Skip to main content

Posts

Showing posts from November 30, 2014

မြန်မာနိုင်ငံမှာ ထိရောက်တဲ့ HIV ကုသမှုလိုသေးကြောင်း ကုလပြော

ဒီကနေ့ ကမ္ဘာ့ AIDS နေ့မှာ HIV ရောဂါပိုး ကူးစက် နေသူတွေ အတွက် ရောဂါ ကုသခွင့် အပြည့်အ၀ရရေး အလေးပေး ဆောင်ရွက်ဖို့ UNAIDS အကြီးအကဲက တိုက်တွန်း လိုက်ပါတယ်။ မြန်မာနိုင်ငံမှာတော့ HIV ရောဂါပိုး ကူးစက်နှုန်း ကျဆင်းခဲ့ပေမဲ့ ထိရောက်တဲ့ ကာကွယ်မှုတွေ ဆက်ပြီး လိုအပ်နေဆဲပဲလို့ မြန်မာနိုင်ငံ အတွက် ပြုစုထားတဲ့ ကုလသမဂ္ဂရဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့လုံးဆိုင်ရာ AIDS ကာကွယ်မှုအစီရင်ခံက ဖေါ်ပြထားပါတယ်။ မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။ ဒီဇင်ဘာလ (၁) ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ အေအိုင်ဒီအက်စ် နေ့မှာ HIV ရောဂါပိုးကူးစက်နေသူတွေကို ထိထိရောက်ရောက်ကုသပေးရေး ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ထပ်ပြီးကြိုးစားအားထုတ်ဖို့လိုနေတယ်လို့ UNAIDS အကြီးအကဲ Michel Sidibe (မီရှယ်လ် ဆီဒီဘဲ)ကပြောဆိုလိုက်ပါတယ်။ “ဒီကနေ့ကျရောက်တဲ့ ကမ္ဘာ့ AIDS နေ့မှာ ကျနော်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ၂ ဆတိုး လုပ်ဆောင်ကြဖို့ အချိန်ဖြစ်ပါတယ်။ ရောဂါ ကူးစက် နေသူတွေကို အမြန်ဆုံး ကုသမှုတွေ လုပ်ဆောင်ပေးပြီး HIV ရောဂါပိုး မကူးစက်အောင် ကြိုတင် ကာကွယ်မှု၊ ကြည့်ရှု စောင့်ရှောက်မှု လက်ခံရရှိနေသူတွေနဲ့ အဲဒီလို အခွင့်အရေးတွေ မရတဲ့သူတွေအကြားက ကွာခြားချက်ကို နဲနိုင်သမျှ နဲအောင် လုပ်ဆောင်ကြရမှာ

ဘတ်စ်ကားများအတွက် ကွန်ကရစ်ကပ်တုံးများချပြီး သီးသန့်နေရာပေး စတင်စမ်းသပ်

ရန်ကုန် နိုဝင်ဘာ ၃ဝ လူတန်းစား အလွှာပေါင်းစုံ အသုံး ပြုလျက်ရှိသော မြို့တွင်းသွား ခရီးသည်တင် ဘတ်စ်ကားများအား သတ်မှတ်မျဉ်းဝါအတွင်းမှ မောင်းနှင် ကြရန် လွန်ခဲ့သော နိုဝင်ဘာလဆန်း ပိုင်းက စည်းကမ်းများ သတ်မှတ် ပေးခဲ့သော်လည်း စည်းကမ်းလိုက်နာမှု ရာနှုန်းပြည့် မရှိခဲ့သဖြင့် မြို့တွင်းသွား ယာဉ်ကြောကျပ်တည်းမှု သိသိ သာသာလျော့နည်း သက်သာလာစေ ရန်အတွက် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီက ခရီးသည် သီးခြားဘတ်စ်ကား ယာဉ်လိုင်း တစ်လိုင်းသွားနိုင်အောင် ညာဘက် ယာဉ်ကြောကို နိုဝင်ဘာ ၂၉ ရက်က စပြီး ကွန်ကရစ်ကပ်တုံးများအား အနော်ရထာလမ်း တစ်လျှောက် ဗိုလ်တထောင်ဘုရားလမ်းမှ စ၍ ချထားမှုနှင့် ဆက်လက်ချထားမှု များကို တွေ့ရသည်။ ယခုလို သီးခြားဘတ်စ်ကား ယာဉ်လိုင်းအတွက် ကွန်ကရစ်ကပ်တုံးများချထားမှုနှင့်ပတ်သက်၍ အငှား (Taxi) ယာဉ်မောင်းတစ်ဦးဖြစ်သူ အင်းစိန်ရွာမနေ ကိုကျော်စိုးက ''ဘတ်စ်ကားတွေအတွက် အလွန်ပင်ကောင်းပါတယ်။ ခရီးသည်တွေအတွက်လည်း အဆင်ပြေအန္တရာယ်ကင်းသလို ယာဉ်မောင်းတွေစည်းကမ်းလိုက်နာမှုရှိလာမှာဖြစ်တယ်။ နောက်ပြီး လမ်းလယ်ဘတ်စ်ကား တားစီးမှုများကိုလည်း အန္တရာယ်ကင်းလျော့နည်းသွားတာပေါ့။ ယာဉ်ငယ်များ အတွက် စိတ်ပူစရာမလိုဘဲ လိုရာခရီးကို လျင်

