Skip to main content

Posts

Showing posts from November 11, 2014

အိုင်အက်စ်အဖွဲ့ ခြေကုပ်စခန်းကို ဆီးရီးယားအစိုးရတပ် လေကြောင်းဖြင့် တိုက်ခိုက်

ဆီးရီးယားအစိုးရတပ်က အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့(အိုင်အက်စ်)ရဲ့ ခြေကုပ်စခန်း အယ်လ်ရက်ကာမြို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုတွေ ဆင်နွှဲခဲ့ပါတယ်။ အယ်လ်ရက်ကာမြို့လယ်က အိမ်တွေကို ပစ်မှတ်ထား တိုက်ခိုက်နေပုံရပြီး အဆောက်အဦ ပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။ ဆီးရီးယား အစိုးရတပ်တွေနဲ့ မဟာမိတ်လက်နက်ကိုင်အုပ်စုတွေကတော့ အိုင်အက်စ်အဖွဲ့ တိုက်ခိုက်ရေးသမားတွေ လက်ထဲက ဓာတ်ငွေ့သိုက် နယ်မြေတခုကို နိုဝင်ဘာ ၆ ရက်နေ့က ပြန်သိမ်းနိုင်ခဲ့တယ်လို့ စောင့်ကြည့်ရေးအုပ်စုတခုက ပြောပါတယ်။ ဆီးရီးယားအလယ်ပိုင်းက ရှားဓာတ်ငွေ့သိုက်ဟာ ဇူလိုင်လတည်းက ခုထိ ၄ ကြိမ် လက်ပြောင်းလက်လွှဲ လုပ်ခံရပြီးပါပြီ။ ပထမအကြိမ် အိုင်အက်စ်အဖွဲ့က ဓာတ်ငွေ့တွင်းကို သိမ်းခဲ့စဉ်က အစိုးရတပ်သားတွေ မဟာမိတ် ပြည်သူ့စစ်တွေ၊ အစောင့်တွေနဲ့ ဝန်ထမ်းတွေ အယောက် ၃၅၀ ကို သတ်ခဲ့တယ်လို့ ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအတွက် ဆီးရီးယားစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ ဘာသာရေးစစ်ဝါဒီတွေဟာ ဆီးရီးယားမြောက်ပိုင်းခရိုင် ရက်ကာထဲက အစိုးရ အခြေစိုက်စခန်းတွေ အပါအဝင် စခန်းအတော်များများကို ကျန်ခဲ့တဲ့ နွေရာသီက စတင် သိမ်းပိုက်ခဲ့တာပါ

မဟာသန္တိသုခကျောင်းတိုက်အမှု အရှေ့ပိုင်းခရိုင်တရားရုံးမှာ စစ်ဆေး

ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ်က မဟာသန္တိသုခ ကျောင်းတိုက် ပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ အမှုအတွက် နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က အင်္ဂလန် ဆရာတော် ဦးဥတ္တရ တို့ကိုဖမ်းဆီးဖို့ သက်သေခံအဖြစ် ပေးပို့တဲ့စာကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ဒီနေ့ လက်ခံစစ်ဆေးခဲ့ပါတယ်။ နောက်လာမယ့် ဒီဇင်ဘာလ ၃ ရက်နေ့မှာ အဲဒီအမှုကို ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက အမိန့်ချမယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဆရာတော် ဦးဥတ္တရက မဟာသန္တိသုခ ကျောင်းတိုက်ကို နိုင်ငံတော်အစိုးရက ချိတ်ပိတ်ထား ပေးမယ့် ဝင်ထွက်သွားလာ နေမှုတွေ ရှိတာကို သက်သေနဲ့တကွ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ပေးပို့တိုင်ကြား သွားမယ်လို့ မိန့်ပါတယ်။ RFA Burmese http://ift.tt/1mveILg Photo: Thiha Tun/ RFA from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1u9OQcl

