Skip to main content

Posts

Showing posts from December 11, 2014

ပန်းလှိုင်မြစ်ကြောင်းတိုးချဲ့မှုကြောင့် ဧရာဝတီတိုင်းတွင် အိမ်ခြေ ၄၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

ပုသိမ်၊ ဒီဇင်ဘာ ၁၀ ဧရာဝတီမြစ်နှင့် ရန်ကုန်မြစ်တို့ကြား ဆက်သွယ်ထားသည့် တိမ်ကောနေသော ပန်းလှိုင်မြစ် အား မြစ်ေ ကြာင်း ပြန်လည် တိုးချဲ့ရာတွင် ပါဝင်သွားခဲ့သော ဧရာဝတီတိုင်းဒေ သကြီး ညောင်တုန်းမြို့နယ် အတွင်းရှိ အိမ်ခြေ (၄၀၀)ကျော်မှာ နစ်နာကြေးများရရှိမှု မရှိသည့် အပြင် မြေနေရာ အစား ပြန် လည်ရရှိခြင်း မရှိဘဲ ဖယ်ရှားဖျက် သိမ်းပေးခဲ့ရသောကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ်နေရကြောင်း ဒီဇင်ဘာလ ၅ရက်နေ့တွင် နစ်နာ သူများ က မြန်မာသံ တော်ဆင့်သို့ ပြောသည်။ ယင်းမြစ်ကြောင်း ပြန်လည် တိုးချဲ့ရန်အတွက် အာဏာပိုင်များ က နိုဝင်ဘာလအတွင်း စစ်တမ်း ကောက်ယူခဲ့ ခြင်းဖြစ်ကာ ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်တူးဖော် ခဲ့ ခြင်း ဖြစ် သည်။… ““ကျွန်တော်တို့ ဒီနေရာမှာနေ လာတာ နှစ် (၅၀)ကျော်ရှိ နေပါပြီ။ မိဘတွေလက်ထက်က တည်းက ပေါ့။ အခု ဆည်မြောင်းကနေပြီး ပန်းလှိုင်မြစ်ကြောင်း တိုးချဲ့တဲ့နေရာမှာ မလွတ်လို့ဆိုပြီး နှစ် (၁၀၀) မြေပုံပြပြီးဖျက်ခိုင်း တယ်။ ဖျက်ခိုင်းတာကတော့ ရပ်ကွက်လူကြီးတွေက ပါးစပ်နဲ့ပြော ပြီးဖျက်ခိုင်းတာပါ။ မြေတူးစက်ကြီးတွေက အိမ်နောက်ရောက်နေပြီး ကျွန်တော်တို့အိမ်လေး မြေတူး စက်နဲ့တူးပြီး ဖျက်ဆီးသွားမှာစိုးလို့ ဖျက်ပေးလိုက်ရ တယ်။ သူ တို့ကနေ

လက်နက်တိုက် ဖေါက်၍ သေနတ်ခိုးယူသူများ ဘူးသီးတောင်တွင် ဖမ်းဆီးခံရ

ဘူးသီးတောင် ဒီဇင်ဘာ ၁၂ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ မောင်နှမပုလဲတောင်ရွာတွင် အခြေစိုက်သော ခမရ (၅၆၄)တပ်ရင်း လက်နက်တိုက်ကို ဖေါက်ပြီး လက်နက် ခိုးယူသွားသော စစ်သား တစ်ဦးနှင့် အရပ်သား နှစ်ဦးကို သက်ဆိုင်ရာမှ ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။ ဖမ်းဆီးခံရသူ စစ်သားမှာ အမှတ်(၁၅)စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှ တပ်သား မောင်မိုးနှင့် ဘူးသီးတောင်မြို့နယ် အုတ်တောင်ကျေးရွာမှ အောင်ထွန်းကျော်နှင့် မောင်စံအေးတို့ ဖြစ်ကြကြောင်း တပ်နှင့် နီးစပ်သူများက ပြောကြားသည်။ ယခုလ ၇ ရက်နေ့ ညပိုင်းက ခမရ (၅၆၄) လက်နက်တိုက် ဖေါက်ထွင်းခံခဲ့ရပြီး ပစ္စတိုသေနတ်(၂)လက်နှင့် ၎င်းကျည်(၉၈၁)၊ ကျည်အိမ်(၄)ခုနှင့် လှံစွပ်(၂)ခုတို့ ပျောက်ဆုံးသွားခဲ့သည်ဟု ဆိုသည်။ တပ်သား မောင်မိုးထံမှ ပစ္စတိုသေနတ် (၁)လက်၊ ကျည်အိမ်(၂)ခု၊ ကျည် (၁၃၆)တောင့်၊ အုတ်တောင်ကျေးရွာနေ အောင်ထွန်းကျော်နှင့် မောင်စံအေးတို့ထံမှ ပစ္စတို သေနတ်(၁)လက်၊ ကျည်(၈၄၅)တောင့်၊ ကျည်အိမ်(၂)ခု၊ လှံစွပ်(၂)ချောင်း တို့ကို ဒီဇင်ဘာလ ၉ ရက်နေ့တွင် ပြန်လည်သိမ်းဆည်းရမိသည်ဟု သိရသည်။ ပျောက်ဆုံးသည့်ကိစ္စနှင့် ပတ်သက်၍ တပ်ရင်းနှင့်နီးစပ်သူများက “အဲဒီနေ့ညက တပ်ရင်းဗဟိုကင်း အလှည့်ကျ ကင်းတပ်သားက အရက်

မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ကင်းပတ်လမ်း များနှင့် ခြံစည်းရိုး ကာရံမှုလုပ်ငန်းများ ပြီးစီးတော့မည်

စစ်တွေ ၊ ၁၂-၁၂-၂၀၁၄ မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ကင်းပတ်လမ်းများ နှင့် ခြံစည်းရိုး ကာရံမှု လုပ်ငန်းများ ပြီးစီးတော့မည် ဖြစ်ကြောင်း သိရသည်။ ရခိုင်ပြည်နယ် မြောက်ပိုင်း မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် တရားမဝင် ကူးသန်း သွားလာမှုများ မပြုလုပ်နိုင် စေရန် နှစ်နိုင်ငံ နယ်စပ် တစ်လျှောက် ခြံစည်းရိုးများ ကာရံခြင်း၊ ခြံစည်းရိုး တစ်လျှောက် ကင်းပတ်လမ်းများ ဖောက်လုပ် နေခြင်းကို ဆောင်ရွက်လျက် ရှိပြီး လက်ရှိတွင် မြေသားလမ်း အဆင့် ဖောက်လုပ် ထားကြောင်း သိရသည်။ ထိုသို့ ခြံစည်းရိုး တစ်လျှောက် ဖောက်လုပ် ထားသည့် ကင်းပတ်လမ်း များမှာ မြေသားလမ်း အဆင့်သာ ရှိနေသေးသဖြင့် ယခုကဲ့သို့ ပွင့်လင်း ရာသီတွင် ယာဉ်များဖြင့် သွားလာကာ လှည့်ကင်း ပတ်ကင်း လုပ်ငန်းများ ဖြင့် လုံခြုံရေး ဆောင်ရွက် နိုင်သော်လည်း မိုးရာသီတွင် ယာဉ်များ သွားလာနိုင်ခြင်း မရှိဘဲ ခြေကျင်သာ ကင်းပတ်နိုင်မည့် အခြေအနေတွင် ရှိနေကြောင်း သက်ဆိုင်ရာမှ သိရသည်။ ထိုသို့ ယာဉ်များဖြင့် လျင်မြန်စွာ သွားလာနိုင်ခြင်း မရှိဘဲ ခြေကျင်သာ သွားလာနိုင် သဖြင့် မိုးတွင်းကာလတွင် တစ်နေရာရာ၌ တစ်စုံတစ်ခု ဖြစ်ပွားလာပါက အခြားနေရာ များမှ အထောက်အကူ ပေးရန် နှောင့်နှေး ကြန့်ကြာမှု

