Skip to main content

Posts

Showing posts from December 22, 2014

သွားကိုက်ခြင်း

လူတိုင်း သွားကိုက်ဖူးသည်။ သွားကိုက်၊ သွားနာရသည့် အကြောင်းရင်း များစွာ ရှိပါသည်။ အဓိကအားဖြင့် သွားကိုက် ရသည့် အကြောင်းရင်းမှာ သွားပိုးစားခြင်း ကြောင့် ဖြစ်သည်။ အသက်အရွယ် ကြီးသူများတွင် သွားခိုင်ခံ့မှု လျော့နည်းပြီး အစာစားစဉ် မကြာခဏ သွားနာလေ့ ရှိသည်။ သွားပိုးစားခြင်း၊ စားကြွင်း၊ စားကျန်များရှိ ကာဗွန်ဟိုက်ဒြိတ်၊ ကစီဓာတ်ကို အခြေခံပြီး ခံတွင်း အတွင်းရှိ ဘက်တီးရီးယား ပိုးမွှားငယ် များနှင့် တံတွေးမှ အစာခြေရည် အင်ဇိုင်းတို့ ပိုမို ပူးပေါင်းပြီး နို့အက်စစ်ဓာတ် အဖြစ် အစာများ အချဉ် ပေါက်ကာ သွားပိုးစား လာသည်။ ယင်း အက်စစ်ဓာတ် သည် သွား၏ အပြင်ဆုံး အလွှာဖြစ်သည့် ကြွေသွားလွှာကို စတင် ပျက်စီးစေသည်။ အမည်းစက်များ အသွင် ဖြစ်ပေါ်လာသည်။ ယင်း ကြွေသွားလွှာ သည် ခန္ဓာကိုယ် အတွင်း မပျက်စီး လွယ်၍ အမာဆုံးဟု သတ်မှတ်ခံ ရသော်လည်း အက်စစ်ဒဏ်ကို မခံနိုင်တော့ပါ။ ယင်း အက်စစ်ကြောင့် ဒုတိယလွှာ ဖြစ်သည့် ဆင်စွယ်များ ပျက်စီးသည်။ သွားနှစ်လွှာ ပျက်စီးသော်လည်း သွားကိုက်၊ သွားနာ မခံရသေးပေ။ သို့သော် အပူအအေး ကောင်းစွာ မခံနိုင်ဘဲ ရေခဲရည် သောက်လျှင် ကျဉ်လာသည်။ စားကြွင်း၊ စားကျန် များကြောင့် သွားပိုးပေါက် ကြီးလာကာ ကြွေသွားလွှာ မှတစ်ဆင့် ဆင်စွယ်

Acne Scars ဝက်ခြံအမာရွတ်

၁။ မျက်နှာမှာ ဝက်ခြံဖြစ်ပြီး ကျန်ခဲ့တဲ့ အမာရွတ်တွေရော ဘယ်လိုအမြန်ဆုံးပျောက်အောင် ကုမလဲဆရာ။ ယိုးဒယား beauty clinic မှာ ဈေးကြီးပေးပြီး scrub သဘောမျိုးပေါ့။ အရေပြားကွာသွားရင် အမာရွတ်ပါ ပါသွားမယ်ဆိုလို့ လုပ်လိုက်တာ ဝက်ခြံညှစ်တံတွေနဲ့ညှစ်တာ အရေပြားကွာပေမဲ့ အမာရွတ်တွေ ပိုကျန်ခဲ့ပါတယ်ဆရာ။ ၂။ ဆရာ ဝက်ခြံပေါက်ပြီးရင် ချိုင့်တွေမကျန်အောင် ဘာလုပ်ရမလဲဆရာ။ ရှိပြီးသားချိုင့်တွေ ပျောက်အောင်ရော ဘာလုပ်ရမလဲ။ ၃။ ကျွန်တော်က အသက်၂ဝ ရှိပါပြီ။ မျက်နှာမှာ အခုတလော အကွက်မည်းတွေထွက်နေပါတယ်။ နားလည်သလောက် အင်တာနက်မှာရှာကြည့်တော့ zits လို့ခေါ်မလား၊ acne scars လို့ခေါ်မလား မသိဘူးခင်ဗျ။ အသားတွေက တဖြည်းဖြည်း အစားခံရသလိုဖြစ်နေလို့ပါ။ တဖြည်းဖြည်းအသားထဲစိမ့်ဝင်လာသလို ဖြစ်နေတာပါ။ ဝက်ခြံလည်းမဟုတ်ပါဘူးခင်ဗျ။ ကြာလာရင် ကျွန်တော့်မျက်နှာကြီး အပေါက်တွေနဲ့ဖြစ်တော့မှာ စိုးလို့ပါ။ ဒါကိုဘယ်လိုများ ကုသရမလဲဆိုတာ သိချင်ပါတယ်။ ‘ဆိမ့်ဝင်’ နဲ့ ‘ဆိုးလို့ပါ’ ဆိုတဲ့ ကနေ့ခေတ်လူငယ်တွေ အများကြီးမှားနေကြတဲ့ သတ်ပုံကိုတော့ အမာရွတ်ထင်သလို မကျန်ရစ်စေခြင်တာကို အရင်ရေးပါရစေ။ ‘စ’ လုံးနဲ့သာရေးရပါတယ်။ ဝက်ခြံပေါက်ပြီး နီညိုရောင် အမာရွတ်ကျန်ရစ်လေ့ရှိတယ်။

