Skip to main content

Posts

Showing posts from November 19, 2014

UWSA မှာ တရုတ်လုပ် ခေတ်မီ ဒုံးကျည်တွေ ရှိနေကြောင်း စစ်ရေးမဂ္ဂဇင်း ဖော်ပြ

UWSA ဝပြည် သွေးစည်းလုံး ညီညွတ်ရေး တပ်မတော် မှာ တရုတ်နိုင်ငံလုပ် အနီအောက် ရောင်ခြည်သုံး FN-6 ပခုံးထမ်း လေယာဉ်ပစ် ဒုံးကျည်တွေ ပိုင်ဆိုင်နေပြီလို့  ဂျိမ်းစ် စစ်ရေးမဂ္ဂဇင်းက ဖော်ပြပါတယ်။ တတိယ မျိုးဆက် နည်းပညာနဲ့ ထုတ်လုပ်ထား တဲ့ လေကြောင်း ရန်ကာကွယ်ရေး FN-6 ဒုံးကျည်တွေကို UWSA တပ်မှာ မြင်တွေ့ ခဲ့ရသူ တစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားရေးသား ထားတာဖြစ်ပါတယ်။ အဲ့ဒီဒုံးကျည်ဟာ အမြင့်မီတာ ၃၅၀၀ အထိ ပစ်ခတ် နိုင်ပြီး၊ ပစ်လွှတ်လိုက်တဲ့အခါမှာ နေရောင်ခြည် သက်ရောက် မှု၊ လောင်ကျွမ်းမှု နဲ့  လေထုတွင်းပွတ် တိုက်အားအပူတွေကို ခံနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ ပုံမှန်တပ်အင်အား ၂ သောင်းလောက်ရှိမယ် လို့ ခန့် မှန်းရတဲ့ UWSA အဖွဲ့ က ဒီလက်နက်ကို ဘယ်ကာလလောက်ကတည်းက ရရှိနေခဲ့တာလဲဆိုတာ မသိရပေမဲ့၊ အဲ့ဒီအဖွဲ့ မှာ အပေါ့စားလက်နက်ငယ်တွေ အမြောက်အများနဲ့  လက်နက်ကြီးတွေလည်းရှိနေသလို၊ တရုတ်နိုင်ငံလုပ် သံချပ်ကာယာဉ်တွေ၊ ရဟတ်ယာဉ် အသေးစားတွေလည်း ပိုင်ဆိုင်ထားတယ်လို့  ဆိုပါတယ်။FN-6 လေယဉ်ပစ်ဒုံးတွေကို ဆီးရီးယားသူပုန်တွေက ၂၀၁၃ အစောပိုင်းလောက်မှာအသုံးပြုခဲ့တယ် လို့သိရပါတယ်။ RFA Burmese http://ift.tt/1kBhvP9 from သစ်ထူးလွင် (နေ့စဉ်သတင်း) -

လူကုန်ကူးမှု ပြဿနာ ထိုင်းမှာ ဆွေးနွေး

ထိုင်းငါးဖမ်းလှေတွေပေါ်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ လူကုန်ကူး ခံနေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လူကုန်ကူး ခံရသူတွေ အတွက် ကူညီဆောင်ရွက် ပေးနေတဲ့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း တွေ အပါအ၀င် ထိုင်းအစိုးရ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ထိုင်းနိုင်ငံ တောင်ပိုင်း စုန်ခလမြို့မှာ ဆွေးနွေးပွဲ တစ်ခု ဒီကနေ့ ကျင်းပ ခဲ့ပါတယ်။ ဆွေးနွေးပွဲ တက်ရောက်နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်င အခြေစိုက် ပညာရေး နဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း အဖွဲ့က အမှုဆောင်ဒါရိုက်တာ ဦးထူးချစ် က လူကုန်ကူး ခံနေရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ပတ်သက်ပြီး RFA ကို အခုလို ပြောဆိုပါတယ်။ "အဓိက ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်ကစပြီး ထိုင်းနိုင်ငံက လူကုန်ကူးမှုနဲ့ ပတ်သက်ပြီးတော့ နာမည်ပျက်စာရင်းထဲမှာ ၃ ကနေ ၂ ထိ ဆိုးရွားတဲ့ အခြေအနေမျိုးကို ဖြစ်သွားတဲ့ အချိန်မှာ ထိုင်းနိုင်ငံထဲမှာ အဓိကအားဖြင့်တော့ ငါးဖမ်းလုပ်ငန်းတွေမှာ လူကုန်ကူးခံရတဲ့ အလုပ်သမားတွေ အရမ်းများနေ တာတွေ့ရတယ်၊ ဒါကြောင့်မို့လို့ အဲ့ကိစ္စတွေကို ဘယ်လိုမျိုး ထိုင်းအစိုးရနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ ဒီမှာလုပ

