Skip to main content

Posts

Showing posts from February 19, 2015

ညညချောင်းဆိုးရင်

လည်ချောင်း ယားပြီး ချောင်းဆိုး ခြင်းဟာ နေ့ခင်းဘက်မှာ ထိုင်လိုက်၊ ရပ်လိုက်မို့ မသိသာ ပေမယ့် အိပ်ရာထဲ ခန္ဓာကိုယ်ကြီးကို လှဲချပြီး အိပ်လိုက်တဲ့ အခါ တစ်နေကုန် ပင်ပန်းပြီမို့ အိပ်ချင်တဲ့ စိတ်က ကြီးစိုး နေပါတယ်။ ဒါပေမယ့် အချိန်မ တော် တစ်ရေးနိုးထပြီး ချောင်းတ ဟွတ်ဟွတ်ဆိုး၊ ပြန်မအိပ်နိုင် ဖြစ်နေရတာ ကသိကအောက် ဖြစ်လှပြီး သူများတွေ အိပ်ကောင်း ချိန်မှာ ကိုယ်တစ်ယောက်တည်း မအိပ်နိုင်တဲ့အပြင် ချောင်းသံပေး အနှောင့် အယှက် ဖြစ်စေတာဟာ အဆိုးဝါးဆုံးလို့ ခံစားရမှာပါ။ ညညချောင်းဆိုးတာဟာ အလွန် စိတ်ပျက်စရာ ကောင်းလွန်းပါတယ်။ ညမအိပ်ခင် လည်ချောင်း မယားအောင်၊ ကသိကအောက် မဖြစ်အောင် လုပ်ပေးနိုင်မယ် ဆိုရင်တော့ ဒီပြဿနာ ပြေလည်သွားနိုင်မှာ ဖြစ်တယ်။ အောက်ဖော်ပြပါ အချက် ၈ချက်က သင့်ပြဿနာကို အလွယ်တကူ ဖြေရှင်း ပေးနိုင် ပါလိမ့်မယ်- (၁) မအိပ်ခင် ရေနွေးကြမ်း ပူပူလေးထဲ ပျားရည် ထည့်သောက်ပါ (နွယ်မျက် သစ်ပင် ဆေးဖက်ဝင် သတဲ့) မအိပ်ခင် လည်ချောင်းထဲရှိ ချွဲတွေ ရှင်းနေစေရန် ရေနွေးကြမ်းပူပူ လေးထဲကို ပျားရည် ထည့်သောက် ပေးပါ။ လက်ဖက်လို ကဖင်းပါတာကို မသောက်ချင်ဘူး ဆိုရင် ပူဒီနာလို မွှေးမြမြ ရနံ့ကောင်းတဲ့ အရွက်လေးသောက်၊ ဒါမှမဟုတ် ပင်စိမ်းရွက်ေ

အမျိုးသမီးတိုင်း မဖြစ်မနေ ရှာဖွေ စစ်ဆေးသင့်သော ရောဂါငါးမျိုး

အမျိုးသမီးတွေ အနေနဲ့ အသက်အရွယ် အလိုက် ရှာဖွေ စစ်ဆေးသင့်တဲ့ ရောဂါတွေ ရှိနေပါတယ်။ ရောဂါ တစ်ခုဖြစ် လာရင် အစောဆုံး သိရှိပါက ကုသ ပျောက်ကင်းဖို့ အခွင့်အလမ်း များပါတယ်။ သင့်အနေနဲ့ ရောဂါရှိ၊ မရှိကို ရှာဖွေ စစ်ဆေးမှု ပြုလုပ်မှသာ သိရှိ နိုင်ပါတယ်။ အထူးသဖြင့် ကင်ဆာ ရောဂါတွေဟာ အသိနောက် ကျပါက အသက်ရှင်သန် နိုင်တဲ့ အချိန်အတိုင်း အတာကို ခြိမ်းခြောက် နိုင်ပါတယ်။ နာတာရှည် ရောဂါ တွေကိုလည်း စောစော စီးစီး သိရှိပြီး ကုသနိုင်ပါက နောက်ဆက်တွဲ ရောဂါတွေ ဆင့်ပွား ဖြစ်ပွားမှုကနေ ကာကွယ်နိုင် ပါတယ်။ သင့်အနေနဲ့ ရှာဖွေသင့်တဲ့ ရောဂါတွေ ကို ဖော်ပြပေးလိုက်ပါတယ်။ ၁) ရင်သားကင်ဆာ ရင်သား ကင်ဆာ ရောဂါကို စောစောစီးစီး ရှာဖွေတွေ့ရှိလို့ ကုသနိုင်ပါက ရောဂါ ပျောက်ကင်းဖို့ ရာခိုင်နှုန်းအတော် များပါတယ်။ ကင်ဆာဖြစ်တဲ့ အစိတ်အ ပိုင်း နည်းလေလေ ရောဂါပျောက်ကင်းမှု များလေလေ ဖြစ်တာကြောင့်ပါ။ ဒါ့အပြင် လင့်အကျိတ်တွေ၊ အဆုတ်နဲ့ ဦးနှောက်ဆီ ကင်ဆာပျံ့နှံ့နိုင်ခြေလည်း နည်းပါတယ်။ သင်က အသက် ၂၀-၃၀ နှစ်အရွယ် မိန်းကလေး တစ်ယောက်ဖြစ် ပြီး ရင်သားကင် ဆာဖြစ်ပွားနိုင်တဲ့ အချက်တွေကို မသိရှိပါက သုံးနှစ် တစ်ကြိမ် ဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှု ခံယူ သင့်ပါတယ်။ - ဘယ်လို

