Skip to main content

ကျားဖြူပါတီ၏ အုပ်စု ဒုဥက္ကဌ အသတ်ခံရမှု သျှမ်းပြည်နယ်အစိုးရ စိစစ်ပေးမှုမရှိ



နိုဝင်ဘာလ ၁၂ ရက် ၂၀၁၄

လူသတ်မှုသံသယဖြင့် မြို့နယ်ရဲများ၏ ပစ်သတ်ခံရသော ဟိုပုံးမြို့နယ် ကျားဖြူပါတီ မြို့နယ်ဒုဥက္ကဌ (ဦး)လုံးရွှေ အမှုနှင့် ပတ်သက်ပြီး သျှမ်းပြည်နယ် အစိုးရထံ တင်ပြတောင်းဆို ထားသော်လည်း ကွင်းဆင်း စိစစ်ပေးမှု မရှိသေးဟု ကျားဖြူ ပါတီကပြောပါသည်။


“အမှုမှန်ပေါ်ပေါက်ရေး အတွက် သျှမ်းပြည်နယ် ၀န်ကြီးချုပ် နဲ့ ပြည်နယ် အစိုးရအဖွဲ့ဆီကို အောက်တိုဘာ ၁၆ ရက်နေ့မှာ စာတင်ထားတယ်။ ခုထိ အရေးယူပေးတာ မရှိသေးဘူး။ အဲဒီအတွက်ဆက်လက် တောင်းဆိုထားတယ်။” ဟု ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင်မှ ပြောသည်။


သျှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊မိုင်းပျဉ်းကျေးရွာအုပ်စုတွင် ဂျွန်လ ၄ ရက်နေ့က NLD ရပ်ကျေး ဒု-ဥက္ကဋ္ဌ ဦးစိုင်းစံထွန်း အသတ်ခံရသောကိစ္စနှင့်ပတ်သက်၍ SNDP ကျားဖြူပါတီ ဒုဥက္ကဌ လုံးရွှေအား လူသတ်မှုဖြင့် သံသယရှိသူအဖြစ် စက်တင်ဘာလ ၁၂ ရက်နေ့က သွားရောက်ဖမ်းဆီးစဉ် ထွက်ပြေးသည်ဟုဆိုကာဟိုပုံး ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။


“သံသယရှိတာနဲ့ပဲ ဒီလိုအသက်တစ်ချောင်းကို ရဲကပစ်ပိုင်ခွင့်ရှိသလား၊ ပါတီရဲ့ဒုဥက္ကဌတစ်ဦးဖြစ်တဲ့အတွက် ရွေးကောက် ပွဲကော်မရှင်ကိုလည်း တင်ပြမယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ဥက္ကဌကိုလည်းတင်ပြမယ်၊ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်အထိတင်မယ် ” ဟု ဟိုပုံးမြို့နယ် ကျားဖြူပါတီဥက္ကဌ ဒေါ်နန်းသန်းသန်းရွှေမှ ပြောသည်။


သေဆုံးသူ၏ သားဖြစ်သူကလည်း “ ကျနော့်အဖေ ပစ်သတ်ခံရတဲ့ ကိစ္စမကျေနပ်ဘူး ၊ ဒါကြောင့်တရားစွဲမှာဖြစ်တယ်” ဟု ဦးလုံးရွှေ၏ သားဖြစ်သူမှပြောသည်။ တရားစွဲဆိုရာတွင် ကျားဖြူပါတီမှ ပါတီရန်ပုံငွေဖြင့် ဥပဒေနှင့်အညီ အမှုမှန် ပေါ်ပေါက်ရန် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။


“ရဲဆိုတာဥပဒေရဲ့ဘက်တော်သား၊ပြည်သူကိုကာကွယ်ရမယ့် ဥပဒေရဲ့ဘက်တော်သား၊ ဒါမျိုးလုံးဝမဖြစ် သင့်ဘူး၊ ကျနော်တို့အနေနဲ့လည်းလုံးဝသည်းမခံနိုင်ဘူး။ အမှုမှန်ပေါ်ပေါက်ရေးအတွက်ဆက်လက်ဆောင်ရွက်သွားမယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့တရားဥပဒေစိုးမိုးမှု ရဲ့အောက်မှာ မှားသည်ဖြစ်စေမှန်သည်ဖြစ်စေ အပြီးသတ်စီရင်ရ မယ့်ကိစ္စမှာ ခုလိုပြည်သူ့ရဲက သေနတ်နဲ့ပစ်သတ်တာ လုံခြုံမှုမရှိ ဘူးဆိုတဲ့သဘောပေါ့ ” ကျားဖြူပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင်မှပြောသည်။


တရားဥပဒေကိုမျက်ကွယ်ပြုသောလုပ်ရပ်ကြောင့် တရားဥပဒေစိုးမိုး ရေးမရှိနိုင်ကြောင်း ၊နိုင်ငံ၏တည်ငြိမ်အေးချမ်းမှု ထိခိုက်ပျက်ပြားစေကြောင်း၊ လူတိုင်းတရားဥပဒေအကာအကွယ်ရရှိစေပြီး တရားဥပဒေစိုးမိုးမှုအောက်တွင် အေးအေးလူလူ လုပ်ကိုင်စားသောက်စေချင်ကြောင်း နိုဝင်ဘာလ (၇) ရက်နေ့က ကျားဖြူပါတီမှပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ၄င်းကပြောကြားခဲ့ခြင်းဖြစ်သည်။


ယင်းအမှုနှင့်ပတ်သက်၍ ဟိုပုံးမြို့နယ်မှူးထံသို့ စက်တင်ဘာ ၂၃ ရက်နေ့ကဆက်သွယ်မေးမြန်းခဲ့ရာ “ သံသယရှိလို့ ကျနော်တို့သွားဖမ်းတာ ဖမ်းဝရမ်း မလိုဘူး။ ကျနော်တို့မှာသက်သေအထောက်အထားတွေရှိလို့ သက်သေတွေရဲ့ ထွက် ဆိုချက်အရ လူသတ်မှုနဲ့မသင်္ကာလို့ စစ်ဆေးဖို့သူ့ကိုစောင့်နေတာ ဂျူလိုင်လကတည်းကပါ။ သူ့ကိုသွားခေါ်တော့ အိမ်နောက်ဖက်ထွက်ပြေးတယ်။ ကျနော်တို့ရဲတပ်ဖွဲ့ဝင်တွေက သွားလိုက်ဖမ်းရင်းနဲ့ ခလုတ်တိုက်လို့ ကျည်ဆံထွက်သွား တာဖြစ်မှာပေါ့ဟု” ပြောကြားခဲ့သည်။


ရဲလုပ်ထုံးလုပ်နည်းအရ သွားရောက်ဖမ်းဆီးချိန်တွင် အသာတစ်ကြည်အဖမ်းခံလျင် ဤသို့ ဖြစ်မည်မဟုတ်ကြောင်း ၊ သေမှုသေခင်းဖြင့်အမှုဖွင့်ထားကြောင်း ၄င်းကပြောပါသည်။


သျှမ်းသံတော်ဆင့်

http://ift.tt/1lQu8oX









from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1wjt5Dx

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...