Skip to main content

Posts

Showing posts from November 27, 2014

သားဖြစ်သူ သေနတ်ဖြင့် ပစ်သတ်ခံရမှုကို တုံ့ပြန်သည့် အနေဖြင့် အာဖဂန်အမျိုးသမီး တစ်ဦးက တာလီဘန် ၂၅ ဦးကို ပစ်သတ်ခဲ့

ကဘူးလ် ၊ ၂၈-၁၁-၂၀၁၄ အာဖဂန်နစ္စတန် နိုင်ငံမှ အမျိုးသမီး တစ်ဦးသည် ဖာရာပြည်နယ် အနောက်ပိုင်းတွင် သားဖြစ်သူအား တာလီဘန် စစ်သွေးကြွ များက သေနတ်နှင့် ပစ်သတ် ခဲ့ခြင်းကို ပြန်လည် လက်တုံ့ပြန်သည့် အနေဖြင့် အဆိုပါ စစ်သွေးကြွ ၂၅ ဦးကို ပြန်လည် တုံ့ပြန် ပစ်သတ် ခဲ့ကြောင်း RT သတင်းဌာန ၏ သတင်းတစ်ရပ် အရ သိရသည်။ ရီဇာဂုလ် အမည်ရှိ အဆိုပါ အမျိုးသမီး သည် ဖာရာပြည်နယ် ရှိ ကျေးရွာ တစ်ရွာတွင် သူမ၏ သားဖြစ်သူ ရဲအရာရှိကို တာလီဘန် စစ်သွေးကြွ များက သတ်ဖြတ် ခဲ့သည်ကို တွေ့ရှိ ခဲ့ပြီးနောက် အဆိုပါ စစ်သွေးကြွ များအား ပြန်လည်တုံ့ပြန် ပစ်ခတ် ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပစ်ခတ်မှုအတွင်း တာလီဘန် စစ်သွေးကြွ အနည်းဆုံး ၂၅ ဦး သေဆုံးခဲ့ပြီး အခြား ငါးဦး ဒဏ်ရာရရှိ ခဲ့ကြောင်းနှင့် ယင်း ပစ်ခတ်မှုမှာ ခုနစ်နာရီ ကြာမြင့် ခဲ့ကြောင်း သိရသည်။ ထို့ပြင် တာလီဘန် စစ်သွေးကြွ များကို ယင်းသို့ ပြန်လည် တိုက်ခိုက်ရာတွင် အဆိုပါ အမျိုးသမီး၏ သမီးဖြစ်သူ နှင့် သားမက် တို့ကလည်း ကူညီပေး ခဲ့ကြောင်း သိရသည်။ #PyiChitThar http://ift.tt/1uOZFvz Mother's revenge: Afghan woman 'kills 25 Taliban' after son shot dead Afghan woman kills 25 Taliban rebels to

တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၃၈)