ရန်ကုန် လမ်း ၄၀ အလယ်ဘလောက်တွင် ဆိုက္ကားသမားနှင့် ကားသမား ခိုက်ရန်ဖြစ်ပွား

လမ်း ၄၀ အလယ်ဘလောက်နှင့် မဟာဗန္ဓုလ လမ်းထောင့်တွင် ကားပါကင်ထိုးရာမှ ဆိုက္ကားသမားနှင့် ကားသမား ယနေ့ ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းအချိန်တွင် ခိုက်ရန်ဖြစ်ပွား ကြောင်းသိရသည်။ ဘေးပတ်ဝန်းကျင်ကပြောပြချက်အရ ကားသမားက တောင်းပန်သည့်ကြားမှ ဆိုက္ကားသမားက ကားမှန်ကို ရိုက်ခွဲလိုက်ကြောင်း၊ ယင်းကြောင့် အနီးဝန်းကျင်မှ ကားသမားများရောက်လာပြီး ၀ိုင်းဝန်းထိုးကြိတ် ရိုက်နှက်လိုက်ကြောင်း၊ Probox ကားမှ ကားသမားလည်း မောင်းပြေးသွားကြောင်း၊ ဆိုက္ကားသမားမှာ မဟာဗန္ဓုလလမ်းပေါ်တွင် ပက်လက်လပြီး သတိလစ်သွားကြောင်း သိရသည်။ ၎င်းကိစ္စနှင့် ကျောက်တံတားရဲစခန်းကို သွားရောက်မေးမြန်းရာ မြို့နယ်မှူးက ''အခု ဆေးစစ်ဖို့ ဆေးရုံကိုသွားရမယ်။ အမှုဖွင့်မလား၊ မဖွင့်လား မသိသေးဘူး။ ဘယ်လိုပုဒ်မနဲ့ တရားစွဲမလဲဆိုတာ ဆေးစာအပေါ် မူတည်ပါ တယ်။ ဒါကြောင့် ညနေကြမှ လာရောက်သတင်းယူကြပါ'' ဟု ပြောသည်။ သဒ္ဓါထက်အိုင်(လှန်းတန်း) News Watch(စောင့်ကြည့်သတင်းဂျာနယ်) http://ift.tt/1pl2P7H from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/16doJs9

ISIS အဖွဲ့မှ ထိပ်တန်း ခေါင်းဆောင်တစ်ဦး အကျင့်ပျက် ခြစားမှုဖြင့် ခေါင်းဖြတ် ကွပ်မျက်ခံရ

မိုဆူးလ် ၊ ၁၂-၁၂-၂၀၁၄ ISIS စစ်သွေးကြွ အဖွဲ့သည် ၄င်းတို့အဖွဲ့ အတွင်းမှ ခေါင်းဆောင်များ အနက် ခေါင်းဆောင် တစ်ဦးကို ဘဏ္ဍာရေး ဆိုင်ရာ အကျင့်ပျက် ခြစားမှု၊ လျှို့ဝှက် ကြံစည်မှုနှင့် အီရတ် မြောက်ပိုင်းရှိ မိုဆူးလ်မြို့ကို လျစ်လျူရှုခြင်း ကဲ့သို့သော ပြစ်မှုများဖြင့် ခေါင်းဖြတ် ကွပ်မျက်ခဲ့ကြောင်း သိရသည်။ မူအာမာသော်ဟာလာ အမည်ရှိ အဆိုပါ ကွပ်မျက်ခံ စစ်သွေးကြွ ခေါင်းဆောင် သည် မိုဆူးလ်မြို့ အတွင်းရှိ အခွန်ငွေများကို ကောက်ယူရသည့် အရာရှိ တစ်ဦးဖြစ်ပြီး ယင်းမြို့ အနီးတွင် တည်ရှိသော အန်နက်ဂါမြို့ အတွင်းရှိ ၄င်း၏ နေအိမ်ရှေ့တွင် ဒီဇင်ဘာ ၈ ရက်က ခေါင်းဖြတ် ကွပ်မျက်ခံခဲ့ ရခြင်းဖြစ်ကြောင်း ဒေသတွင်း အရာရှိတစ်ဦး က ပြောကြားသည်။ ISIS စစ်သွေးကြွ များသည် သော်ဟာလာ ၏ ညီဖြစ်သူ ဖာတီရန် ကိုလည်း ဖမ်းဆီး ခဲ့သည်ဟု သိရသည်။ ဖာတီရန် သည် အီရတ် သမ္မတဟောင်း ဆက်ဒမ်ဟူစိန် အစိုးရအဖွဲ့၏ လျှို့ဝှက် ထောက်လှမ်းရေး ဌာနတွင် ဒုတိယ ဗိုလ်မှူးကြီး တစ်ဦးအဖြစ် တာဝန် ထမ်းဆောင် ခဲ့ဖူးသူ ဖြစ်သည်။ ထို့ပြင် ISIS စစ်သွေးကြွ အဖွဲ့သည် သော်ဟာလာ ၏ ညီမဖြစ်သူ နီရန် ကိုလည်း ရှာဖွေလျက် ရှိကြောင်း သိရသည်။ နီရန် သည် နီနဝေပြည်နယ် ရေလုပ်ငန်း ဆိုင်ရာဦးစီးဌာန တွင်