ကျားဖြူပါတီ၏ အုပ်စု ဒုဥက္ကဌ အသတ်ခံရမှု သျှမ်းပြည်နယ်အစိုးရ စိစစ်ပေးမှုမရှိ

နိုဝင်ဘာလ ၁၂ ရက် ၂၀၁၄ လူသတ်မှုသံသယဖြင့် မြို့နယ်ရဲများ၏ ပစ်သတ်ခံရသော ဟိုပုံးမြို့နယ် ကျားဖြူပါတီ မြို့နယ်ဒုဥက္ကဌ (ဦး)လုံးရွှေ အမှုနှင့် ပတ်သက်ပြီး သျှမ်းပြည်နယ် အစိုးရထံ တင်ပြတောင်းဆို ထားသော်လည်း ကွင်းဆင်း စိစစ်ပေးမှု မရှိသေးဟု ကျားဖြူ ပါတီကပြောပါသည်။ “အမှုမှန်ပေါ်ပေါက်ရေး အတွက် သျှမ်းပြည်နယ် ၀န်ကြီးချုပ် နဲ့ ပြည်နယ် အစိုးရအဖွဲ့ဆီကို အောက်တိုဘာ ၁၆ ရက်နေ့မှာ စာတင်ထားတယ်။ ခုထိ အရေးယူပေးတာ မရှိသေးဘူး။ အဲဒီအတွက်ဆက်လက် တောင်းဆိုထားတယ်။” ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင်မှ ပြောသည်။ သျှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊မိုင်းပျဉ်းကျေးရွာအုပ်စုတွင် ဂျွန်လ ၄ ရက်နေ့က NLD ရပ်ကျေး ဒု-ဥက္ကဋ္ဌ ဦးစိုင်းစံထွန်း အသတ်ခံရသောကိစ္စနှင့်ပတ်သက်၍ SNDP ကျားဖြူပါတီ ဒုဥက္ကဌ လုံးရွှေအား လူသတ်မှုဖြင့် သံသယရှိသူအဖြစ် စက်တင်ဘာလ ၁၂ ရက်နေ့က သွားရောက်ဖမ်းဆီးစဉ် ထွက်ပြေးသည်ဟုဆိုကာဟိုပုံး ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။ “သံသယရှိတာနဲ့ပဲ ဒီလိုအသက်တစ်ချောင်းကို ရဲကပစ်ပိုင်ခွင့်ရှိသလား၊ ပါတီရဲ့ဒုဥက္ကဌတစ်ဦးဖြစ်တဲ့အတွက် ရွေးကောက် ပွဲကော်မရှင်ကိုလည်း တင်ပြမယ်၊

မာစီဒီးကားစီးနိုင်သော တောင်းစားသည့်အမျိုးသမီး

ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် သူမ၏ သားငယ်ဖြစ်သူတို့ လမ်းသွား လမ်းလာများထံမှ ငွေကြေးများ တောင်းခံပြီးနောက် မာစီဒီးဘန့်ဇ် ပေါ်သို့ တက်သွားသည့် မြင်ကွင်းက ဈေးဝယ်သူ တစ်ဦးကို တုန်လှုပ်သွားစေခဲ့သည်ဟု သိရသည်။ ကယ်လီဖိုးနီးယားပြည်နယ် စန်ဒီယေဂိုမြို့တွင် နေထိုင်သော မယ်လီဆာစမစ်ဆိုသည့် အမျိုးသမီးသည် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး အိစ်လိတ်ခ်ဗေးလစ်ဂ်ျ ရှော့ပင်း စင်တာကြီးတစ်ခုရှေ့တွင် စနေနှင့် တနင်္ဂနွေနေ့များ၌ တွေ့မြင်ရသည်မှာ ၂ ပတ်ခန့် ရှိနေပြီ ဖြစ်သည်။ တွေ့သည့်အချိန်တိုင်းတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးက “ကျေးဇူးပြု၍ ကူညီကြပါ (Please Help)” ဟူသော စာသားပါသည့် ကတ်ထူပြားတစ်ချပ်အား ကိုင်ဆောင်ထားသည်ဟု ဆိုသည်။ “လူတော်တော်များများက သူတို့ကို ပိုက်ဆံတွေပေးသွားကြတယ်၊ ပြောမယ်ဆို ငါးမိနစ်ကို လူငါးယောက်နှုန်းလောက်တောင်ရှိတယ်”ဟု မယ်လစ်ဆာ စမစ်က ဆိုသည်။ သို့သော် ယခုသီတင်းပတ်အရောက်တွင်မူ မယ်လီဆာစမစ်အနေဖြင့် သူမ၏ကားအားဂတ်စ်ဖြည့်နေစဉ် အဆိုပါသားအမိ ၂ ယောက်အား ထပ်မံတွေ့ရှိခဲ့သည်ဟု ဆိုသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ အဆိုပါသားအမိက ပိုက်ဆံတောင်းခံ သည့်နေရာမှ ထွက်လာပြီးနောက် အမျိုးသမီးဖြစ်သူက သူမ၏ ချစ်သူဟု ယူ

ကမ္ဘာ့နိုင်ငံများမှ ခေါင်းဆောင်များ အစည်းအဝေး တက်ရောက်နေစဉ် ကိုယ်ပျောက် တိုက်လေယာဉ်ကို တရုတ်နိုင်ငံ ထုတ်ဖော်ပြသ