အမေရိကန် First Lady ဆီက ဖိတ်စာလက်ခံရရှိခြင်း ဒီမိုကရက်တစ်မြန်မာ့အသံ DVB ကနေ ရေဒီယိုရော၊ တီဗွီ ပါ ပူးတွဲအရှိန်မြှင့်ထုတ်လွှင့်လာပြီး လွှင့်သမျှသ တင်းတွေထဲမှာလည်း ဒီမိုကရေစီအင်အားစုတွေရဲ့အသံပါတာကြောင့် သံတမန်လောကက DVB ကို အရင်ကထက် ပိုသတိထားမိလာစေတယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီထဲက အသိသာဆုံးတခုကတော့ ကုလသမဂ္ဂဌာနချုပ်ရုံးမှာကျင်းပမဲ့ အမေရိကန်သမ္မတကတော် Laura Bush ရဲ့ မြန်မာ့အရေးဆွေးနွေးပွဲဆီ DVB သတင်းထောက်တွေ သတင်းလာယူဖို့ အိမ်ဖြူတော်ကနေ ဖိတ်စာပို့လိုက်ခြင်းပါ။ (မြန်မာ့အရေးဆွေးနွေးပွဲမှာတွေ့ရတဲ့ အမေရိကန်သမ္မတကတော် Laura Bush) ၂၀၀၆ ခုနှစ် စက်တင်ဘာလဆန်းပိုင်း အဲဒီဖိတ်စာ ရောက်လာချိန်မှာ ကျနော်က ဟောလီးဒေးအဖြစ် ထိုင်း-မြန်မာ နယ်စပ်ကိုရောက်နေပါတယ်။ ညွန်မှုးနဲ့အယ်ဒီတာတွေရဲ့ပြန်ပြောပြချက်အရဆိုရင် DVB ရဲ့ အများသုံးလိပ်စာ dvbburma.no ထဲဝင်လာတဲ့ ဒီဖိတ်စာကို ပထမ ပိုင်းမှာ ဘယ်သူမှ မယုံကြဘူး။ တယောက်ယောက် နောက်ပြီးရေးတာပဲဖြစ်လိမ့်မယ်လို့ သူတို့အားလုံးက ထင်ခဲ့ကြတယ်လို့ဆိုပါတယ်။ ဒေါက်တာစိန်ဝင်းနဲ့ ဒေါက်တာသောင်းထွန်းအပါဝင် ၀ါရှင်တန်နဲ့ နယူးယောက်ရှိ အမျိုးသားညွန့်ပေါင်း အစိုးရ ၀န်ကြီးတွေ

၆ပွင့်ဆိုင် ဆွေးနွေးရေးဟာ ဖွဲ့စည်းပုံ ပြင်ရေး အတွက်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

ပြည်ထောင်စု လွှတ်တော် ကနေ အတည်ပြု ခဲ့တဲ့ ၆ ပွင့်ဆိုင် ဆွေးနွေးရေး ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင် ပြောင်းလဲရေး အကြောင်း ဆွေးနွေးဖို့ ဖြစ်တယ် လို့ သူ့အနေနဲ့ နားလည်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံ ကို ပြင်ဆင် နိုင်ဖို့ရာ အခြေခံ အကျဆုံး ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့ လိုအပ်ကြောင်းကို လွှတ်တော်ထဲက အရွေးကောက်ခံ အမတ် အတော် များများက လက်ခံ လာကြပြီ လို့ အောက်တိုဘာ ၂၇ ရက်နေ့က ပြုလုပ် ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ပါတယ်။ လက်ရှိ ဖွဲ့စည်းပုံ အရ တော့ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး မှာ တပ်မတော်သား ၂၅ % ထဲကလည်း သဘောတူမှ ရမှာ ဖြစ်တဲ့ အတွက်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချူပ် ရဲ့ သဘောထားက အရေးကြီးတယ် ဆိုတဲ့ အခြေအနေ ဟာလည်း အခြေအနေ အဖြစ်မှန် ဖြစ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည် က ဆိုပါတယ်။ ပုဒ်မ ၄၃၆ အပြင် သမ္မတ ဆိုင်ရာ အရည်အချင်း သတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံပါ ၅၉ (စ) ကို တပ်မတော် အနေနဲ့ မပြင်ဆင် လိုတဲ့ သဘောထားနဲ့ ပတ်သက်ပြီး တပ်မတော် ဘက်က စိုးရိမ်နေတဲ့ အချက်တွေ အပေါ် ဆွေးနွေး သွားလိုကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့ပါတယ

ခရိုင်စည်ပင် ရွေးကောက်ပွဲ ၀င်မည့်သူနှင့် အုပ်ချုပ်ရေးမှူးတို့ ဖမ်းဆီးခဲ့သော ကားမှန်ခွဲမှု ရဲစခန်းတွင် နှိပ်စက်ခံ ရ၍သေဆုံးခြင်း မိသားစုကတိုင်ကြား