ထိုင်း အကျဉ်းထောင်က မြန်မာလူငယ်နှစ်ဦး ဒေါ်အောင်ဆန်းစုကြည်ထံ စာပေးပို့

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း လူသတ်မှုနဲ့ ဖမ်းဆီး တရားစွဲဆို ခံနေရသူ မြန်မာ လူငယ်နှစ်ဦးက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ထံကို အကူအညီတောင်းခံတဲ့စာတစ်စောင် မနေ့က ရေးသား ပေးပို့ခဲ့တယ်လို့ ရိုက်တာ သတင်းက ဖော်ပြပါတယ်။ မိမိတို့အနေနဲ့ ပြစ်မှုတစုံတရာမကျူးလွန်ခဲ့ပဲနဲ့ အကျဉ်းထောင်ထဲမှာမနေလိုကြောင်း၊ မတရားသဖြင့် ဓါးစာခံဖြစ်နေရတာကြောင့် တရားမျှတမှုကို လိုလားမျှော်လင့်နေပါကြောင်း၊ မိမိတို့ ထိုင်းနိုင်ငံမှာ သွေးနဲ့ချွေးနဲ့ရင်းပြီး အလုပ်လုပ်ရာက ရတဲ့ငွေကြေးကို မိဘတွေဆီပြန်ပို့နိုင်တဲ့အတွက် မိဘတွေ အဆင်ပြေ ပျော်ရွှင်နေကြတာဖြစ်ကြောင်း မြန်မာဘာသာနဲ့ စာထဲမှာဖော်ပြထားပြီး၊ နှစ်ယောက်လုံး လက်မှတ်ရေးထိုး ထားကြတယ်လို့ သူတို့ရဲ့ရှေ့နေက ပြောပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ကရုံးချိန်းမှာ သူတို့အပေါ် စွဲဆိုထားတဲ့စွဲချက်တွေကို တစ်ခုမှ မကျူးလွန်လွန်ကြောင်း နှစ်ယောက်လုံးက ထွက်ဆိုခဲ့ကြပါတယ်။ နောက်တစ်ကြိမ် ရုံးချိန်းအဖြစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ကို တရားရုံးက သတ်မှတ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့အမှုအတွက် အကျိုးဆောင်ပေးနေတဲ့ ထိုင်းရှေ့နေများအဖွဲ့ခေါင်းဆောင် နာခွန်းက ဒါဟာပုံမှန်

တရုတ်အမျိုးသားများ နှင့် လက်ထပ်ရန် စီစဉ်ထားသည့် ဗီယက်နမ် သတို့သမီးများ ထွက်ပြေးမှုနှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့က လိုက်လံရှာဖွေလျက်ရှိ