ပေကျင်း ၊ ၁၂-၁၁-၂၀၁၄ တရုတ်နိုင်ငံတွင် ကျင်းပလျက် ရှိသည့် အာရှ - ပစိဖိတ် စီးပွားရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့၏ အစည်းအဝေး ပွဲသို့ သမ္မတ ဘားရက် အိုဘားမား၊ သမ္မတ ဗလာဒီမာ ပူတင် နှင့်အခြား ကမ္ဘာ့နိုင်ငံ များမှ ခေါင်းဆောင်များ ရောက်ရှိ စုဝေးနေစဉ် အတွင်း ၄င်းတို့၏ ကိုယ်ပျောက် တိုက်လေယာဉ် တစ်စင်းကို ယမန်နေ့တွင် ထုတ်ဖော်ပြသ ခဲ့ကြောင်း သိရသည်။ J-31 အမျိုးအစား ကိုယ်ပျောက်လေယာဉ်ကို နိုင်ငံအတွင်းရှိ လေယာဉ် ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် တရုတ်လေယာဉ် ပျံသန်းရေး ကော်ပိုရေးရှင်း မှ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး ယင်း လေယာဉ်သည် အမေရိကန်ထုတ် တိုက်လေယာဉ် များနှင့် ပခုံးချင်း ယှဉ်ပြိုင်နိုင်မည် ဖြစ်ကြောင်း သိရသည်။ အင်ဂျင် နှစ်လုံးတပ် တိုက်လေယာဉ်ကို နိုင်ငံ တောင်ပိုင်းရှိ ကျူဟိုင်မြို့ တွင်ကျင်းပသည့် လေယာဉ် ပြပွဲတွင် ခင်းကျင်းပြသ ခဲ့ခြင်းဖြစ်ပြီး ယင်းလေယာဉ် ပျံသန်းမှုကိုလည်း လက်တွေ့ ပြသခဲ့သည်။ သို့ရာတွင် တရုတ်အာဏာပိုင် များသည် ပြပွဲတွင် J-31 တိုက်လေယာဉ် အစစ်ကို ထုတ်ဖော်ပြသ ခဲ့ခြင်း မရှိဟု သိရသည်။ အဆိုပါ ကိုယ်ပျောက် တိုက်လေယာဉ် သည် တရုတ်နိုင်ငံက ဒုတိယအကြိမ် ထုတ်လုပ် ခဲ့သည့် ပြည်တွင်းဖြစ် လေယာဉ်ဖြစ်ပြီး အမေရိကန်

အမြန်လမ်းမကြီးတွင် လိုက်ထရပ်ယာဉ်သုံးစီး ဆင့်တိုက် ၆ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ

အုတ်တွင်း နိုဝင်ဘာ ၁၁ ပဲခူးတိုင်း ဒေသကြီး အုတ်တွင်း မြို့နယ် အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၁၄၂ မိုင်တွင် နိုဝင်ဘာ ၁၁ ရက် နံနက် ၅ နာရီခွဲခန့်က လိုက်ထရပ် ယာဉ်တစ်စီးမှာ ဘီးပေါက်ပြီး ယာဘက်နံဘေး ချရပ်ထားသည့် လိုက်ထရပ်ယာဉ်နှစ်စီးအား ဝင်တိုက် မိရာမှ ယာဉ်သုံးစီး ဆင့်တိုက်မှုဖြစ်ပွား ခဲ့ရာ လူခြောက်ဦးသေဆုံး၊ ခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။ (ကိုလွင်-ဆွာ) The Mirror Daily http://ift.tt/1n2DVIZ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1u97MId

လစ်​ဗျား​မြို့​တစ်​မြို့​မှာ လူ​ငယ် ၃ ဦး ခေါင်း​ဖြတ် အသတ်ခံရ

လစ်ဗျားနိုင်ငံ အရှေ့ဘက် ဒဲရ်နား မြို့ကို ထိန်းချူပ်ထားတဲ့ အစ္စလာမစ် ဘာသာရေး အစွန်းရောက် လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့က မြို့ခံ လူငယ် ၃ ဦးကို ခေါင်းဖြတ် သတ်လိုက် ပါတယ်။ ဒဲရ်နား မြို့ဟာ ၂၀၁၂ ကတည်းက အပြိုင် အစ္စလာမ်မစ် လက်နက်ကိုင် အဖွဲ့တွေအောက် ရောက်နေ ခဲ့တာပါ။ ဒီ ကာလတွေ အတွင်း မြို့ထဲမှာ ဘယ်လို အခြေအနေတွေ တွေ့ကြုံ ခံစား နေခဲ့ရတယ် ဆိုတာကို လူမှုကွန်ယက် အင်တာနက် စာမျက်နှာတွေ ပေါ်မှာ အဲဒီ့ လူငယ်တွေက ရေးသားခဲ့လို့ ဆိုပြီး သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒဲရ်နားမြို့ကို ထိန်းချူပ်ထားတဲ့ လက်နက်ကိုင်တွေ ထဲက တစ်ဖွဲ့ဟာ ဆီးရီးယားနဲ့ အီရတ်မှာ ရှိတဲ့ ဆွန်နီ အစွန်းရောက် IS အဖွဲ့ အပေါ်မှာ သစ္စာခံတယ် ဆိုပြီး လောလောလတ်လတ် မှာပဲ ကြေညာ ထားပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1szQzlE ဒဲရ်နားဟာ ၂၀၁၂ ကတည်းက အစ္စလာမ်နစ် လက်နက်ကိုင် အဖွဲ့တွေ လက်ထဲ ရောက်နေ ခဲ့ပါတယ်။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1szQyON