ဟောင်ကောင်မှာ ဆန္ဒပြသူတွေ ရဲနဲ့ ထိပ်တိုက်ရင်ဆိုင်မှု ထပ်မံဖြစ်ပွား

ဟောင်ကောင်ကျွန်းမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေက အစိုးရရုံး စိုက်ရာနေရာ ကနေ တခြားနေရာတွေကို တိုးချဲ့ဆန္ဒပြဖို့ ကြိုးစားနေတဲ့ အချိန် ရဲတပ်ဖွဲ့တွေ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ Admiralty အရပ်မှာရှိတဲ့ အဓိက လမ်းမကြီးကို ဆန္ဒပြသူတွေကို သိမ်းပိုက်ဖို့ ကြိုးစားနေကြတာမှာ သန်းခေါင်ကျော် တနင်္လာနေ့ အစောပိုင်းမှာ ရဲက တားထားတဲ့နေရာကို ဆန္ဒပြသူတွေက ဖြတ်ကျော်သွားနိုင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဘက်ကလည်း မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေအသုံးပြုပြီး ပြန်လည် ခုခံခဲ့တဲ့အတွက် လူအတော်များများ ထိခိုက်ဒဏ်ရာရပြီး အနည်းဆုံး ၁၈ ယောက်လောက်လည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ဒါဟာ ဆန္ဒြုပသူတွေနဲ့ ရဲတပ်ဖွဲ့အကြား လွန်ခဲ့တဲ့သီတင်းပတ်အတွင်းဖြစ်ခဲ့တဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေထဲက နောက်ဆုံး ဖြစ်ပေါ်မှုလည်း ဖြစ်ပါတယ်။ သောကြာနေ့တုန်းကလည်း Mong Kok အရပ်မှာရှိတဲ့ အတားအဆီးတွေကို ရဲတပ်ဖွဲ့က ရှင်းလင်းဖို့ ကြိုးစားစဉ် ဆန္ဒပြသူတွေနဲ့ လုံးထွေးသတ်ပုတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်အတွင်း ဆန္ဒပြကျောင်းသားခေါင်းဆောင် ၂ ဦးဖြစ်တဲ့ Lester Shum နဲ့ Joshua Wong တို့ အပါအ၀င် လူအတော်များများ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ

တူရကီနဲ့ ငြိမ်းချမ်းရေးရဖို့ ဖြစ်နိုင်ကြောင်း Kurd ခေါင်းဆောင်ပြော

တူရကီနိုင်ငံမှာ ဖမ်းဆီး ထိမ်းသိမ်း ခံထားရတဲ့ တရားမ၀င် အဖွဲ့အစည်း Kurdistan Workers Party ရဲ့ ခေါင်းဆောင် ဖြစ်သူက တူရကီ အစိုးရ အနေနဲ့ ကာ့ဒ်လူမျိုးတွေရဲ့ အခွင့်အရေးတွေကို အာမခံမယ်ဆိုရင် လပိုင်းအတွင်း ငြိမ်းချမ်းရေး ရနိုင်တယ်လို့ ပြောဆို လိုက်ပါတယ်။ ဆယ်စုနှစ်သုံးစုကြာ တူရကီနိုင်ငံအရှေ့တောင်ပိုင်းကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ တိုက်ပွဲဝင်နေခဲ့ပြီး လူပေါင်း ၄ သောင်း သေဆုံးခဲ့ရတဲ့အထိ ဖြစ်ခဲ့တဲ့ ဆန့်ကျင်နေမှုကို အဆုံးသပ်စေရေး ညှိနှိုင်းဆွေးနွေးဖို့ လုပ်ငန်းစဉ်တရပ်ကို ရေးဆွဲထားပြီး ဖြစ်ကြောင်း KWP ခေါင်းဆောင် Abdullah Ocalan က တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ Ocalan ရှိရာ အစ္စတန်ဘူလ်မြို့ပြင်က အကျဉ်းထောင်ကို ကာ့ဒ် လိုလားသူ ဥပဒေပြုလွှတ်တော်အမတ်တွေ သွားရောက်ခဲ့ပြီးတဲ့နောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ အစိုးရဘက်ကကော ကာ့်ဒ်တွေဘက်ကပါ ဒီမိုကရေစီနဲ့ကိုက်ညီတဲ့ အဖြေရရှိအောင် တာဝန်ခံမှု စိတ်ပိုင်းဖြတ်မှုနဲ့ ယုံကြည်စိတ်ချမှု စတာတွေနဲ့ ညှိနှိုင်းကြမယ်ဆိုရင် လေးလကနေ ငါးလအတွင်းမှာ သဘောတူညီမှု ရနိုင်လိမ့်မယ်လို့ Ocalan က ပြောတယ်လို့ ဆိုပါတယ်။ Ocalan နဲ့ အရာရှိတွေ ကြား ဘာတွေ ဆွေးနွေးခဲ့ကြတယ်ဆိုတဲ့ အသေးစိ