ရန်ကုန်၊ နိုဝင်ဘာ ၂၇ တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစင် ရပ်ကွက်၊ အောင်တေ ဇလမ်း၊ အမှတ် (၁၀/ခ)တွင် နေထိုင်သူ(ဦးသက်လွင်) အား မျက်နှာချင်းဆိုင်အိမ်မှ ကားမှန် ကိုခွဲသည်ဟုဆိုကာ ရပ်ကွက်ဖွံ့ဖြိုး တိုးတက်ရေး ဥက္ကဋ္ဌက ရပ်ကွက်အုပ် ချုပ်ရေးမှူးရုံးသို့ နံပါတ်တုတ်ဖြင့် ရိုက်နှက်ခေါ်ဆောင်သွားခဲ့ပြီး တာမွေ ရဲစခန်း ရောက် စဉ်၌လည်း ထပ်မံညှဉ်း ပန်းနှိပ်စက်ကာ အမှုစစ်ဆေးခဲ့ သည့်အတွက် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၆ နေ့တွင် အထက်ပါရပ်ကွက်ရှိ မျက်နှာချင်း ဆိုင်အိမ်မှကားမှန်ကွဲသည်ကို မိမိ၏ ခင်ပွန်းပြု လုပ်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးခ်ါဆောင် သွားခဲ့ပြီး ညှဉ်းပန်းနှိပ်စက်အမှုစစ်ဆေးခဲ့ကြောင်း၊ ယင်းသို့ အမှုစစ်ဆေး သည့်အတွက် မိမိကရဲစခန်းသို့လိုက်သွား၍ခင်ပွန်းတွင် အစာအိမ်ရောဂါနှင့် စိတ်ဝေဒနာရောဂါရှိသဖြင့် နှိပ်စက် မှုများ မပြုလုပ်ရန် တောင်းပန်ခဲ့ပြီးအောက် တိုဘာ၇ရက်တွင် မိမိခင်ပွန်းအား သွားရောက်ထုတ်ယူခဲ့ကြောင်း၊ နံပါတ်တုတ်ဖြင့် ခေါင်းသို့ ၃ ချက် အရိုက်ခံရပြီး လက်မောင်း၊ ကျောကုန်းနှင့် ပေါင်တို့၌လည်း ရိုက်နှက် ခံထားရ သဖြင့် အညိုအမည်းများစွဲနေကာ ယင်းဒဏ်ရာများကြောင့် အောက်တိုဘာ ၁၃ရက်တွင် သေဆုံးသွားခဲ့ရ ကြောင်း ဇနီးဖြစ်သူ ဒေါ်

မက်ဆီကို ဒေသခံ ရဲ အဖွဲ့တွေကို ဖျက်သိမ်းတော့မယ်

အကျင့်ပျက် ခြစားမှုတွေ ရှိတယ် ဆိုပြီး အကြီးအကျယ် စွပ်စွဲ ခံနေရတဲ့ မက်ဆီကို နိုင်ငံ တနံတလျားက ဒေသန္တရ ရဲတပ်ဖွဲ့ အသီးသီးကို ဖျက်သိမ်း တော့မယ့် အစီအစဉ် အပေါ် ထောက်ခံမှာ ဖြစ်တဲ့ အကြောင်း မက်ဆီကို သမ္မတ အဲနရီကာ ပဲန်ညာ ညေးတိုးက ပြောလိုက်ပါတယ်။ ဂယ်ရဲရိုး ပြည်နယ်မှာ ကျောင်းသား ၄၃ ယောက် ပျောက်ဆုံး သွားရတဲ့ ဒေသန္တရ ရဲတွေနဲ့ ဆက်စပ်နေတဲ့ အမှုကိစ္စ ပေါ်ပေါက် လာခဲ့ အပြီး ၂ လ ကျော် လောက်မှာ အခုလို ဒေသခံ ရဲတပ်ဖွဲ့တွေ ကို ဖျက်သိမ်းမယ့် အစီအစဉ် ထွက်ပေါ် လာခဲ့တာ ဖြစ်ပါတယ်။ မက်ဆီကို နိုင်ငံမှာ ဗဟိုအစိုးရ ရဲတပ်ဖွဲ့ ၂ ခုနဲ့ သက်ဆိုင်ရာ ပြည်နယ်ရဲ အဖွဲ့ ၃၀ ကျော် အပြင်၊ ဒေသခံ ရဲ အဖွဲ့ငယ်ပေါင်း ထောင်နဲ့ချီပြီး ရှိနေပါတယ်။ အခုတော့ အဲဒီ့ ဒေသခံ ရဲ အဖွဲ့ငယ်တွေ နေရာမှာ ပြည်နယ်အဆင့် ရဲတပ်ဖွဲ့က တာဝန်ယူ လာနိုင်တယ် ဆိုပြီး၊ သမ္မတ ပဲန်ညာ ညေးတိုးက ဆိုပါတယ်။ ဒီလို ပြုပြင် ဆောင်ရွက်မှု တွေကို ဂယ်ရဲရိုး ပြည်နယ်နဲ့ ဝန်းကျင် နယ်တွေဖြစ်တဲ့ မက်ဆီကို အနောက်တောင်ဘက် ဒေသတွေမှာ စတင် လုပ်ဆောင် မှာ ဖြစ်ပါတယ်။ BBC Burmese http://ift.tt/1qQiOB8 from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1uOPbwj

