Skip to main content

တစ်သောင်းတန် ငွေစက္ကူအတု သိန်း ၉ဝဝ ကျော် မွန်ပြည်နယ်၌ သိမ်းဆည်းရမိ



မော်လမြိုင် နိုဝင်ဘာ ၃ဝ

မွန်ပြည်နယ် ဘီးလင်းမြို့၌ နိုဝင် ဘာ ၂၈ ရက် ညနေ ၄ နာရီ မိနစ် ၅ဝ တွင် ရဲအုပ်အောင်သူနှင့် အဖွဲ့ သည် သတင်းအရ သက်သေများနှင့် အတူ ဘီးလင်းမြို့ အိုအေစစ် စား သောက်ဆိုင် အခန်းအမှတ် (၈ဝ၇) ကို ဝင်ရောက်ရှာဖွေရာ အခန်း အတွင်း သိန်းဇော် (၃၉) နှစ်နှင့် သက် လွင်ဦး (၃၄) နှစ်တို့အား LEVIS စာတန်းပါ အနက်ရောင် ကျောပိုး အိတ် တစ်လုံးနှင့်အတူ တွေ့ရှိပြီး ကျောပိုးအိတ်အတွင်းမှ ကမ္ဘောဇဘဏ် လီမိတက်(ဘားအံဘဏ်ခွဲ) တံဆိပ်နှင့် 27 NOV 2014 တံဆိပ်ရိုက်နှိပ်ထား သည့် ကျပ်တစ်သောင်းတန် ငွေစက္ကူ အတု ၁ဝဝ ရွက်ပါ အထုပ် ၉၁ ထုပ် စုစုပေါင်းကျပ်သိန်း ၉၁ဝ၊ လက်ကိုင် ဖုန်းသုံးလုံးနှင့်အတူ တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။


ဆက်လက်၍ သိန်းဇော်အား စစ်ဆေးရာ လွန်ခဲ့သော တစ်လခန့် က တောင်ကြီးမြို့ ဆိုင်ကယ်ပွဲစားတန်း တွင်တွေ့ရှိသည့် တင့်လွင်နှင့် ဆိုင် ကယ်ဝယ်ယူစဉ်ခင်မင်ခဲ့ပြီး တင့်လွင်က ၎င်းထံတွင် ငွေကျပ်တစ်သောင်းတန် ငွေစက္ကူအတု သိန်းတစ်ရာကျပ်ကို ငွေစက္ကူအစစ် သိန်း ၃ဝ ပေးရမည် ဖြစ်ကြောင်းပြောရာ နိုဝင်ဘာ၂၇ ရက် ညနေ ၅ နာရီခွဲခန့်တွင် တောင်ကြီးမြို့ ဆိုင်ကယ်ပွဲစားတန်းရှိ လက်ဖက်ရည် ဆိုင်တွင် တင့်လွင်နှင့်တွေ့၍တစ်သောင်း ကျပ်တန်အတု ကျပ်သိန်း ၉၁ဝ အား ငွေကျပ် သိန်း ၃ဝ ပေး၍ ယူခဲ့ကြောင်း၊ တောင်ကြီးမြို့မှ ညနေ ၆ နာရီထွက် သည့် နယူးမန္တလာထွန်းယာဉ်ဖြင့် လိုက်ပါလာခဲ့ပြီး အမှတ်(၃) လမ်းဆုံ သို့ နိုဝင်ဘာ ၂၈ ရက် နံနက် ၅ နာရီ တွင်ရောက်ရှိပြီး တိုက်ကြီးမြို့နယ် ဖလုံရွာနေ သက်လွင်ဦးထံသို့ နံနက် ၇ နာရီတွင်ရောက်ရှိကာ ထိုမှ သက်လွင်ဦး၊ မျိုးလှိုင် (၃၈)နှစ်၊ မင်း ထိုက် (၃၃) နှစ်တို့နှင့်အတူ ဆိုင်ကယ် နှစ်စီးဖြင့် မွန်ပြည်နယ် ဘီးလင်းမြို့သို့ ထွက်ခွာခဲ့ကြောင်း၊ သတင်းအရ မျိုးလှိုင် နှင့် မင်းထိုက်တို့အား လိုက်လံရှာဖွေရာ မင်းထိုက်အား ညနေ ၅ နာရီ မိနစ် ၂ဝ တွင် ဘီးလင်းမြို့ အိုအေစစ် စားသောက်ဆိုင်ရှေ့တွင် ၄ဝယ/--DAYUN အမျိုးအစား ဆိုင်ကယ်နှင့် အတူဖမ်းဆီးရမိပြီး မျိုးလှိုင်အား ညနေ ၅ နာရီ မိနစ် ၄ဝ တွင် ငွေလာမြိုင် လက်ဖက်ရည်ဆိုင်ရှေ့တွင် ၃၃ယ/ ---- စမတ်ဆိုင်ကယ်ဖြင့် တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ငွေစက္ကူ အတုနှင့်အတူ တွေ့ရှိဖမ်းဆီးရမိသူ သိန်းဇော်၊ သက်လွင်ဦး၊ မင်းထိုက်နှင့် တင့်လွင် (စုံစမ်းဖမ်းဆီးဆဲ)တို့အား ဘီးလင်းမြို့မရဲစခန်းမှ(ပ)၁၄၅/--- ၂ဝ၁၄၊ နိုင်ငံတော်ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁ဝ၅/၁ဝ၆/၁ဝ၇ ဖြင့် အမှုဖွင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


(ဆက်နေမင်းအောင်)


The Mirror Daily

https://www.facebook.com/TheMirrorDaily






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://feedproxy.google.com/~r/thithtoolwin/yIWV/~3/fruiQ4M-Nc8/blog-post_38.html

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...