Betel nut with Tobacco ဆေး-ကွမ်းယာ နဲ့ ကျန်းမာရေး

မြန်မာနိုင်ငံသားတွေ ဘုရင်လက်ထက်ကတည်းက မျိုးရိုးစဉ်ဆက် စားသုံးလာခဲ့ကြတဲ့ ကွမ်းယာဟာ ကာလ ရွေ့လျားလာတာနဲ့ အစပ်အဟပ်တွေ ပြောင်းလာတယ်။ ‘ငါန်းမြာကဆေး’ လဲ မဟုတ်တော့တာ များလာပြီး၊ ‘တံတားဦးက ကွမ်းနုဝါ’ လဲ စာထဲသာသာ ရှိတော့တယ်။ အပြင်ကနေ ဝင်ချင်တာမှန်သမျှ ဒလဟော နေရာယူလာတယ်။ ကောင်းမှန်း-ဆိုးမှန်း မသိတာတွေက များတာအမှန်ဘဲ။ ပွင့်လင်းမှုက တစက်မှမရှိ၊ လေ့လာမှုကိုလဲ လိုက်ကာချ၊ သုတေသနဆိုတာလဲ ဘွဲ့ရဘို့ လုပ်တဲ့စာတမ်း သာသာလောက်သာ ရှိနေခဲ့တာ နှစ်ပေါင်း လေးငါးဆယ်ကြာနေခဲ့တယ် မဟုတ်ပါလား။ ကျန်းမာရေးအတွက် မကောင်းဘူး၊ မသင့်ဘူးလို့ သိထားပေမဲ့ အခုမှပိတ်ပင်လာနေရတယ်။ အခုမှပိတ်တာက ထိရောက်ရင်တော့ နောင်မှာ ဖြစ်ချင်မှဖြစ်ပါမယ်။ အရင်ကမှားတာတွေ၊ ဝါးတာတွေကနေ ရောဂါတွေဖြစ်မှာ လူဘယ်လောက်များသလဲ မသိနိုင်ကြတာဟာ ဝမ်းနည်းစရာဘဲ။ ခံတွင်း-ကင်ဆာ နဲ့ ကွမ်းစားတာပတ်သက်နေပါတယ်။ ကွမ်းယာမှာ မပါမဖြစ်တဲ့ ကွမ်းရွက်က ဆေးဖြစ်ဝါးဖြစ် အသုံးကျတာကို ဆရာဝန်တွေကလဲ မငြင်းကြပါ။ ကွမ်းသီးနဲ့ ဆေး ကိုတော့ သုတေသနတွေ တလှေကြီးလုပ်ပြီး တားဆီးတာတွေ နိုင်ငံတိုင်းမှာ ရှိပါတယ်။ ကွမ်းစားတာရော ကွမ်းသီး ဝါးတာပါ တကမ္ဘာလုံးမှာ လူဦးရေရဲ့ ၁ဝ% ရှိတယ်။ Betel nut ကွမ်းသီးကို ရု