ကွင်းစလန်းမုန်တိုင်းကြောင့် လူသောင်းချီ လျှပ်စစ်မရ

သြစတြေးလျနိုင်ငံ ​Queensland ​(ကွင်းစလန်း) ​ပြည်နယ် ​အရှေ့တောင်ပိုင်းမှာ ​၁၀ ​နှစ်အတွင်း ​အဆိုးဝါးဆုံး ​မုန်တိုင်း ​ကျရောက်ခဲ့ရာက ​လူပေါင်း ​သောင်းနဲ့ချီ ​လျှပ်စစ် ​ပြတ်တောက်မှု ​ဒဏ်ကို ​ခံနေရပါတယ်။ အဲဒီ ​မုန်တိုင်းအတွင်း ​လူ ​၁၂ ​ဦးသာ ​အနည်းငယ် ​ဒဏ်ရာ ​ရတဲ့အတွက် ​အဲဒီအပေါ် ​ကျေးဇူးတင်ရမယ်လို့ ​ကွင်းစလန်းပြည်နယ် ​ဝန်ကြီးချုပ် ​Campbell ​Newman ​က ​ပြောပါတယ်။ လူတွေကို ​ထိခိုက်မှု ​နည်းပေမယ့်လည်း ​မုန်တိုင်းကြောင့်၊ ​လမ်းတွေ၊ ​အဆောက်အဦးတွေ၊ ​ကားတွေ ​ပျက်စီးတဲ့အတွက် ​ဒေါ်လာ ​သန်း ​၁၀၀ ​ဖိုးလောက် ​နစ်နာ ​ဆုံးရှုံးရပါတယ်။ မိုးသည်းထန်မှုနဲ့ ​အတူ ​ဂေါက်သီးထက်ကြီးတဲ့ ​မိုးသီးတွေကြောင့်လည်း ​ကားတွေ၊ ​အိမ်ခေါင်မိုးတွေ ​ပျက်စီးခဲ့ရပါတယ်။ အာမခံ ​ကုမ္ပဏီကလည်း ​လျော်ကြေးတွေ ​ရဖို့ ​လျှောက်ထားတဲ့ ​လျှောက်လွှာ ​အခုပေါင်း ​၃၀၀၀ ​ရရှိပြီး ​ဒေါ်လာ ​၂၅ ​သန်းလောက် ​လျော်ရမယ့်ကိန်း ​ဆိုက်နေပါတယ်။ ကွင်းစလန်း ​ပြည်နယ် ​အရှေ့တောင်ပိုင်းက ​စာသင်ကျောင်း ​၁၇ ​ကျောင်းကိုလည်း ​ပိတ်ချထားရပါတယ်။ မုန်တိုင်းကြောင့် ​လူပေါင်း ​၉၀၀၀၀ ​(၉သောင်း) ​လောက် ​လျှပ်စစ်ပြတ်တောက်မှု ​ဒဏ်ကို ​ခံခဲ့ရပြီး ​လူပေါင်း ​၄၀၀၀၀ ​လောက်ကိုတော့ ​လျှ

