Skip to main content

Posts

Showing posts from March 31, 2015

ဒန့်သလွန်သီးကဘာတွေရမလဲ

မြန်မာပြည်၏ အထက်အညာဒေသ တွင် ဒန့်သလွန်ပင်များ လက်ညှိုးထိုးမလွဲ ပေါများလှသည်။ မိမိအိမ်ဝိုင်း၏ နောက် ဖေးမြေကွက်လပ်တွင် စိုက်ပျိုးလေ့ရှိကြ သည်။ ဒန့်သလွန်သီးရာသီချိန်ရောက် သောအခါတွင် အရသာလည်းရှိကာ ရနံ့ လည်းမွှေးသည့် ဒန့်သလွန်သီးကို ဟင်း အမယ်မျိုးစုံချက်ကာ မြန်မာအိမ်ရှင်မ များ လက်စွမ်းပြလေ့ရှိကြသည်။ ဒန့် သလွန်ရွက်နှင့် အဖူးအပွင့်တို့ကို ဟင်းချို၊ ဟင်းခါးနှင့်အသုပ်အဖြစ် စားနိုင်သည်။ ဒန့်သလွန်သီးကို ငါးရံ့(သို့မဟုတ်) ငါးရံ့ ခြောက်(သို့မဟုတ်)ကြက်ဥ/ဘဲဥတို့ဖြင့် တွဲဖက်၍သော်လည်းကောင်း၊ ပဲကုလား ဟင်း၊ သီးစုံချဉ်ရည်ဟင်းအဖြစ်လည်း ကောင်း၊ ဒန့်သလွန်သီးတောင့်ကို အစိမ်း လိုက်(သို့မဟုတ်)မီးကင်ပြီး အတွင်းသား နှင့်အစေ့တို့ကို ဇွန်းဖြင့်ခြစ်ကာ ကြက်ဥ ဖြင့်မွှေကြော်၍သော် လည်းကောင်း၊ ဘူးသီးဖြင့်ကြော်ချက်၍ဟင်းအဖြစ်လည်း ကောင်း အရသာရှိရှိစားသုံးနိုင်သည်။ အနောက်နိုင်ငံများတွင်တော့ သူ့ရိုးရာ ဒေသအလိုက် ဟင်းလျာအဖုံဖုံကို ချက် ပြုတ်စားသောက်ကြသလို ဒန့်သလွန်ရွက် နှင့်အပွင့်တို့ကို နည်းပညာဖြင့်ပြုပြင်ကာ ကိတ်မုန့်ဖုတ်စားကြသည်။ Tree for Life Oraganization ၏ မှတ်တမ်းများအရ ဒန့်သလွန်သီးနှင့် အရွက်ထဲတွင်ပါရှိသော- Vitamin C သည်

