Skip to main content

Posts

Showing posts from October 18, 2014

လေ့လာသူတွေအဖြစ်သာ ဗြိတိန်ရဲတွေကို သဘောတူ ခဲ့တာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပြောကြား

ထိုင်းတောင်ပိုင်း ခိုထောင်း (ခေါ်) လိပ်ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးရာမှာ ဗြိတိန်ရဲတပ်ဖွဲ့ဝင်တွေကို လေ့လာ သူအဖြစ်သာခွင့်ပြုသွားမှာဖြစ်တယ်လို့ ထိုင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချားက ပြောကြားလိုက် ပါတယ်။ ဒါဟာ နိုင်ငံခြားသားခရီးသွား ၂ ဦးအသတ်ခံရတဲ့အမှု စုံစမ်းစစ်ဆေးရာမှာ ဥရောပနိုင်ငံတစ်နိုင်ငံက ယုံကြည် မှုရရှိစေဖို့ လာရောက်ခွင့်ပြုတာသာဖြစ်တယ်လို့လည်း အီတလီနိုင်ငံ မီလန်မြို့မှာကျင်းပခဲ့တဲ့ ဥရောပအာရှ ထိပ်သီးညီလာခံကအပြန် ဘန်ကောက်မြို့ သုဝဏ္ဏ ဘူမိလေဆိပ်အတွင်း မနေ့ညနေက ကျင်းပတဲ့ သတင်း စာရှင်းလင်းပွဲမှာ ထိုင်းဝန်ကြီးချုပ်က အခုလိုပြောကြား လိုက်တာဖြစ်ပါတယ်။ ထိုင်းခိုထောင်းကျွန်း လူသတ်မှုအတွက် ဗြိတိန် ထောက်လှမ်းရေး ရဲတပ်ဖွဲ့ဝင်တချို့ ပါဝင်စုံစမ်း စစ်ဆေးဖို့ ထိုင်းဝန်ကြီးချုပ်က သဘောတူ လိုက်ကြောင်း သောကြာနေ့ညက ဗြိတိန်အစိုးရ နိုင်ငံခြား ရေးဌာနက ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်နဲ့ လုံးဝကွဲပြားနေပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်နဲ့တွေ့ဆုံရာမှာ ထိုင်းတရားစီရင်ရေးစနစ်အပေါ် သူ့အနေနဲ့ ချို့ယွင်းချက်မမြင် ကြောင်း၊ ဒါပေမယ့် ဗြိတိန်နိုင်ငံသားအများအပြားဟာ ထိုင်းရဲတပ်ဖွဲ့ရဲ့ အမှုစုံစမ်းစစ်ဆေးချက်အပေါ် သံသယ ရှိနေကြကြောင်း ဗြိတိန်ဝ

ထိုင်းနိုင်ငံက လူကုန်ကူးခံရသူတွေကို ဘင်္ဂလားဒေ့ရှ် ပြန်ခေါ်မည်

ထိုင်းနိုင်ငံတောင်ပိုင်း ရာဘာခြံတွေထဲမှာ ခေတ်သစ်ကျွန်တွေအဖြစ် လူပွဲစားတွေက ရောင်းစား ခံရတော့မယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့အပြီး ထိုင်းနိုင်ငံ ကနေ ဘင်္ဂလားဒေ့ရှ် ကို ပြန်ခေါ်မယ့် အကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က မနေ့က ပြောကြား လိုက်ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ရာဘာစိုက်ခင်းတွေထဲက လူပွဲစားစခန်းတွေထဲက ဖမ်းဆီးရမိခဲ့တဲ့ လှေစီး မွတ်စလင် ၁၃၄ ဦးထဲမှာအများစုဖြစ်တဲ့ ၁၁ဂ ဦးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဖြစ်ပြီး ကျန်တဲ့ ၁၆ ဦးဟာ မြန်မာဖက်ကဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ဒီဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေ စစ်ဆေးပြီးရင် စိစစ်ပြန်ခေါ်မှာဖြစ်ကြောင်း၊ ဒါပေမယ့် ဘင်္ဂလားစကားပြောတိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသားလို့ ပြောလို့မရပဲ မြန်မာဖက်က မွတ်စလင်တွေကလည်း ဘင်္ဂလားစကားပြောပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကူးလက်မှတ်နဲ့ နိုင်ငံခြားကို ထွက်နေတာတွေရှိကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးကပြောပါတယ်။ ဒီမွတ်စလင်တွေကို အခုလအတွင်း ထိုင်းအာဏာပိုင်တွေက ၂ ကြိမ်ဖမ်းဆီးမိခဲ့တာဖြစ်ပြီး သူတို့ဟာ လှေတွေ နဲ့တဆင့် ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနယ်စပ်ကေ

