Skip to main content

Posts

Showing posts from January 14, 2015

ကင်ဆာအဖြစ်များဆုံး လူ့ခန္ဓာကိုယ် အစိတ်အပိုင်း ၁ဝ ခုတွင် ခံတွင်းကင်ဆာ ပါဝင်

ရန်ကုန် ၊ ၁၅-၁-၂ဝ၁၅ ကင်ဆာရောဂါ စစ်တမ်းများ အရ ကင်ဆာ အဖြစ်များသော ခန္ဓာကိုယ် အစိတ်အပိုင်း ၁ဝ ခုတွင် ခံတွင်း ကင်ဆာ ပါဝင်ပြီး ဖြစ်ပွားမှု အများဆုံးမှာ အမျိုးသားများ ဖြစ်ကြောင်း သိရသည်။ ခံတွင်းကင်ဆာ ဖြစ်နိုင်သော အကြောင်းအရာ များအနက် ကွမ်းစားခြင်း၊ ဆေးလိပ် သောက်ခြင်း၊ အရက်သောက်ခြင်း စသည့် အလေ့အထ များကြောင့် အများဆုံး ဖြစ်တတ်ပြီး ရောဂါဖြစ်၊ မဖြစ် သိနိုင်သည့် အချက်များမှာ သံသယ အနေအထား များဖြင့်သာ သတ်မှတ် နိုင်သည်။ အတိအကျ သိလိုပါက အနာ ဖြစ်ပွားနေသော နေရာမှ အသားစကို ရယူ၍ စစ်ဆေးခြင်းဖြင့် သိနိုင်ကာ ခံတွင်းကင်ဆာ ဖြစ်စေနိုင်သော အခြား အကြောင်းအရာ များမှာ ချွန်ထက်သော သွား၊ သွားတု၊ သွားအစွပ် များနှင့် ကြာမြင့်စွာ ပွတ်တိုက်မိခြင်း၊ အလွန် စပ်လွန်း၊ ပူလွန်းသော အစာများကို ရေရှည်စားလေ့ ရှိခြင်း၊ နေရောင်ခြည် နှင့် တိုက်ရိုက် ကြာရှည်စွာ ထိတွေ့မိခြင်း၊ ရောဂါပိုး ကူးစက်ခံရခြင်း ၊ ( Syphilis ၊ EPV ၊ HPV) ၊ အာဟာရ ချို့တဲ့ခြင်း ၊ (Iron ၊ Folic Acid ၊ Vitamin B12 Deficiency) ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ( Antioxidant ) များ ရေရှည် မစားသုံးခြင်း စသည် တို့ကြောင့် ရောဂါဖြစ်ပွား နိုင်သည်။ အမျိုးသား များတွင် အများဆုံး အဖြစ်

မျက်စိမှုန်ခြင်း

မျက်စိမှုန် သူများ မျက်မှန်တပ်လျှင် ပိုမှုန်သည်ဟု ထင်မှတ်ကြသည်။ ထို့ကြောင့် မျက်စိ မှုန်လာပြီး ပါဝါ အလွန်အကျွံ တက်မှသာ မျက်စိကို အထူးဂရုစိုက် ကြသည်ကို တွေ့ရ တတ်သည်။ တစ်ဦးနှင့် တစ်ဦး အမြင် အာရုံချင်း မတူညီကြ သဖြင့် မျက်စိ ကျန်းမာရေးကို ဂရုစိုက်သင့် ပါသည်။ စက္ခုအာရုံ၌ သာမန်ပုံရိပ်မှာ အဝေးမှ လာနေသည့် အရာဝတ္ထုများ၏ ပုံရိပ်ကို မျက်စိရှိ မှန်ဘီလူးသို့ ဖြတ်၍ အမြင်အာရုံလွှာ ပေါ်မှာ ကျလေ့ရှိသည်။ အာရုံလွှာ၏ သဘောက ဓာတ်ပုံဖလင် ကော်ပြားနှင့် တစ်ထပ်တည်း ပင်ဖြစ်သည်။ ဓာတ်ပုံ ရိုက်သည့်အခါ ဖလင်ကော်ပြား ပေါ်မှ ပုံရိပ်များ ကဲ့သို့ မြင်လွှာပေါ်တွင် မျက်စိရှေ့၌ ရှိသည့် အရာဝတ္ထု၏ ပုံရိပ် လာထင် တတ်သည်။ ထင်ဟပ်လာသည့် ပုံရိပ်များကို အာရုံကြောမှ ထွက်လာသည့် စက္ခု အာရုံကြော၏ အကူအညီဖြင့် ဦးနှောက်သို့ ပံ့ပိုး ပေးသည်။ ဦးနှောက် အနောက်ဘက်ရှိ စက္ခုအာရုံ ခံစားရာ ဗဟိုဌာနမှ အဓိပ္ပာယ် ဖွင့်ဆို ပေးခြင်းဖြင့် မျက်စိတွင် မြင်ရသည့် အရာဝတ္ထု များ၏ ပုံသဏ္ဌာန် အရောင်အဆင်း တို့ကို တိကျစွာ ခွဲခြားနိုင်သည်။ အနီးရှိ အရာဝတ္ထုကို ကြည့်သည့် အခါ စက္ခု မှန်ဘီလူး၏ ပုံသဏ္ဌာန် ပြောင်းလဲ ပေးခြင်းဖြင့် မျက်စိရှေ့နားရှိ အရာဝတ္ထု များကို ပြတ်သားစွာ မြင်ရသည်။ မျက