အာ​ဆီ​ယံ လူ​ငယ် စီ​ပွား စွန့်​ဦး​တီထွင်​ဆု မြန်မာ လုပ်​ငန်း​ရှင် ဆွတ်ခူး

မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေး ကာလ စီးပွားရေးနဲ့ ရင်းနှီး မြှုပ်နှံမှု ဆိုင်ရာ ညီလာခံ ကနေ အာဆီယံ စီးပွားရေး ဆုတွေ ပေးခဲ့တာ မှာ မြန်မာ နိုင်ငံမှာ Call Centre တွေ တည်ထောင် ခဲ့တဲ့ ဘလူးအိုးရှင်း ကုမ္မဏီ အပါအဝင် တခြား မြန်မာ လုပ်ငန်းတွေ ဆုတွေ နေရာ အသီးသီး မှာ ရခဲ့ပါတယ်။ အသက် ၄၅ နှစ်အောက် လူငယ် စွန့်ဦးတီထွင် ဆု ကို ဘလူးအိုးရှင်း ကုမ္ပဏီ ကို တည်ထောင်သူ တစ်ဦးဖြစ်တဲ့ ကိုထွန်းထွန်းနိုင် ရသွားပါတယ်။ ၂၀ဝ၉ မှာ လူ အနည်းငယ် နဲ့ စတင်ခဲ့တဲ့ ဘလူးအိုးရှင်းဟာ ဒီနေ့ အချိန်မှာ ဝန်ထမ်းဦးရေ ၅၀ဝ ကျော်နဲ့ လည်ပတ် နေနိုင်တဲ့ အခြေအနေမျိုး တိုးတက်ခဲ့တယ် လို့ ကိုထွန်းထွန်းနိုင် က ပြောပါတယ်။ ဘဏ္ဍဍာရေး ပိုင်းမှာလည်း တကယ် ငွေကြေးအရ အမြတ်အစွန်းရှိတယ်၊ အခွန်တာဝန် ကျေပွန်တယ်၊ ပရဟိတ လူမှုရေး လုပ်ငန်းတွေလည်း တစ်ဖက်ကနေ ဆောင်ရွက်ပေးတယ် စတဲ့ အခြေအနေ တွေပေါ် မူတည်ပြီး အခုလို ဆုရခဲ့တာ လို့ ကိုထွန်းထွန်းနိုင် က ဘီဘီစီကို ပြောပါတယ်။ ဆုအသစ် ဖြစ်တဲ့ အမျိုးသမီး လုပ်ငန်းရှင် ဆုကို ဒုတိယ ချိတ်ခဲ့တဲ့ City Mart ဆူပါမားကက်ရဲ့ အကြီးအကဲ ဒေါ်ဝင်းဝင်းတင့်က စင်္ကာပူ အခြေစိုက် ကုမ္ပဏီတွေ လို အာဆီယံ ထိပ်တန်း လုပ်ငန်းတွေ ကို အမှီ လိုက်

ကော့တောင်ကျွန်းလူသတ်မှု စုံစမ်းတဲ့ ဗြိတိန်ရဲတွေ ပြန်ပြီ

ထိုင်းနိုင်ငံ ​ကော့တောင်ကျွန်းမှာ ​အသတ်ခံခဲ့ရတဲ့ ​ဗြိတိန်နိုင်ငံသား ​နှစ်ဦး ​သေဆုံးမှုနဲ့ ​ပတ်သက်ပြီး ​ဗြိတိန်ရဲတွေက ​ထိုင်းနိုင်ငံမှာ ​စုံစမ်းစစ်ဆေးမှုတွေ ​လုပ်ပြီးနောက် ​အခုအခါမှာ ​ဗြိတိန်နိုင်ငံကို ​ပြန်သွားပြီ ​ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ​ပြုလုပ်ခဲ့တဲ့ ​သူတို့ရဲ့ ​စုံစမ်းစစ်ဆေးမှုအရ ​တွေ့ရှိချက်တွေကို ​စုစည်းပြီး ​မကြာခင်မှာ ​ကွယ်လွန်သူတွေရဲ့ ​မိသားစုကို ​အသိပေးမယ်လို့ ​သိရပါတယ်။ ဗြိတိန်နိုင်ငံသား ​David ​Miller ​နဲ့ ​ဗြိတိန်နိုင်ငံသူ ​Hannah ​Witheridge ​တို့ ​အသတ်ခံရတဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​မေးခွန်းထုတ်စရာတွေ ​များလွန်းတဲ့အတွက် ​ထိုင်းရဲတွေက ​ဗြိတိန်ထောက်လှမ်းရေး ​ရဲတွေကို ​အရင်လက ​ဝင်ခွင့် ​ပေးခဲ့တာ ​ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံသား ​နှစ်ဦးကို ​မြန်မာနိုင်ငံသား ​နှစ်ဦးက ​သတ်ဖြတ်တယ်လို့ ​ထိုင်းရဲတွေက ​ပြောဆိုတဲ့အပေါ်မှာ ​အယုံအကြည် ​မရှိ ​ဖြစ်နေကြတဲ့အပေါ် ​စိုးရိမ်မိတယ်လို့ ​ဗြိတိန်က ​ပြောဆိုပြီးနောက် ​ထိုင်းတွေက ​ဗြိတိန်ရဲတွေကို ​စုံစမ်းခွင့် ​ပေးခဲ့တာပါ။ လူသတ်မှုနဲ့ ​စွပ်စွဲခံနေရတဲ့ ​ဇော်လင်းနဲ့ ​ဝင်းဇော်ထွန်းတို့ကတော့ ​သူတို့ကို ​ထိုင်းရဲတွေက ​အတင်းအဓမ္မ ​ဝန်ခံမှု ​လုပ်ခိုင်းလို့ ​လူသ