KNU/KNLA (PC)ကနေ ထုတ်ခံရမှုကို ဗိုလ်မှုးကြီး တိုက်ဂါး တုန့်ပြန်

ကရင် လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့ဖြစ်တဲ့ KNU/KNLA (PC) ကနေ ထုတ်ပယ် လိုက်တယ် ဆိုပြီး ကြေညာ ခံထားရတဲ့ ဗိုလ်မှုးကြီး တိုက်ဂါးက သူဟာ ကရင် တိုင်းရင်းသား တွေ အပါအဝင် မြန်မာ နိုင်ငံသားတွေ ရဲ့ ငြိမ်းချမ်းရေး အတွက် ကရင် လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့ စုစည်းပြီး ကော်သူးလေ တပ်မတော် KAF ဖွဲ့စည်းရေး သဘော တူညီချက် မှာ ဝင်ရောက် လက်မှတ် ရေးထိုးခဲ့တာ ဖြစ်တယ်ဆိုပြီး ပြောပါတယ်။ သူ့ရဲ့ မိခင်အဖွဲ့အစည်း ဖြစ်တဲ့ KNU/KNLA (PC) အနေနဲ့ ကော်သူးလေတပ်မတော် KAF ဖွဲ့စည်းရာမှာ ဆက်လက် ပါဝင်မှာလား၊ ဒါမှမဟုတ် ဗိုလ်မှုးကြီး တိုက်ဂါး နေရာမှာ တခြားသူ တစ်ဦးကို အစားထိုး ခန့်မှာလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ ဗိုလ်မှုးကြီး တိုက်ဂါးကို ထုတ်ပယ်လိုက်တဲ့ အကြောင်းတွေ ထဲမှာ မြန်မာဘက်ခြမ်း ဝင်ရောက် လာတဲ့ ထိုင်း ကုန်တင် ယာဉ်တွေကို နယ်စပ် မြဝတီမြို့မှာ ဗိုလ်မှုးကြီး တိုက်ဂါးက ဖမ်းဆီးခဲ့တဲ့ အချက်လည်း ပါဝင်နိုင်ကြောင်း သုံးသပ် ထားမှုတွေ ရှိနေပါတယ်။ ဒီအချက်နဲ့ ပတ်သက် ပြီးတော့လည်း ဗိုလ်မှုးကြီး တိုက်ဂါးက ထိုင်းနိုင်ငံထဲမှာ မြန်မာ နိုင်ငံသားတွေကို ထိုင်း အာဏာပိုင်တွေက နိုင့်ထက်ကလူ ပြုမူ နေကြတာတွေ အပေါ် သူ့အနေနဲ့ တုန့်ပြန် ဆောင်ရွက် ခ

ဦးဆန်းဆင့်ကို ဘာတွေနဲ့ စွပ်စွဲခဲ့သလဲ

သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို အောက်တိုဘာလ ၁၇ ရက်နေ့က နေပြည်တော် ဒက္ခိဏသီရိခရိုင် တရားရုံးက ရာဇဝတ်မှု မကင်းသော ယုံကြည်အပ်နှံမှုကို ဖေါက်ဖျက်မှု(ငွေကြေး အလွဲ သုံးစားမှု) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ထောင်ဒဏ် ၁၀ နှစ်နဲ့ ဒဏ်ငွေ ၁ သိန်း ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ (၃)လ လောက် ရုံးတင်စစ်ဆေးပြီး အခုလို စီရင်ချက်ချခဲ့တာပါ။ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခဲ့တဲ့ စွပ်စွဲချက်တွေထဲမှာ တရုတ်နိုင်ငံမှာ ရွှေတိဂုံစေတီတော် ပုံတူ စေတီတဆူတည်တာနဲ့ ပတ်သက်တဲ့ အစည်းအဝေးတခုအတွင်း အခုအစိုးရက အတု၊ နောက်တက်လာမယ့် အစိုးရကသာလျှင် အစစ်ဖြစ်တယ်လို့ ဝန်ကြီး ဦးဆန်းဆင့်က ပြောဆိုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်လည်း တခုအပါအဝင် ဖြစ်တယ်လို့ ဦးဆန်းဆင့်ဘက်က လိုက်ပါဆောင်ရွက်ခဲ့တဲ့ တရားလွှတ်တော် ရှေ့နေကြီး ဦးတင်ထွန်းက ပြောပါတယ်။ နောက်တခါ သံဃာ့ဂိုဏ်းပေါင်းစုံ အစည်းအဝေးမှာ သမ္မတနဲ့ ဒု သမ္မတ တို့ မတက်ရောက်ဘူး ဆိုတဲ့ ခေါင်းစီးနဲ့ သံတော်ဆင့် ဂျာနယ်မှာ မျက်နှာဖုံး သတင်းဖေါ်ပြတဲ့ အပေါ် ဦးဆန်းဆင့်က ညစာစားပွဲတခုမှာ ပြောကြားခဲ့တယ်လို့ စွပ်စွဲခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ပြောဆိုခဲ့တာတွေ မရှိဘူးဆိုတာကို သူတို့ဘက