တစ်သောင်းတန် ငွေစက္ကူအတု သိန်း ၉ဝဝ ကျော် မွန်ပြည်နယ်၌ သိမ်းဆည်းရမိ

မော်လမြိုင် နိုဝင်ဘာ ၃ဝ မွန်ပြည်နယ် ဘီးလင်းမြို့၌ နိုဝင် ဘာ ၂၈ ရက် ညနေ ၄ နာရီ မိနစ် ၅ဝ တွင် ရဲအုပ်အောင်သူနှင့် အဖွဲ့ သည် သတင်းအရ သက်သေများနှင့် အတူ ဘီးလင်းမြို့ အိုအေစစ် စား သောက်ဆိုင် အခန်းအမှတ် (၈ဝ၇) ကို ဝင်ရောက်ရှာဖွေရာ အခန်း အတွင်း သိန်းဇော် (၃၉) နှစ်နှင့် သက် လွင်ဦး (၃၄) နှစ်တို့အား LEVIS စာတန်းပါ အနက်ရောင် ကျောပိုး အိတ် တစ်လုံးနှင့်အတူ တွေ့ရှိပြီး ကျောပိုးအိတ်အတွင်းမှ ကမ္ဘောဇဘဏ် လီမိတက်(ဘားအံဘဏ်ခွဲ) တံဆိပ်နှင့် 27 NOV 2014 တံဆိပ်ရိုက်နှိပ်ထား သည့် ကျပ်တစ်သောင်းတန် ငွေစက္ကူ အတု ၁ဝဝ ရွက်ပါ အထုပ် ၉၁ ထုပ် စုစုပေါင်းကျပ်သိန်း ၉၁ဝ၊ လက်ကိုင် ဖုန်းသုံးလုံးနှင့်အတူ တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။ ဆက်လက်၍ သိန်းဇော်အား စစ်ဆေးရာ လွန်ခဲ့သော တစ်လခန့် က တောင်ကြီးမြို့ ဆိုင်ကယ်ပွဲစားတန်း တွင်တွေ့ရှိသည့် တင့်လွင်နှင့် ဆိုင် ကယ်ဝယ်ယူစဉ်ခင်မင်ခဲ့ပြီး တင့်လွင်က ၎င်းထံတွင် ငွေကျပ်တစ်သောင်းတန် ငွေစက္ကူအတု သိန်းတစ်ရာကျပ်ကို ငွေစက္ကူအစစ် သိန်း ၃ဝ ပေးရမည် ဖြစ်ကြောင်းပြောရာ နိုဝင်ဘာ၂၇ ရက် ညနေ ၅ နာရီခွဲခန့်တွင် တောင်ကြီးမြို့ ဆိုင်ကယ်ပွဲစားတန်းရှိ လက်ဖက်ရည် ဆိုင်တွင် တင့်လွင်နှင့်တွေ့၍တစ်သောင်း ကျပ်တန်အတု

ယူအေအီးနိုင်ငံသည် ရွှေ့ပြောင်းလုပ်သားများကို မညှာမတာဆက်ဆံ

အဘူဒါဘီ နိုဝင်ဘာ ၃ဝ ကုလသမဂ္ဂ နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်း (အိုင်အယ်လ်အို)သည် အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)နိုင်ငံရှိ ရွှေ့ပြောင်း လုပ်သားများ၏ ညှဉ်းပန်းနှိပ်စက်မှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်လျက်ရှိသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် (အိုင်တီယူစီ)၏ တိုက်တန်းချက်နှင့် ပတ်သက်ပြီး ဤသို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဆောက်လုပ်ရေးနှင့်အိမ် အကူလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေသော ရွှေ့ပြောင်းလုပ်သားများအပေါ် ခေါင်းပုံဖြတ်ခြင်း၊ အတင်းအကျပ်ခိုင်းစေခြင်း များရှိကြောင်း (အိုင်တီယူစီ)၏ ပြောပြချက်ကို ဂါးဒီးယန်းသတင်းစာ က စနေနေ့က ဖော်ပြခဲ့သည်။ အဘူဒါဘီမြို့ရှိ ရွှေ့ပြောင်းလုပ်သားအမြောက်အမြား မညှာမတာဆက်ဆံခြင်းခံရကြောင်း၊ အလုပ်အကိုင် ရရှိရေးအတွက် တရားမဝင် ငွေကြေးပေးဆောင်ရခြင်းကြောင့် ဆင်းရဲဒုက္ခရောက်နေရကြောင်း၊ နေထိုင်စားသောက်ရာတွင်လည်း အဆင်ပြေမှုမရှိကြောင်း၊ လုပ်အားခမှာလည်း မျှတခြင်းမရှိကြောင်းစသည်ဖြင့် ဖော်ပြပါရှိခဲ့သည်။ အိုင်တီယူစီ၏ တိုင်ကြားချက်အရ အိုင်အယ်လ်အိုအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်သည့် ယူအေအီးနိုင်ငံသည် တရားဝင်သဘောတူညီချက်ကို မထီမဲ့မြင်ပြုရာ ရောက်လွန