ပေကျင်း ၊ ၁၂-၁၂-၂၀၁၄ တရုတ် ရဲတပ်ဖွဲ့သည် နိုင်ငံ အတွင်းရှိ အမျိုးသားများနှင့် လက်ထပ်ရန် စီစဉ်ထားသည့် ဗီယက်နမ် နိုင်ငံမှ သတို့သမီး ဦးရေ ၁ဝဝ ထွက်ပြေးမှုနှင့် စပ်လျဉ်း၍ လိုက်လံ ရှာဖွေလျက် ရှိကြောင်း မီဒီယာများ က ယမန်နေ့တွင် ဖော်ပြထားသည်။ အဆိုပါ ဗီယက်နမ် သတို့သမီး များသည် တရုတ်နိုင်ငံ အတွင်းရှိ ကျေးလက်ဒေသမှ ဆင်းရဲသည့် အမျိုးသားများနှင့် လက်ထပ်ရန် စီစဉ်ပေးခြင်း ခံရပြီးနောက် ယင်းသို့ ထွက်ပြေးခဲ့ ခြင်းဖြစ်သည်။ တရုတ် အမျိုးသား များသည် ဗီယက်နမ် သတို့သမီး တစ်ဦးကို လက်ထပ်နိုင်ရန် အတွက် ယွမ် ၁ဝဝဝဝဝ (ဒေါ်လာ ၁၆ဝဝဝ) ခန့် အကုန်အကျ ခံ၍ ရှာဖွေခဲ့ရခြင်း ဖြစ်ပြီး သတို့သမီး များမှာ ယခုကဲ့သို့ အစုလိုက် ပျောက်ဆုံးခဲ့ ရခြင်းမှာ နောက်ကွယ်တွင် ၄င်းတို့ကို ထိန်းချုပ် ထားသည့် ဂိုဏ်းတစ်ဂိုဏ်း ရှိမည်ဟု တရုတ် အာဏာပိုင်များက ယူဆထားသည်။ သို့ရာတွင် နည်းပညာ ဆန်းသစ်လျက် ရှိသည့် ယနေ့ခေတ် ကာလတွင် သတို့သမီးများမှာ တစ်ချိန်တည်း ထွက်ပြေးရန် အခွင့်အလမ်း ရှိကြောင်း ငွေကြေး အကုန်အကျခံ၍ သတို့သမီး ဝယ်ယူခဲ့သည့် အမျိုးသား တစ်ဦးဖြစ်သူ ဝူ က ပြောကြား ခဲ့သည်။ တရုတ်နိုင်ငံတွင် အရှေ့တောင် အာရှမှ အမျိုးသမီး များကို သတို့သမီးအဖြစ် ဝယ်ယူခြ

CIA လုပ်ရပ် ညွှန်ကြားရေးမှုး ကာကွယ်ပြောဆို

(CIA) ညွှန်ကြားရေးမှူး John Brennan ရဲ့ CIA ဌာနချုပ်က သတင်းစာရှင်းလင်းပွဲ။ (ဒီဇင်ဘာ ၁၁၊ ၂၀၁၄) ၂၀၀၁ ခုနှစ်က အမေရိကန်ပြန်ထောင်စု အပေါ် အကြမ်းဖက် တိုက်ခိုက်မှုကြီး ပြုလုပ်ခဲ့ပြီးတဲ့နောက်ပိုင်း အကြမ်းဖက်သမား တွေလို့ သံသယရှိသူတွေကို ဆက်ဆံတဲ့နေရာမှာ ပိုမိုထိရောက်စေတဲ့ နည်းလမ်းတွေ အသုံးပြုပြီး စစ်ဆေးမေးမြန်းတာတွေလုပ်ခဲ့တယ်လို့ CIA ဗဟိုထောက်လှမ်းရေး အဖွဲ့ အကြီးအကဲ က ကာကွယ်ပြောဆိုလိုက်ပါတယ်။ ဒီလိုနည်းလမ်းတွေကြောင့် အလွန်အသုံးဝင်တဲ့ သတင်းအချက်လက်တွေ ရရှိခဲ့ပြီး တိုင်းပြည်ကို ထပ်မံ တိုက်ခိုက်မှုတွေ မခံရအောင် ကာကွယ်နိုင်ခဲ့သလို အယ်လ်ကိုင်ဒါး အကြမ်းဖက်သမားတွေကိုလည်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ CIA ညွှန်ကြားရေးမှုး John Brannan က ဒေသစံတော်ချိန် ကြာသာပတေးနေ့ နေ့ခင်းပိုင်းက CIA ဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာပြောဆိုပါတယ်။ အမေရိကန် အထက်လွှတ်တော်က အခုသတင်းပတ်အတွင်း ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ပြောထားတဲ့ ပြင်းပြင်းထန်ထန် စစ်ဆေးမေးမြန်းတဲ့ နည်းစနစ်တွေက ထောက်လှမ်းရေးအတွက် အချိန်ကုန်တာပဲရှိတယ်လို့ ဆိုတဲ့အချက်ကို သူက ငြင်းဆိုလိုက်ပါတယ်။ အကြမ်းဖက်သမားတွေကို စစ်ဆေးမေးမြန်းတဲ့နေရာမှာ တချို့ CIA ရဲ့ လုပ်င