ဆူဇူကီးဖလားခြေစစ်ပွဲ မြန်မာနှင့်လာအို အုပ်စုက တက်ပြီ

အောက်တိုဘာလ ၁၈ ရက်နေ့က လာအိုနိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆီယံ ဆူဇူကီးဖလား ခြေစစ်ပွဲအတွက် အုပ်စုပွဲစဉ် ရလဒ်တွေအရ မြန်မာအသင်းနဲ့ လာအိုအသင်းက အုပ်စုတက်သွားပြီ ဖြစ်ပါတယ်။ လာအိုအသင်းက ၃ ပွဲကစား ၃ ပွဲနိုင် ရမှတ် ၉ မှတ်၊ မြန်မာက ၃ ပွဲကစား ရမှတ် ၇ မှတ် ရရှိထားတဲ့အတွက် လာအိုနဲ့ မြန်မာ လက်ရွေးစင်အသင်းဟာ နောက်ဆုံး အုပ်စုပွဲစဉ် ကစားဖို့ ကျန်နေသေးပေမယ့်လည်း အုပ်စုကနေ နောက်တဆင့်ကို တက်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။ အုပ်စုအတွင်းမှာ တီမောက ၄ ပွဲကစား ၄ မှတ် ရရှိခဲ့ပြီး တပွဲ ကစားဖို့ ကျန်နေသေးတဲ့ ကမ္ဘောဒီးယားက ၃ မှတ်နဲ့ ဘရူနိုင်းကတော့ အမှတ်မရရှိသေးပါဘူး။ မြန်မာနဲ့ လာအိုအသင်းတို့ ယှဉ်ပြိုင်မယ့် အုပ်စု နောက်ဆုံးပွဲစဉ်ကို အောက်တိုဘာလ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး အုပ်စုပထမနေရာကို ရတဲ့အသင်းက စင်ကာပူ၊ မလေးရှား၊ ထိုင်းအသင်းတို့နဲ့ စင်ကာပူ နိုင်ငံမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အုပ်စုဒုတိယ ရခဲ့ရင်တော့ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့နဲ့ ဗီယက်နမ်နိုင်ငံမှာ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ By ဒီဗွီဘီ http://ift.tt/1nv0I7k from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1nv0I7m

အလုပ်သမားပြဿနာတွေကို ပူးပေါင်းဖြေရှင်းဖို့ ကုန်ထုတ်နဲ့စက်မှုသမဂ္ဂပန်ကြား

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် မြန်မာနိုင်ငံ ကုန်ထုတ်နဲ့ စက်မှုလက်မှု အလုပ်သမား အဖွဲ့ချုပ်ရဲ့ ညီလာခံ ကနေ ပြည်နယ်နဲ့ တိုင်းမှာရှိတဲ့ အလုပ်သမား သမဂ္ဂတွေကို ပြဿနာတွေ ပူးပေါင်းဖြေရှင်းဖို့ ဖိတ်ခေါ်လိုက် ပါတယ်။ စက်တင်ဘာ ၁၈ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပနေတဲ့ ပထဆုံးအကြိမ် ညီလာခံမှာ ရှေ့ လုပ်ငန်းစဉ်တွေကို မနေ့က ဆွေးနွေးခဲ့ကြတယ်လို့ လှိုင်သာယာ ရွှေသံလွင်စက်မှုဇုန် E-group အထည်ချုပ်စက်ရုံ အလုပ်သမား သမဂ္ဂ ခေါင်းဆောင် ကိုပြည့်ဖြိုးအောင်က RFA ကို ပြောပါတယ်။ "အလုပ်သမားတွေအတွက် အမခံပေးမှုဆိုတာဘာမှသိပ်မရှိဘူး၊ လုပ်ငန်းရှင်ကလည်း သူအကျိုးအမြတ် ရပြီးတော့ အလုပ်သမားတွေကျတော့ ထိုက်သင့်တဲ့ခံစားတဲ့အခွင့်အရေး မပေးနိုင်ဘူးလား၊ အဲ့လိုကဏ္ဍ မျိုးတွေမှာ ကျနော်တို့က အကောင်အထည်ဖော်ပေးဖို့ တန်ဖိုးတွေကျဆင်းနေတဲ့ ဒီအလုပ်သမားတွေ ဘဝရေရှည်အောင် ခိုင်မာဖို့အတွက်အဖွဲ့သစ်ကို ကျနော်တို့ဖွဲ့တာပါ" သမဂ္ဂဖွဲ့စည်းရာမှာပါဝင်မှုကြောင့် အလုပ်ထုတ်တဲ့ကိစ္စတွေ၊ လုပ်ခလစာနည်းပါးမှု၊ လုပ်ငန်းခွင်လုံခြုံရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု စတာတွေကို ဒီ ညီလာခံမှာ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးနေပါတယ်။ မြန်မာနိုင်ငံ ကုန်ထုတ်နဲ့ စက်မှုလက်မှုအလုပ်သမ

အာဆီယံနိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံဟာ ထောင်သား အများဆုံးနိုင်ငံဖြစ်နေ

ထိုင်းနိုင်ငံက အကျဉ်းထောင် တွေထဲမှာ အကျဉ်းသား ၃ သိန်းကျော် ရှိနေတဲ့ အတွက် အရှေ့တောင် အာရှ အာဆီယံနိုင်ငံတွေထဲမှာ အကျဉ်းသား အများဆုံး ထောင်တွေ ဖြစ်နေကြောင်း ထိုင်းအကျဉ်း ဦးစီးဌာန ညွန်ကြားရေးမှူး ဗိတယ ဆူရီယဝေါင်းက ပြောကြားလိုက်ပါတယ်။ ဒီလို အကျဉ်းသားများနေတဲ့အတွက် ထိုင်းဝန်ကြီးချုပ်က စိုးရိမ်ကြောင်းပြောကြားထားပြီး တစ်နှစ် အတွင်း အကျဉ်းသား ၁ သိန်းအထိ လျော့ချဖို့ ပြောကြားထားတယ်လို့ ဆိုပါတယ်။ လောလောဆယ် ထိုင်းနိုင်ငံမှာ လစဉ် အကျဉ်းသားသစ် ၁ သောင်း ၄ ထောင် အကျဉ်းကျနေပြီး လစဉ် လွှတ်ပေးတဲ့ အကျဉ်းသား ဦးရေဟာ ၁ သောင်း ၁ ထောင်သာဖြစ်လို့ လစဉ် အကျဉ်းသား ၃ ထောင်နှုန်း တိုးနေတယ်လို့ သိရပါတယ်။ ဒီအထဲမှာ ၅ နှစ်အောက် အကျဉ်းသားက ၁ သိန်းခန့်ရှိပြီး အများစုဟာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျနေသူတွေလို့ ဆိုပါတယ်။ RFA Burmese http://ift.tt/1kBhvP9 from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1DnGwIu

ပုပ်ရဟန်းမင်းကြီးရဲ့အဆို အရေးနိမ့်

လိင်တူချင်း စုံမက်သူတွေ၊ အိမ်ထောင်ရေး ပြတ်စဲပြီး နောက်အိမ်ထောင်ပြုသူတွေနဲ့ ဘာသာရေး မပါဘဲ လက်ထပ် ထိမ်းမြားသူတွေ အပေါ် ရိုမန် ကက်သလစ်ကျောင်းတော်ရဲ့ သဘောထား ပြောင်းဖို့ ပုပ်ရဟန်း မင်းကြီး ဖရန်ဆစ် ရဲ့ ကြိုးပမ်းမှု အရေးနိမ့် သွားခဲ့ပါတယ်။ ဗာတီကန်နန်းတော်က ၂ ပတ်ကြာ ညီလာခံကြီး အပြီးမှာ ဒီကိစ္စတွေ နဲ့ ပတ်သက်တဲ့ အဆိုကို ဂိုဏ်းချုပ် ဘုန်းတော်ကြီး ၃ ပုံ ၂ ပုံ ရဲ့ ထောက်ခံမှု မရဘဲ အရေးနိမ့် သွားခဲ့တာ ဖြစ်ပါတယ်။ လက်ထပ်ခွင့် နဲ့ မိသားစုအရေးတွေနဲ့ပတ်သက်ပြီး ကက်သလစ်တရားတော်တွေကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ဝိနည်း ဥပဒေတွေရဲ့ စကားလုံးတွေထဲမှာပဲ ပိတ်မိမနေကြဖို့ ပုပ် ဖရန်စစ်က ညီလာခံကြီးအစမှာ ဘုန်းတော်ကြီး တွေကို တိုက်တွန်းခဲ့ပါတယ်။ လိင်တူချစ်သူတွေ၊ အိမ်ထောင်ပျက်ပြီးနောက် နောက်အိမ်ထောင်ပြုသူတွေဟာလည်း ခရစ်ယံအသိုင်းအဝိုင်းအတွက် အကျိုးပြုနိုင်တဲ့ အရည်အသွေးတွေ ရှိကြတယ်လို့ ပုပ်ဖရန်စစ်ရဲ့ အဆိုပြု ရေးသားခဲ့ပါတယ်။ နောက်ဆုံး အတည်ပြုလိုက်တဲ့ စာတမ်းမှာတော့ လိင်တူ ချစ်သူတွေကို ခွဲခြားဆက်ဆံမှု မလုပ်ဖို့လောက်ကိုပဲ ဖော်ပြပါတယ်။ ဒါပေမယ့် နောက်တစ်နှစ်အကြာ ဒီထက်ကြီးတဲ့ ညီလာခံမှာတော့ ဒီအကြောင်း ထပ်ပြီး ဆွေးနွေးဖွယ်တော့ ရှိနေပါတယ်။ ဘီဘ

