူ့ကို မဆို၊ အခုလို သီးခြား ခွဲထားဖို့ စည်းမျဉ်းသစ် တစ်ရပ် အမေရိကန်ရဲ့ နယူးယောက်၊ နယူးဂျာစီနဲ့ အီလီနွိုင်း စတဲ့ ပြည်နယ် ၃ ခုမှာ ပြဌာန်းထားပါတယ်။ သူနာပြု ကေစီ ဟစ်အော့ဇ် ကတော့၊ သူမ ကြုံတွေ့ရတဲ့ သီးသန့် ခွဲခြားခံထား ခဲ့ရတဲ့ အတွေ့အကြုံ ဟာ ထိတ်လန့်ဖို့ ကောင်းတယ် လို့ ပြောပါတယ်။ ဒါ့အပြင် အခုလို တင်းကြပ် မှုကြောင့် အီဘိုလာ ထိန်းချူပ်ရေးမှာ ကူညီဖို့ အနောက် အာဖရိက နိုင်ငံတွေကို သွားရောက် လိုကြတဲ့ အမေရိကန် ဆရာဝန်တွေ၊ သူနာပြုတွေ ကို အဟန့်အတား ဖြစ်စေ နိုင်တယ် လို့လည်း ဝေဖန် ခဲ့ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1xpHj7E အနောက် အာဖရိက နိုင်ငံတွေက လာတဲ့ သူတွေကို အမေရိကန်ထဲ အဝင်မှာ ၃ ပတ်ကြာ တစ်ယောက်တည်း ခွဲထားမယ်။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit

KNLA တပ်သားစောတာနိုကို သတ်ခဲ့သည်ဟု ယူဆရသူအား ခရိုင်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းစစ်ဆေးနေ

အောက်တိုဘာ ၂၅ရက်၊ ၂၀၁၄ခုနှစ်။ ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ) လက်အောက်ခံ တပ်မဟာ(၆) ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNL A)တပ်သား စောတာနိုကို သတ်ခဲ့သူဟု ယူဆရသူ တစ်ဦးကို နယ်ခြားစောင့်တပ်-BGF တာဝန်ရှိသူများက မြ၀တီခရိုင် ရဲတပ်ဖွဲ့ သို့ လွှဲပြောင်း ပေးလိုက်ပြီး စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်။ အောက်တိုဘာ ၇ရက် ည ၇နာရီအချိန်က ယင်းသို့ လွဲပြောင်း ပေးလိုက်ရာတွင် နယ်ခြားစောင့် တပ်အရာရှိများ၊ မြ၀တီရှိ ကေအဲန် ယူ တပ်မဟာ(၇) ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးစောဇောရိုးနှင့် တပ်မဟာ(၆)မှ ဗိုလ်မှူးရန်နိုင်တို့ ပါဝင်ခဲ့သည်ဟု သိရသည်။ အမည်မဖော်လိုသူ နယ်ခြားစောင့်တပ် အရာရှိတစ်ဦးက “သံသယရှိတဲ့ ငါးယောက်ထဲက နှစ်ယောက်ကို ဖော်ထုတ်ရရှိတယ်။ အဲဒီက တစ်ယောက်ဖြစ်တဲ့ ချက်ကြီးဆိုတဲ့သူဟာ ကိုယ်ပိုင်နံပါတ်မရှိဘဲ အရံတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်နေတဲ့အတွက် သက်ဆိုင် တဲ့ အရပ်ဖက်ဥပဒေနဲ့ အရေးယူလို့ရအောင် လွှဲပြောင်းပေးလိုက်တာပါ”ဟု ကေအိုင်စီသို့ ပြောသည်။ စောတာနိုအသတ်ခံမှုနှင့်ပတ်သက်၍ ပြစ်မှုကျုးလွန်သူဟု သံသယရှိသူ BGF အမှတ်(၁၀၂၂)မှ တပ်သာငါးဦးကို သက်ဆိုင်ရာ BGF စုံစမ်းရေးကော်မတီဖွဲ့စည်းကာ စစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် တရားဥပဒေနှင့်အညီ အရေးယူ

အိမ်ဖော်အလုပ်ရမည်ဟု လိမ်လည်၍ ပြည့်တန်ဆာအဖြစ် ခိုင်းစေခဲ့သူ နှစ်ဦးအား အမှုဖွင့် အရေးယူ ဆောင်ရွက်