သမ္မတဦးသိန်းစိန်အား လာမည့်သက်တမ်း၌ အရွေးချယ် မခံစေလိုကြောင်း အစ်ကိုဖြစ်သူပြော

ပုသိမ်၊ နိုဝင်ဘာ၂၆ သမ္မတဦးသိန်းစိန်အား လာမည့် ၂၀၁၅ ရွေးကောက်ပွဲ တွင် အရွေးချယ် မခံစေလိုဘဲ ဘာသာရေး လုပ်ငန်းများ တွင်သာ လုပ်ကိုင်စေလိုကြောင်း သမ္မတ၏ အစ်ကို ရင်းဖြစ်သူ ဦးထွန်းမြင့်က မြန်မာသံတော်ဆင့် သို့ ပြော သည်။ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် သမ္မတ၏ မွေးရပ် ဇာတိဖြစ်သည့် ဧရာဝတီတိုင်း ငပုတောမြို့နယ်၊ ဟိုင်း ကြီး ကျွန်းမြို့၊ ကျုံကူးကျေးရွာရှိ သမုဒ္ဒရံသီ စေတီတော် ထီးတင်ပွဲသို့ သမ္မတဦးသိန်းစိန်နှင့် အတူလိုက်ပါလာသည့် အစ်ကိုဖြစ်သူ ဦးထွန်းမြင့် အား မြန်မာသံတော် ဆင့်က မေးမြန်းစဉ် ယခုကဲ့သို့ ဖြေကြား ခဲ့ခြင်း ဖြစ်သည်။ ““အသက် ၁၈ နှစ်သား လောက်တည်းက တပ်ထဲဝင်သွားပြီး တိုင်းပြည် တာဝန်တွေကို ထမ်းဆောင်ခဲ့ပြီးပြီပဲ။ အဘဆန္ဒအရတော့ ဆက်မလုပ် စေချင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ ကျန်းမာရေး အရပဲ။ နှလုံးခုန်စက် တပ် ထားရပြီးပြီ။ အခု အသက် ၇၁ နှစ်ရှိပြီဆိုတော့ အဘကတော့ မှန်တာကို ပြောရရင် ဘာသာရေးကိုပဲ လုပ်စေ ချင်တယ်။ လောကီရေးတွေချည်းပဲ လုပ်နေရင် ငရဲကျနေမယ်။ အဘတို့ ငယ်ငယ်တုန်းက တေမိ ဇာတ်ကို ကြည့်ဖူးတယ်။ တေမိမင်းသား မွေးလာတော့ စကားပြောတတ်တဲ့ အရွယ်မှာ စကားမပြောဘူး။ ဘာကြောင့်လဲ ဆိုတော့ သူက ဇာတိဿရဉာဏ်ရတယ်လေ။ အရင်ဘ၀က အိမ်ရှေ့မင်း သား

မြောက်ကိုရီးယားခေါင်းဆောင်၏ ညီမကို အကြီးတန်းရာထူး ခန့်အပ်

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ညီမကို လက်ရှိ အာဏာရ အလုပ်သမား ပါတီရဲ့ အကြီးတန်း ရာထူးမှာ ခန့်အပ်လိုက်ပြီလို့ အစိုးရ မီဒီယာက မနေ့က ဖော်ပြပါတယ်။ လျှို့ဝှက်အထီးကျန်တဲ့ မြောက်ကိုရီးယားနိုင်ငံတွင်း ကင်မိသားစု မျိုးဆက်တွေ အုပ်ချုပ်မှုကို တောင့်တင်း ကျစ်လျစ်စေမယ့် လုပ်ဆောင်ချက်လည်း ဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် ကင်ယိုဂျွန်ဟာ အရင် က ပါတီအရာရှိအဖြစ်သာ နာမည်စာရင်းပေါက်သူဖြစ်ပေမယ့် အစိုးရအဖွဲ့ထဲ စီမံအုပ်ချုပ်ရေးအခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ခဲ့ဖူးတာပါ။ မြောက်ကိုရီးယား အစိုးရမီဒီယာ KRT ကတော့ သူ့ကို အာဏာရ အလုပ်သမားပါတီရဲ့အားကောင်းတဲ့ ဗဟိုကော်မတီအတွင်း ဌာနဒုညွှန်မှူးအဖြစ် ဖော်ပြပါတယ်။ ကင်ယိုဂျွန်ဟာ မြောက်ကိုရီးယား အစိုးရအဖွဲ့တွင်း တရားဝင်အလုပ်ရှိတဲ့ တဦးတည်းသော ကင်မိသားစုဝင်ပါ။ မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကွယ်လွန်သူ ကင်ဂျုံအီးလ်ရဲ့ ညီမဖြစ်သူ ကင်ကယွန်ဟွေဟာ အစိုးရအတွင်း အကြီးတန်း စစ်ဖက်နဲ့ ပါတီ ရာထူးတွေရှိပေမယ့် သူ့ခင်ပွန်း ဂျန်ဆွန်တိတ်ခ်ကို ကွပ်မျက်အပြီး လွန်ခဲ့တဲ့တနှစ်ကျော်ကစပြီး သူ့ကိုမတွေ့ရတော့ပါဘူး။ ကင်ဂျုံအန်းနဲ့ သူ့ညီမတို့ကို ခေါင်းဆောင်ဟော

