Skip to main content

အစိုးရနှင့် တပ်သတင်းစာတွင် အငြိမ်းစားတပ်မတော်အရာရှိ၏ တပ်ဂုဏ်သိက္ခာ ပြန်ဆယ်ရေး ပြည်ထောင်စု လွှတ်တော်တွင်း ဆွေးနွေးချက် သတင်းအမှောင်ချ



ရန်ကုန်၊ နိုဝင်ဘာ ၂၆

နိုင်ငံသားအများစု အကျိုးအတွက် မဖြစ်မနေ ပြင်ဆင်ရန် လိုအပ် သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် တပ်မတော် မှ ဖြေလျှော့ ပေး သင့်ကြောင်း တပ်မတော် အရာရှိဟောင်း တစ်ဦး၏ ပြည်ထောင်စု လွှတ်တော်တွင်း နိုဝင်ဘာ ၂၄ ရက်နေ့က ဆွေးနွေးမှု သည် ပြည်သူများ တပ်မတော်အပေါ် ယုံကြည် အားကိုးစေရန် အကြံပြုချက် ဖြစ်သော် လည်း နိုင်ငံ့ ဘဏ္ဍာဖြင့် ထုတ်ဝေသော မြန်မာ့ အလင်း၊ ကြေးမုံနှင့် တပ်မတော် ပိုင် မြ၀တီသတင်းစာတို့တွင် သတင်းအမှောင်ချထားသည် ကို တွေ့ရသည်။


နိုဝင်ဘာ ၂၅ ရက်နေ့ထုတ် ပုဂ္ဂလိက စာစောင်များတွင် အကျယ်တ၀င့် ဖော်ပြခဲ့သော ကြံ့ခိုင်ရေး ကိုယ်စားလှယ် ဦးစံပြည့် (ဗိုလ်မှူးကြီး-ငြိမ်း)၏ ““ပုဒ်မ ၄၃၆ အရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်း ကျော်က ထောက်ခံမဲပေးမှသာ ပြင်ဆင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ တပ်မတော်က သဘောမတူဘူးဆိုရင် မည်သည့်ပုဒ်မမျှ ပြင်ဆင်လို့ မရနိုင်သလို တားဆီးသကဲ့သို့ ဖြစ်နေပါတယ်။ ဒါက တပ်မတော်အပေါ် ပြည်သူတွေ အထင်အမြင် မှားစေတဲ့ ပြဋ္ဌာန်းချက် တစ်ခု ဖြစ်နေ ပါတယ်။ တပ်မတော်အပေါ် ပြည်သူတွေ ယုံကြည်အားကိုး ချစ်ခင်လာစေဖို့ အထူးလိုအပ်ပါတယ်။ အဲဒီအတွက် ပုဒ်မ ၄၃၆ ကို ပြင်ဆင်နိုင်ဖို့ ဆောင်ရွက်သင့်ပါတယ်။ အထိုက်အလျောက် ဖြေလျှော့သင့်ပါတယ်””ဟူသော ဆွေးနွေးမှုကို အကျယ်တ၀င့် ဖော်ပြခဲ့သော်လည်း အထက်ဖော်ပြပါ အများပြည်သူ ၀န်ဆောင်မှုမီဒီယာဟု အမည်ခံသော သတင်းစာနှင့် တပ်မတော်ပိုင် သတင်းစာများတွင် ယနေ့ထိ ဖော်ပြခြင်း မပြုသည်ကို တွေ့ရ သည်။


ယင်းသို့ သတင်း အမှောင်ချခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဦးစံပြည့်က ““တချို့ဟာတွေ ကျတော့လည်း တစ်ဖက်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်တဲ့ အပိုင်း တွေများ ပါလာလို့ ဦးဆွေးနွေးတာကို မထည့်ဘဲ ထားတာလားပေါ့။ တပ်မတော်က သဘောမတူရင် ဘယ်ပုဒ်မမှ ပြောင်းလို့ မရဘူးလေ။ ခေတ်အခြေအနေ အရ ပြောင်းသင့်တဲ့ဟာ ပြောင်းမှ ဒီမိုကရေစီ အသွင်ပြောင်းတာနဲ့ လိုက်လျောညီထွေ ဖြစ်မှာပေါ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်တာနဲ့အမျှ တိုင်းပြည် ဘယ်လိုမှ တိုးတက်နိုင်စရာ အကြောင်းမရှိဘူး။ ဒါကြောင့် ဆွေးနွေးတာပါ”” ဟု မြန်မာသံတော်ဆင့်သို့ ပြောသည်။


