Skip to main content

လေ့လာသူတွေအဖြစ်သာ ဗြိတိန်ရဲတွေကို သဘောတူ ခဲ့တာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပြောကြား



ထိုင်းတောင်ပိုင်း ခိုထောင်း (ခေါ်) လိပ်ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးရာမှာ ဗြိတိန်ရဲတပ်ဖွဲ့ဝင်တွေကို လေ့လာ သူအဖြစ်သာခွင့်ပြုသွားမှာဖြစ်တယ်လို့ ထိုင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချားက ပြောကြားလိုက် ပါတယ်။

ဒါဟာ နိုင်ငံခြားသားခရီးသွား ၂ ဦးအသတ်ခံရတဲ့အမှု စုံစမ်းစစ်ဆေးရာမှာ ဥရောပနိုင်ငံတစ်နိုင်ငံက ယုံကြည် မှုရရှိစေဖို့ လာရောက်ခွင့်ပြုတာသာဖြစ်တယ်လို့လည်း အီတလီနိုင်ငံ မီလန်မြို့မှာကျင်းပခဲ့တဲ့ ဥရောပအာရှ ထိပ်သီးညီလာခံကအပြန် ဘန်ကောက်မြို့ သုဝဏ္ဏ ဘူမိလေဆိပ်အတွင်း မနေ့ညနေက ကျင်းပတဲ့ သတင်း စာရှင်းလင်းပွဲမှာ ထိုင်းဝန်ကြီးချုပ်က အခုလိုပြောကြား လိုက်တာဖြစ်ပါတယ်။


ထိုင်းခိုထောင်းကျွန်း လူသတ်မှုအတွက် ဗြိတိန် ထောက်လှမ်းရေး ရဲတပ်ဖွဲ့ဝင်တချို့ ပါဝင်စုံစမ်း စစ်ဆေးဖို့ ထိုင်းဝန်ကြီးချုပ်က သဘောတူ လိုက်ကြောင်း သောကြာနေ့ညက ဗြိတိန်အစိုးရ နိုင်ငံခြား ရေးဌာနက ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်နဲ့ လုံးဝကွဲပြားနေပါတယ်။


ဗြိတိန်ဝန်ကြီးချုပ်နဲ့တွေ့ဆုံရာမှာ ထိုင်းတရားစီရင်ရေးစနစ်အပေါ် သူ့အနေနဲ့ ချို့ယွင်းချက်မမြင် ကြောင်း၊ ဒါပေမယ့် ဗြိတိန်နိုင်ငံသားအများအပြားဟာ ထိုင်းရဲတပ်ဖွဲ့ရဲ့ အမှုစုံစမ်းစစ်ဆေးချက်အပေါ် သံသယ ရှိနေကြကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောကြားခဲ့တယ်လို့ ထိုင်းဝန်ကြီး ချုပ်က ပြောပါတယ်။


ဒီအမှုမှာ တရားဥပဒေအတိုင်းဆောင်ရွက်တဲ့အတွက် ဘာပြဿနာမှမရှိကြောင်း၊ အင်္ဂင်္လန်အနေနဲ့ လေ့လာ သူတွေ စေလွှတ်မယ့်ကိစ္စကို သဘောတူခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်က သတင်း ထောက်တွေ ကို ပြောပါတယ်။ ဒီအမှုမှာ မြန်မာ ၂ ဦးကို ဓားစာခံအဖြစ် ရဲကလက်ထောက် ချထားတယ်လို့ ပြောဆိုကြတာတွေ ကိုလည်း သူကထပ်ပြီး ငြင်းဆိုခဲ့ပါတယ်။ အလားတူ ဗြိတိန်ထောက်လှမ်းရေးရဲအရာရှိတွေ အမှုကိုလာစစ်မယ် ဆိုတဲ့ သတင်းတွေကို ထိုင်းဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ပရာဝတ် ဝေါင်ဆူဝမ်က မနေ့က ငြင်းဆို လိုက်ပါတယ်။


သောကြာနေ့က လန်ဒန်ကလာတဲ့ သတင်းတွေမှာ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း အနေနဲ့ ခိုထောင်းအမှုမှာ ထိုင်းရဲတပ်ဖွဲ့နဲ့အတူ ဗြိတိန် ရဲတပ်ဖွဲ့ဝင်တချို့ ပါဝင်စစ်ဆေးခွင့်ကို ထိုင်းဝန်ကြီးချုပ်နဲ့ သဘောတူခဲ့ကြောင်း၊ ဗြိတိန်အစိုးရအနေနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာ ၂ ဦးရဲ့ DNA နမူနာနဲ့ သေဆုံးသူတွေရဲ့ DNA တွေကိုစစ်ဆေးရာမှာ လွတ်လပ်စွာဖော်ထုတ်စစ်ဆေးနိုင်ဖို့နဲ့ တရားခံအဖြစ် စွပ်စွဲထားသူတွေကို ညဉ်းပန်းနှိပ်စက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဖော်ထုတ်စုံစမ်းဖို့ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။


တချိန်တည်းမှာလည်း ခိုထောင်းကျွန်းလူသတ်မှုအတွက် စွပ်စွဲခံထားရသူ မြန်မာ ၂ ဦးရဲ့ မြန်မာနိုင်ငံက မိဘတွေ လာရောက်တဲ့အချိန် လိုအပ်တာတွေ ကူညီဆောင်ရွက်ပေးဖို့ ဆူရတ်သနီခရိုင် ထောင်အကြီးအကဲကို အမိန့်ပေး ထားကြောင်း ထိုင်းအကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဗိတယ ဆူရိယာဝေါင်းက မနေ့က ပြောကြားလိုက် ပါတယ်။


RFA Burmese

http://ift.tt/1kBhvP9






from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1FjYjSL

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...