မြောက်ကိုရီးယားခေါင်းဆောင်၏ညီမ ကင်ရိုဂျုံး ပါတီ၏ အရေးပါသော ရာထူးခန့်အပ်ခံရ

ပြုံယမ်း နိုဝင်ဘာ ၂၇ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၏ ညီမ ကင်ရိုဂျုံးသည် အာဏာရ အလုပ်သမား ပါတီ၏ အကြီးတန်း အရာရှိ တစ်ဦးအဖြစ် နိုင်ငံပိုင်မီဒီယာတွင် ပထမဆုံး အကြိမ် ဖော်ပြခြင်း ခံခဲ့ရသည်။ (၂၆)နှစ်အရွယ်ရှိ ကင်ရိုဂျုံးအား အာဏာအရှိဆုံး ဗဟိုကော်မတီတွင် ဌာနတစ်ခု၏ ဒုတိယညွှန်ကြားရေးမှူး အဖြစ်ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း မြောက်ကိုရီးယား ဗဟိုသတင်းဌာနက ပြောကြားခဲ့သည်။ ကင်ဂျုံအန်သည် မြောက်ကိုရီး ယားနိုင်ငံအား အစဉ်အဆက် အုပ်ချုပ်ခဲ့သော ကင်မိသားစု၏ တတိယမျိုးဆက် ဖြစ်သည်။ သူ၏အဒေါ်သည် ပါတီတွင်သြဇာတိက္ကမ ကြီးသောနေရာ ရခဲ့သော်လည်း ယောက်ျားဖြစ်သူ နိုင်ငံတော်သစ္စာဖောက်မှုကြောင့် ကွပ်မျက်ခံရချိန်မှစပြီး သြဇာအာဏာ မှေးမှိန်ခဲ့ရသည်။ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပခဲ့သော ကင်ဂျုံအီ၏ အသုဘအခမ်းအနားတွင် ကင်ရိုဂျုံးအား ပြည်သူ့ရှေ့ မှောက်တွင် ပထမဆုံးအကြိမ်အဖြစ်မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။ ထိုအချိန်မှစပြီး သူသည် ပါတီ၏မည်သည့်ရာထူးကိုမျှ ရယူထားခြင်းမရှိသေးဘဲ နိုင်ငံတော်အခမ်းအနားများတွင် သူ့အား ရံဖန်ရံခါတွေ့မြင်ခဲ့ရသည်။ အသက် ၃၁ နှစ်ရှိပြီဖြစ်သည့် ခေါင်းဆောင် ကင်ဂျုံအန် နှင့် ညီမ ကင်ရိုဂျုံးတို့သည် ၎င်းတို့၏အစ်ကိုဖြစ်သူ ကင်ဂျုံ ချိ