မုံရွာ အောက်တိုဘာ ၂၅ မုံရွာမြို့ နန္ဒဝန်ရပ် နယ်မြေ(၆)နေ အသက်(၁၆)နှစ် အရွယ် အမျိုးသမီး ငယ်တစ်ဦးကို အိမ်ဖော် အလုပ် ရမည်ဟု သွေးဆောင် စည်းရုံးကာ ပြည့်တန်ဆာ လုပ်ငန်းကို စေခိုင်းခဲ့သူ အမျိုးသမီး နှစ်ဦးအား မုံရွာ မြို့နယ် ရဲစခန်းက လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေဖြင့် အောက်တိုဘာ ၂၃ ရက် ညနေ ၃ နာရီခွဲက အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၉ ရက် ညနေ ၆ နာရီခွဲ တွင် မ---- (၁၆)နှစ်သည် အိမ်နီးချင်း ဒေါ်အေးမြအိမ် သို့ တီဗွီသွားကြည့်စဉ် ဒေါ်အေးမြက ဟုမ္မလင်းမြို့နယ် နမ့်တောတွင် အိမ်ဖော်လုပ်လျှင် တစ်လ ကျပ်ခြောက်သောင်း ရမည်ဟုပြောရာ မိခင်နှင့်တိုင်ပင်၍ သဘောတူကာ ထိုနေ့ ညတွင်းချင်းပင် မစံပယ်နှင့်အတူ ဒေါ်အေးမြပါလိုက်၍ သူမအား ခေါ်ဆောင်သွားခဲ့ကြသည်။ ထိုသို့ခေါ်ဆောင်ရာတွင် ဟုမ္မလင်းသို့မဟုတ်ဘဲ သပိတ်ကျင်းမြို့နယ် ကျည်တောက်ပေါက်ကျေးရွာသို့ခေါ်ဆောင်ကာ ပြည့်တန်ဆာလုပ်ငန်းတွင် အခြားမိန်းမငယ် ၁၄ ဦးနှင့်အတူ လုပ်ကိုင်နေရစဉ် အောက်တိုဘာ ၂၃ ရက်တွင် ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်သူ မစံပယ်အား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ထိုသို့ဖမ်းဆီးမှုများရှိနေသောကြောင့် မစံပယ်၏သား မောင်ရဲလင်းက ဆိုင်ကယ်ဖြင့် မုံရွာသို

ဗျူဟာကျ ဇူးမားမြို့ ကို ကဒ့်တွေ ပြန်သိမ်း

အီရတ် မြောက်ပိုင်း မှာ တပ်စွဲထားတဲ့ ကဒ့် တပ်ဖွဲ့ဝင်တွေ ဟာ အိုင်အက်စ် အစ္စလာမ်မစ် နိုင်ငံ တပ်တွေ သိမ်းပိုက် ထားတဲ့ စစ်ဆင်ရေး အရ ဗျူဟာကျတဲ့ ဇူးမား မြို့ ကို ပြန်လည် သိမ်းပိုက် နိင်တဲ့ အကြောင်း ဘီဘီစီ သတင်းထောက် ဂျုံးဆိုလီ က သတင်း ပေးပို့ လိုက်ပါတယ်။ အခုလို အိုင်အက်စ် တွေ လက်ထဲက နယ်မြေ တွေ ပြန်သိမ်းနိုင်အောင်လည်း အမေရိကန် ဦးဆောင်တဲ့ တပ်ဖွဲ့ တွေ က ပြီးခဲ့တဲ့ သောကြာ နေ့ ကတည်း က လေကြောင်း တိုက်ပွဲ တွေ နဲ့ ဆက်တိုက်လို စစ်ဆင်ထားတဲ့ အတွက် ဆီးရီးယား က ကိုဘာနီမြို့ မှာ ဆိုရင် အိုင်အက်စ် တပ် ရဲ့ အမြောက်တွေ ပျက်စီး ကုန် ပါတယ်။ ဇူးမား မြို့ ကို ပြန်လည်သိမ်းပိုက်နိုင် တဲ့ အတွက် ကဒ့်တပ်ဖွဲ့ အတွက် အရေးပါတဲ့ အောင်နိုင်မှု တရပ် ဖြစ်တာကို ဘီဘီစီ သတင်းထောက် နာဘီးလ် ကလည်း ပြောပါတယ်။ အကြောင်း ကတော့၊ ဇူးမားမြို့ ဟာ ဆီးရီးယား နဲ့ အီရတ် ဖက်ရှိ အိုင်အက်စ်တွေ ထိန်းချုပ်နယ်မြေ ကို ဆက်သွယ် ထားတဲ့ ဟိုင်းဝေး လမ်းမကြီး ပေါ်မှာ ရှိတဲ့ အတွက် ကဒ့် ပက်ရှ်မာဂါ တပ်တွေ အနေနဲ့ ဗျူဟာကျတဲ့ ဇူးမား ကို သိမ်းနိုင်ခြင်း အားဖြင့် အိုင်အက်စ်တွေ ရဲ့ လက်နက် နဲ့ ရိက္ခာ တင်ပို့ တဲ့ လမ်းကြောင်း ကို ပိတ်ဆို့နိုင်ပြီ ဖြစ်ကြောင်း ရှင်းပြ တာပါ။ ဒ