ဂင်းနက်စ်မှတ်တမ်းဝင်သွားသော တရုတ်နိုင်ငံက ကမ္ဘာ့အကြီးဆုံး ဗုံပုံသဏ္ဌာန် အဆောက်အအုံ

အန်ဟွီ အောက်တိုဘာ ၁၈ တရုတ်နိုင်ငံအရှေ့ပိုင်း အန်ဟွီပြည်နယ်တွင် တည် ဆောက်ထားသော ၁၈ မီတာအမြင့်ရှိ ဗုံပုံသဏ္ဌာန် အဆောက်အအုံတစ်ခုသည် ကမ္ဘာ့အကြီးဆုံး ဗုံပုံ သဏ္ဌာန်ရှိ အဆောက်အအုံအဖြစ် ယနေ့ ဂင်းနက်စ် မှတ်တမ်းဝင်သွားခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြ ပါရှိသည်။ တရုတ်နိုင်ငံ ဝမ်ဒါအုပ်စုကုမ္ပဏီက ယွမ်သန်း ၁၃ဝ (ကန်ဒေါ်လာ ၂၁သန်း) အကုန်အကျခံဆောက်လုပ် ထားသော အဆိုပါဗုံပုံသဏ္ဌာန်အဆောက်အအုံမှာ အန်ဟွီ ပြည်နယ် မြို့တော်ဟေဖိုင်းမြို့၌တည်ရှိပြီး နှစ်ထပ် အဆောက်အအုံဖြစ်ကြောင်း သိရသည်။ ယင်းအဆောက်အအုံအကျယ်ဆုံးအပိုင်း၏ အချင်း မှာ ၅၈ ဒသမ ၅ မီတာရှိပြီး ကြမ်းပြင်အကျယ်မှာ ၄၆၅ဝ စတုရန်း မီတာရှိကြောင်း၊ အဆောက်အအုံထဲ တွင် တရုတ်ရိုးရာဗုံယဉ်ကျေးမှုနှင့်အန်ဟွီဒေသဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ်များကို ပြသထားရှိကြောင်းသိရ သည်။ (ဆင်ဟွာ) Myanmaalinn http://ift.tt/1xK4A5u from သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1sWnOUK

ဂန့်ဂေါမြို့နယ်တွင် အမျိုးသားတစ်ဦးကို သိန်း ၁၃၀၀ အမြတ်ခွန်မဲပေါက်သည်ဆိုပြီး ငွေလိမ်မှုဖြစ်ပွား

ဂန့်ဂေါ အောက်တိုဘာ ၁၈ မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် ဂန့်ဂေါမြို့နယ် နှမ်းခါးရွာနေ အမျိုးသား တစ်ဦးထံက သိန်း ၁၃ဝဝ အမြတ်ခွန်မဲ ပေါက်သဖြင့် အမြတ်ခွန် ပေးဆောင်ရမည်ဆိုပြီး ငွေကျပ် ၁၂ သိန်းလိမ်လည်ယူမှု ဖြစ်ပွား ခဲ့သည်။ ဖြစ်စဉ်မှာ ဂန့်ဂေါမြို့နယ် နှမ်းခါး ကျေးရွာနေသူ ဦးကျော်ဝင်း (၅၂ နှစ်)သည် အောက်တိုဘာ ၁၄ ရက် နံနက် ၉ နာရီခန့်က နေအိမ်တွင်ရှိနေစဉ် ဦးဝင်းမင်းထွန်းဆိုသူက ဖုန်းနံပါတ် ဝ၉----- ဖြင့် သိန်း ၁၃ဝဝ အမြတ်ခွန် မဲပေါက်၍ ရရှိမည်ဖြစ်ကြောင်း၊ ထို သိန်း ၁၃ဝဝ အတွက် အမြတ်ခွန် ၅၂ သိန်း ပေးအပ်ရမည်ဖြစ်ကြောင်း၊ ဦးကျော်ဝင်းမှ ငွေ ၁၂ သိန်းသာ တတ်နိုင်ကြောင်းပြောသဖြင့် ထိုငွေ ၁၂ သိန်းအား ရန်ကုန်သို့လွှဲပို့ပေးရန် ပြောဆိုသဖြင့် ယင်းနေ့ မွန်းလွဲ၂ နာရီခွဲခန့်တွင် ကလေးမြို့ ရိုးမဘဏ်မှ ငွေလွှဲပို့ပေးခဲ့ကြောင်း၊ ထိုငွေလွှဲပို့ပေး ပြီးနောက် သိန်း ၁၃ဝဝ ကိုပြန်လည် လွှဲပို့ခြင်းမရှိခဲ့သဖြင့် မိမိလွှဲပို့ထားသည့် ငွေကျပ် ၁၂ သိန်းကို ကလေး ဘဏ်မှ ပြန်လည်သွားရောက်ထုတ်ယူရာ ရန်ကုန်မြို့ရိုးမဘဏ်ခွဲ(မင်္ဂလာ ဈေးဘဏ်)သို့ လွှဲပို့ပြီးဖြစ်ကြောင်း နှင့် ဦးထွန်းထွန်းစိုး (၄ဝ နှစ်) ဒဂုံ (မြောက်)ရန်ကုန်မြို့နေသူက ထုတ်ယူပြီးဖြစ်ကြောင