နော်ဝေဘုရင်နှင့်မိဖုရား မြန်မာနိုင်ငံ လာမည်

နော်ဝေနိုင်ငံ ပဉ္စမမြောက် ဟာရယ် ဘုရင်နဲ့ မိဖုရား ဆွန်ယာတို့ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ မြန်မာနိုင်ငံကို မကြာမီ ကာလအတွင်း တရားဝင် လာရောက်လည် ပတ်မယ်လို့ အစိုးရက ဒီနေ့ သတင်း ထုတ်ပြန် လိုက်ပါတယ်။ သမ္မတ ဦးသိန်စိန်ရဲ့ ဖိတ်ကြားချက်နဲ့ လာရောက်တာ ဖြစ်ပြီး ခရီးစဉ်အသေးစိတ်ကိုတော့ ဖော်ပြခြင်း မရှိပါဘူး။ သတင်းတွေမှာတော့ နော်ဝေဘုရင်ဟာ ဒီလကုန်ပိုင်းမှာ လာရောက်မှာ ဖြစ်ပြီး ခရီးစဉ်အတွင်း ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်း ပြောကြား မယ်လို့ ရေးသားထားပါတယ်။ နော်ဝေနိုင်ငံဟာ မြန်မာပြည်ရဲ့ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် အစဉ်တစိုက် အကူအညီပေးတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့နှစ်က နော်ဝေနိုင်ငံကို ရောက်ရှိခဲ့ပြီး နော်ဝေ ဘုရင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ By ဒီဗွီဘီ http://ift.tt/1vqqrhM from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1rAVXps

အစိုးရနှင့် တပ်သတင်းစာတွင် အငြိမ်းစားတပ်မတော်အရာရှိ၏ တပ်ဂုဏ်သိက္ခာ ပြန်ဆယ်ရေး ပြည်ထောင်စု လွှတ်တော်တွင်း ဆွေးနွေးချက် သတင်းအမှောင်ချ

ရန်ကုန်၊ နိုဝင်ဘာ ၂၆ နိုင်ငံသားအများစု အကျိုးအတွက် မဖြစ်မနေ ပြင်ဆင်ရန် လိုအပ် သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် တပ်မတော် မှ ဖြေလျှော့ ပေး သင့်ကြောင်း တပ်မတော် အရာရှိဟောင်း တစ်ဦး၏ ပြည်ထောင်စု လွှတ်တော်တွင်း နိုဝင်ဘာ ၂၄ ရက်နေ့က ဆွေးနွေးမှု သည် ပြည်သူများ တပ်မတော်အပေါ် ယုံကြည် အားကိုးစေရန် အကြံပြုချက် ဖြစ်သော် လည်း နိုင်ငံ့ ဘဏ္ဍာဖြင့် ထုတ်ဝေသော မြန်မာ့ အလင်း၊ ကြေးမုံနှင့် တပ်မတော် ပိုင် မြ၀တီသတင်းစာတို့တွင် သတင်းအမှောင်ချထားသည် ကို တွေ့ရသည်။ နိုဝင်ဘာ ၂၅ ရက်နေ့ထုတ် ပုဂ္ဂလိက စာစောင်များတွင် အကျယ်တ၀င့် ဖော်ပြခဲ့သော ကြံ့ခိုင်ရေး ကိုယ်စားလှယ် ဦးစံပြည့် (ဗိုလ်မှူးကြီး-ငြိမ်း)၏ ““ပုဒ်မ ၄၃၆ အရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်း ကျော်က ထောက်ခံမဲပေးမှသာ ပြင်ဆင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ တပ်မတော်က သဘောမတူဘူးဆိုရင် မည်သည့်ပုဒ်မမျှ ပြင်ဆင်လို့ မရနိုင်သလို တားဆီးသကဲ့သို့ ဖြစ်နေပါတယ်။ ဒါက တပ်မတော်အပေါ် ပြည်သူတွေ အထင်အမြင် မှားစေတဲ့ ပြဋ္ဌာန်းချက် တစ်ခု ဖြစ်နေ ပါတယ်။ တပ်မတော်အပေါ် ပြည်သူတွေ ယုံကြည်အားကိုး ချစ်ခင်လာစေဖို့ အထူးလိုအပ်ပါတယ်။ အဲဒီအတွက် ပုဒ်မ ၄၃၆ ကိ