အတိုက်အခံမပီသသော အတိုက်အခံများ – ထက်မြက်

ပြည်သူလူထုကို ပြတ်ပြတ်သားသား ဦးဆောင်နိုင်သောအဖွဲ့နှင့် ပါတီမရှိလျှင် ပြည်သူလူထုက သူတို့ကို ဦးဆောင်မည်၊ သူတို့ဘက်က ရပ်မည့်သူကို ရှာလာကြပေမည်။ နိုင်ငံတကာမှ ဝေဖန် သုံးသပ်သူများ က မြန်မာနိုင်ငံမှ အတိုက်အခံတို့၏ လှုပ်ရှားမှုနှင့် အတိုက်အခံ ပီသမှုမရှိ ဟု ဝေဖန်သုံးသပ်ခြင်းမှာ … ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ယနေ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို လေ့လာ သုံးသပ်ရာတွင် လွှတ်တော်ထဲတွင်ရော၊ ပြင်ပတွင်ပါ အစိုးရကို ဝေဖန် ထောက်ပြသော အတိုက်အခံ နိုင်ငံရေးသမား ရှားပါးနေခြင်း ဖြစ်ပါသည်။ ၀ါရင့် နိုင်ငံရေး သမားကြီးများ အပါအ၀င် နိုင်ငံရေးသမားအဟောင်း၊ အသစ်တို့မှာ အစိုးရ၏ အားနည်းချက်များ၊ မှားယွင်းမှု များ၊ စစ်အာဏာရှင်တို့ကို အကာအကွယ် ပေးနေမှုကို ထောက်ပြ ဝေဖန်ခြင်းမရှိဘဲ မသိလိုက် မသိဘာသာ သဘောမျိုးဖြင့်သာ နေထိုင်နေကြလေသည်။ သို့သော် မိမိတို့ အချင်းချင်း စုဝေးမိသည့်အခါ စကားဝိုင်း များတွင် အစိုးရအပေါ် အချက်အလက် အကြောင်းအကျိုးဖြင့် ဝေဖန် နေကြသည်ကို ကြားရပါသည်။ ထိုကဲ့သို့ ဝေဖန်ခြင်း၊ ထောက်ပြခြင်း မရှိသော အတိုက်အခံများတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လည်း ပါဝင် ပါသည်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင

