Skip to main content

နိုင်ငံတကာမြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ ချန်ပီယံများ ယှဉ်ပြိုင်ထိုးသတ်မည်







ရန်ကုန် ဒီဇင်ဘာ ၂ဝ

မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် နိုင်ငံတကာ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲကြီးကို ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူအားကစား ခန်းမ၌ ကျင်းပမည်ဖြစ်သည်။


ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင်မျိုး ဆက်သစ်ပွဲ သုံးပွဲပါဝင်မည်ဖြစ်ပြီး လေးချီပွဲနှစ်ပွဲနှင့် ငါးချီပွဲ တစ်ပွဲတို့ ပါဝင်ထိုးသတ်မည်ဖြစ်ကာ ငါးချီအထူးစိန်ခေါ်ပွဲများတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး ရွှေတံဆိပ်ဆုရှင် စောလှကြည်ထူး(တောင်ကလေး)နှင့် နီဝီဆိုရမ်(ထိုင်း)၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ရွှေတံဆိပ်ဆုရှင် ဥာဏ်လင်းအောင်(မိဂသီ)နှင့် ကို့စ်မန် (ထိုင်း)၊ ၂ဝ၁၃ ဒဂုန်ရွှေအောင်လံ ရွှေဆုရှင် ရဲမြတ်အောင်(အဖြူရောင် သွေးသစ်)နှင့် ၂ဝ၁၃ ကမ္ဘာ့လက်ဝှေ့ ချန်ပီယံ ဝပ်သီပေါင်(ထိုင်း)၊ ၂ဝ၁၃ ဒဂုန်ရွှေအောင်လံ ငွေဆုရှင်သပြေညို (မိဂသီ)နှင့် ကမ္ဘာ့မွေထိုင်းချန်ပီယံ ဒူးလက်(ရုရှား) ၂ဝ၁၂ အာရှရွှေဆုရှင် နှင့် ၂ဝ၁၃ ဆီးဂိမ်းရွှေတံဆိပ်ဆုရှင် တူးတူး(နဂါးမာန်)၊ အမေရိကန် လက်ဝှေ့ချန်ပီယံအက်ဝပ်(အမေရိ ကန်)တို့က ရေကုန်ရေခန်း ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ပြီး ရုံဝင်ကြေး အထူးတန်း ကျပ် ၃ဝဝဝဝ၊ ကျပ် ၂ဝဝဝဝ၊ ကျပ် ၁၅ဝဝဝ နှင့် ကျပ် ၈ဝဝဝ အသီးသီးသတ်မှတ်ထား၍ ကြိုတင်လက်မှတ်များကို ဇော်ပစ်တိုင်း တောင်ဗွီဒီယို ထုတ်လုပ်ရေးအမှတ် (၁၈ဝ)မြေညီထပ် (၃၅)လမ်း (အလယ်) ဖုန်း ဝ၁-၂၄၉၁၁၇ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။


သတင်း - အောင်ကျော်ဦး

ဓာတ်ပုံ- ခင်မောင်ဝင်း

The Mirror Daily

http://ift.tt/1n2DVIZ





from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1v5Xwwb

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...