ထို့အပြင် ယင်းနေ့ကပင် ပြည်ထောင်စု လွှတ်တော်၌ ပုဒ်မ ၅၉(စ)ကို ပါတီအနေဖြင့် လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်၏ အခွင့်အရေးကို စဉ်းစားခြင်း မဟုတ်ဘဲ ပြည်သူများ၏ မူလအခွင့်အရေးကို စဉ်းစားသည့် အတွက် ပြင်ဆင် ပေးသင့်ကြောင်း ဦးစံပြည့်က ဆက်လက် ဆွေးနွေးခဲ့သည်။


မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) ဥက္ကဋ္ဌလည်းဖြစ်၊ ၀ါရင့် သတင်းစာဆရာလည်း ဖြစ်သူ ဦးဖိုးသောကြာ (ခေတ်+မိုး)က ““အဲဒီကိစ္စကို တကယ်ပဲ ဆွေးနွေးတယ်ဆိုရင် သတင်းစာက ဖော်ပြသင့်တယ်။ ဒါကတော့ သတင်းမီဒီယာရဲ့ သစ္စာပေါ့။ သို့သော်လည်းပဲ အစိုးရ သတင်းစာက မဖော်ပြဘူး ဆိုတော့လည်း အစိုးရ သတင်းစာမို့လို့ မဖော်ပြတာလို့ပဲ ယူဆရမှာပေါ့။ အစိုးရ သတင်းစာမှာ နာမည်ခံထားတာ Public Services Media (ပြည်သူ့ဝန်ဆောင်မှု သတင်းစာ)လို့ သတ်မှတ်ထားတာကိုး။ အဲဒီလို သတ်မှတ်ထားရင် ပြည်သူကို သတင်း သစ္စာအရ အမှန်အတိုင်း ပေးရမယ်။ အဘထင်တာကတော့ သတင်းထောက်ကပဲ မရေးတာလား၊ ဒါမှမဟုတ် သတင်းထောက် ရေးလာတဲ့ဟာကို အယ်ဒီတာက မသင့်တော်ဘူးထင်လို့ ချန်ထားတာလားတော့ မပြောတတ်ဘူးပေါ့။ လွတ်လပ်စွာ ရေးသားခွင့်ကို တန်ဖိုးထားတဲ့ သတင်းစာသမား ဆိုလို့ရှိရင် ပြည်သူကို အရှိအတိုင်း အမှန်အတိုင်း ချပြရမယ်။ ချမပြရင်တော့ ပြည်သူကို သစ္စာဖောက်တာပဲ””ဟု မြန်မာသံတော်ဆင့် သို့ သုံးသပ် ပြောကြားသည်။


ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း ကလည်း ယင်းကိစ္စနှင့် ပတ်သက်၍ ““အန်တီတို့ကလည်း လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အသံတွေကို နိုင်ငံပိုင်သတင်းစာမှာ မဖော်ပြတာ ကို ကျေနပ်တာ မဟုတ်ဘူး။ နိုင်ငံပိုင် သတင်းစာတွေကို ထိန်းချုပ်နေသော သက်ဆိုင်ရာ ၀န်ကြီးဌာနသည် လွှတ်တော်အပေါ်မှာ အမြင်ကြည်လင်မှု မရှိဘူးလို့ပဲ အန်တီ ရိုးရိုးသားသား ကောက်ချက်ချ ရမှာပေါ့။ အမှန်မှာ လွှတ်တော်က ပြောတာတွေကို မိမိရဲ့ပုဂ္ဂိုလ်ရေး ခံစားချက်ကို ရှေ့တန်း မတင်ဘဲနဲ့ သတင်းအမှန်ကို အမှန် အတိုင်း နိုင်ငံပိုင်သတင်းစာက ဖော်ပြပေး သင့်တယ်။ မဖော်ပြပေးခြင်းသည် သက်ဆိုင်ရာ ၀န်ကြီးဌာနကို ထိန်းချုပ်သူများရဲ့ ပုဂ္ဂလိက ခံစားချက်ကို ရှေ့တန်း တင်လွန်းတဲ့အတွက် ဒီလိုတွေ ဖြစ်လာတယ်လို့ ထင်တယ်။ မီဒီယာ ကျင့်ဝတ်နဲ့အညီ၊ စာနယ်ဇင်း ကျင့်ဝတ်နဲ့အညီ ဆောင်ရွက်သင့်တယ်”” ဟု ၎င်း၏အမြင်ကို ရှင်းပြ သည်။