ယောဓလေ့ပွဲတော်ဖြစ်သည့် ဂန့်ဂေါခရိုင် ဆောမြို့နယ်မှ သနပ်ခါးပါးတို့ပွဲ

ဂန့်ဂေါခရိုင် ဆောမြို့နယ် ခွင်း ချောင်းကျေးရွာအုပ်စု မင်းလယ် ကျေးရွာတွင် အောက်တိုဘာ ၈ ရက် က ယောဓလေ့ပွဲတော်တစ်ခုဖြစ်သည့် သနပ်ခါးပါးတို့ပွဲကျင်းပရာ အနီး ပတ်ဝန်းကျင် ရပ်ကွက်/ကျေးရွာများ မှ လူငယ်မောင်မယ် ၆ဝဝ ကျော်တို့ ပါဝင်ဆင်နွှဲကြကြောင်းနှင့် အဆိုပါ သနပ်ခါးပါးတို့ပွဲ ကျင်းပသည့်ကာလ ဖြစ်သော အောက်တိုဘာ ၇ ရက်၊ ၈ ရက်ကာလများတွင် ဝင်္ကပါလှည့်၍ ပူဇော်ခြင်း(ခေါ်) ဗုဒ္ဓဆင်းတုတော်များ ဒေသစာရီ လှည့်လည်ပူဇော်ခံခြင်း၊ ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ ခြင်း၊ မီးကြာလှည့်ပွဲကျင်းပခြင်း၊ စတုဒိသာ တည်ခင်းဧည့်ခံကျွေးမွေး ခြင်းတို့ကိုလည်း ကျင်းပကြသည်။ အရပ်ဒေသအလိုက် ကျင်းပကြ သည့်ပွဲတော်များအနက် ဖယောင်း ထောင်ချပွဲကျင်းပ၍ ဆီမီးပူဇော်ခြင်း၊ မီးကြာလှည့်ပွဲကျင်းပ၍ ဆီမီးပူဇော် ခြင်း၊ ရပ်ကွက်/ကျေးရွာလုံးကျွတ် သင်ဘုတ်မီးထွန်း၍ ဆီမီးပူဇော်ခြင်း၊ အိုးစည်ပြိုင်ပွဲ ကျင်းပခြင်းတို့မှာ မကွေးတိုင်းဒေသကြီးအတွင်းရှိ ယော အရပ်ဒေသဖြစ်သော ဂန့်ဂေါ၊ ထီး လင်း၊ ဆော၊ ကျောက်ထုမြို့နယ် များတွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် လူသိများသော ပွဲတော်များဖြစ် သည်။ အဆိုပါ သနပ်ခါးပါးတို့ပွဲကျင်းပ ရာတွင် မီးကြာလှည့်ပွဲနှင့်အတူ ထည့် သွင်း ကျင်းပလေ့ရှိရာ မီးကြာ