မယ်ကမ္ဘာပြိုင်ပွဲ ဝင်ပြိုင်မည့် ဟွန်ဒူးရပ်စ် အလှမယ် အသတ်ခံရ

လန်ဒန်မှာ ကျင်းပမယ့် မယ်ကမ္ဘာပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ရက်ပိုင်းအလိုမှာ ပျောက်ဆုံးနေတဲ့ ဟွန်ဒူးရပ်စ် အလှမယ်ကို သူ့ညီမနဲ့အတူ အသတ်ခံထားရတာကို ပြန်တွေ့ပြီလို့ ရဲက နိုဝင်ဘာလ ၁၉ ရက်နေ့က ပြောပါတယ်။ အသက် ၁၉ နှစ်အရွယ် မာရီယာ ဟိုဆေး အယ်လ်ဗာရာဒိုကို သူ့ညီမ ဆိုဖီယာနဲ့အတူ တောင်ထူတဲ့ စန်တာဘာဘရာဒေသ မြစ်တခုဘေးမှာ မြုပ်ထားတာ တွေ့ခဲ့တာလို့ ရာဇဝတ်မှု စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ခေါင်းဆောင် လေအန်ဒရို အိုစိုရီယိုက ပြောပါတယ်။ သူတို့နဲ့ အတူ လူသတ်ပစ္စည်းနဲ့ သူတို့ကိုမြုပ်မယ့်နေရာကို သယ်လာတဲ့ ကားတို့နဲ့အတူ တွေ့ခဲ့တာလို့ အာဏာပိုင်တွေက မီဒီယာကို ပြောပါတယ်။ ဒီရာဇဝတ်မှုကို အလှမယ်ရဲ့ ညီမဖြစ်သူရဲ့ ရည်းစား ပလူတာကို ရူးအိစ်က လုပ်ခဲ့တာလို့ ပြည်ထဲရေးဝန်ကြီး အာတူရို ကော်ရေးစ်က ဟွန်ဒူရပ်စ်မီဒီယာကိုပြောပါတယ်။ ရဲတွေက ရူးအိစ်နဲ့ အာရစ် မာလ်ဒိုနာဒိုလို့ခေါ်တဲ့ တခြားယောက်ျားတယောက်ကို နိုဝင်ဘာ ၁၈ ရက်နေ့က ပစ္စတိုသေနတ် ၂ လက်နဲ့အတူ ဖမ်းခဲ့ပါတယ်။ “ပါတီပွဲမှာ သူတို့ညီအမနဲ့ အနီးဆုံးမှာ ရှိတဲ့လူအဖြစ် စဉ်းစား ဖော်ထုတ်နိုင်ခဲ့တယ်၊ ဒီအမှုကို နက်နက်ရှိုင်းရှိုင်း စုံစမ်းစစ်ဆေးနေတုန်းပဲ” လို့ ဒုရဲမင်းကြီ

ရာဇ၀တ်မှုကျူးလွန်သူ ဘာသာရေးခေါင်းဆောင် အား ဖမ်းဆီးရာတွင် ယင်းအား ထောက်ခံသူများက ဆန့်ကျင်တိုက်ခိုက်