အသားအရေကို ဆိုးကျိုးပေးသော အရာငါးမျိုး

၁။ အမူအကျင့် တချို့ တွေက မျက်မှောင် ကျုံ့ကြည့်တာ၊ နဖူးကို တွန့်ကြုတ်တာ စတဲ့ အမူ အကျင့် လေးတွေ ရှိတတ် ပါတယ်။ ဒါ့အပြင် ညအိပ်တဲ့အခါ ဘေးစောင်း အိပ်တာက သင့်အသားအရေကို အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အရေးကြောင်း တွေ ပေါ်စေပါတယ်။ ၂။ နေရောင်ခြည် နေရောင်ခြည်ဟာ အသားအရေ အတွက်တော့ အဆိပ်အတောက်ပါပဲ။ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် အေနဲ့ ဘီတွေက အရေပြား နုပျိုမှုကို ဖျက်ဆီးပေးတာတွေပါ။ ဝက်ခြံ၊ တင်းတိပ်နဲ့ နေလောင်ကွက်တွေ ကိုလည်း ဖြစ်ပေါ်စေပါတယ်။ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်ခြည်ကို မထိတွေ့တာ အကောင်းဆုံးပါ။ နေရောင်ထဲ မဖြစ်မနေ ထွက်ရမယ် ဆိုရင်တော့ နေရောင်ကာ ခရင်မ်လိမ်းပါ။ ထီး၊ ဦးထုပ်ဆောင်းပါ။ ၃။ အိပ်ရေး မဝခြင်း အိပ်ရေး မဝတာကလည်း သင့်အရေပြား အတွက် ဆိုးကျိုး တစ်ခုပါပဲ။ အိပ်ရေး မဝတာကြောင့် အရေပြား အတွက် ကော်လာဂျင် ထုတ်လုပ်မှုကို နှောင့်နှေး စေပြီး အရေးကြောင်း ဖြစ်ပေါ် စေပါတယ်။ ပုံမှန် အိပ်ချိန်ရအောင် အိပ်စက်ပါ။ ၄။ အချိုနှင့် အငန်ဓာတ် အသားအရေ တင်းရင်းနေစေဖို့ အဓိက ထောက်ပံ့ ပေးနေတဲ့ အရာက ကော်လာဂျင် တွေပါ။ အချို၊ အငန်တွေ အစားများတာကြောင့် အရေပြားမှာ ရှိတဲ့ ကော်လာဂျင်တွေကို ပျက်စီး စေပါတယ်။ အချိုစာ၊

ဗိုက်ပူနေပါက လိုက်နာသင့်သော နည်းလမ်း

ဗိုက်ပူ တာကြောင့် အဝတ်အစား ဝတ်ဆင်ရာမှာ စမတ်ကျနမှု မရှိ သလို ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါ တယ်။ ဒါကြောင့် ဗိုက်ပူနေပြီဆိုရင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံ ပြုလိုက်ပါတယ်။ (၁) ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ သင့်ခန္ဓာကိုယ်က စံသတ်မှတ်ထား တဲ့ ကိုယ်အလေးချိန်ထက် များနေရင် အပိုကိုယ်အလေးချိန်တွေ လျော့ကျစေ ဖို့လုပ်ဆောင်ရပါတော့မယ်။ အဲဒီလိုဖြစ် ဖို့ဆိုရင် သင်စားတဲ့ ပမာဏထက် ကယ် လိုရီပိုမို လောင်ကျွမ်းအောင် လုပ်ဆောင် ပေးပါ။ ဝမ်းဗိုက်ြွကက်သားတွေ သန်စွမ်း အောင် အိပ်ထမတင်လေ့ကျင့်ခန်း၊ အ လေးမတဲ့ လေ့ကျင့်ခန်း၊ ထိုင်ထလေ့ ကျင့်ခန်း စတဲ့ လေ့ကျင့်ခန်းတွေ လုပ်တာ က အကောင်းဆုံးနည်းပါ။ ဒါက ကိုယ် အလေးချိန်ကျစေတဲ့အပြင် ဝမ်းဗိုက်ကို ချပ်ရပ်စေပါတယ်(၂) အမျှင်ဓာတ်များများ စားပါ အမျှင်ဓာတ်များများပါတဲ့ အစာကို စားတာကြောင့် လေပွ၊ လေထတာမျိုး မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ အ မျှင်ဓာတ်ပါတဲ့ ကောက်နှံတစ်ခုလုံးနဲ့ လုပ် တဲ့ အစာတွေက ဗိုက်မြန်မြန်ပြည့်စေပြီး ဟင်းသီးဟင်းရွက်တွေက ကယ်လိုရီပါ ဝင်မှု နည်းပါးပါတယ်။ (၃) ဆားလျှော့စားပါ လူအများစုဟာ ဆိုဒီယမ်ကို လိုအပ် တာထက် နှစ်ဆပိုစားနေကြတယ်လို့ ကျွမ်း ကျင်