အအေးမိ၊တုပ်ကွေး၊နှာစေး၊ချောင်းဆိုးခြင်းအတွက် နည်းလမ်း (၁၉)သွယ်

အအေးမိတုပ်ကွေးရောဂါဟာ ကမ္ဘာ ပေါ်မှာပျံ့နှံ့ကူးစက်မှုအမြန်ဆုံးနဲ့အဖြစ် များဆုံးသောရောဂါတစ်မျိုးပါ။လူတစ်ဦး ဟာ မိုးရာသီ(သို့မဟုတ်)ဆောင်းရာသီ မှာ ပျမ်းမျှအနည်းဆုံးတစ်နှစ်လျှင် တစ်ကြိမ်ဖြစ်တတ်ပါတယ်။ အအေးမိ တုပ်ကွေးဖြစ်နေသူတစ်ယောက်ဟာ တစ်ရှူးခံ၍ နှာချေချောင်းဆိုးသင့်သလို အသုံးပြုထားတဲ့တစ်ရှူးကို အမှိုက်ပုံး ထဲကိုစနစ်တကျစွန့်ပစ်သင့်ပါတယ်။ လက် ကိုင်ပဝါနဲ့အုပ်ပြီး နှာချေချောင်းဆိုးတဲ့ အခါ ဗိုင်းရပ်စ်ပိုးက အဲဒီလက်ကိုင်ပုဝါ ထဲမှာ ၂နာရီ၊ ၃ နာရီလောက်ကြာမှ သေသွားပါတယ်။ တကယ်လို့ လူအများ ကြားမှာ နှာချေချောင်းဆိုးတဲ့အခါ တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေက တစ်ပေ၊နှစ်ပေ လောက်အထိပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်မှ ကိုယ်ခံအားနည်းသူဆီကို ဗိုင်းရပ်စ်ပိုးတွေ အလွယ်တကူကူးစက်သွားနိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပါက အအေးမိ၊ နှာစေး၊ နှာရည်ကျ၊ နှာခေါင်းပိတ်၊ ချောင်းဆိုး (ချောင်းခြောက်လည်း ဖြစ်နိုင် သလို သလိပ်ပါခြင်းလည်းဖြစ်နိုင်)၊ လည်ချောင်းနာ၊ ကိုယ်လက်ကိုက်ခဲတာ တွေ ခံစားရပါတယ်။ တစ်ခါတစ်ရံမှာ အဖျားဝင်လာပြီး သလိပ်တွေပျစ်လာခြင်း၊ ချွဲသလိပ်တွေ ဝါလာခြင်းဖြစ်နိုင်ပါတယ်။ အဆိုပါအခြေအနေမျိုးရောက်မယ်ဆိုရင် ပိုးသတ်ဆေးသောက်မှ ရောဂါပျောက်