ဟောင်ကောင်ဆွေးနွေးပွဲ အင်္ဂါနေ့ စတင်ဖွယ်ရှိ

ဟောင်ကောင်ကျွန်းမှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေနဲ့ ဆွေးနွေးပွဲတွေ အင်္ဂါနေ့မှာ စတင်ဖွယ်ရှိတယ်လို့ အစိုးရက ပြောပါတယ်။ ကျွန်းရဲ့ ဒေသတချို့မှာ လုပ်ငန်းတွေနဲ့ သွားရေးလာရေးတွေ ရပ်ဆိုင်းနေရတဲ့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ အကြား ရုန်းရင်းဆန်ခတ်ဖြစ်တာတွေ ရက်အတော်ကြာ ရှိပြီးတဲ့နောက် အခုလိုပြောလိုက်တာပါ။ အင်္ဂါနေ့ဟာ အစိုးရက ဟောင်ကောင်ကျောင်းသားများ အဖွဲ့ချုပ်ကို ပေးထားတဲ့ သုံးရက်ထဲက အစောဆုံးနေ့ဖြစ်တယ်လို့ ဟောင်ကောင် အစိုးရအတွင်းဝန်ချုပ် Carrie Lam က ပြောပါတယ်။ ဆွေးနွေးပွဲတွေအတွက် ပြင်ဆင်တာမှာ အလားအလာ ကောင်းတဲ့ တိုးတက်မှုတွေ ရထားပြီလို့ သူကဆိုပါတယ်။ ဆန္ဒပြခေါင်းဆောင်တွေနဲ့ ဆွေးနွေးပွဲတွေပြန်စဖို့ နည်းလမ်းရှာနေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး Leung Chun-ying ကပြောပါသေးတယ်။ ဒီလအစောပိုင်းမှာ ဆွေးနွေးပွဲတွေလုပ်ဖို့ စီစဉ်ပေမယ့် အစိုးရက ဖျက်သိမ်းလိုက်တာ ပါ။ မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးဆိုင်ရာနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ သူလမ်းဖွင့်ထားတယ်လို့ Leung ကပြောပါတယ်။ ဒါပေမဲ့ လည်း ၂၀၁၇ ခုနှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲတွေအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်တာနဲ့ပတ်သက်တဲ့ ဆုံး

ဟောင်ကောင် အာဏာပိုင်တွေနဲ့ ကျောင်းသား ခေါင်းဆောင်တွေ တွေ့ဆုံကြမယ်

ဟောင်ကောင်ရဲ့ အတွင်းဝန်ချူပ် က ဟောင်ကောင် အစိုးရ အနေနဲ့ လာမယ့် အင်္ဂ࿿ါနေ့မှာ ဒီမိုကရေစီ အရေး ဆန္ဒ ပြနေကြတဲ့ ကျောင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ စကားပြောမယ် ဆိုပြီး ကြေညာ လိုက်ပါတယ်။ ၂ ဘက်စလုံးကနေ ကိုယ်စားလှယ် ၅ ယောက်စီ လွှတ် ညှိနှိုင်းကြမှာ ဖြစ်ပြီး ၂ နာရီလောက် ကြာနိုင်တယ် လို့ Carrie Lam က ဆိုပါတယ်။ ဟောင်ကောင်မှာ ဒီမိုကရေစီ အရေး ဆန္ဒပြ ကြသူတွေဟာ ရဲတွေနဲ့ Mong Kok ဆိုတဲ့ အရပ်မှာ အကြမ်းဖက် ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်နေတဲ့ ကြားကပဲ အရင်နေ့က ဖယ်ရှား ခံခဲ့ရတဲ့ သူတို့ရဲ့ သပိတ်စခန်း နေရာ တချို့ကို ပြန်လည် သိမ်းပိုက် လိုက်ကြပါတယ်။ ဒီလို အချိန်မှာ ကျောင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ် ဆိုတဲ့ အခုလို ထုတ်ပြန်ချက် ထွက်ပေါ် လာတာပါ။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1rQ4C5Z ဆန္ဒပြ ကျောင်းသားတွေနဲ့ ဟောင်ကောင် အာဏာပိုင်တွေ အကြား တွေ့ဆုံ စကားပြောမယ်။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1rQ4DXD