နယူးဒေလီ ၊ ၂၀-၁၁-၂၀၁၄ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟာယားနား ပြည်နယ်တွင် ဘာသာရေး ခေါင်းဆောင် ရမ်ပယ်လ် မာဟာရာဂျေ ကို ထောက်ခံသူများ နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အကြား နိုဝင်ဘာ ၁၈ ရက်က ပဋိပက္ခ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ အဆိုပါ ပဋိပက္ခများ ကြောင့် ခြောက်ဦး သေဆုံးပြီး အခြား ၂ဝဝ ဝန်းကျင်ခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့ရာ ၄င်းတို့ အနက် ၁ဝဝ ဦးသည် လုံခြုံရေး တပ်ဖွဲ့ဝင်များ ဖြစ်သည်။ ဖြစ်ပွားပုံမှာ လုံခြုံရေး တပ်ဖွဲ့ဝင် များသည် ရာဇဝတ်မှုများကို ကျူးလွန် ခဲ့သော အဆိုပါ ဘာသာရေး ခေါင်းဆောင် ကို ဖမ်းရန်အတွက် ၄င်း၏ ဘာသာရေး အဆောက်အအုံ အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ရာမှ ထောက်ခံသူ များနှင့် ၄င်းတို့အကြား ပဋိပက္ခ စတင်ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ အသက် ၆၃ နှစ်အရွယ်ရှိ ဘာသာရေး ခေါင်းဆောင် ရမ်ပယ်လ် သည် လူသတ်မှုတစ်ခု အပါအဝင် ရာဇဝတ်မှု များစွာကို ကျူးလွန်ခဲ့သူ တစ်ဦးဖြစ်ပြီး ရမ်ပယ်လ် သည် ၄င်းဖမ်းဆီး မခံရရေး အတွက် ပြည်သူများ၏ ယုံကြည်မှုကို အလွဲသုံးစား လုပ်၍ ပြည်သူများကို လူသားဒိုင်း သဖွယ် ခုတုံးလုပ် အသုံးချ နေခြင်း ဖြစ်သည်ဟု လုံခြုံရေး တပ်ဖွဲ့ဝင်များ က ထုတ်ဖော် ပြောကြား ခဲ့သည်။ သို့သော် မိမိတို့ အနေဖြင့် ၄င်း ရာဇဝတ်သားက

ဆိုင်ကယ်မောင်းနှင်လာသော အမျိုးသမီး ၀န်ထမ်းနှစ်ဦး ၏ ပစ္စည်းလုယက်ခံရ

လားရှိုး ၊ ၂၀-၁၁-၂၀၁၄ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ဒုတိယ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး မှ ဝန်ထမ်း အမျိုးသမီး နှစ်ဦး ဆိုင်ကယ်စီး၍ အိမ်ပြန်လာစဉ် အမျိုးသား နှစ်ဦး ဆိုင်ကယ်ဖြင့် နောက်မှ လိုက်၍ လက်ဆွဲအိတ် ကို လုယက်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၈ ရက် ည ၇ နာရီခွဲချိန် တွင် ဒုတိယ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး မှ ဝန်ထမ်းနှစ်ဦး ဖြစ်သူ ဒေါ်သင်းသင်းလှိုင် မောင်းနှင်လျက် ဒေါ်လူလောမ်ရိုင်း ဆိုသူသည် နောက်မှ လိုက်ပါစီးနင်း လာပြီး ရပ်ကွက် (၁၂) ရှိနေအိမ်သို့ ပြန်လာစဉ် ရပ်ကွက် (၂) ၊ သိန်းနီလမ်း၊ ချယ်ရီ တည်းခိုခန်းရှေ့ အရောက်တွင် နောက်မှ ဆိုင်ကယ် တစ်စီးဖြင့် လူနှစ်ဦး လိုက်လာပြီး ဒေါ်လူလောမ်ရိုင်း ကိုင်ထား သော အိတ်အား လုယူ ထွက်ပြေး သွားခဲ့ရာ အမျိုးသမီးနှစ်ဦး ၏ ဆိုင်ကယ်မှာ တိမ်းမှောက် သွားခဲ့ပြီး နှစ်ဦးစလုံး ပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့သည်။ လုယူခံရသော အိတ်အတွင်း၌ လက်ကိုင်ဖုန်း တစ်လုံး၊ မြန်မာ့ စီးပွားရေးဘဏ် ငွေစုစာအုပ်၊ ဧရာဝတီဘဏ် ငွေစုစာအုပ်၊ ငွေစုငွေချေး အသင်း ငွေစုစာအုပ်၊ နိုင်ငံသား စိစစ်ရေးကတ်၊ ငွေကျပ် ၄၁ဝဝဝ နှင့် စာရွက်စာတမ်းများ ပါသွားခဲ့ြေ

Tech Space ကွန်ပျူတာ၊ မိုဘိုင်းနှင့် နည်းပညာဂျာနယ် Vol-3 Issue-33

TechSpace [Vol-3, Issue-33] FB.pdf by Thit Htoo Lwin Tech Space ကွန်ပျူတာ၊ မိုဘိုင်းနှင့် နည်းပညာဂျာနယ် Vol-3 Issue-33 from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1uSbFkI via IFTTT