ကလေးလုပ်သား စာရင်း ILO ကောက်ခံနေ

မြန်မာပြည်မှာ ကလေး သူငယ် တွေ အတွက် ရေးဆွဲ ထားတဲ့ ဥပဒေ တွေ ဟာ တခုနဲ့ တခု ဖီလာ ဆန့်ကျင် ဖြစ်တဲ့ အချက်တွေ ပါနေတဲ့ အတွက် အဲဒါတွေကို ပြင်ဆင်ပြီး ထိရောက်တဲ့ ကလေး အလုပ်သမား ဥပဒေ တစ်ရပ် ပြဋ္ဌဌာန်း နိုင်ဖို့ လေ့လာ သုံးသပ် နေတယ် ဆိုပြီး ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ILO က ပြောပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ ILO က မြန်မာ နိုင်ငံ တလွှား အလုပ်သမား အင်အား စစ်တမ်း ကောက်ဖို့ ရေးဆွဲ နေတာလည်း ဖြစ်တဲ့ အတွက် တဆက်တည်း ကလေး အလုပ်သမား အရေအတွက် ကို သိဖို့ လေ့လာ နေပါတယ် လို့ ILO ရဲ့ မြန်မာပြည် ဆိုင်ရာ လက်ထောက် ဆက်သွယ်ရေး အရာရှိ မစ္စ Piyamal Pichaiwongse က ပြောပါတယ်။ ကလေး အလုပ်သမား ပြဿနာတွေ ဖြေရှင်းရေး အတွက် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ရဲ့ ပဋိညာဉ် အမှတ် ၁၈၂ ကို မြန်မာ နိုင်ငံက လက်မှတ် ရေးထိုး ထားပါတယ်။ မြန်မာပြည် မှာ ရှိတဲ့ ကလေး အလုပ်သမား အရေအတွက် ကို စာရင်းဇယားနဲ့ ရရှိနိုင်ဖို့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ အစိုးရ အန်ဂျီအို အဖွဲ့တွေ အားလုံး တက်တက်ကြွကြွ ပူးပေါင်း ဆောင်ရွက်ကြပါ ဆိုပြီး မစ္စ Pichaiwongse က တိုက်တွန်း ပါတယ်။ ကမ္ဘာ ပေါ်မှာ ကလေး အလုပ်သမား သန်း ၁၇ဝ လောက် ရှိနေပြီး အာရှ ပစိဖိတ် ဒေသမှာ အများဆုံး သန်း ၈ဝ လောက် ရှိတယ်လို့ ILO က
ကာချုပ်နဲ့ KNU ခေါင်းဆောင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆွေးနွေး မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ငြိမ်းချမ်းရေး ဖြစ်ထွန်းမှု၊ ဆုတ်ယုတ်မှု၊ နောက် တိုင်းရင်းသားတွေနဲ့ ဆက်ပြီးဖြစ်ပွားနေတဲ့ စစ်ပွဲတွေ အပေါ် စိုးရိမ်ချက်တွေ အပါအ၀င် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ နောက် နိုင်ငံရေး ဆွေးနွေးပွဲတွေ အပေါ် အမြင်တွေကို ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲကနေ ရလာတဲ့ အမြင်သဘောထားတွေ အပေါ် မူတည်ပြီး အပစ်အခတ် ရပ်စဲရေး ရှေ့လုပ်ငန်းစဉ်တွေကို ဒီကနေ့မှာ KNU က မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့လည်း ဆွေးနွေးခဲ့ကြပါတယ်။ ဘာတွေ ဆွေးနွေးခဲ့ကြလဲဆိုတာကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြပေးထားပါတယ်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ကရင့်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌနဲ့အဖွဲ့တို့ မနေ့က တွေ့ဆုံပြီး တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်ဖြစ်ထွန်းမှုတွေ၊ ဆုတ်ယုတ်မှုတွေကို ဆွေးနွေးခဲ့တယ်လို့ KNU ရဲ့ အထွေထွေ အတွင်းရေးမှူး ဖဒိုကွယ်ထူးဝင်းက ပြောပါတယ်။ “DKBA နဲ့တိုက်ပွဲဖြစ်တာတို့၊ နောက်ပြီးတေ