ငွေစက္ကူပုံစံ ပိုက်ဆံအိတ်များ ရဲတပ်ဖွဲ့များ လိုက်လံသိမ်းဆည်း

ပုံညွှန်းစာ - မြန်မာနိုင်ငံသုံး ငွေစက္ကူများအား တရားဝင် ခွင့်ပြုချက် မရှိဘဲ ဗွီနိုင်းဖြင့် ပြုလုပ် ထားသော ခေါက်ပိုက်ဆံ အိတ်များ သိမ်းဆည်းနေသည့် မှတ်တမ်းဓာတ်ပုံ ရန်ကုန်၊ ဒီဇင်ဘာ ၉ မင်္ဂလာတောင်ညွန်မြို့နယ်၊ ရွှေပြည့်စုံဈေး ရှိ မြန်မာနိုင်ငံ သုံး ငွေစက္ကူပုံစံယူ ပုံနှိပ်ထားသော ပိုက်ဆံ အိတ် များ ရောင်း ချလျက်ရှိသော ဆိုင်များမှ ပိုက်ဆံအိတ်များကို ဒီဇင် ဘာလ ၅ရက်တွက် အရှေ့တိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဦးဆောင်ပြီး မင်္ဂလာတောင်ညွန့် ရဲစခန်းမှ မြို့နယ်မှူး ဦးစီးသော တပ်ဖွဲ့ဝင်များ လိုက်လံ သိမ်းဆည်းခဲ့ကြောင်း မင်္ဂလာတောင်ညွန့် ရဲစခန်းမှရဲမှူး ဦးသိန်းအောင်က ဒီဇင်ဘာလ ၈ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။ တရားဝင် ခွင့်ပြုချက် မရှိဘဲ ဗွီနိုင်း/သားရေစ များဖြင့် ပြုလုပ် ထားသော မြန်မာနိုင်ငံသုံး ငွေစက္ကူ ပုံစံယူ ရိုက်နှိပ်ထားသော ပိုက်ဆံအိတ်များ ရောင်းချလျက်ရှိကြောင်း သတင်းအရ ၀င်ရောက် ရှာဖွေရာ အလျား(၇.၆) လက်မ၊ အနံ(၃ . ၂)လက်မခန့်ရှိ တစ်သောင်း ကျပ်တန် ငွေစက္ကူပုံစံ ရိုက်နှိပ်ထားသည့် ခေါက်ပိုက်ဆံအိတ် (၂၀၂) လုံး၊ ၅ထောင်ကျပ်တန် ငွေစက္ကူပုံ ရိုက်နှိပ်ထားသည့် ခေါက်ပိုက်ဆံအိတ် (၁၃၈)လုံး အား ရွှေပြည့်စုံ ဈေးရှိ ရောင်းချ

တရားလိုကို ရဲကရိုက်နှက်မှု တာမွေတွင်ဖြစ်ပွား ပြစ်မှု ကျူးလွန်ကြောင်း မခိုင်လုံဘဲ ရိုက်နှက်စစ်ဆေးဟု စွပ်စွဲခံရမှု တစ်လအတွင်း ၂ ကြိမ်ဖြစ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ၀န်ထမ်းတစ်ဦးဖြစ်သူ ကိုဇာနည်လှိုင် တစ်ယောက်၂ ရက်ခန့် မျိုသိပ် ထားရသော အစိုင်အခဲများ အန်ထုတ် လိုက်ရသောကြောင့် ကျေနပ် သွားဟန်ဖြင့် ရုံးသွားရဦးမည်ဟု နှုတ်ဆက်သည်။ မြန်မာသံတော်ဆင့် သတင်းဌာန ပြည်သူများ၏ တိုင်ကြား စာဌာနသို့ ပြစ်မှု ကျူးလွန်သည်ဟု မခိုင်လုံဘဲ မြို့နယ်ရဲစခန်းက ရိုက်နှက်သည်ဟု စွပ်စွဲ တိုင်ကြားမှု ရောက်ရှိလာသည်မှာ ယခုကိစ္စနှင့် ဆိုပါက တစ်လ အတွင်း ၂ ကြိမ်ရှိပြီ။ (ပထမ ဖြစ် ရပ်ကို နိုဝင်ဘာ၂၉ ရက်နေ့ထုတ် မြန်မာ သံတော် ဆင့် အပတ်စဉ် သတင်း၌ ““ခရိုင်စည်ပင် ရွေးကောက်ပွဲဝင်မည့်သူနှင့် အုပ်ချုပ်ရေးမှူးတို့ ဖမ်းဆီးခဲ့သော ကားမှန်ခွဲမှု ရဲစခန်းတွင် နှိပ်စက်ခံ ရ၍ သေဆုံးခြင်း မိသားစုကတိုင်ကြား”” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်။ ယခုတစ်ဖန် ကိုဇာနည်လှိုင်က ““စနေနေ့ (ဒီဇင်ဘာ ၆ရက်) မနက် ၅နာရီ အိပ်ရာနိုးမှ ဖုန်း၂ လုံးပျောက် ဆုံးတာ သိတယ်။ ဖုန်းခိုးတာခံရပြီးချင်း ၂ လုံးလုံး ဖုန်းဆက်၊ ၅း၁၅ မိနစ်မှာ ဖုန်းနဲ့ ဖုန်းပြန်ဝင်လာ တယ်။ ပြန်ခေါ်တယ် ဆိုတော့ နည်းနည်းတော့ အံ့သြသွားတယ်။ သူခိုးကို အချိုသတ်ပြီး ဖုန်းတစ်လုံးကို ပြန်ယူ မယ်လို့ စဉ်းစားပြီး ““မင်းဘယ်မှာလဲလို့ မေးလိုက်