90:00 Minutes Sports Vol 6 No 45

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1uSbCpa via IFTTT

မိုးသောက်ပန်းဂျာနယ် အတွဲ(၁၈) အမှတ်(၁၁)

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1yTKIMW via IFTTT

ရွှေသွေး- အတွဲ ၄၆ အမှတ် ၄၆

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1uSbE0b via IFTTT

ဟင်္သာတမြို့ပညာရေးဌာနကို ဆန္ဒထုတ်ဖေါ်မည်

ဟင်္သာတ၊ နိုဝင်ဘာ ၁၉။ ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ် လက်ပံစုကျေးရွာမှ ဒေသခံ (၂၀၀) ဦးခန့်သည် (၂၀.၁၁.၂၀၁၄) နေ့၊ နံနက် ၉း၀၀ နာရီမှ နေ့လည် ၁၂း၀၀ နာရီထိ ဟင်္သာတမြို့နယ် ပညာရေးဌာနကို ဆန္ဒဖေါ်ထုတ်မည် ဖြစ်ကြောင်း သိရသည်။ ဆန္ဒထုတ်ဖော်ပွဲကို ဟင်္သာတမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၏ ငြိမ်း/စီခွင့်ပြုချက် အမှတ် ၁၂/၂၀၁၄ ဖြင့် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ အ.မ.က လက်ပံစု(နောက်)ကျောင်းဆောင်ဟောင်း ယိုယွင်းပျက်စီးနေရာ ပညာသင်ကြားမှု အခက်အခဲ မရှိစေရေး အတွက် ဂျပန်နိုင်ငံ နိပွန်ဖေါင်ဒေးရှင်းမှ လာရောက်လှူဒါန်း ခဲ့ပါသည်။ ကျောင်းအုပ်ကြီးနှင့် အပေါင်းအပါများက ၎င်းကျောင်းဆောင်သစ်ကို လ/န (၃၉) မရှိသော လယ်မြေပေါ်တွင် ပြောင်းရွှေ့ ဆောက်လုပ်ခြင်း၊ ပြည်သူလူထုထည့်ဝင်ငွေအား ကျောင်းအတွက်မသုံးပဲ ကျောင်းအုပ်ကြီးက အခြားနေရာတွင်သုံးခြင်း၊ ကျောင်းသား/သူများကို ခွဲခြားဆက်ဆံခြင်း၊ ကျောင်းအထွေထွေ အသုံးစရိတ်အား ကျောင်းဟောင်း အတွက် အသုံးမပြုခြင်းတို့ကို ကျောင်းသားမိဘနှင့် ကျောင်း ကော်မတီဝင်များ မကျေမနပ်ဖြစ်ကာ ယခုလို ဆန္ဒဖေါ်ထုတ်ရခြင်း ဖြစ်ကြောင်း ဒေသခံတဦးဖြစ်သူ မကြည်ကြည်မာက ပြောသည်။ “ ကျောင်းဆောင်ဟောင်းအား ပြုပြင်တည်ဆောက်ရန် သဘောတူဆုံးဖြတ်ပြီးကာမ

လှည်းကူးမြို့နယ်မှာ လမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရသဖြင့် သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၉ ၁၈.၁၁.၂၀၁၄ ရက်နေ့ ၂၀၂၀ အချိန် လှည်းကူးမြို့နယ်၊ ရန်ကုန်-ပဲခူးလမ်း အတိုင်း ပဲခူးဘက်မှ ရန်ကုန်ဘက်သို့ ကရင်ပြည်နယ်၊ ဘားအံမြို့နေ ယာဉ်မောင်း ကိုအောင်ကျော်ဟိန်း မောင်းနှင်လာ သော 7D---Toyo Ace ယာဉ်သည် ရိပ်သာရပ်ကွက်၊ လမ်းလယ်ကျွန်းအမှတ်(၁၁၆)အရောက် လမ်းဖြတ်ကူးသူ လှည်းကူးမြို့နယ်နေ ကိုမင်းမင်းထွေးအား ဝင်ရောက်တိုက်မိခဲ့ပါသည်။ ထိုသို့ တိုက်မိခဲ့သဖြင့် ကိုမင်းမင်းထွေးမှာ ယာချိုစောင်း၊ နဖူး၊ ယာပါးတို့တွင် ပွန်းပဲ့ဒဏ်ရာများ၊ ခါး၊ ရင်ဘတ်၊ ဝဲ/ယာခြေထောက်တို့တွင် နာကျင်ဒဏ်ရာများ ရရှိခဲ့သဖြင့် လှည်းကူးဆေးရုံမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်းခရီး၌ သေဆုံးသွားခဲ့ပါသည်။ ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကိုအောင်ကျော်ဟိန်းအား လှည်းကူးမြို့မရဲစခန်းယာဉ်(ပ) ၉၁/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ Yangon Police http://ift.tt/1oASl5N from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1p1lZX2