အီရတ် စစ်တပ်ထဲ တပ်သားမရှိပဲ လစာထုတ်ယူ နေတာတွေကို ဖော်ထုတ်

အီရတ်စစ်တပ် အတွင်း အကျင့်ပျက် ခြစား နေမှုတွေကို စုံစမ်း စစ်ဆေးရာကနေ လူမရှိပဲ လစာ ထုတ်ယူဖို့ ဖန်တီးထားတဲ့ နာမည် အရေအတွက် ၅ သောင်းလောက် ရှိနေတယ် ဆိုတာ ဖော်ထုတ် နိုင်လိုက် ပါတယ်။ အဲဒီ့လို လူမရှိပဲ ဖန်တီးထားတဲ့ နာမည်၊ ဒါမှမဟုတ် စစ်တပ်ထဲမှာ ဆက်လက် ရှိမနေတော့ပဲ လစာတော့ ဆက်လက် ပေးနေရတဲ့ နာမည်တွေကို၊ တစ္ဆေ စစ်သားတွေ ဆိုပြီး အီရတ် စစ်တပ် အသိုင်းအဝိုင်းထဲ ခေါ်ကြကြောင်း သိရပါတယ်။ အီရတ် ဝန်ကြီးချူပ်ရုံးက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် ထဲမှာ ဖြစ်ပေါ်နေတဲ့ အကျင့်ပျက်မှု ပြဿနာ ရဲ့ အတိမ်အနက် ကို သေသေချာချာ ဖော်ပြထားပြီး၊ အခုတော့ လစာတွေ ဖန်တီး ထုတ်ယူ နေတာတွေကို ရပ်တန့် နိုင်ခဲ့ပြီ လို့ ဆိုပါတယ်။ အီရတ် အစိုးရတပ် ထဲမှာ အဲဒီလို အကျင့်ပျက် ယိုယွင်းမှုတွေ ရှိနေတဲ့ အတွက်၊ တိုင်းပြည်ရဲ့ မြောက်ပိုင်းနဲ့ အနောက်ပိုင်းတို့မှာ IS အစွန်းရောက်တွေ ထကြွလာမှုကို နိုင်နင်းအောင် ကိုင်တွယ် နိုင်ခဲ့ခြင်း မရှိခဲ့တာ ဖြစ်တယ် လို့ သတင်းထောက်တွေက သုံးသပ် ထားပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://www.bbc.co.uk/burmese/world/2014/11/141130_iraq_army_corruption အီရပ် အစိုးရတပ်ထဲ တစ္ဆေ စစ်သားတွေ ဖန်တီးပြီး လစာတွေ ထုတ်ယူ။ from သစ်ထူးလွင် (နေ့စဉ်

ဖမ်းဆီးခံ ဗိုလ်ချုပ်ကြီး လွတ်မြောက်လာ

ကိုလံဘီယာ နိုင်ငံမှာ လက်ဝဲဝါဒီ သူပုန် FARC အဖွဲ့ ရဲ့ ဒီလ အစောပိုင်းက ဖမ်းဆီး ခေါ်ဆောင် သွားတာ ခံခဲ့ရတဲ့ အစိုးရ စစ်တပ်က ဗိုလ်ချူပ်ကြီး ပြန်လည် လွတ်မြောက် လာပြီ ဖြစ်ပါတယ်။ အခုဆိုရင် လွတ်မြောက် လာတဲ့ ဗိုလ်ချူပ်ကြီး ရူဘင် ဒါရီအို အယ်လ်ဇာတေး နဲ့ အခြား ၂ ဦးဟာ မက်ဒယ်လ်လင်း မြို့က အစိုးရ စစ်တပ် အခြေစိုက် စခန်းကို ရောက်ရှိ သွားပြီ ဖြစ်ပြီး၊ ကျန်းမာရေး အရလည်း ကောင်းမွန် နေကြတယ် လို့ သိရပါတယ်။ ဗိုလ်ချူပ်ကြီး အယ်လ်ဇာတေး ပြန်ပေးဆွဲ ခေါ်ဆောင် သွားတာ ခံခဲ့ ရတဲ့နောက်၊ ကိုလံဘီယာ အစိုးရက FARC သူပုန်တွေနဲ့ ငြိမ်းချမ်းရေး စကားပြောဆို နေမှုတွေကို ရပ်ဆိုင်း ပစ်ခဲ့ပါတယ်။ အခု ဗိုလ်ချူပ်ကြီး အယ်လ်ဇာတေး ပြန်လွတ် လာပြီမို့၊ ခန့်မှန်းခြေ လူ ၂ သိန်း သေဆုံး ခဲ့ရပြီး ဖြစ်တဲ့ ကိုလံဘီယာ ရဲ့ အနှစ် ၅၀ လက်နက်ကိုင် ပဋိပက္ခကို အဆုံး သတ်နိုင်ရေး အတွက်၊ စကားပြောပွဲတွေ ပြန်လည် စတင်ဖို့ မျှော်လင့်ချက် ရှိလာပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://www.bbc.co.uk/burmese/world/2014/11/141130_colombia_farc_released သူပုန်တွေ လက်ထဲက ပြန်လွတ်လာတဲ့ ဗိုလ်ချုပ်ကြီး အယ်လ်ဇာတေးဟာ ကျန်းမာရေး ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။ from သစ်ထူးလွင် (နေ့စဥ