တအန်းပလောင်နဲ့ အစိုးရတပ် အကြား ၁၀ ရက် အတွင်း တိုက်ပွဲ ၇ ကြိမ်ဖြစ်

အစိုးရတပ်နဲ့ အကြား နယ်မြေပိုင်းခြားမှု သဘောတူမှု မရှိတဲ့ အတွက် စစ်ရှိန် လျှော့မချ နိုင်တာလို့ TNLA က ပြောပါတယ်။ ရှမ်းပြည် မြောက်ပိုင်း တအန်း ပလောင် ဒေသမှာ ဒေသခံ တအန်း လက်နက်ကိုင် အဖွဲ့ TNLA နဲ့ အစိုးရ တပ်တွေ အကြား ရင်ဆိုင် တိုက်ပွဲတွေ ဆက်တိုက် ဆိုသလို ဖြစ်ပေါ် နေခဲ့တာမှာ အခု ဒီဇင်ဘာ လထဲမှာ တိုက်ပွဲ ၇ ကြိမ် ရှိနေပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ ရက် ကပဲ တအန်း ၊ ကချင်နဲ့ ကိုးကန့် တပ်ပေါင်းစု တွေနဲ့ အစိုးရတပ် တို့ တာမိုးညဲ မြို့နယ် ထဲမှာ တနေကုန် နီးပါး တိုက်ခိုက် ခဲ့ကြပါတယ်။ အခုလို တိုက်ပွဲတွေ ကြောင့် ဒေသခံတွေ အနေနဲ့ မိမိတို့ရဲ့ ရွာတွေကို စွန့်ခွာ ပြေးနေရပြီး၊ တိုက်ပွဲ ငြိမ်သက်တဲ့ ကာလမှ နေရပ်ရင်းကို ပြန်လာ နေကြရပါတယ်။ အပစ် ရပ်နိုင်ရေး အတွက် ၂၀၁၃ ဂျူလိုင်လတုန်းက TNLA နဲ့ အစိုးရ အကြား တွေ့ဆုံခဲ့ပေမယ့် သဘော တူညီချက် တစုံတရာ မရနိုင်ခဲ့ဘူး ဆိုပြီး TNLA ပြန်ကြားရေး တာဝန်ခံ မိုင်အိုက်ကျော် က ဘီဘီစီကို ပြောပါတယ်။ အစိုးရနဲ့ ဆွေးနွေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု NCCT အထဲ မှာလည်း တအန်း အဖွဲ့ ပါဝင်ပေမယ့်၊ ငြိမ်းချမ်းရေး သဘောတူမှု မရနိုင် ဖြစ်နေတဲ့ အချိန်မှာ အခုလို စစ်ရှိန် လျှော့မချနိုင် ဖြစ်ေ