ဗဟန်းမြို့နယ်မှာ အဲယားကွန်းအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်

ရန်ကုန်၊ နိုဝင်ဘာ ၁၉ ၁၈.၁၁.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန်တွင် ဗဟန်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဗဟန်းမြို့နယ်၊ ဆရာစံမြောက်/အနောက်ရပ်ကွက်၊ အနောက်ဈေးဟောင်း လမ်းတွင် မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။ ထိုသို့သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါလမ်းနေ ဒေါ်ခိုင်ခိုင်ဝင်းသည် နေအိမ် အိပ်ခန်းနံရံတွင် တပ်ဆင် ထားသော အဲယားကွန်းအားဖွင့်၍ အလုပ်သို့ သွားနေခဲ့ရာမှ ၁၄၅၅ အချိန်တွင် အဲယားကွန်းမှ အပူလွန်ကဲပြီး ရှော့ဖြစ်ကာ Safe Guard မှတစ်ဆင့် မွေ့ယာအား မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်ရာသို့ ပတ်ဝန်းကျင်နေ ပြည်သူများနှင့် မီးသတ်ယာဉ်များရောက်ရှိ ငြှိမ်းသတ်ခဲ့သဖြင့် ၁၅၂၀ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရပါသည်။ ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ဒေါ်ခိုင်ခိုင်ဝင်းအား ဗဟန်းမြို့မရဲစခန်း (ပ)၄၇၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။ Yangon Police http://ift.tt/1oASl5N from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1uaAaor

အစိုးရစစ်တပ် ပစ်ခတ်မှုကြောင့် ကေအိုင်အေ ဗိုလ်လောင်း ၂၀ ကျဆုံး

ကချင်ပြည်နယ် ခယာဘွမ် အခြေစိုက် အစိုးရတပ်မတော် ခြေမြန်တပ်ရင်း ၃၈၉ က လိုင်ဇာအရှေ့ဘက် ဝေကြိုင်ဘွမ်မှာရှိတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)ရဲ့ အရာရှိ ဗိုလ်သင်တန်း ကျောင်းကို ပစ်ခတ်တဲ့ အတွက် အရာရှိ သင်တန်း သား ၂၀ ကျဆုံးပြီး ၁၆ ဦး ဒဏ်ရာ ရသွားတယ်လို့ ကေအိုင်အေက ဒီဗွီဘီကို အတည်ပြု ပြောပါတယ်။ ဒီကနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က ပစ်ခတ်မှုကြောင့် စစ်ရေးပြကွင်းမှာ စစ်ရေး လေ့ကျင်နေတဲ့ အရာရှိငယ် သင်တန်းသားတွေ သေဆုံးဒဏ်ရာရခဲ့တာဖြစ်ပြီး ဒဏ်ရာရသူတွေကို ဆေးရုံကို ပို့ဆောင် ကုသခဲ့သလို ဒဏ်ရာ အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ ကေအိုင်အေ ပြောခွင့်ရ ဦးလနန်က ပြောပါတယ်။ “ဒါကတော့ ရည်ရွယ်ချက်ရှိရှိ လုပ်တဲ့ဖြစ်စဉ်ပါ။ ဘာကြောင့်လဲဆိုတော့ ဒီနေ့မနက် ဖြစ်စဉ်မှာ လည်း တိုက်ပွဲဖြစ်တာလည်း အဲဒီဒေသတလျှောက်မှာ၊ ၈ နာရီခွဲ ၉ နာရီမှာဖြစ်တဲ့ မိနစ် ၂၀ တိုက်ပွဲဟာလည်း ဗိုလ်လောင်းသင်တန်းရဲ့ မိုင် ၆ မိုင်လောက်ရှိတဲ့နေရာမှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲ ဖြစ်တဲ့နေရာမှာ ကန်တောင်ရွာကနေ လက်နက်ကြီးပစ်ကူပေးသေးတယ်။ ၁၂ နာရီ ၃၆ မိနစ်လောက်မှာ ခယာဘွမ်က နေပြီးတော့ ကျနော်တို့ ဗိုလ်သင်တန်းကျောင်းကို ပစ်မှတ်ကို တိကျသေချာအောင် ချိန်ပြီး ပစ်ခတ်တာပါ