လေဖြတ်သည့်ဘေး အသိပေး ဝေးကြပါစေ

အသက်ငယ်သူတွေက ပြောကြပါမယ် အသက်ကြီးမှ လေဖြတ်တာပါ အဲလိုအထင်တွေက လုံးဝ မဟုတ်ပါဘူး လေဖြတ်တယ်ဆိုတာ အသက်ကြီးမှဖြတ်တာ မဟုတ်ပါဘူး အသက်ငယ်ရယ်သူတွေလဲ လေဖြစ်တက်ပါတယ် ။ ဒီဘက်နှစ်တွေမှာဆို အသက်ငယ်ငယ်နဲ့ လေဖြတ်တာတွေ ပိုများနေပါပြီ။ ရောဂါအခံကြောင့် လေဖြတ်ခြင်းလည်း ဖြစ်နိုင်ပါတယ် ။ ဘယ်လိုရောဂါတွေလဲကို ပြောရရင် ၁။ ဆီးချိုရောဂါကြောင့် လေဖြတ်ခြင်း၊ ၂။ သွေးတိုးရောဂါကြောင့် လေဖြတ်ခြင်း၊ ၃။ နှလုံးရောဂါကြောင့် လေဖြတ်ခြင်း၊ ၄။ အရက်သေစာ အလွန်သောက်စားမှုကြောင့် လေဖြတ်ခြင်း၊ ၅။ ခါးကြောရိုး နာဗ်ကြောတွင် ထိခိုက်ဒဏ်ရာကြောင့် လေဖြတ်ခြင်း တို့ ဖြစ်ကြပါတယ် ။ လေဖြတ်သည့်လူနာကို အေးအေးဆေးဆေးနေထိုင်သက်သောင့်သက်သာဖြစ်စေရန် အရင်ထားပေးရပါမယ် ၊ ဦးနှောက်သွေးကြောပိတ် (Cerebral Infarct)လို့ပဲ ဖြစ်ဖြစ်၊ ဦးနှောက်သွေးကြောပေါက် (Cerebral Haemorrhage) လို့ လေဖြတ်တာပဲဖြစ်ဖြစ်၊ လေဖြတ်တဲ့ဝေဒနာဟာ တကြိမ်၊ တရက်တည်းနဲ့ ဖြစ်မယ် ကုသမယ် ရောဂါပျောက်သွားမယ်ဆိုတာ မဟုတ်သည့်အတွက် တရက်ထက်တရက် ခန္ဓာကိုယ်ပျက်စီးမှုဟာ ရက်ဆက်ပြီး ပိုပိုဆိုးလာတတ်ပါတယ် ။ အဲလိုဖြစ်တက်သည့်ကို အထူးသတိထားပေးရပါမယ် ။ တစ်ချို့ က ဖြစ်လာတော့မှာကို မသိကြပါဘူး တစ်ချို့ လေဖြတ်တော့မယ်

အဝ မလွန်စေဖို့  မျှတူလျှော့ချဖို့ လို …

မိမိခန္ဓာကိုယ်တွင် ရှိသင့်သည့် အနေအထားတစ်ခုထက် အဆီတွေတက် အဝဖက်ကိုရောက်လာခဲ့လျှင် သွားလာနှေးကွေး လေးမှိုင်းနေတက်လာပါတယ်အဲလိုမျိုးအချိန်ရောက်လာမှသာလျှင် အများအားဖြင့် ဝိတ်ချတော့မယ် အဆီချမယ်ဆိုသည့် စိတ်ကူး စိတ်သန်းပေါ်လာတက်ကြပါတယ် ။ ပေါ်ပေါက်မှု့ နှင့်အတူ လွဲမှားသော အယူအဆကိုအခြေခံပြီး ဝိတ်ချခြင်းကို လုပ်ဆောင်တက်ကြပါတယ် ။ အများအားဖြင့် ပထမ ဦးစွာ အစားသောက်ကို စားနေကြပုံမှန်ထက် စားသောက်ခြင်း မပြု့ တော့ဘဲ ဝိတ်ချတက်ကြပါတယ် အဲလို မျိုး အစားသောက်လျှော့ချလာခြင်းကြောင့် အဆီတွင်မက ကြွက်သားတွေနဲ့ တစ်သျှူးတွေပါ လျော့ကျသွားပါတယ် ။မိမိခန္ဓာကိုယ့်ရဲ့ ဇီဝဖြစ်စဉ်တွေ နှေးကွေးသွားမှု့ ဖြစ်ပေါ်လာပါတယ် အဲလိုဖြစ်ပေါ်လာသည့်အခါတွင် မူလကအပြင်းအထန် အစားသောက်ကို လျော့ချခြင်းကြောင့်ဖြစ်ပေါ်ရတယ်ဆိုပြီး အစားသောက်ကိုပြန်လည်ပုံမှန်စားသောက်သည့်အခါတွင် အလေးချိန်မှာ သိသိသာသာပြန်လည်တက်လာပြီး မူလထက်ပိုမိုတက်သည်ကို အထူးသတိချပ်သင့်ပါသည် ။ အဲလိုဆန္ဒမစောကြပါနဲ့ လို့ ပြောချင်ပါသည်။ မြန်မာစကားရပ်မှာ လှလို့ ဝလို့ ပါလား ဆိုတာအပြောများပါတယ် ပိန်လို့ လှလို့ ဆိုတာ ပြောခဲးပါတယ် ။ အပြင်းအထန် အစားသောက်မစာခြင်းဖြင့် ဝိတ်ချမည့် စနစ်သည် မိမိကျန်းမ