ဂြိုလ်ပြေနံပြေ ဘုရားရောက် မြွေကြီးသုံးကောင် လာရောက် ကြည့်ရှုသူ အလွန်များပြား

ပြင်ဦးလွင် အောက်တိုဘာ ၂၅ ပြင်ဦးလွင်မြို့ မန္တလေး-လားရှိုး လမ်း မိုင်တိုင်အမှတ် (၂၈ မှ ၃ဝ) အတွင်းရှိ သုံးတောင်ကျေးရွာတွင် လွန်ခဲ့သောရက်ပိုင်းက ရောက်ရှိလာသော မြွေကြီးသုံးကောင်ကို စိတ်ဝင် တစားဖြင့် လာရောက် ကြည့်ရှုကြသော ပရိသတ်များ အလွန်များ ပြားကြောင်း သိရသည်။ မြွေကြီးသုံးကောင်ကို လာရောက် ကြည့်ရှုကြသော ဧည့်ပရိသတ်များသည် တည်ဆောက်ဆဲဂြိုဟ်ပြေနံပြေ ဘုရားသို့လည်း အလှူငွေများ ထည့်ဝင်လှူဒါန်းကြရာ အောက်တို ဘာ ၁၉ ရက်မှ ၂၄ ရက်အထိ ခြောက်ရက်တာအတွင်း အလှူငွေ ကျပ် သိန်းတစ်ရာကျော် ရရှိပြီဖြစ် ကြောင်း သိရသည်။ သုံးတောင်ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့နှင့် ဘုရားဂေါပကအဖွဲ့မှ ဦးစီး၍ နေ့စဉ် ဘုရားဖူးမြော်ရင်း မြွေကြီး သုံးကောင်ကို လာရောက်ကြည့်ရှုကြသော အနယ်နယ်အရပ်ရပ်မှ ဘုရား ဖူးဧည့်သည်များကို နံနက်ပိုင်းတွင် ထမင်းကျွေးခြင်း၊ ညနေပိုင်းနှင့် ညပိုင်းတွင် စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိပြီး လာရောက် ကြည့်ရှုသူ ဧည့်ပရိသတ်များပြား သောကြောင့် ဘုရားကုန်းတော်ပေါ်တွင် စားသောက်ဆိုင်တန်းများ၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုး ရောင်းချ သောဆိုင်တန်းများ၊ အဝတ်အထည် ရောင်းချသော ဈေးဆိုင်တန်းများဖြင့် စည်ကားလျက်ရှိနေကြောင်း သိရသည်။ ကျေး

တယ်လီနောဆင်းကတ်တစ်သန်း ရန်ကုန်တွင်စရောင်းပြီ

ရန်ကုန် အောက်တိုဘာ ၂၅ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရယူ ထားသော တယ်လီနော မြန်မာမှ ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ် များကို ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ၄၄ မြို့နယ်အတွင်း အောက်တိုဘာ ၂၆ ရက် နံနက် ၇ နာရီမှ စတင်ဖြန့်ဖြူး ရောင်းချပေးမည် ဖြစ်ကြောင်း မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များမှ သိရှိရသည်။ စက်တင်ဘာ ၂၇ ရက်တွင် မန္တလေးမြို့၌ စတင် ရောင်းချပေးခဲ့ပြီး နေပြည်တော်နှင့် အနီးတစ်ဝိုက်တွင် လည်း ဆက်လက်ရောင်းချပေးနေရာမှ တစ်လခန့်အကြာ အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်၌ စတင်ဖြန့်ဖြူး ရောင်းချပေးခြင်းဖြစ်သည်။ ''ရန်ကုန်အတွက် ဆင်းကတ်တစ်သန်း ရောင်းချပေး ဖို့လျာထားတယ်။ တာဝါတိုင်ဆက်သွယ်မှု လိုအပ်ချက်တွေ ကြောင့် ကွန်ရက်တည်ငြိမ်ဖို့အတွက် အချိန်ယူလုပ် ဆောင်ထားပါတယ်။ ဝယ်ယူသူတွေအနေနဲ့ ဆိုင်တွေမှာ ငွေ ၁၅ဝဝ ထက်မပိုတဲ့နှုန်းနဲ့ ဝယ်ယူနိုင်ပါတယ်'' ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် ပစ်တာက မြန်မာ့အလင်းသို့ ပြောကြားသည်။ မန္တလေးနှင့် နေပြည်တော်တို့တွင် မှတ်ပုံတင်တစ်ခု လျှင် သုံးခုနှင့် နှစ်ခုစသည်ဖြင့် ရောင်းချခဲ့သော်လည်း ရန်ကုန်တွင်မူ မှောင်ခိုဈေးကွက်ကို ကာကွယ်ရန် မှတ်ပုံတင်တစ်ခုလျှင် ဆင်းကတ်တစ်ကတ်သာ ရောင

လိပ်ကျွန်း အပန်းဖြေစခန်းဖြစ်ရပ်မှ စဉ်းစားစရာ အတွေးစများ – ဒေါက်တာမြင့်သိန်း(ရန်ကုန်တက္ကသိုလ်)