NLD ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကို ဆက်လက်မေးမြန်းရာ ““အစိုးရပိုင် သတင်းစာတွေ အကုန်လုံးက လွတ်လပ်ခွင့် မရသေးပါဘူး။ သူတို့မှာ ဒီမိုကရေစီ မရသေးဘူး။ အစိုးရ မကြိုက်တဲ့ ဟာကို မရေးဘူး။ ကျွန်မတို့ ဆွေးနွေးတဲ့ ကိစ္စတွေ အပေါ်မှာတောင် တခြား သတင်းစာတွေမှာ ကျွန်မတို့ ဆွေးနွေးချက်တွေကို အကုန်အစုံ ဖော်ပြထားပေမယ့် အစိုးရပိုင် သတင်းစာတွေကတော့ ကောင်းတဲ့ အကွက်တွေကိုသာ ဖော်ပြပြီးတော့ ကျန်တဲ့ ဝေဖန်ပြစ်တင်တဲ့ အပိုင်းတွေကို အမြဲချန်ထားခဲ့တယ်။ ယနေ့ ထက်တိုင် အစိုးရပိုင် သတင်းစာက စာနယ်ဇင်း လွတ်လပ်ခွင့် မရှိသေးဘူး””ဟု ၎င်း၏ သဘောထား ကို ပြောပြသည်။


ဦးစံပြည့်သည် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် အမှတ် (၇) ကိုယ်စားလှယ်ဖြစ်ပြီး အမျိုးသားလွှတ်တော် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ ကော်မတီ အတွင်းရေးမှူးလည်း ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနတွင် ညွှန်ကြား ရေးမှူး ချုပ် တာဝန်ကို ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သည်။ ဦးစံပြည့်သည် တပ်မတော်တွင် ဗိုလ်မှူးကြီး အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တက္ကသိုလ် အပတ်စဉ်(၂၀) ကျောင်းဆင်း တစ်ဦးဖြစ်သည်။ ယနေ့ တပ်မတော်တွင် တာဝန် ထမ်းဆောင်နေသော ဦးစံပြည့်နှင့် အတူ ကျောင်းဆင်းဘက်များမှာ (ကြည်း၊ ရေ၊ လေ) ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် နှင့် စစ်ရာထူးခန့်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးဝင်းမြင့်တို့ ဖြစ်သည်။


အဆိုပါ သတင်းကို အစိုးရနှင့် တပ်မတော် မီဒီယာများက အမှောင်ချခြင်းနှင့် ပတ်သက်၍““ကျွန်တော်တို့ သတင်းသမားတွေ အနေနဲ့တော့ အရင် အာဏာရှင်ဟောင်းတွေရဲ့ ပရိယာယ်ကို ပိုသတိထားရတော့မယ်။ တကယ်တမ်း အခုဆွေးနွေးတဲ့ ကိစ္စတွေက ဒီမိုကရေစီ နိုင်ငံတစ်ခုက အခြေခံဥပဒေမှာ မပါသင့်တဲ့ ကိစ္စတွေ ပါ။ ပြည်သူ့သဘော ထား ပေါ်လွင်အောင်လည်း အတိုက်အခံနဲ့ ၈၈ မျိုးဆက်တွေက အချက်အ လက်နဲ့ ဖော်ထုတ် ပြီးသားပါ။ ဒါကို ကြံ့ဖွံ့နဲ့ တပ်ကပဲ ပြည်သူ အတွက် ဆောင်ရွက်ပေးမယ်။ ကယ်တင်မယ် ဆိုတာကို အတိုင် အဖောက် ကောင်းကောင်းနဲ့ ဇာတ်လမ်းဆင်နေတာ ဟုတ်၊ မဟုတ် မီဒီယာတွေအနေနဲ့ စောင့်ကြည့် ဖော်ထုတ် ရပါမယ်။ ဒါပေမဲ့ တပ်မတော် အရာရှိဟောင်းတစ်ဦးက ကြံ့ဖွံ့ရဲ့ နိုင်ငံရေး နည်းဗျူဟာ တစ်ခုအတွက် တပ်မတော်နဲ့ ယခင် အာဏာရှင်ဟောင်းတွေရဲ့ ဆိုးမွေကို ပြန်ဝေဖန် တာမျိုးကို မှတ်တမ်းမကျန်အောင် သတင်း အမှောင်ချနိုင်ဖို့ မဖော်ပြတာလို့ ထင်ပါတယ်””ဟု ယခင်အာဏာရှင် အစိုးရ လက်ထက်မှ အရပ်သား အသွင်ယူ အစိုးရ လက်ထက်ထိ မကြာခဏ ပြစ်ဒဏ်ပေးခြင်းခံရသော သတင်းစာစောင်များကို တာဝန်ယူ တည်းဖြတ်ခဲ့သည့် လက်ရှိ မြန်မာပို့စ်နှင့် မြန်မာပို့စ်(ဂလိုဘယ်) စာစောင်များ၏ ပေါ်လစီ ဒါရိုက်တာ ဦးမျိုးညွန့်မောင်က သုံးသပ်ပါသည်။


တင်ဇာအောင်


[စိုးမြင့်မိုး(ဘူမိ) အချက်အလက် ပံ့ပိုးသည်]


မြန်မာသံတော်ဆင့်သတင်းဌာန- http://ift.tt/1t7d2bL






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/120GXeG

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...