အစိုးရနှင့် တိုက်ပွဲအတွင်း KIA ဗိုလ်တဦးကျ

ကချင်ပြည်နယ် မန်စီမြို့နယ် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) ၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ နယ်မြေအတွင်း အစိုးရ စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA ဘက်မှ ဗိုလ် ဖောင်ဂျေး လဒွဲ (Du Hpauje La Doi) ကျဆုံးခဲ့သည်ဟု KIA တပ်ရင်း ၁၂ နှင့် ၂၇ မှ တာဝန်ရှိသူများက ပြောသည်။ အစိုးရ၏ တပ်ရင်း ခမရ (၃၁၇) တပ်အင်အား ၁၀၀ ခန့်သည် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ နယ်မြေသို့ ဝင်ရောက်လာသဖြင့် နမ်ဆာ (Nam Sa) နှင့် ခပရာ (Hka Pra) အကြား ဒန်စပါ (Dang Sa Pa) တွင် နိုဝင်ဘာလ ၁၇ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီထိ ငါးနာရီကျော်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်း ဖြစ်သည်။ “ဒီနေ့တော့ ဗုံးကွဲသံဘဲ ကြားတယ်။ မနေ့ကတော့ ရင်း ၂၇ နယ်မြေ Nam Sa နဲ့ Hka Pra ကြား Dang Sa Pa မှာ ၁ နာရီကနေ ညနေ ၅ နာရီထိ တိုက်ပွဲဖြစ်တာ ၅ နာရီကျော်ကြာ ဖြစ်တယ်။ အစိုးရ စစ်တပ်က မဂျီဘွမ် (Maji Bum) တပ်စခန်းဘက် တက်လာတာ ကျနော်တို့ တပ်ဖွဲ့နဲ့ လမ်းမှာ ထိပ်တိုက်တွေ့လို့ တိုက်ပွဲဖြစ်တာ။ ကျနော်တို့ဘက်က တယောက် ကျသွားတယ်” ဟု KIA တပ်ရင်း ၂၇ မှ တပ်ရင်းမှူး လဘန်ဂျွန်းအောင် (Dap Up Labang Jawn Awng) က ပြောသည်။ ထိုတိုက်ပွဲအတွင်း KIA တပ်ရင်း ၁၂၊ တပ်ရင်း ၂၇ တိ

သားကြောဖြတ်ခံရသည့် အမျိုးသမီးများ သေဆုံးမှု ကြွက်သတ်ဆေး နှင့် ဆက်စပ်မှုရှိ

နယူးဒေလီ ၊ ၁၉-၁၁-၂၀၁၄ အိန္ဒိယနိုင်ငံတွင် သားကြောဖြတ် ခံရပြီးနောက် သေဆုံးခဲ့ ရသည့် အမျိုးသမီး ၁၃ ဦးမှာ ခွဲစိတ်မှု ပြုလုပ်စဉ် အတွင်း ၄င်းတို့အား ထိုးသွင်းပေး ခဲ့သော ကြွက်သတ်ဆေး ပါဝင်သည့် ပဋိဇီဝဆေး နှင့် ဆက်နွှယ်မှု ရှိနိုင်ကြောင်း ဒေသတွင်း အရာရှိများက ပြောကြားသည်။ ကနဦး စစ်ဆေးမှုများ အရ သေဆုံးခဲ့သည့် အမျိုးသမီး များအား ထိုးသွင်း ပေးခဲ့သည့် ပဋိဇီဝဆေးရည် ထဲတွင် ကြွက်သတ်ရာ၌ အသုံးပြုသည့် ဇင့်ဖော့စ်ဖိုက်ဒ် ပါဝင် နေသည်ကို တွေ့ရှိ ခဲ့ကြောင်း ဘီလာစပါ ခရိုင် အုပ်ချုပ်ရေးမှူး သိဒ္ဓတ္ထပါ ဒေသီ က နိုဝင်ဘာ ၁၆ ရက်တွင် ပြောကြား ခဲ့သည်။ ထို့ပြင် သားကြောဖြတ် ခွဲစိတ်မှု မခံယူခဲ့ သော်လည်း အဆိုပါ ပဋိဇီဝဆေးရည် ထိုးသွင်းခံခဲ့ ရသည့် အခြား အမျိုးသမီး ကိုးဦးတွင်လည်း သေဆုံးသူ အမျိုးသမီးများ နှင့်အလားတူ ရောဂါ လက္ခဏာများ ဖြစ်ပေါ် နေကြောင်း ချာဟတ်တီဂါ့ ပြည်နယ် ကျန်းမာရေး ဌာနမှ အတွင်းရေးမှူး အေလော့ခ်ချူ ကလာ က ပြောကြားသည်။ ဇင့်ဖော့စ်ဖိုက်ဒ် ပါဝင်နေသော အဆိုပါ ပဋိဇီဝဆေးဝါး ကို Mahacuar ဆေးဝါး ထုတ်လုပ်မှု စက်ရုံတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ကုမ္ပဏီမှ Ciprofloxacin ဆေးပြားများကို ရောင်းချ ဝယ်ယူမှုများ မပြုလုပ်ရန် နှင့် အဆိုပါ