ရန်ကုန်မြို့သစ်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ရေး တင်ပြ

ရန်ကုန်မြို့သစ်စီမံကိန်းကို ပြန်လည် အကောင်အထည် ဖော်ဖို့အတွက် ကြည့်မြင်တိုင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်က ရန်ကုန်တိုင်း ဒေသကြီး အစိုးရထံ တင်ပြထားတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ အဆိုတင်သွင်း ထားပေမယ့် အောင်မြင်နိုင်ခြေ နည်းပါးတာကြောင့် တိုင်းဒေသကြီး အစိုးရထံ တင်ပြထားတာဖြစ်တယ်လို့ တိုင်းဒေသကြီး လွတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မာက ပြောပါတယ်။ "ကျမတို့က လွှတ်တော်မှာ တင်ထားပြီးသား ဒါပေမဲ့ အဲ့ဒီအဆိုက လွှတ်တော်မှာ ပြန်ပြီးတော့တင်ပေးနိုင်ခွင့် အခြေအနေနည်းပါးလို့ အန်တီကလွှတ်တော်နဲ့ မပြီးဘူးထင်တယ်ဆိုပြီးတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုပါ ထပ်ပြီးတော့တင်ထားပေးတာ၊ စီမံကိန်းအရ အခုချက်ချင်းရပ်ဆိုင်းလိုက်တာကို ခံလိုက်ရတယ်လေ၊ အဲ့ဒီအတွက်ကြောင့်မို့လို့ မျှော်လင့်နေတဲ့ ပြည်သူတွေကလည်း သူတို့ရဲ့ မျှော်လင့်တောင့်တချက်တွေ ဝေးကွာခဲ့ရတယ်၊ အဲ့ဒါကြောင့် သူတို့ကိုယ်တိုင် သူတို့ရဲ့ဆန္ဒတွေကိုပေါ့နော် ၂ ကြိမ်တိုင်တိုင် ဆန္ဒဖော်ထုတ်ခဲ့တယ်၊ အဲ့လို ဆန္ဒဖော်ထုတ်ခဲ့တဲ့သူတွေကို အစိုးရအနေနဲ့ ပြန်ပြီးတော့ဆွေးနွေးမှုတွေ ပြုလုပ်ပေးဖို့သင့်တယ် ဆိုတဲ့အကြောင်းလည

ဒီဇင်ဘာလ (၁)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ

ဒီဇင်ဘာလ (၁)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ ဒီဇင်ဘာလ (၁)ရက်နေ့ ထုတ် ပြည်ထောင်စု နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://feedproxy.google.com/~r/thithtoolwin/yIWV/~3/F-1ut4YE0sY/blog-post.html

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းမှ ဓါးကိုင်ရမ်းကား နေသူအား ဖမ်းဆီး အရေး

ရန်ကုန်၊ နိုဝင်ဘာ ၃၀ ၂၈.၁၁.၂၀၁၄ ရက်နေ့ ၁၂၀၀အချိန်ခန့်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် နယ်မြေအတွင်း လှည့်ကင်း တာဝန် ဆောင်ရွက်နေစဉ် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၇၁)ရပ်ကွက်၊ ဗိုလ်မင်းရောင်(၁)လမ်းပေါ်တွင် အမျိုးသားတစ်ဦး ဓါးကိုင်ရမ်းကား နေကြောင်း သတင်းအရ သွားဖမ်းဆီးခဲ့ပါသည်။ အဆိုပါနေရာတွင် ဓါးကိုင်ရမ်းကားနေသူမှာ ၎င်းရပ်ကွက်နေ ကျွဲကြီး(ခ)၀င်းကို၊ (၂၃)နှစ်ဖြစ်ပြီး ၎င်းထံမှ အရိုးအသွား(၁၄)လက်မခန့်ရှိ သုံးမြှောင်ချွန်စကေဘာ (၁)ချောင်းနှင့် အရိုးအသွား(၂၁)လက်မခန့်ရှိ သတ္တုရိုးတတ်ငှက်ကြီးတောင်ဓါးရှည်(၁)ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ပါသည်။ ယင်းသို့ဓါးကိုင်ရမ်းကားနေသူ ကျွဲကြီး(ခ)၀င်းကိုအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မ၏ ရဲစခန်း (ပ) ၁၁၀၄/၂၀၁၄၊ လက်နက်ဥပဒေပုဒ်မ၁၉(င)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ Yangon Police https://www.facebook.com/yangonpolice from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://feedproxy.google.com/~r/thithtoolwin/yIWV/~3/XCVS0ELAC1I/blog-post_1807.html

