Skip to main content

Posts

Showing posts from December 20, 2014

နိုင်ငံတကာမြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ချန်ပီယံများ ယှဉ်ပြိုင်ထိုးသတ်မည်

ရန်ကုန် ဒီဇင်ဘာ ၂ဝ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် နိုင်ငံတကာ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီးကို ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူအားကစား ခန်းမ၌ ကျင်းပမည်ဖြစ်သည်။ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင်မျိုး ဆက်သစ်ပွဲ သုံးပွဲပါဝင်မည်ဖြစ်ပြီး လေးချီပွဲနှစ်ပွဲနှင့် ငါးချီပွဲ တစ်ပွဲတို့ ပါဝင်ထိုးသတ်မည်ဖြစ်ကာ ငါးချီအထူးစိန်ခေါ်ပွဲများတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ရွှေတံဆိပ်ဆုရှင် စောလှကြည်ထူး(တောင်ကလေး)နှင့် နီဝီဆိုရမ်(ထိုင်း)၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ရွှေတံဆိပ်ဆုရှင် ဥာဏ်လင်းအောင်(မိဂသီ)နှင့် ကို့စ်မန် (ထိုင်း)၊ ၂ဝ၁၃ ဒဂုန်ရွှေအောင်လံ ရွှေဆုရှင် ရဲမြတ်အောင်(အဖြူရောင် သွေးသစ်)နှင့် ၂ဝ၁၃ ကမ္ဘာ့လက်ဝှေ့ ချန်ပီယံ ဝပ်သီပေါင်(ထိုင်း)၊ ၂ဝ၁၃ ဒဂုန်ရွှေအောင်လံ ငွေဆုရှင်သပြေညို (မိဂသီ)နှင့် ကမ္ဘာ့မွေထိုင်းချန်ပီယံ ဒူးလက်(ရုရှား) ၂ဝ၁၂ အာရှရွှေဆုရှင် နှင့် ၂ဝ၁၃ ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် တူးတူး(နဂါးမာန်)၊ အမေရိကန် လက်ဝှေ့ချန်ပီယံအက်ဝပ်(အမေရိ ကန်)တို့က ရေကုန်ရေခန်း ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ပြီး ရုံဝင်ကြေး အထူးတန်း ကျပ် ၃ဝဝဝဝ၊ ကျပ် ၂ဝဝဝဝ၊ ကျပ် ၁၅ဝဝဝ နှင့် ကျပ် ၈ဝဝဝ အသီးသ