သူရဦးရွှေမန်း၏ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြောဆိုချက် ဒေါ်အောင်ဆန်းစုကြည် လက်ခံ

၂၀၁၅ ရွေးကောက်ပွဲပြီးမှ အခြေခံ ဥပဒေ ပြင်ဆင်မယ်လို့ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းရဲ့ ပြောဆိုချက်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ခံကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့ လွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန် သတင်းမီဒီယာ တွေရဲ့ မေးမြန်းမှုကို ဒေါ်အောင်ဆန်းစုကြည်က “သူက Process (လုပ်ငန်းစဉ်)ကို ပြောတာပါ။ Process က ဒီလိုပဲ သွားရမှာပဲလေ၊ ဘာဖြစ်လိုလဲ ဆိုတော့ ဆိုပါတော့ ဒီ ၄၃၆ ကို ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ်တယ်ဆိုပါတော့ ၄၃၆ ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ်ပြီးမှသာလျှင် တချို့ကိစ္စတွေ ပြောင်းလို့ရမယ်လေ အဲ့တော့ အဲ့ဒီဟာ တွေကျတော့ တကယ်လို့ အချိန်အရရော အခုလက်ရှိသွားနေတဲ့ လုပ်ငန်းတွေအရရော ဒါ process အရတော့ ဒါဒီလိုပဲလုပ်ရမှာပဲ”လို့ ဖြေကြားခဲ့ပါတယ်။ ဒါ့ပြင် ဖွဲ့စည်းပုံပုဒ်မ ၅၉/စ ပြင်ဆင်ဖို့ အတွက်လည်း သူ့ Process အရသူသွားရမှာ ဖြစ်သလို ၅၉/စလုံးကို မပြင်ခင် ၄၃၆ ကိုပြင်ရမှာဖြစ်တဲ့အတွက် သူ့အဆင့်နဲ့သူရှိသလို လုပ်ငန်းစဉ်အရ ဒီလိုဖြစ်ဖို့ သဘာဝကျတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။ လွှတ်တော်အကြီးအကဲ သူရဦးရွှေမန်းက ၂၀၀၈ ဖွဲ့စည်းပုံပြင

မယ်ကမ္ဘာပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ဟွန်ဒူးရပ်စ်အလှမယ် ပျောက်ဆုံးနေ

