Skip to main content

Posts

Showing posts from April 13, 2015

ပေါင်ကြီးခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူး

ပေါင်တံ သွယ်သွယ်လေးနဲ့ စူပါ မော်ဒယ်လ် ခန္ဓာကိုယ် လေးတွေဟာ ဘာဝတ်ဝတ် လှပပြီး စတိုင်လ်ကျနေ တာမို့ အားကျ ချင်စရာပါ။ ဒီနေရာမှာ ပေါင်တံကြီးတဲ့ သူတွေ အတွက် စိတ်အား မငယ်မယ့် သတင်းကောင်း တစ်ခု ရှိပါတယ်။ သင့်ရဲ့ ပေါင်တံ ကြီးတွေက သင့်ကျန်းမာရေးကို ကာကွယ်မှု ပေးနိုင်ပါတယ်။ ဒိန်းမတ် သုတေသီ များရဲ့ လေ့လာချက် တစ်ခုအရ ပေါင်တံသေးသွယ် သူများဟာ နှလုံး ရောဂါခံစား နိုင်ရခြေနှင့် အရွယ်မတိုင်မီ သေဆုံးမီ သေဆုံးနိုင်ခြေ မြင့်မား နေကြတာကို တွေ့ရှိခဲ့ကြပါတယ်။ ဩစတြေးလျ လူမျိုး သုတေသီများက ထပ်မံ တွေ့ရှိ ထားတာကတော့ ပေါင်တံကြီး ခြင်းဟာ ဇီဝရုပ် ဖြစ်ပျက်မှု ပိုမို ကောင်းမွန်ခြင်းဟု ဆိုလိုပြီး ဆီးချိုသွေးချို ရောဂါ ဖြစ်နိုင်ခြေ နည်းပါး ကြတယ်လို့ သိရှိရပါတယ်။ ဒီလောက် ဆိုရင်တော့ ကြီးမားတဲ့ ပေါင်တံတွေကို ကျေးဇူး တင်သွားပြီလား။ BY HEALTH DIGEST from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1DXNojA

ရင်သားကင်ဆာ လွယ်ကူစွာ ကာကွယ်ပါ

ရင်သားကင်ဆာဟာ အမျိုးသမီးတွေ အတွက် အရမ်းကို ကြောက်စရာ ကောင်းတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ကင်ဆာရောဂါ တိုင်းဟာ ဆိုးဝါး လှသလို ရင်သား ကင်ဆာ ဆိုတာ ကလည်း ထိုနည်းတူ ပါပဲ။ စောစီးစွာ သိရှိပြီး မပျံ့နှံ့သေးဘူး ဆိုရင် ခွဲစိတ် ကုသလို့ ရတယ် ဆိုပေမယ့် ခံစားရသူ အမျိုးသမီးမှာ ရင်သား တစ်ဖက် ကံဆိုးရင် နှစ်ဖက်လုံး ထုတ်လိုက် ရတဲ့အတွက် စိတ်ဓာတ်ပိုင်း ဆိုင်ရာ အရမ်း ထိခိုက်မှု ဖြစ်စေသလို ခွဲစိတ်မှု နောက်ကနေ လိုက်သွင်းရတဲ့ ကင်ဆာ ဆေးတွေရဲ့ ဘေးထွက် ဆိုးကျိုး တွေကလည်း ကြောက်ခမန်း လိလိပါပဲ။ ဒါတွေကြောင့် အမျိုးသမီးတွေ အတွက် ရင်သား ကင်ဆာကို ကြိုတင် ကာကွယ် နိုင်တဲ့ သိပ္ပံ နည်းကျ နေထိုင် စားသောက်ပုံ နည်းလမ်း (Lifestyle) များကို ဖော်ပြပေး လိုက်ပါတယ်။ (၁) သွက်လက်လှုပ်ရှား တက်ကြွစွာ နေထိုင်ပါ နော်ဝေနိုင်ငံက ကျန်းမာရေး ပညာရှင်များရဲ့ မကြာသေး မီကမှ ပြုလုပ်ခဲ့တဲ့ ရင်သား ကင်ဆာနဲ့ ကိုယ်လက် လှုပ်ရှားမှု ဆိုင်ရာ သုတေသန တစ်ခုရဲ့ ရလဒ်အရ သွက်လက်တက်ကြွ ဖျတ်လတ်စွာ နေပြီး အပတ်စဉ် ကိုယ်လက်လှုပ်ရှားမှု မှန်မှန် ပြုလုပ်သူ အမျိုးသမီးများဟာ သာမန် အမျိုးသမီးများ အောက်ရင်သား ကင်ဆာ ဖြစ်နိုင်စွမ်း ၇၂% လျော့နည်း ပါသတဲ့။ (၂) သဘာဝ အီစထရိုဂျင် ကြွ