ယာဉ်မောင်းနှင်ထွက်ပြေးရာပါသွားသဖြင့်လုံခြုံရေးအရာရှိ ဒဏ်ရာရ

နောင်ချို နိုဝင်ဘာ ၁၁ ရှမ်းပြည်နယ် နောင်ချိုမြို့အဝင် အေးရှားဝေါတိုးဂိတ်အနီးတွင် ယာယီ အခြေပြု လုပ်ငန်း ဆောင်ရွက်နေသည့်Mobile Team အဖွဲ့မှ ဒုရဲမှူး အုန်းဝင်းသည် နိုဝင်ဘာ ၉ ရက် ည ၈ နာရီခွဲခန့်က လားရှိုး-မူဆယ်ဘက်မှ မောင်းနှင်လာသော ယာဉ်များကို ရပ်တန့်စစ်ဆေးနေ စဉ် ယာဉ်အမှတ်5G/....ယာဉ်မှာ စစ်ဆေးမခံဘဲ ရုတ်တရက် မောင်းနှင်ထွက်ပြေး သဖြင့် ဒုရဲမှူးအုန်းဝင်းက ကားသော့ဖြုတ်ရာ ယာဉ်မောင်းက ပြန်လည်ကာကွယ် သဖြင့် ကားနောက်သို့ရှေ့ဦးခေါင်းမှ ဒယဥ့်တိုက်ပါသွားပြီး ရထားသံလမ်း ကူးရောက်မှ ပြုတ်ကျကျန်ခဲ့သည်။ အခင်းဖြစ်ပွားရာသို့ နောင်ချို မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့မစခန်းမှူးတို့ ရောက်ရှိလာပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။ ဒုရဲမှူး အုန်းဝင်းမှာကားနောက်ဒယဥ့်တိုက် ပါသွားမှုကြောင့် ဦးခေါင်း၊ လက်၊ ခြေထောက်တို့တွင် ဒဏ်ရာများ ရရှိသွားသည်။ ဒုရဲမှူးအုန်းဝင်း နောင်ချို(Mobile Team) လှုပ်ရှား(၁) ဒုတိယညွှန်ကြားရေးမှူးသည် နောင်ချို (Mobile Team) လှုပ်ရှား(၁)တွင် တာဝန်ထမ်းဆောင်ခဲ့သည်မှာ သုံးရက် ခန့်သာရှိကြောင်း သိရသည်။ (နောင်ချို-စိုးဝင်း) The Mirror Daily http://ift.tt/1n2DVIZ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit

ရမည်းသင်းမြို့နယ် သိမ်ကုန်းကျေးရွာ အနီး သပြေပင်ချောင်း အတွင်း မာကျူရီနှင့် ဆိုင်ယာနိုက် ဓာတ်များ လွန်ကဲ

