Skip to main content

တယ်လီနောဆင်းကတ်တစ်သန်း ရန်ကုန်တွင်စရောင်းပြီ



ရန်ကုန် အောက်တိုဘာ ၂၅

ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရယူ ထားသော တယ်လီနော မြန်မာမှ ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ် များကို ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ၄၄ မြို့နယ်အတွင်း အောက်တိုဘာ ၂၆ ရက် နံနက် ၇ နာရီမှ စတင်ဖြန့်ဖြူး ရောင်းချပေးမည် ဖြစ်ကြောင်း မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်များမှ သိရှိရသည်။


စက်တင်ဘာ ၂၇ ရက်တွင် မန္တလေးမြို့၌ စတင် ရောင်းချပေးခဲ့ပြီး နေပြည်တော်နှင့် အနီးတစ်ဝိုက်တွင် လည်း ဆက်လက်ရောင်းချပေးနေရာမှ တစ်လခန့်အကြာ အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်၌ စတင်ဖြန့်ဖြူး ရောင်းချပေးခြင်းဖြစ်သည်။


''ရန်ကုန်အတွက် ဆင်းကတ်တစ်သန်း ရောင်းချပေး ဖို့လျာထားတယ်။ တာဝါတိုင်ဆက်သွယ်မှု လိုအပ်ချက်တွေ ကြောင့် ကွန်ရက်တည်ငြိမ်ဖို့အတွက် အချိန်ယူလုပ် ဆောင်ထားပါတယ်။ ဝယ်ယူသူတွေအနေနဲ့ ဆိုင်တွေမှာ ငွေ ၁၅ဝဝ ထက်မပိုတဲ့နှုန်းနဲ့ ဝယ်ယူနိုင်ပါတယ်'' ဟု တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ် ပစ်တာက မြန်မာ့အလင်းသို့ ပြောကြားသည်။


မန္တလေးနှင့် နေပြည်တော်တို့တွင် မှတ်ပုံတင်တစ်ခု လျှင် သုံးခုနှင့် နှစ်ခုစသည်ဖြင့် ရောင်းချခဲ့သော်လည်း ရန်ကုန်တွင်မူ မှောင်ခိုဈေးကွက်ကို ကာကွယ်ရန် မှတ်ပုံတင်တစ်ခုလျှင် ဆင်းကတ်တစ်ကတ်သာ ရောင်းချပေး မည်ဖြစ်ကြောင်း၊ ဆင်းကတ်ဝယ်ယူပါက ငွေဖြည့်ကတ်ကိုပါ တွဲဖက် ဝယ်ယူရမည်ဖြစ်ကြောင်း၊ ဆင်းကတ်ပျက်စီးပါက ငွေကျပ် ၁၅ဝဝ ဖြင့် နေ့မကူးမီ ပြန်လည်ထုတ်ယူနိုင် သော်လည်း မိမိပိုင်ဆိုင်ကြောင်း ဝယ်ယူသည့်အခါ တိကျ စွာဖြည့်စွက်ထားမှသာ ပြန်လည်ရရှိမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။


မြန်မာ့ဆက်သွယ်ရေး ဆင်းကတ်များ၊ အမ်အီးစီ ကတ်များနှင့် အော်ရီဒူးဆင်း ကတ်များ အပြိုင်အဆိုင် ရောင်းချ နေသော်လည်း တယ်လီနော ဆင်း ကတ်များ ထွက်ရှိလာပါက ဝယ်ယူ စမ်းသပ် သုံးစွဲရန်အတွက် အစပိုင်း တွင် ရောင်းအားတက်နိုင်သော် လည်း အော်ပရေတာများ၏ ယှဉ်ပြိုင် မှုမှာ အားစမ်းဆဲသာဖြစ်ကြောင်း၊ အမှန်တကယ် တည်ငြိမ်သည့် ဝန်ဆောင်မှုအခြေအနေများ ရောက်ရှိ မှသာ ယှဉ်ပြိုင်မှုစတင်နိုင်မည်ဖြစ် ကြောင်း မိုဘိုင်းဆက်သွယ်ရေး နည်းပညာဖြင့် ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဘွဲ့ရရှိလာသူ ကိုဝင်းမျိုးအောင်(Velta) က ပြောသည်။


အော်ရီဒူး၏ ဆက်သွယ်ရေး ကွန်ရက်အား မြန်မာပြည်သူများ စိတ်တိုင်းကျ အတည်တကျအနေအထား မဖြစ်သေးသည့်အတွက် တယ်လီနောကို စောင့်ကြည့် သုံးစွဲကြမည်ဖြစ်သော်လည်း လက် ရှိတွင် အော်ပရေတာများအပေါ် ယုံကြည်မှု လျော့နည်းလာနေ ကြောင်း တာမွေလမ်းရှိ မိုဘိုင်း ဖုန်း လက်ကားဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူက မှတ်ချက်ပေးသည်။


တယ်လီနောမှ တစ်မိနစ်လျှင် ငွေကျပ် ၂၅ ကျပ်နှုန်းကို ခေါ်ဆိုခ ကောက်ခံခြင်းဖြစ်ပြီး အမ်ပီတီဆင်း ကတ်များထက် သက်သာသော်လည်း အင်တာနက်သုံးစွဲမှုမှာ ဒေတာသုံးစွဲမှုအရ ကောက်ခံခြင်း ကြောင့် ဈေးနှုန်းပိုမိုနေပြီး အော်ရီဒူး ထက် အနည်းငယ်လျော့နည်းနေ ကြောင်း တွေ့ရသည်။


မြို့ကြီးသုံးမြို့အပြင် အခြားမြို့ နယ်များသို့လည်း ထပ်မံတိုးချဲ့ပေး သွားမည်ဖြစ်ပြီး နိုင်ငံတကာဖုန်းခေါ် ဆိုမှုများ၊ နံပါတ်အလှများ ရောင်း ချခြင်းနှင့် အင်တာနက်သုံးစွဲမှု အစီ အစဉ်များ၊ ထီပေါက်စဉ်၊ ကျန်းမာ ရေးအပါအဝင် ဝန်ဆောင်မှုများစွာ ကိုလည်း အော်ပရေတာများကအပြိုင် အဆိုင် တိုးချဲ့ဝန်ဆောင်မှုပေးသွား ရန်ပြင်ဆင်လျက်ရှိသည်ကို တွေ့ရ သည်။


သတင်း-ဉာဏမိုးမြင့်၊ ဓာတ်ပုံ-မေဦးမိုး

(မြန်မာ့အလင်း)

http://ift.tt/1xK4A5u






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1wsWSi5

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...