Dos and don’ts for common colds အအေးမိရင် ရှောင်ရန်-ဆောင်ရန်များ

• ဗီတာမင် (စီ) နဲ့ (ဒီ) များများသောက်ရင် ပိုကောင်းမယ်လို့ထင်မှတ်ထားကြတယ်။ အမှန်က ၃% ထက် ပိုမကောင်းပါ။ ပိုပြီးထိရောက်တာက ဇင့် (သွပ်) ဓါတ်ဖြစ်တယ်။ Zinc lozenges ငုံဆေးဝယ်လို့ရတယ်။ • အရက်ပိုသောက်ရင် အအေးမိတာပိုကောင်းမယ်လို့ယူဆထားတယ်။ မဟုတ်ပါ အသင့်အတင့်သမားတွေက တော်သေးတယ်။ • ပဋိဇီဝဆေးတွေ မသောက်ပါနဲ့။ အကိုက်အခဲ-အဖျား-အရောင်ကျဆေး (Paracetamol/Ibuprofen) ဖြစ်ဖြစ် အအေးမိဆေး (Cold tablet/Sneeza/Coricidin) ဖြစ်ဖြစ်သာ သောက်ပါ။ • ပျားရည်တဇွန်း ညအိပ်ခါနီးသောက်ပါ။ ချောင်းဆိုးပျောက်ဆေးထက် ပိုထိရောက်တယ်။ တခြား ဟာဗယ်ဆေးတွေ (ချင်းရည်-ချင်းပြုတ်ရည်) တွေကမထူးပါ။ • သင်အားကိုးယုံကြည်တဲ့ ဆရာဝန်အပါအဝင် ချစ်ခင်ကြင်နာသူတွေနဲ့ဆီက အားပေးကူညီမှုကြောင့် မြန်မြန်သက်သာလာစေနိုင်တယ်။ မှတ်ချက်။ • ဓါတ်ပုံထဲပါအအေးမိနေသူ ချောင်းဆိုးနေပုံဟာ သူများတိုင်းပြည်တွေမှာ လုပ်တဲ့အကျင့်ဖြစ်တယ်။ လက်ဝါးနဲ့ပိတ်ပြီး ချောင်းမဆိုးကြပါ။ လူတွေ့ရင် လက်ဆွဲနှုတ်ဆက်လေ့ရှိတဲ့ယဉ်ကျေးမှုအရ လက်ဝါးကို တတ်နိုင်သမျှ အသန့်ထားကြတယ်။ • (တစ်ရှူး) သုံးရင်လဲ စနစ်တကျစွန့်ပစ်ရတယ်။ • နေရာတကာမှာ Hand Sanitizers ခေါ်တဲ့ လက်ဆေး ဆေးရည်ပုလင်းလေးတွေ ထားပေးတယ်။ အိမ်မှာလ

နေ့စဉ် ကယ်လိုရီ ၁၀၀ လျှော့ချနိုင်သော နည်းလမ်း ၁၀

နေပြည်တော် ၊ ဒီဇင်ဘာ ၂၂ တစ်နေ့ကို ကယ်လိုရီ ၁၀၀ လျှော့ချတာက သင့်ကို တစ်နှစ်အတွင်းမှာ ကိုယ်အလေးချိန် ၁၀ ပေါင် ကျဆင်းသွားအောင် စွမ်းဆောင် နိုင်ပါတယ်။ အခုပြောပြမယ့် နည်းလမ်းတွေထဲက တစ်ခုကို ရွေးချယ်ပြီး နေ့စဉ် လုပ်ဆောင် ကြည့်ပါ။ တစ်နေ့ကို ကယ်လိုရီ ၁၀၀ လောင်ကျွမ်း စေပါတယ်။ နည်းလမ်း (၁) သင်စားတဲ့ အစားအစာတွေရဲ့ ပမာဏကို မှန်မှန်ကန်ကန် စားတတ်တဲ့ အလေ့အကျင့် ရှိနေဖို့က အရေးကြီး ပါတယ်။ သင်စားမယ့် ပန်းကန်ကို လေးပုံပုံပြီး တစ်ပုံကိုထမင်း၊ နှစ်ပုံကို ဟင်းသီးဟင်းရွက်နဲ့ ကျန်တစ်ပုံကို သားငါး ထည့်စားပါ။ နည်းလမ်း (၂) သင်အစာ စားတဲ့အခါ ဗိုက်ပြည့်သွားအောင် စားမယ့်အစား ၈၀ ရာခိုင်နှုန်းအထိပဲ ပြည့်အောင် စားပြီး ကျန်တဲ့ ၂၀ ရာခိုင်နှုန်းလောက်တော့ လျှော့ စားပေးပါ။ နည်းလမ်း (၃) သကြားမပါဘဲ အနံ့ထည့်ထားတဲ့ ပီကေကို တီဗီကြည့်ရင်း၊ အင်တာနက်သုံးရင်း ဝါးပေးပါ။ ညစာမစားခင် ပီကေ ဝါးပေးတာက ညစာ လျှော့စား မိစေပါတယ်။ နည်းလမ်း (၄) စကားတပြောပြောနဲ့ ထမင်းစားတာက သင်ဗိုက်ပြည့်သွားတယ် ဆိုတာကို မသိနိုင်တော့ဘဲ အစာကို အထိန်းအကွပ်မရှိ စားမိတတ်ပါတယ်။ စားတဲ့ အစားအသောက် ကိုလည်း သင့်ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိ၊ မရှိ မရွေးချယ် မိတော့ပါဘူး။ အများ