ရမည်းသင်း နိုဝင်ဘာ ၁၁ မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း မြို့နယ် သိမ်ကုန်းကျေးရွာအနီး သပြေပင်ချောင်းအတွင်း၌ မာကျူရီ နှင့် ဆိုင်ယာနိုက်ဓာတ်များ လွန်ကဲ နေသည်ဟု လုပ်ငန်းခွင်ကျန်းမာရေး ဌာနမှ ဒေါက်တာကြည်လွင်ဦးက ပြောကြားခဲ့သည်။ ရမည်းသင်း၊ ပျော်ဘွယ်နှင့် တပ်ကုန်းနယ်တစ်ဝိုက် မှာ အဖြစ်များနေသည့် အကြောပျော့ ရောဂါများနှင့် ပတ်သက်ပြီး ကွင်းဆင်း မေးမြန်းစဉ် ယခုကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ ''ဒီအကြောပျော့ရောဂါ ဖြစ်တာ ရေကြောင့်လို့သံသယရှိလို့ ဆရာတို့က ရေကိုဓာတ်ခွဲကြည့်တာ ပါ၊ သိမ်ကုန်းကျေးရွာမှာရှိတဲ့ ရေတချို့ မှာ ဓာတ်သတ္တုပါဝင်မှုဟာ ဆရာတို့ သတ်မှတ်ထားတာထက် အနည်းငယ် များနေတာ တွေ့ရပေမယ့် သပြေပင် ချောင်းထဲမှာတော့ တော်တော်ကြီးကို များနေတာတွေ့ရတယ်''ဟု ဆိုသည်။ ''အခုလို ဓာတ်သတ္တုပါဝင်မှုတွေ များလာတာဟာ ရမည်းသင်းနယ် တစ်ဝိုက်က ရွှေတူးဖော်ရေးလုပ်ငန်း တွေနဲ့ဆက်စပ်မှုတွေရှိနေတယ်''ဟု ရမည်းသင်းဒေသခံ ဒေါက်တာ မင်းမင်းက သုံးသပ်ပြောဆိုသည်။ ၄င်းက ''ရမည်းသင်းနယ်တစ်ဝိုက် မှာရှိတဲ့ ရေ၊ မြေရဲ့အထက်ပိုင်းမှာ ရွှေလုပ်ငန်းတွေလုပ်တယ်။ ရွှေချက်ရာ မှာ အသုံးပြုတဲ့ ဆိုင်ယာနိုက်ဆိုတဲ့ ဒြပ်ပေါင်းတွေကြေ

အာ​ဖ​ရိ​က ဖလား လက်ခံ ကျင်းပ​ပေး​မယ့် အိမ်ရှင်​နိုင်ငံ လို​အပ်နေ

၂၀၁၅ နှစ်ဆန်းပိုင်း မှာ ကျင်းပဖို့ ရှိတဲ့ အာဖရိက နိုင်ငံများ ဖလား ဘော်လုံးပွဲ ကို မော်ရိုကို နိုင်ငံ အနေနဲ့ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ ပေးတော့မှာ မဟုတ်ဘူး ဆိုပြီး အာဖရိက နိုင်ငံများ ဘော်လုံး အဖွဲ့ချူပ် က အတည်ပြု ပြောကြား ခဲ့ပါတယ်။ အာဖရိကတိုက် ရဲ့ နေရာတချို့ မှာ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်မှု တွေ ဖြစ်ပေါ်နေတဲ့ အတွက် မော်ရိုကို ဟာ အာဖရိက ဖလားပွဲ ကို အိမ်ရှင် လုပ်ပေးရမယ့် အပေါ် စိုးရွံ့ သွားခဲ့တာ ဖြစ်ပါတယ်။ အခုဆို အိမ်ရှင် အဖြစ် အစားထိုး လက်ခံ ကျင်းပ ပေးနိုင်မယ့် နိုင်ငံသစ် ကို အာဖရိက ဘော်လုံး အဖွဲ့ချူပ် က ရှာဖွေ နေရပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်က အိမ်ရှင် လုပ်ခဲ့တဲ့ အဲန်ဂိုလာ မှာပဲ ပြန်လုပ်မလား ဆိုပြီး သတင်းထောက် တွေက ခန့်မှန်း နေကြသလို၊ အလယ်ပိုင်း အာဖရိကရဲ့ အနောက်ဘက် ကမ်းခြေ နိုင်ငံဖြစ်တဲ့ ဂေဘွန် ဒါမှမဟုတ် နိုင်ဂျီးရီးယား စတဲ့ နိုင်ငံတွေ မှာလည်း ပြုလုပ် လာနိုင် ကောင်းတယ် ဆိုပြီး သုံးသပ်မှု တွေ ရှိနေပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1Ers40D အီဘိုလာ ကူးစက်ခံရမှာ စိုးရိမ်လို့ မော်ရိုကိုက အိမ်ရှင် လုပ်မပေး နိုင်တော့ဘူး လို့ ငြင်းဆန် ခဲ့ပါတယ်။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwi

ကိုဘာနီတွင် ကာ့ဒ်တိုက်ခိုက်ရေး သမားများ ရှေ့သို့ချီတက်နိုင်

ဘီရွတ် နိုဝင်ဘာ ၁၁ တူရကီနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိနေသည့် ဆီးရီးယားမြို့ ကိုဘာနီ၌ အစ္စလာမ္မစ် နိုင်ငံ(အိုင်အက်စ်) အစွန်းရောက် အုပ်စုဖြင့် စစ်ခင်းနေသော ကာ့ဒ်တိုက်ခိုက်ရေး သမားများသည် အင်္ဂါနေ့တွင် ရှေ့သို့ချီတက် နိုင်ခဲ့ကြောင်း သတင်းများ ရရှိသည်ဟု အေအက်ဖ်ပီက ဖော်ပြသည်။ ထိပ်တန်းကာ့ဒ် တာဝန်ရှိသူများက ၎င်း၏ တိုက်ခိုက်ရေးသမားများသည် တစ်လမ်းပြီးတစ်လမ်းသိမ်း၍ ရှေ့သို့ ချီတက်နေကြောင်း၊ မကြာမီကာလတွင် အိုင်အက်စ်တို့ကို မောင်းနှင်ထုတ်ပစ်နိုင်မည်ဟု ယုံကြည်ကြောင်း အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားသည်။ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အဆိုပါသတင်းကို မှန်ကန်ကြောင်း ထောက်ခံသည်။ ကာ့ဒ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ (ဝိုင်ပီဂျီ)တို့သည် တနင်္လာနေ့ညနေစောင်းမှ စတင်ကာ အိုင်အက်စ်တို့နှင့် အပြင်းအထန် တိုက်ခိုက်ပြီး မြို့တောင်ပိုင်းရှိ အဆောက်အအုံများ၊ လမ်းများကို အိုင်အက်စ်တို့ လက်မှသိမ်းယူနိုင်ခဲ့ကြောင်း ဗြိတိန်အခြေစိုက်စောင့်ကြည့်ရေးအဖွဲ့က ပြောသည်။ ကိုဘာနီမြို့ အနှံ့အပြား၌ တပ်စွဲထားသည့် အိုင်အက်စ်စခန်းများကို ဝိုင်ပီဂျီနှင့် အီရတ်ပက်ရှ်မာဂါ တိုက်ခိုက်ရေးသမားများက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ၎င်းအဖွဲ့ကပင်

ပါကစ္စတန်တောင်ပိုင်း၌ ဘတ်စ်နှင့်ကုန်တင်ကားတိုက် လူ ၅ဝ ထက်မနည်း သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ

ကရာချိ နိုဝင်ဘာ ၁၁ ပါကစ္စတန်နိုင်ငံ တောင်ပိုင်းတွင် ခရီးသည်တင် ဘတ်စ်ကား တစ်စီးနှင့် ကုန်တင်ကား တစ်စီးတို့ တိုက်မိခဲ့ရာ လူ ၅ဝ ထက် မနည်း သေဆုံးကြောင်း ယနေ့ ဒေသဆိုင်ရာ သတင်းများ၌ ဖော်ပြသည်။ ဆင်းဒ်ပြည်နယ်မြို့တော် ကီရာပူးအနီးတွင် ကုန်ပစ္စည်းများ တင်ဆောင်ထားသော ကုန်တင်ယာဉ်ကို ခရီးသည်တင် ဘတ်စ်ကားက ပြင်းထန်စွာ တိုက်မိခြင်း ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ အဆိုပါခရီးသည်တင် ဘတ်စ်ကားသည် ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ဆွက်ဒေသမှ တောင်ပိုင်း ဆိပ်ကမ်းမြို့ကရာချိသို့ ညလုံးပေါက် မောင်းနှင်လာခြင်း ဖြစ်သည်။ လူအသေအပျောက်များပြားသော ယာဉ်မတော် တဆဖြစ်မှုများသည် ပါကစ္စတန်နိုင်ငံတွင် ဖြစ်နေကျ ဖြစ်ရပ်များဖြစ်ပြီး ဖြစ်ပေါ်ရသည့်အကြောင်း ရင်းများမှာ မော်တော်ယာဉ်ကို မဆင်မခြင်မောင်းနှင်ခြင်း၊ လမ်းမျက်နှာပြင် ပြုပြင်ထိန်းသိမ်းမှုညံ့ဖျင်းခြင်း သို့မဟုတ် အသုံးပြုရန် မသင့်လျော်သောယာဉ်များကို အသုံးပြုခြင်း တို့ကြောင့်ဖြစ်သည်။ နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားသော ၎င်းယာဉ်တိုက်မှု၌ သေဆုံးသူအများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်သည်ဟု ကရာချိ မြို့ရှိ ဘီဘီစီသတင်းထောက်က ပြောကြားသည်။ ယာဉ်တိုက်မှုကြောင့် အခြာ

