Skip to main content

အပျိုစင် စစ်မစစ် စစ်ဆေးမှုကြောင့် အင်ဒိုရဲတပ်ဖွဲ့ ဝေဖန်ခံနေရ



လူ့အခွင့်အရေး စောင့်ကြည့်သူများ အဖွဲ့သည် ကမ္ဘာ့မူဆလင် အများဆုံး နေထိုင်ရာ အင်ဒိုနီးရှားနိုင်ငံတွင် အမျိုးသားရဲတပ်ဖွဲ့မှ ရဲမေလောင်းများအား အပျိုစင် စစ်မစစ် စစ်ဆေးနေခြင်းသည် ယင်းအမျိုးသမီးများအတွက် အန္တရာယ်ရှိပြီး ကာယိနြေ္ဒ ထိခိုက်ပျက်ပြားစေ၍ ရပ်တန့်ရန် တိုက်တွန်းလိုက်ကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။

ရဲမေလောင်းများအနေဖြင့် အိမ်ထောင်မရှိသူ ဖြစ်ရမည့်အပြင် အပျိုစင်လည်း ဖြစ်ရန် လိုအပ်နေကာ ယင်းစစ်ဆေးမှုကို ထိပ်တန်းရဲအရာရှိကြီးအချို့က မပြုလုပ်ရန် တင်ပြလာကြသော်လည်း တွင်တွင်ကျယ်ကျယ် ဆက်လက်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်သူများအဖွဲ့က ဆိုသည်။


ယခုနှစ်အတွင်း စစ်ဆေးခံခဲ့ရသည့် ရဲမေလောင်းများအပါအ၀င် အမျိုးသမီးငယ်လေးများက ယင်းစစ်ဆေးမှုမှာ နာကျင်ခံစားစေရသကဲ့သို့ စိတ်ဒဏ်ပါ ရရှိစေနိုင်ကြောင်း ဖွင့်ဟပြောကြားသည်။

အမျိုးသမီး ဆရာဝန်များက မစစ်ဆေးခင် ကညာမြှေး မွေးရာပါအတိုင်း ပကတိရှိမရှိ ကြည့်ရန် ရဲများက ၀တ်လစ်စလစ်ဖြစ်သည်အထိ အ၀တ်အစားများကို ချွတ်ရန် တွန်းအားပေးကြသည်ဟု ၎င်းတို့က ဆိုသည်။

“အဲဒီအတွေ့အကြုံကို မေ့ဖျောက်ပစ်လို့ရချင်တယ်၊ သိပ်ရှက်ဖို့ကောင်းတယ်” ဟု ဆူမားတြားကျွန်း အနောက်ပိုင်း ပီကန်ဘာရူမြို့တွင် စစ်ဆေးခံခဲ့ရဖူးသည့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်လေးက ရင်ဖွင့်လာသည်။


“သူစိမ်းတွေရဲ့ ရှေ့မှာ ကျွန်မတို့က ဘာကြောင့် အ၀တ်အစားတွေ ချွတ်ပြရမှာလဲ၊ မလိုအပ်ပါဘူး၊ ဒီလိုမလုပ်သင့်တော့ဘူးလို့ ထင်တယ်” ဟု ၎င်းက ဆက်ပြောသည်။


လူ့အခွင့်အရေး စောင့်ကြည့်သူများအဖွဲ့မှ အမျိုးသမီး အခွင့်အရေးများအတွက် လှုပ်ရှားဆောင်ရွက်နေသည့် ဒါရိုက်တာ နီရှာဗာရီယာက ယင်းစစ်ဆေးမှုများမှာ အမျိုးသမီးများအပေါ် နှိမ်ချဆောင်ရွက်ခြင်း ဖြစ်ကာ အန္တရာယ်ကြီးမားသကဲ့သို့ အရှက်လည်း ရစေကြောင်း ဝေဖန်လိုက်သည်။


“ဂျာကာတာက ရဲအရာရှိကြီးတွေအနေနဲ့ ဒီစစ်ဆေးမှုကို ချက်ချင်း တိတိကျကျ ဖျက်သိမ်း ပေးဖို့လိုပါတယ်၊ တစ်နိုင်ငံဝန်က ရဲစုဆောင်းရေး ဌာနတွေ အနေနဲ့လည်း ဒီလိုစစ်ဆေးနေတာကို လုံးဝ ရပ်တန့်ပစ်ရမယ်” ဟု ၎င်းက ပြောသည်။


ယင်းစစ်ဆေးမှုများသည် ရဲဌာန၏ တပ်သားစုဆောင်းရေး လမ်းညွှန်ချက်များနှင့်လည်း သွေဖီနေသကဲ့သို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့်လည်း ဆန့်ကျင်နေသည်ဟု လူ့အခွင့်အရေးစောင့်ကြည့်သူများအဖွဲ့က ထုတ်ပြန်ထားသည်။


ရဲဌာန၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ရွန်နီဆမ်ပီက ရဲမေလောင်းများအား ပြည့်စုံသည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ကြောင်း၊ ရဲဌာနအနေဖြင့် ရဲမေလောင်းများတွင် လိင်မှတစ်ဆင့် ကူးစက်သော ရောဂါများ ကင်းရှင်းစေလိုကြောင်း ပြောကြားသည်။


အပျိုစင် စစ်မစစ် စစ်ဆေးမှုတွင် မအောင်မြင်သော်လည်း လျှောက်ထားမှု တစ်ခုလုံး ရှုံးနိမ့်သည် မဟုတ်ဟု ၎င်းက ဆိုသည်။


သို့ရာတွင် အင်ဒိုရဲဌာန၏ ၀က်ဘ်ဆိုက်စာများဌာတွင် ရဲမေလောင်းများအနေဖြင့် အပျိုစင် ဖြစ်ရမည်ဟု ယခုလတွင် ကြေညာထားသည်။


ရဲချုပ် ဆရီရူမီယာတီက လူ့အခွင့်အရေးစောင့်ကြည့်သူများအား ပြည့်တန်ဆာများကို ရဲဖြစ်စေလိုပါသလားဟု တန်ပြန်မေးခွန်းထုတ်လိုက်သည်။


အင်ဒိုနီးရှား၏ နေရာဒေသအတော်များများတွင် လူ့အဖွဲ့အစည်းသည် အလွန်အမင်း ရှေးရိုးဆန်နေသေးကာ အချို့မှာမူ အမျိုးသမီးများ၏ အပျိုရည် တန်ဖိုးကို ကြီးကြီးမားမား အလေးထားနေကြသည်။


ယမန်နှစ်ကလည်း မြို့နယ်ပညာရေးမှူးတစ်ဦးက ဆယ်ကျော်သက် ကျောင်းသူများကို အပျိုစင် စစ်မစစ် စစ်ဆေးပြီးမှ အထက်တန်းပညာသင်ကျောင်းသို့ တက်ရောက်သင့်ကြောင်း ပြောဆိုခဲ့ဖူးသည်။


ကျော်လင်းထွန်း

Ref; Bangkok Post

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

http://ift.tt/1tZU6ML






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1tdzApE

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...