အလွတ် သတင်းထောက် တယောက် ပျောက်ဆုံး

ပြီးခဲ့တဲ့ လကုန်ပိုင်း က ကရင် ပြည်နယ် ထဲမှာ သတင်း ရယူ နေတုန်း ပျောက်ဆုံး သွားခဲ့တဲ့ အလွတ် သတင်းထောက် ကိုပါကြီးခေါ် ကို အောင်ကျော်နိုင် ဘယ်ရောက်နေလဲ အခု ချိန်ထိ မိသားစုက တိတိကျကျ မသိရသေး တဲ့အတွက် ဇနီး ဖြစ်သူက လိုက်လံ စုံစမ်း နေပါတယ်။ စက်တင်ဘာလ ၂၂ ရက်က နေပြည်တော်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ သတင်း သွားယူမယ် ဆိုတာ နောက်ဆုံး သိရပြီး အောက်တိုဘာ လ ၆ ရက်နေ့မှာ ဖေ့စ်ဘုတ် အင်တာနက် စာမျက်နှာ မှာ ကိုပါကြီး ပျောက်နေတဲ့ သတင်း သူ့မိတ်ဆွေ တွေက တင်ထားတာ တွေ့ရတယ် လို့ ကိုပါကြီးရဲ့ ဇနီး မသန္တာက ပြောပါတယ်။ စက်တင်ဘာ ၂၈ ရက်ထဲက သူနဲ့ အဆက်အသွယ် ပြတ်သွားပြီး ရဲကင်းက မသင်္က࿿ာလို့ သူ့ကို စစ်တပ်ကို ဖမ်းခိုင်းတယ်လို့ မိတ်ဆွေတွေက ပြောတယ်လို့ ဆိုပါတယ်။ ကိုပါကြီးကို ဒီကေဘီအေ လို့ သံသယ ရှိလို့ ဖမ်းဆီး ထားတယ် လို့ ကြားသိ ရပြီး သူ့ဆီမှာ ဒီကေဘီအေ၊ ကေအင်ယူ စတဲ့ အဖွဲ့ တွေက သတင်းလိုက်ခွင့် ကတ်တွေ ရရှိတယ် လို့ သိရပါတယ်။ ကရင်နဲ့ မွန် ပြည်နယ်က သတင်းထောက် တွေက မွန်ပြည်နယ် နယ်စပ် လုံခြုံရေး ဝန်ကြီး ဆီ သွားပြီး ပျောက်ဆုံးနေတဲ့ သတင်းထောက် အတွက် စုံစမ်း တဲ့ အခါ တပ်ရင်း ၂ဝ၈ မှာ ဖမ်းထားတယ် လို့သာ သိရပြီး အဲဒိ တပ်ရင်းမှာ သွားစုံစမ်း ဖို

ရုပ်သံဥပဒေမူကြမ်း ပြင်ဆင်ပေးရေး ထပ်မံတောင်းဆို

အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ပြီးဖြစ်တဲ့ Broadcasting Law ရုပ်သံဥပဒေမူကြမ်းဟာ ရုပ်သံသတင်းဌာန လုပ်ကိုင်လိုသူအားလုံးကို တရားမျှတတဲ့ ယှဉ်ပြိုင်ခွင့် ပေးမထားတဲ့ အတွက် ပြင်ဆင်ပေးဖို့ သတင်းမီဒီယာသမားတွေက ဒီနေ့ ဆွေးနွေးပွဲမှာ ထပ်မံတောင်းဆိုလိုက်ကြပါတယ်။ ရန်ကုန်မြို့ Green Hill ဟိုတယ်မှာ အသံလွှင့် မီဒီယာဆွေးနွေးပွဲတစ်ခု ဒီကနေ့ကျင်းပခဲ့ရာ မှာ ရွှေသံလွင်နဲ့ Forever Group တို့လို လက်ရှိရုပ်သံထုတ်လွှင့်နေတဲ့ သတင်းဌာနကြီးတွေဟာ ရုပ်သံမီဒီယာဥပဒေ မပြဌာန်းသေးခင်ကတည်းက ရုပ်သံလိုင်းတွေ တိုးချဲ့ထားပြီးသားဖြစ်နေပြီး ဈေး ကွက်ကိုထိန်းချုပ်ထားတယ်လို့ ဒီမိုကရက် တစ်မြန်မာ့အသံ ဒုတိယအမှုဆောင်ညွန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောပါတယ်။ "အခုဒီမှာရှိနေပြီးသား ရှေ့ကနှစ်ယောက်ကတော့လည်း ဈေးကွက်ကိုလွှမ်းမိုးထားပြီးသား၊ ချုပ်ကိုင်ပြီးသား ချယ်နယ်မျိုးစုံဖွင့်နေကြတယ်၊ အားကစားတွေရော၊ ရုပ်ရှင်တွေရော၊ သတင်းရော အကုန်လုံးလုပ်နေကြတယ်၊ ပြီးတော့ နောက်လာတဲ့လူတွေနဲ့ ဘယ်လိုလုပ်သွားယှဉ်လို့ရမလဲ၊ အဲ့ဒါက တန်းတူရည်မျှယှဉ်ပြိုင်ခွင့် အပြတ်ရွေးနေတဲ့အချိန် အဲ့ဟာကနောက်တက်လာတဲ့ လွတ်လပ်တဲ့ မီဒီယာဌာနတွေကို အသေသတ်နိုင်တဲ့ အခြေအနေမျိုြး

အောက်တိုဘာလ (၁၉)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

အောက်တိုဘာလ (၁၉)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ အောက်တိုဘာလ (၁၉)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1ppq16k

အောက်တိုဘာလ (၁၉)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

အောက်တိုဘာလ (၁၉)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ အောက်တိုဘာလ (၁၉)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ သတင်းစာ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1ppq2HB