အီဂျစ်ဆန္ဒပြပွဲနှိမ်နင်းမှု အသေအပျောက်ရှိ

အီဂျစ်နိုင်ငံမှာ သမ္မတဟောင်း Hosni Mubarak အပေါ် စွဲချက်အားလုံးကို ကင်းလွတ်ခွင့် ပေးခဲ့တဲ့ အပေါ် မကျေနပ်လို့ ဆန္ဒပြခဲ့ကြသူ ၁ ထောင်ကျော်ကို ရဲတွေက မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေနဲ့ လူစုခွဲ ခဲ့ပါတယ်။ ဆန္ဒပြသူနှစ်ယောက် အနည်းဆုံး သေဆုံးပြီး ၉ ယောက် ဒဏ်ရာရရှိ ခဲ့တယ်လို့ တာဝန်ရှိ သူတွေ ကပြောပါတယ်။ ၂၀၁၁ ခုနှစ်က မူဘာရက်အစိုးရ ဆင်းပေးဖို့ တောင်းဆို ဆန္ဒပြမှုတွေအတွင်း လုံခြုံရေး တပ်ဖွဲ့တွေကြောင့် ဆန္ဒပြသူတွေ သေဆုံးမှုမှာ သမ္မတဟောင်း ပတ်သက်နေတယ်လို့ဆိုတဲ့ အမှုတွေအားလုံးကို စနေနေ့က တရားရုံးက ပယ်ချခဲ့တာဖြစ်ပါတယ်။ ဒီအပေါ် မကျေနပ်ကြသူတွေက တရားမျှတအောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။ အဂတိလိုက်စားမှုဆိုင်ရာ စွဲချက်တွေကနေလည်း မစ္စတာ Mubarak ကင်းလွတ်ခဲ့ပါတယ်။ ဒါပေမဲ့ အလွဲသုံးစားမှုနဲ့ အစောပိုင်းကျထားတဲ့ ၃ နှစ် ပြစ်ဒဏ်နဲ့ သူဟာ ထောင်ဆေးရုံမှာဆက်ပြီး အကျယ်ချုပ်ကျခံရမှာဖြစ်ပါတယ်။ Mubarak အစိုးရလက်ထက်က ပြည်ထဲရေးဝန်ကြီးနဲ့ ထိပ်တန်းလုံခြုံရေးအရာရှိ ၆ ယောက်ကိုလည်း တရားသူကြီးက တရားသေလွှတ်ပေးခဲ့ပါတယ်။ ဗွီအိုအေ (မြန်မာဌာန) http://burmese.voanews.com/content/throng-protests-mubarak-acquittal-in-protesters-death-/254004

ကမ္ဘာ့ဖလား အိမ်ရှင်ဖြစ်ရေး ကြိုးပမ်းမှု မမှန်ကန် မှုတွေ ရှိ

၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ ဖလား ဘောလုံး ပွဲတွေ လက်ခံ ကျင်းပ နိုင်ဖို့ ကြိုးစားတဲ့ နေရာမှာ မမှန်ကန်တဲ့ လုပ်ရပ်တွေ ရှိခဲ့တယ် ဆိုတဲ့ နောက်ထပ် စွပ်စွဲချက်တွေ ထပ်မံ ထွက်ရှိ လာပါတယ်။ ၂၀၁၈ အတွက် အိမ်ရှင် အဖြစ် ရုရှားက ရရှိသွားသလို ၂၀၂၂ ခုအတွက် ကိုတော့ ကာတာ နိုင်ငံက ရသွား တာပါ။ အခု စွပ်စွဲ ထားရှိချက်တွေကတော့ ၂၀၁၈ အိမ်ရှင် ဖြစ်ရေး ကြိုးပမ်းတဲ့ အင်္ဂ္လန် အဖွဲ့က စုစောင်း ရရှိတဲ့ သတင်း အချက် အလက်တွေ ဖြစ်ပါတယ်။ ဒါတွေကို ထောက်လှမ်းရေး ဌာနက လျှို့ဝှက် သိမ်းဆည်းထားတာ ဖြစ်ပြီး၊ အခုထွက် ရှိလာတဲ့ တချို့ စွပ်စွဲ ချက်တွေ ကိုတော့ ဗြိတိန်ထုတ် The Sunday Times သတင်းစာမှာ ဖေါ်ပြ ပါရှိ ပါတယ်။ ရုရှ သမ္မတ ဗလာဒီ မီယာ ပူတင် ကိုယ်တိုင် ဒီ မမှန်ကန်တဲ့ လုပ်ရပ်တွေ ထဲမှာ အကြီး အကျယ် ပါဝင် ပတ်သက် နေပြီး မစ္စတာ ပူတင်က သူ့နိုင်ငံ မဲရရေး အတွက် စည်းရုံး ပေးဖို့ ဖီဖာ ဥက္ကဌ ဆက်ပ် ဘလက်တာ ဆီက တောင် အကူ အညီ တောင်း ခဲ့တယ်လို့ ဆိုပါတယ်။ ကာတာ နိုင်ငံ ကတော့ သူတို့ရဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်း အရှိန် အဝါနဲ့ မဲရအောင် လုပ်ခဲ့ တယ်လို့ စွပ်စွဲ ပါရှိ ပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://www.bbc.co.uk/burmese/sport/2014/11/141130_fifa ရုရှ သမ္မတ ဗလာဒီ မီယာ