Digital Life နည်းပညာဂျာနယ် အတွဲ ၃ အမှတ် ၂၉

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1v0NrH3 via IFTTT

မြစ်ကြီးနားမှာ ဖမ်းဆီးခံရသူတွေထဲက ၁၁ ဦး လွတ်မြောက်

ဒီရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့မှာ အမည်မသိ အရပ်ဝတ်နဲ့ လက်နက်ကိုင်ဆောင်ထားသူတချို့က မြို့တ၀ိုက်မှာ နေထိုင်သူ လူငယ်အယောက် ၂ဝ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အဲ့ဒီအထဲက ၁၁ ဦးက ဒီနေ့ပြန်လည် လွတ်မြောက်လာပါတယ်။ လွတ်မြောက်လာသူ ၁၁ ဦးဟာ မြစ်ကြီးနားမြို့ ကြာရာပတ္တီးရပ်ကွက် "အေ" မှာ နေထိုင်တဲ့ မိန်းကလေး ၃ ဦးနဲ့ ယောင်္ကျားလေး ၈ ဦး ဖြစ်တယ်လို့ ဒီနေ့ ပြန်လည်လွတ်မြောက်လာသူ အသက် ၁၇ နှစ်အရွယ် မခေါ်ဆားရ်က ပြောပါတယ်။ "ယူနီဖောင်းတော့ ဝတ်မထားဘူးပေါ့၊ လက်နတ်တော့ကိုင်တယ်၊ ဒီမှာ သူငယ်ချင်းတွေလည်းရှိတယ်ဆိုပြီးတော့ အဲ့လိုခေါ်သွားတယ်၊ အယောက် ၂၀ ကျော်လောက်ပါသွားတယ်၊ ဒီရွာက ၁၁ ယောက်၊ တောတစ်နေရာမှာစုပြီးတော့ လမ်းမပေါ်ရောက်တော့ သုံးလေးငါးယောက်တော့ ခေါ်သွားတယ်၊ မိန်းကလေးလေးက ၃ ယောက်၊ ယောင်္ကျားလေးက ၈ ယောက်" ဖမ်းဆီးခံခဲ့ရသူတွေဟာ လီဆူ၊ ရဝမ်၊ ဂျိန်းဖောစတဲ့ ကချင်မျိုးနွယ်စု တိုင်းရင်းသားတွေဖြစ်ပြီး ကြာရာပတ္တီးရပ်ကွက် "အေ" က ၁၁ ယောက်နဲ့ ကျန်တဲ့သူတွေက မြစ်ကြီးနားမြို့ မန်ခိန်၊ ရွှေစက်၊ ပလန စတဲ့ရပ်ကွက်တွေမှာ နေထိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။ ဘယ်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ် ဆိုတာကိုတော့ RFA က အတည်

ပထမကမ္ဘာစစ်အတွင်းက မြန်မာစစ်သား

ပထမကမ္ဘာစစ်ကြီးဖြစ်တာ အခုဆို နှစ် ၁၀ဝ တောင်ရှိပါပြီ။ အဲဒီကမ္ဘာစစ်ကြီးအတွင်း ဥရောပက စစ်သားတွေ သန်းနဲ့ချီပြီး သေဆုံးခဲ့ရသလို အာရှမှာရှိတဲ့ ကိုလိုနီနိုင်ငံတွေက စစ်သားတွေလည်း ပါဝင်ခဲ့ပါတယ်။ ဗြိတိသျှကိုလိုနီဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံကနေလည်း ဒီစစ်ပွဲမှာ ပါဝင်ခဲ့သူတွေရှိပြီး အဲဒီထဲမှာ ဉီးကျော်မြင့်လည်း ပါဝင်ပါတယ်။ အခုချိန်မှာ သက်ရှိထင်ရှားမရှိတော့တဲ့ ဉီးကျော်မြင့်ဟာ လွတ်လပ်ရေးရပြီးခေတ်မှာ တရားဝန်ကြီးတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ကိုလိုနီခေတ် တက္ကသိုလ်ကျောင်းသားဘဝမှာပဲ ဖခင်နဲ့ စိတ်ဆိုးပြီး စစ်ထဲဝင်ရာက အိန္ဒိယနိုင်ငံက အင်္ဂ္လိပ်တပ်ကို ရောက်သွားပါတယ်။ ပထမကမ္ဘာစစ်အတွင်း တပ်တွေ အရွေ့အပြောင်းလုပ်ရာမှာ သူဟာ ဘဂ္ဂဒက်မြို့မှာ တာဝန်ကျခဲ့ပါတယ်။ အဲဒီက ရေနံတွင်းတွေကို ဂျာမနီတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးရတယ်လို့ သူ့ရဲ့ သားဖြစ်သူ ဒေါက်တာ သိန်းအုပ်ကျော်မြင့်က ပြန်ပြောပါတယ်။ သြစတြေးလျမှာ လက်ရှိနေထိုင်နေတဲ့ အသက် ၇၀ အရွယ် ဒေါက်တာသိန်းအုပ်ကျော်မြင့်က သူ့ဖခင်ဟာ စစ်ထဲ ပါဝင်ခဲ့ပေမယ့် စစ်ရဲ့ အနိဋ္ဌဌာရုံတွေကို မြင်တွေ့ခဲ့ရပြီး စစ်ကို ရွံ့မုန်းသူဖြစ်တယ်လို့ ပြောပါတယ်။ နိုဝင်ဘာလ ၁၁ ရက် နေ့ စစ်ပြီးဆုံးတဲ့ နှစ်ပတ်လည်နေ့ ရောက်တိုင်းလည်း စစ်အ