ကာဘူးလ်မှာ ရှိတဲ့ ပြင်သစ်ကျောင်း တိုက်ခိုက်ခံရ

ခန်းမထဲ အဝင်နေရာမှာပဲ အသေခံ ဗုံး ခွဲလိုက်တာ လို့ မျက်မြင် သက်သေတွေက ပြော။ အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကာဘူးလ်မှာ ရှိတဲ့ ပြင်သစ်တွေ ဖွင့်လှစ်ထားတဲ့ ကျောင်းမှာ ပြဇာတ် ကပြ နေကြစဉ် အသေခံ ဗုံးခွဲ တိုက်ခိုက်တာ ခံခဲ့ရပါတယ်။ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ အကြောင်း တင်ဆက်နေတဲ့ ပြဇာတ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အသေခံ ဗုံးခွဲခဲ့သူဟာ ဆယ်ကျော်သက် တစ်ဦးလို့ သိရပါတယ်။ အစောပိုင်း သတင်းတွေ အရ၊ ဂျာမဏီ နိုင်ငံသား တစ်ဦး သေဆုံးသွားတယ် လို့ ဆိုပေမယ့် ဂျာမဏီ နိုင်ငံခြားရေး ဌာန အနေနဲ့ ဒီ သတင်းကို အတည် မပြုနိုင် သေးပါဘူး။ ဒဏ်ရာ ရသွား သူတွေ အနည်းဆုံး ၁၅ ဦး ရှိတယ်လို့လည်း သိရပါတယ်။ ပြင်သစ် နိုင်ငံခြားရေး ဌာနရဲ့ ပြောခွင့်ရ ရိုမိန်း နာဒဲလ်က အခုလို တိုက်ခိုက် ခံရလို့ တုန်လှုပ် ခြောက်ခြားမှာ မဟုတ်ဘူး ဆိုပြီး ပြောပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1vI77JD from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1yXCMg4

ဟောင်ကောင်ဆန္ဒပြပွဲ ရဲအင်အား ၇ ထောင်ကျော်ဖြင့် ရှင်းလင်း

နောက်ဆုံး လက်ကျန် ဟောင်ကောင် ဆန္ဒပြပွဲတွေကို ဒီဇင်ဘာ ၁၁ ရက်နေ့ မနက်က ဟောင်ကောင် အာဏာပိုင်တွေ စတင် ၀င်ရောက်ရှင်းလင်း ခဲ့ကြပါတယ်။ ရဲတွေရဲ့ အနီးကပ် စောင့်ကြည့်မှုနဲ့ ရှင်းလင်းရေး အလုပ်သမားတွေက အမာရာတီ နယ်မြေက Admiralty ဆန္ဒပြစခန်းကို ၂ နေရာကနေ ၀င်ရောက်ရှင်းလင်း ခဲ့ကြတာပါ။ ၀င်ရောက် ရှင်းလင်းတော့မယ့်အချိန်မှာ ဆန္ဒပြကျောင်းသားတွေကို ဖယ်ရှားပေးဖို့ သတိပေးချက်ဖတ်ကြားခဲ့ပါတယ်။ အစပိုင်း အခုအခံ နည်းနည်းရှိခဲ့တာကလွဲလို့ ထိပ်တိုက်တွေ့မှုတွေ သိပ်မရှိခဲ့ပေ။ ရဲအင်အား ၇ ထောင်ကျော်က သုံးခဲ့ပြီး ရှင်းလင်းရေးကို နှောင့်ယှက်တားဆီးသူ၊ ဆက်ဆန္ဒပြနေသူတွေအားလုံးကို ဖမ်းဆီးမယ်လို့ ရဲမှူး Kwok Pak-chung က ဆန္ဒပြကျောင်းသားတွေကို သတိပေးထားပါတယ်။ နောက်ဆုံးအချိန်အထိ ရဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်သွားမယ့် ဆန္ဒပြကျောင်းသား တချို့ လည်း ရှိခဲ့ပါတယ်။ အခုလို ရဲအင်အားသုံးပြီး ဟောင်ကောင်ဆန္ဒပြပွဲတွေကို ရှင်းလို့ရမှာဖြစ်ပေမယ့် ဟောင်ကောင် နိုင်ငံရေးပြဿနာကို ရှင်းလို့ မရကြောင်း အကျော်ကြားဆုံး ဟောင်ကောင်ဆန္ဒပြကျောင်းသားခေါင်းဆောင် Joshua Wong က ပြောဆိုခဲ့ပါတယ်။ ဒီရှင်းလင်းမှုကို အထင်ကရပညာရှင်အယောက် ၃၀ ပါ အဖွဲ့တဖွဲ့၊ လွတ်လပ်တဲ့ ဟောင်ကောင်ရဲ