ရှုခင်းသာအိမ်ရာကို ထိတ်လန့် စေသူများအား ဖမ်းဆီး အရေးယူ

သာကေတမြို့နယ်၊ ရှုခင်းသာအိမ်ရာ၌ ခိုက်ရန်ဖြစ်ပွားရာတွင် ရပ်ကွက် နေပြည်သူများ ကြောက်ရွံ့ ထိတ်လန့်ခြင်းများ ဖြစ်ပွားစေခဲ့ပြီး ရပ်ကွက် တည်ငြိမ်အေးချမ်း သာယာရေးကို ထိခိုက်စေ ခဲ့ကြသူများကို အရေးယူ ရန်ကုန်၊ နိုဝင်ဘာ ၃၀ ၂၇.၁၁.၂၀၁၄ ရက်နေ့ ၂၀၃၀ အချိန်ခန့်တွင် သာကေတမြို့နယ်၊ ရှုခင်းသာ ရပ်ကွက်၊ ရှုခင်းသာ အိမ်ရာ၊ တိုက် A-4 ရှေ့၌ ၎င်းတိုက်တွင်နေထိုင်ကြ သူများဖြစ်သည့် ဦးစိုးသန်းဦးမိသားစုနှင့် ကိုကျော်အောင်တို့မိသားစုသည် လမ်းပေါ်တွင်ကားပိတ်ဆို့ ရပ်တန့်မှုနှင့်ပတ်သက်ပြီး နှစ်ဘက်အချင်း များရန်ဖြစ်ခဲ့ကြသဖြင့် အပြန်အလှန်အမှုဖွင့် တိုင်တန်းထားရှိခဲ့၍ စစ်ဆေး ဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့အခင်းဖြစ်ပွားစဉ် ကိုကျော်အောင်၏တူဖြစ်သူ ဖြိုးသူနှင့် အပေါင်း အပါ(၃)ဦးတို့မှ တုတ်၊ ဓါးများ ကိုင်ဆောင်၍ အခင်းဖြစ်နေရာသို့ရောက်ရှိလာပြီး ကိုကျော်အောင်နှင့်အတူ ဦးစိုးသန်းဦးတို့အား ခြိမ်းခြောက်ကြိမ်းမောင်းခြင်းများ ပြုလုပ်ခဲ့ကြသဖြင့် ရှုခင်းသာရပ်ကွက်နေပြည်သူတို့မှာ ကြောက်ရွံ့ ထိတ်လန့်ခြင်းများဖြစ်ပွားခဲ့ပြီး ရပ်ကွက်တည်ငြိမ်အေးချမ်းသာယာရေးကို ထိခိုက်စေသဖြင့် ၎င်းတို့ကို သာကေတမြို့မရဲစခန်း (ပ)၅၇၇/၂၀၁၄၊ ပြစ်မှုပုဒ်မ-၁၄၇/၁၄၈/၅၀၅(ခ) ဖြင့် အမ

ဒေါပုံမြို့နယ်မှာ မီးပလပ်ခုံ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်

နေအိမ်တွင်လူမရှိဘဲ လျှပ်စစ်မီးချောင်း ဖွင့်ထားခဲ့ရာမှ မီးပလပ်ခုံ အပူလွန်ကဲပြီး မီးလောင်မှုဖြစ် ရန်ကုန်၊ နိုဝင်ဘာ ၃၀ ၃၀.၁၁.၂၀၁၄ရက်နေ့ ၁၄၄၀ အချိန်တွင် ဒေါပုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒေါပုံမြို့နယ်၊ ဗမာ အေးရပ်ကွက်၊ တပင်ရွှေထီးလမ်းရှိ နေအိမ်တိုက်ခန်းတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေး ခဲ့ပါသည်။ ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းရှိ တိုက်ဒုတိယထပ်နေ ဦးကျော်မြင့် (စိစစ်ဆဲ)မှာ နေအိမ်တွင်မရှိဘဲပြင်ပသို့ သွားရောက်နေစဉ် အခန်းအတွင်း၌ လျှပ်စစ်မီးချောင်း ဖွင့်ထားခဲ့ရာ မီးပလပ်ခုံ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ရာမှ မွေ့ယာနှင့် သုံးထပ်သားပြားတို့အား ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ် ကြောင်း၊ ပတ်ဝန်းကျင်နေ ပြည်သူများနှင့် မီသတ်ယာဉ်များ ရောက်ရှိငြှိမ်းသတ် ခဲ့သဖြင့် ၁၄၄၃အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပါသည်။ ယင်းသို့ မီးလောင်မှု ဖြစ်ပွားခဲ့သည့် အတွက် ဦးကျော်မြင့် (စိစစ်ဆဲ)အား ဒေါပုံမြို့မ ရဲစခန်း(ပ)၂၉၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။ Yangon Police https://www.facebook.com/yangonpolice from သစ်ထူးလွင် (နေ့စဉ်သတင