ကိုယ့်လူမျိုးအတွက် ဆောင်ရွက်ရာမှ လမ်းမှားအမြင်သို့ ပြောင်းသွားလျှင် ထိုင်းနိုင်ငံအပေါ် အာရုံရောက်နေသော နိုင်ငံတကာအမြင်က လွတ်ထွက် သွားကာ မိမိနိုင်ငံ၏ တည်ငြိမ်မှုအပေါ် မိမိကိုယ်တိုင် ဖျက်ဆီးသည့် အဖြစ်မျိုး ရောက်ရှိသွားမည်ကို ဆင်ခြင်ရန် လိုအပ်လှပေသည် … ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ● ရေခံမြေခံ၊ ကျွန်းနောက်ခံ ထိုင်းနိုင်ငံ၊ ကော့တောင်းကျွန်း အပန်းဖြေစခန်းတွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံရခြင်းနှင့် ပတ်သက်သည့် သတင်းသည် ယနေ့လူမှုကွန်ရက်တွင် ထင်ရှားသည့် သတင်းဖြစ်သကဲ့သို့ နိုင်ငံတကာတွင်လည်း စိတ်ဝင်စားစရာ ကောင်းသည့် သတင်းဖြစ်လာခဲ့သည်။ ထိုဖြစ်ရပ်အပေါ်အခြေခံ၍ ကျွန်းနောက်ခံ သမိုင်းကို လေ့လာ ကြည့်သည့်အခါ ဆက်စပ် စဉ်းစားစရာများ အများအပြား တွေ့လာရသည်။ ကော့တောင်း အပန်းဖြေကျွန်းကို မြန်မာလိုပြန်ရလျှင် လိပ်ကျွန်းဟု အဓိပ္ပာယ်ရပြီး ၁၈၀၀ ပြည့်များ ကာလက မလေး လူမျိုးများ တံငါလုပ်ငန်းဖြင့် အသက်မွေးရာ နေရာဖြစ်ခဲ့သည်။ ၁၈၉၀ ခုနှစ်တွင် ထိုင်းဘုရင် ချူလာလောင်ကောင်း လာရောက်ခဲ့ပြီး နောက်ပိုင်း ထိုင်းလူမျိုးများ အခြေချနေထိုင် လာခဲ့ကြသည်။ ၁၉၃၃ ခုနှစ်တွင် တစ်ကျွန်းကျ အပြစ်ပေးခံရသူများကို ထားရှိရာ နေရာအဖြစ

သြော် ဟုတ်လား ဒါနဲ့ . . ပြောရအုံးမယ် ဟဲ . ဟဲ . ဟဲ – လင်းယုန်ရေးသည်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကြီး ခင်ဗျာ … စကား ဆိုတာ ပြောပြီးရင် တည်မှ ကောင်းပါတယ် ခင်ဗျ။ အခုတစ်မျိုး တော်ကြာ တစ်မျိုး မကြာခဏ လုပ်နေရင်တော့ သမိုင်းကြောင်း ကောင်းမှာ မဟုတ်ဘူး ခင်ဗျ … ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ပြီးခဲ့တဲ့ ရက်ပိုင်းက ကြားသိလိုက်ရတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကြီးရဲ့ စကားကတော့ ယခုအချိန်အထိ ဥက္ကဋ္ဌကြီးရဲ့ သက်တမ်း တစ်လျှောက်မှာ ကောင်းမွန်တဲ့ ပြောကြားချက် တစ်ရပ်ဖြစ်တယ်လို့ ဆိုရမှာပဲ ခင်ဗျ။ (ရှေ့ရှေ့က ပြောကြားခဲ့တဲ့ စကားတွေကတော့ ပြည်သူလူထုကြီး သိကြတဲ့ အတိုင်းပဲခင်ဗျ၊ ဟဲ ..ဟဲ) ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၀)ရက်နေ့က ရန်ကုန်မြို့မှာ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်တို့ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းနဲ့ စပ်လျဉ်းပြီး တွေ့ဆုံစဉ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကြီးက လာမယ့် ဒုတိယအကြိမ် လွှတ်တော် သက်တမ်းအတွက် အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် အောက်တိုဘာ လကုန်ပိုင်း၊ ဒါမှမဟုတ် နိုဝင်ဘာလ ပထမပတ် အတွင်းမှာ ကျင်းပပေးမယ်လို့ ပြောကြား လိုက်တယ်ခင်ဗျ။ အဆိုပါ ရွေးကောက်ပွဲကို ရွှေ့စရာ၊ ပြောင်းလဲစရာ မရှိပါဘူးလို့လည်း အခိုင်အမာ ပြောကြား

သတင်းထောက် ကိုပါကြီးဇနီး ဘာဆက်လုပ်မလဲ (အသံဖိုင်)