ငါးသေးသေးလေးများ စားသုံးပေးခြင်းဖြင့် အရိုးပွရောဂါ ကာကွယ်နိုင်

ယခုရက်ပိုင်းတွင် ဈေးများ၌ ခေါင်းတစ်ရာသားဟု ခေါ်ကြသော ငါးသေးသေး လေးများ ပေါပေါများများ ဝယ်ယူလျက်ရှိကြောင်း သိရသည်။ ထိုငါးလေးများမှာ အလွန်သေးငယ်သည့် ငါးသလဲထိုး ငါးမျိုးနှင့် ငါးမှုန်လေးခေါ် ငါးသေးသေးလေးများ ဖြစ်သည်။ ရာသီပေါ် ဖြစ်သဖြင့် လတ်ဆတ်ပြီး တစ်ဆယ် ကျပ်သားလျှင် ငါးရာ ကျပ်ဝန်းကျင်သာ ဈေးရှိသဖြင့် အိမ်ရှင်မများ အတွက်လည်း ဈေးသုံးချွေတာရာ ရောက်သည်။ ခေါင်းတစ်ရာသား ငါးကလေးများကို နံနံပင်၊ ပင်စိမ်းရွက်များအုပ်၍ ငါးလေး အိုးကပ်ချက် စားလျှင် အလွန်နှုတ်မြိန်ပြီး ခံတွင်းတွေ့စေသည်။ ငါးသလဲထိုး လေးများကို ဆန်မှုန့် အနှစ်ဖြင့် အကြော် ပြုလုပ်၍လည်း စားသုံး ကြသည်။ ဆီပြန်ဟင်းလည်းချက်၍ စားနိုင်သည်။ ငါးလေးများကို အရိုးပါ ဝါးစားခြင်းဖြင့် အရိုးအဆစ်ကို သန်မာစေနိုင်ပြီး အရိုးကျိုးလွယ် ခြင်းကို ကာကွယ် နိုင်သည်။ လွန်ခဲ့သော သက္ကရာဇ်၂ဝဝဝ ပြည့်နှစ်မှ ၂ဝ၁ဝပြည့်နှစ် အထိ (၁ဝ)နှစ်ကို'' အရိုးအဆစ် ဆယ်စုနှစ်'' အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO မှ သတ်မှတ် ခဲ့သည်။ ထိုကဲ့သို့သတ်မှတ် ရခြင်းမှာ ကမ္ဘာပေါ်တွင် အရိုးကျိုးသူ၊ အဆစ်ရောင် လေးဘက်နာ ဖြစ်သူများ တိုးပွားများပြားလာခြင်းကြောင့် ဖြစ်သည်။ အရိုးမကျိုးစေရန်အတွက

ဝမ်းဗိုက် အဆီ လျော့ကျစေပြီး လှပစေရန်

( ပိုက်ဆံလည်းမကုန် အဆီလည်းကျ လှလှပပ ) ဝမ်းဗိုက်မှာ အဆီတွေစုပြီး ဗိုက်ပူနေလို့ စိတ်ညစ် နေသူတွေ အတွက် ဗိုက်ပူတာ လျော့ကျအောင် လုပ်နိုင်မယ့် အလွယ်နည်းတွေကို ဖော်ပြ လိုက်ပါတယ်။ (၁) လေ့ကျင့်ခန်း လုပ်ပါ လေ့ကျင့်ခန်း အားလုံးဟာ ကိုယ်အလေးချိန် လျော့ကျ စေပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ဝမ်းဗိုက် အဆီကျအောင် စွမ်းအားမြင့် လေ့ကျင့်ခန်းကို လုပ်ဖို့ လိုအပ်ပါတယ်။ လေ့လာမှုအရ အမျိုးသမီး အုပ်စု သုံးခုကို တစ်ပတ်မှာ ငါးကြိမ်ခန့် မတူညီတဲ့ လေ့ကျင့်ခန်းတွေကို လုပ်စေခဲ့ရာ ကယ်လိုရီ လောင်ကျွမ်းပုံချင်း တူပေမယ့် စွမ်းအားမြင့် လေ့ကျင့်ခန်းကို လုပ်ဆောင်တဲ့ အုပ်စုတစ်ခုရှိ အမျိုးသမီးတွေ ကသာ ဝမ်းဗိုက်အဆီ လျော့ကျမှု ရှိခဲ့တာကို တွေ့ရပါတယ်။ စွမ်းအားမြှင့် လေ့ကျင့်ခန်းတွေမှာ အိပ်ထမတင် လေ့ကျင့်ခန်း၊ ခါးလှည့် လေ့ကျင့်ခန်းစတဲ့ လေ့ကျင့်ခန်း အမျိုးအစားတွေ ပါဝင်နေပါတယ်။ (၂) ဗိုက်ကို တုန်ခါအောင် လုပ်ပါ ဗိုက်ကို တုန်ခါစေတဲ့စက်နဲ့ အဆီချပေးတာက ထိုင်-ထ လေ့ကျင့်ခန်း လုပ်သလို ခြောက်လ အတွင်းမှာ ဝမ်းဗိုက်အဆီကို သိသိသာသာ လျော့ကျစေတာကိုတွေ့ရပါတယ်။ (၃) ညနေခင်းတွင် အလင်းရောင်ကို လျှော့ချပါ စိတ်ဖိစီးမှု ဟော်မုန်း ကော်တီဆော အဆင့်မြင့်တက်မှု ရှိတ