မယ်ကမ္ဘာပြိုင်ပွဲ ဝင်ပြိုင်ဖို့ လန်ဒန်ကို ခရီးမထွက်မီ နိုဝင်ဘာ ၁၃ ရက်နေ့ကတည်းက ပျောက်နေတဲ့ ဟွန်ဒူးရပ်စ်အလှမယ်အတွက် စိုးရိမ်မှုတွေ တိုးနေပါတယ်။ ဟွန်ဒူးရပ်စ်အလှမယ် မာရီယာ ဟိုဆေး အယ်လ်ဗာရာဒို ဟာ ရာဇဝတ်ဂိုဏ်းတွေ ထိန်းချုပ်ထားတဲ့ ဟွန်ဒူးရပ်စ် အနောက်ပိုင်းစန်တာ ဘာဘာရာဒေသတွင်းမှာ သူ ညီမနဲ့အတူ ပျောက်ဆုံးခဲ့တာပါ။ သူအမေကတော့ သမီး ၂ ယောက်ကို ဖမ်းထားတဲ့သူတွေ လွှတ်ပေးဖို့ အသနားခံခဲ့ပါ တယ်။ သူတို့ ညီအမပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး ရဲတွေက လူ ၄ ယောက်ကို စစ်မေးခဲ့ပါတယ်။ အသက် ၁၉ နှစ်အရွယ် မယ်ကမ္ဘာပြိုင်ပွဲဝင်ဟာ သူညီမနဲ့ အတူ ပါတီတခုက အပြန် ကားလိုင်စင်ပြား မပါတဲ့ ကားတစီးနဲ့ ထွက်သွားတာ နောက်ဆုံးမြင်ခဲ့တယ်လို့ ဒေသခံရုပ်သံက ဆိုပါတယ်။ အလှမယ်အတွက် ပထမဆုံးပွဲစဉ်က နိုဝင်ဘာ ၂၂ ရက်နေ့မှာ စမှာပါ။ နိုဝင်ဘာ ၁၉ ရက်နေ့မှာမှ အချိန်မီ မတွေ့ခဲ့ရင် မယ်ကမ္ဘာပြိုင်ပွဲ ကိုယ်စားပြုမှုကို ဟွန်ဒူးရပ်စ်နိုင်ငံက ရုပ်သိမ်းမှာ ဖြစ်ပါတယ်။ ဟွန်ဒူးရပ်စ်နိုင်ငံဟာ ကမ္ဘာ့လူသတ်မှု အမြင့်ဆုံးနိုင်ငံတွေထဲက တနိုင်ငံပါ။ လူအယောက် ၁ သိန်းမှာ အယောက် ၉၀ အသတ်ခံရလေ့ရှိပြီး ဗင်နီဇွဲလား၊ ဘေလိုက်ဇ်နဲ့ အယ်လ်ဆာဗေဒိုနိုင်ငံတွေရဲ့ လ

အပျိုစင် စစ်မစစ် စစ်ဆေးမှုကြောင့် အင်ဒိုရဲတပ်ဖွဲ့ ဝေဖန်ခံနေရ

လူ့အခွင့်အရေး စောင့်ကြည့်သူများ အဖွဲ့သည် ကမ္ဘာ့မူဆလင် အများဆုံး နေထိုင်ရာ အင်ဒိုနီးရှားနိုင်ငံတွင် အမျိုးသားရဲတပ်ဖွဲ့မှ ရဲမေလောင်းများအား အပျိုစင် စစ်မစစ် စစ်ဆေးနေခြင်းသည် ယင်းအမျိုးသမီးများအတွက် အန္တရာယ်ရှိပြီး ကာယိနြေ္ဒ ထိခိုက်ပျက်ပြားစေ၍ ရပ်တန့်ရန် တိုက်တွန်းလိုက်ကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။ ရဲမေလောင်းများအနေဖြင့် အိမ်ထောင်မရှိသူ ဖြစ်ရမည့်အပြင် အပျိုစင်လည်း ဖြစ်ရန် လိုအပ်နေကာ ယင်းစစ်ဆေးမှုကို ထိပ်တန်းရဲအရာရှိကြီးအချို့က မပြုလုပ်ရန် တင်ပြလာကြသော်လည်း တွင်တွင်ကျယ်ကျယ် ဆက်လက်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်သူများအဖွဲ့က ဆိုသည်။ ယခုနှစ်အတွင်း စစ်ဆေးခံခဲ့ရသည့် ရဲမေလောင်းများအပါအ၀င် အမျိုးသမီးငယ်လေးများက ယင်းစစ်ဆေးမှုမှာ နာကျင်ခံစားစေရသကဲ့သို့ စိတ်ဒဏ်ပါ ရရှိစေနိုင်ကြောင်း ဖွင့်ဟပြောကြားသည်။ အမျိုးသမီး ဆရာဝန်များက မစစ်ဆေးခင် ကညာမြှေး မွေးရာပါအတိုင်း ပကတိရှိမရှိ ကြည့်ရန် ရဲများက ၀တ်လစ်စလစ်ဖြစ်သည်အထိ အ၀တ်အစားများကို ချွတ်ရန် တွန်းအားပေးကြသည်ဟု ၎င်းတို့က ဆိုသည်။ “အဲဒီအတွေ့အကြုံကို မေ့ဖျောက်ပစ်လို့ရချင်တယ်၊ သိပ်ရှက်ဖို့ကောင်းတယ်” ဟု ဆူမားတြားကျွန်း အနောက်ပိုင်း ပီကန်ဘာ