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း တပ်မတော်ရဲ့ ဖမ်းဆီးပစ်သတ်ခံခဲ့ရတဲ့ အလွတ်သတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင်ရဲ့ ရုပ်အလောင်းကို ပြန်ရရှိဖို့ ကြိုးပမ်းသွားမယ့်အပြင် တာဝန်ရှိသူတွေကို ဥပဒေအရ တရားစွဲဆိုသွားမယ်လို့ ဇနီးဖြစ်သူ မသန္တာက ပြောပါတယ်။ ကိုပါကြီးရဲ့ဇနီး မသန္တာကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။ RFA Burmese from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1uVZAak

လိပ်ကျွန်းလူသတ်မှု မြန်မာလူငယ်နှစ်ဦး ကွင်းလုံးကျွတ် လွတ်နိုင်သလား (အသံဖိုင်)

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုမှာ တရားခံအဖြစ် ဖမ်းဆီးစွပ်စွဲခံထားရသူ မြန်မာလူငယ်နှစ်ဦးက ကနဦးထွက်ဆိုထားတဲ့ ဖြောင့်ချက်ကို ပြန်ရုပ်သိမ်းလိုက်ပြီးတဲ့နောက် ဒီအမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်နိုင်ချေ အလားအလာတွေနဲ့ ပတ်သက်လို့ ရှေ့နေ ဦးအောင်မျိုးသန့်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။ RFA Burmese from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1zt2pri

ဂျီဟတ်ဒစ်အန္တရာယ် အီဂျစ်ရင်ဆိုင်နေရ

အီဂျစ်နိုင်ငံ ရေရှည်တည်တံ ခိုင်မြဲရေး အတွက် ဂျီဟတ်ဒစ်တွေရဲ့ အန္တရာယ်ကို ကာကွယ်ဖို့ စစ်ပွဲတရပ် ကို ဆင်နွဲ တိုက်ခိုက် နေရပြီလို့ အီဂျစ်သမ္မတ အဗ္ဗဒယ် ဖါတာ အဲဆီဆီက ပြောကြားခဲ့ပါတယ်။ ဆိုင်းနိုင်း ကျွန်းဆွယ်မှာ ဂျီဟတ်ဒစ်တွေနဲ့ တိုက်ခိုက်မှုတွေ အတွင်း အီဂျစ်စစ်သား ၃၀ ကျော် သေဆုံးခဲ့ပြီးတဲ့ နောက် တရက် နိုင်ငံကို တိုက်ရိုက်ထုတ်လွှင့်တဲ့ မိန့်ခွန်းထဲမှာ အဲဒီလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို မိန့်ခွန်းပြောချိန်မှာ သူဘေးမှာ စစ်တပ်က ထိပ်တန်းအရာရှိကြီးတွေ ရှိနေခဲ့ပါတယ်။ ပြင်ပ အင်အားစုတွေက အီဂျစ်နိုင်ငံကို ဆန့်ကျင်တိုက်ခိုက်ဖို့ ကြီးမားတဲ့ အစီအစဉ်တရပ်နဲ့ စီစဉ်ကြံစီနေတယ်လို့ အီဂျစ်သမ္မတက ပြောခဲ့ပါတယ်။ ၁၀ စုနှစ်တွေအတွင်း အီဂျစ်စစ်တပ်ရဲ့ အကျအဆုံး အများဆုံး စစ်သားတွေ ကျဆုံးမှုအတွက် ဝမ်းနည်း ကြေကွဲမှု ကာလအဖြစ် ၃ ရက် သတ်မှတ်လိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်က အစ္စလမ္မစ် သမ္မတ မိုဟာမက် မော်စီကို အီဂျစ် စစ်တပ်က ဖယ်ရှားခဲ့ပြီးနောက်ပိုင်း ဆိုင်းနိုင်းကျွန်းဆွယ်မှာ အီဂျစ်စစ်သားတွေကို ဂျီဟတ်ဒစ်တွေရဲ့ တိုက်ခိုက်မှုတွေ တဖြေးဖြေး ပိုများလာခဲ့ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1ws40cj ဆိုင်းနိုင်းက နေရာတချို့မှာ အရေးပေါ်

အောက်တိုဘာလ (၂၆)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

အောက်တိုဘာလ (၂၆)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ အောက်တိုဘာလ (၂၆)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1ws41gl