Skip to main content

ပန်းလှိုင်မြစ်ကြောင်းတိုးချဲ့မှုကြောင့် ဧရာဝတီတိုင်းတွင် အိမ်ခြေ ၄၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်







ပုသိမ်၊ ဒီဇင်ဘာ ၁၀

ဧရာဝတီမြစ်နှင့် ရန်ကုန်မြစ်တို့ကြား ဆက်သွယ်ထားသည့် တိမ်ကောနေသော ပန်းလှိုင်မြစ် အား မြစ်ေ ကြာင်း ပြန်လည် တိုးချဲ့ရာတွင် ပါဝင်သွားခဲ့သော ဧရာဝတီတိုင်းဒေ သကြီး ညောင်တုန်းမြို့နယ် အတွင်းရှိ အိမ်ခြေ (၄၀၀)ကျော်မှာ နစ်နာကြေးများရရှိမှု မရှိသည့် အပြင် မြေနေရာ အစား ပြန် လည်ရရှိခြင်း မရှိဘဲ ဖယ်ရှားဖျက် သိမ်းပေးခဲ့ရသောကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ်နေရကြောင်း ဒီဇင်ဘာလ ၅ရက်နေ့တွင် နစ်နာ သူများ က မြန်မာသံ တော်ဆင့်သို့ ပြောသည်။ ယင်းမြစ်ကြောင်း ပြန်လည် တိုးချဲ့ရန်အတွက် အာဏာပိုင်များ က နိုဝင်ဘာလအတွင်း စစ်တမ်း ကောက်ယူခဲ့ ခြင်းဖြစ်ကာ ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်တူးဖော် ခဲ့ ခြင်း ဖြစ် သည်။…


““ကျွန်တော်တို့ ဒီနေရာမှာနေ လာတာ နှစ် (၅၀)ကျော်ရှိ နေပါပြီ။ မိဘတွေလက်ထက်က တည်းက ပေါ့။ အခု ဆည်မြောင်းကနေပြီး ပန်းလှိုင်မြစ်ကြောင်း တိုးချဲ့တဲ့နေရာမှာ မလွတ်လို့ဆိုပြီး နှစ် (၁၀၀) မြေပုံပြပြီးဖျက်ခိုင်း တယ်။ ဖျက်ခိုင်းတာကတော့ ရပ်ကွက်လူကြီးတွေက ပါးစပ်နဲ့ပြော ပြီးဖျက်ခိုင်းတာပါ။ မြေတူးစက်ကြီးတွေက အိမ်နောက်ရောက်နေပြီး ကျွန်တော်တို့အိမ်လေး မြေတူး စက်နဲ့တူးပြီး ဖျက်ဆီးသွားမှာစိုးလို့ ဖျက်ပေးလိုက်ရ တယ်။ သူ တို့ကနေစရာ မြေနေရာ အစားလည်း ပြန်မပေးဘူး။ ဖျက်ဆီးသွားတဲ့ အိမ်တွေအတွက် နစ်နာကြေး လည်းမပေးဘူး။ အိမ်ဖျက်နေတဲ့ အတွက်ကလေးတွေလည်း ကျောင်း မသွားနိုင်ဘူး။ လူကြီးတွေလည်း အလုပ် မလုပ်နိုင်ဘူး ဖြစ်နေတယ်။ အခုသူများခြံထဲမှာ တောင်းပန်ပြီး ဖျက်ထားတဲ့ ပစ္စည်းတွေပုံပြီး နေရတယ်။ လူတွေ လည်း အဲဒီမြေကြီးပေါ်မှာ အိပ်ကြရတယ်။ အိမ်ရှင်တွေကလည်း အများဆုံးသုံးလပဲနေခွင့် ပေးကြတယ်။ ကျွန်တော်တို့မှာ နေစရာမြေတောင် မရှိတော့ပါဘူး””ဟု ညောင်တုန်း မြို့နယ်၊ မယ်ဇလီတိုက်နယ်၊ မယ်ဇလီ ကျေးရွာမှ ကိုနိုင်ဦးမှ မြန်မာသံတော်ဆင့်သို့ ပြောသည်။


ယင်းသို့ဖယ်ရှားခံရခြင်း မပြုမီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသက်လင်း အပါအ၀င်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့က မြစ်ကြောင်းပြန်လည်တိုးချဲ့ ရန်အတွက် ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့သေးသည်။


““အဲဒီဆွေးနွေးပွဲမှာလွှတ်တော် ကိုယ်စားလှယ်တွေကတော့ ပြည် သူတွေ နစ်နာမှုမရှိစေရဘူးလို့ တော့ ပြော သွားတာပဲ။ အခု ကျွန်တော် တို့မှာ နေစရာမြေနေရာ မရှိ ဖြစ်နေတာကိုတော့ ဘယ်သူမှလာ မကြည့်ကြဘူး။ ကျွန်တော်တို့ညောင် တုန်းအပိုင်ထဲမှာ ကျေးရွာအုပ်စု (၄)အုပ်စု၊ အိမ်ခြေ(၄၀၀) ကျော်ဖျက် ပေးရမှာဖြစ်ပြီး လူ (၂၀၀၀)ကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်နေရပါတယ်””ဟု ညောင်ရွာ ကျေးရွာသားတစ်ဦးက ဆိုသည်။


အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ညောင်တုန်းမြို့နယ်မှ ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဒေါက်တာလှမင်းအား ဒီဇင်ဘာလ(၁၀) ရက်နေ့တွင် ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာ ““သူတို့တွေကို နစ်နာ ကြေးပေးနိုင် ဖို့မနေ့ကအကဲဖြတ်အဖွဲ့တွေလာစစ် ပြီး သွားပါပြီ။ ဖျက်သိမ်းပေးရမယ့် မြေတွေက သူတို့ကိုယ်ပိုင် မြေတွေ မဟုတ်ဘဲ ကျူးကျော်မြေနေရာတွေ ဖြစ်တဲ့အတွက် ကရုဏာကြေး သဘောမျိုးပဲပေး မှာပါ။ မြေနေရာ ပြန်ချပေးဖို့ကိစ္စကတော့အုပ်ချုပ်ရေး ပိုင်းက တာဝန်ယူပေးဖို့ ပြောထား ပြီးသားပါ။ အုပ်ချုပ်ရေးပိုင်းက နေရာ ပြန်ချပေးရ မှာလေ။ ခုလော လောဆယ်ဖျက်ပေးရတဲ့ လူတွေကတော့ ဒီလိုဒုက္ခတွေ ခံစားနေရ ဦးမှာပါ။ ပြည် သူတွေ ထိခိုက်နစ်နာမှုနည်းအောင် လုပ်ပေးဖို့တော့ ကျွန်တော်တို့ တောင်း ဆိုထားပါတယ်”” ဟု မြန်မာသံ တော်ဆင့်သို့ ပြန် လည်ပြောဆိုသည်။


အဆိုပါ ပန်းလှိုင်မြစ်ကြောင်း တိုးချဲ့ရေးစီမံကိန်းကို ၂၀၁၅ မတ်လကုန် အပြီး ဆောင်ရွက်ရန်အတွက် အစိုးရ တာဝန်ရှိသူများဘက် မှ ရည်မှန်းထားပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၅ ဒသမ ၃ မိုင်နှင့် ဧရာဝတီ တိုင်း ဒေသကြီး အတွင်း ၉ မိုင်၊ စုစုပေါင်း ၃၄ မိုင် ၃ ဖာလုံတိုးချဲ့ရန်စီစဉ်ထားသည်။


မြစ်ကြောင်း တူးဖော်မှုအနေ ဖြင့် မြစ်အောက်ခြေအကျယ် ပေ ၄၀ နှင့် မြစ်အပေါ်ဘက်ခြမ်း ပေ ၁၂၀ အထိ တိုးချဲ့ သွားရန် ပြင်ဆင်ထားကာ ယင်းသို့ လုပ်ဆောင် နေမှုနှင့်ပတ်သက်၍ ““မြစ်ကြောင်း တိုးချဲ့ရခြင်း ရည် ရွယ်ချက် ကတော့ နှစ်စဉ် ရေကြီးနစ်မြုပ်မှုဒဏ်ကို ကာကွယ်ဖို့နဲ့ မြစ်ကြောင်း တစ်လျှောက် လယ်တွေ ကို ရေေ ပး ဝေ နိုင်ဖို့ အတွက်ပါ။ ကျွန်တော် တို့ နိုဝင်ဘာလကတည်းက စပြီး မြစ်ကြောင်း တိုးချဲ့တဲ့နေရာမှာ မလွတ် ဘဲ ဖျက် ရမယ့် အိမ်တွေရဲ့ အခြေအနေတွေတဲအိမ်၊ သစ်သားအိမ်၊ တိုက်အိမ် စသည်ဖြင့်ပေါ့။ ခြံအကျယ်အ၀န်း စတာ တွေကို စစ်တမ်း ကောက်ထားပြီး သားပါ။ အစက အိမ်ခြေ (၄၀၀)ကျော် ဖျက်ရမှာပါ။


အခု လမ်းကြောင်းပြောင်းလိုက် တော့အိမ်ခြေ(၃၀၀)ကျော်ပဲ ဖျက်ရ မှာပါ။ သူတို့တွေကို နစ်နာကြေး ပေးနိုင် ဖို့အတွက် အကဲဖြတ် အဖွဲ့ တွေမနေ့ကလာ ပြီးသွားပါပြီ။ ပြီးရင် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြပြီးနစ် နာကြေး ရ ရှိဖို့ တောင်းခံပေး သွားမှာပါ။ ဒီမြစ်ကြောင်း တိုးချဲ့တဲ့နေရာမှာ ဧရာဝတီ တိုင်း ဒေသကြီး အတွင်း ညောင်တုန်းမြို့ နယ်မယ်ဇလီ တိုက်နယ်က မယ်ဇလီ အုပ်စု၊ ခတ်္ထိယအုပ်စု၊ ညောင်ရွာ အုပ်စု၊ ငှက်ပျောကျွန်း အုပ်စုတွေ ပါပါ တယ်။ မြေနေရာ အစား ပြန်ပေးဖို့ကတော့ အုပ်ချုပ်ရေးမှူးတွေ ကညှိနှိုင်းပြီး လုပ်ကြမှာပါ။ ငှက်ပျော ကျွန်း ကတော့ မြေနေရာ အစားပြန် ပေးပြီးပါပြီ။ စီမံကိန်းက မတ်လ အကုန်အပြီး ဆောင်ရွက်ရမှာပါ”” ဟု ဆည်မြောင်း ဦးစီးဌာန တည် ဆောက်ရေး (၉)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကောင်းမြတ် သိန်းက မြန်မာ သံတော်ဆင့် သို့ ပြောသည်။


ရဲရင့်ထွန်း(ပုသိမ်)


မြန်မာသံတော်ဆင့်သတင်းဌာန- http://ift.tt/1t7d2bL






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1yYwkVX

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...