တီဗီ ၁ နာရီ ကြည်တိုင်း အသက် ၂၂ မိနစ်တို

ထူးထူးခြားခြား လေ့လာ တွေ့ရှိချက် တစ်ခု ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံ၊ Yale တက္ကသိုလ်မှ ဆေးပညာရှင် များက စစ်တမ်း အရ ရှာဖွေ တွေ့ရှိ ထားခြင်း ဖြစ်ပါတယ်။ တီဗီကို တစ်နာရီ ပတ်လုံး ထိုင်ကြည့်တဲ့ အခါ ကိုယ်လတ် လှုပ်ရှားမှုများ မရှိတဲ့ အတွက် အဆီ တက်စေ ပါတယ်။ ကိုယ်တွင်း ကယ်လိုရီ လောင်ကျွမ်းမှု အားနည်းပြီး သွေးကြော ပိတ်ခြင်း၊ သွေးကြော ကျဉ်းခြင်း၊ Fatty acid တိုးခြင်းတို့ ဖြစ်စေ ပါတယ်။ တစ်နာရီပတ်လုံး ယင်းဖြစ်စဉ်များ ဆက်တိုက် ဖြစ်ရင် ကိုယ်တွင်း ဇီဝ လောင်ကျွမ်းမှု စနစ် အလုပ်လုပ်ဆောင်မှု နှေးကွေးပြီး အကြော အားနည်းတာတို့၊ ဦးခေါင်းသို့ သွေးစီးမှု နှေးတဲ့ အတွက် ခေါင်းမူးတာတို့ ဖြစ်စေပါတယ်။ ဒါကြောင့် ဘာမှ မလှုပ်မရှုက်ပဲ တီဗီ ၁ နာရီ ထိုင်ကြည့် လိုက်ခြင်းဟာ ပျှမ်းမျှ အားဖြင့် တီဗီ မကြည့်တဲ့ လူထက် ကျန်းမာရေး ကောင်းမွန်မှုက ၃၀ ရာခိုင်နှုန်းကျော် လျော့နည်း သွားပြီး အသက်နဲ့တွက်လိုက်ရင် ၂၂ မိနစ်စာ အသက် လျော့သွားစေပါတယ်။ ဒါကြောင့် တစ်ရက်ကို ပျှမ်းမျှ ၆ နာရီ တီဗီ ကြည့်သူဟာ သာမန်လူတွေထက် ငါးနှစ်လောက် အသက်တိုတာကို လည်း လေ့လာ တွေ့ရှိခဲ့ပါတယ်။ ကွန်ပျူတာ အသုံးပြု အလုပ်လုပ် သူတွေထက် တီဗီ ကြည့်သူများ ပိုဖြစ်ပြီး ကွန်ပြူတာ

ခေါင်းလျှော်ရည် ရွေးချယ်ရာတွင်

ပုံမှန်ဆံပင်ထိန်းသိမ်းစောင့်ရှောက်မှုမှာ ခေါင်းလျှော်ရည်တွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဆံပင်ကို အညစ်အကြေးတွေမှ ပင်စင်ပြီး သန့်ရှင်းစင်ကြယ်သွားစေဖို့အတွက် ခေါင်းလျှော်ရည်နဲ့ ပုံမှန်ခေါင်းလျှော် ပေးရပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ဆံပင်သားအမျိုးအစားနဲ့ အခြေအနေတွေ မတူညီတဲ့အတွက် အသုံးပြုသင့်တဲ့ ခေါင်းလျှော်ရည် အမျိုးအစားတွေလည်း မတူကြပါဘူး။ တွေ့ကရာခေါင်းလျှော်ရည်ကို ဝယ်သုံးပြီး ခေါင်းလျှော်တာမျိုးမလုပ်ဘဲ သင့်တော်တဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုပေးရင် သင့်ဆံပင်ရဲ့ ကျန်းမာလှပမှုကို ပထမတန်းစား အခြေအနေဖြစ်အောင် ထိန်းသိမ်းထားနိုင်မှာပါ။ အရည်အသွေးကောင်းတဲ့ ခေါင်းလျှော်ရည်ကို သုံးပါ ဘယ်လိုခေါင်းလျှော်ရည်ပဲဖြစ်ဖြစ် အားလုံးအတူတူပဲလို့ မထင်ပါနဲ့။ အရည်အသွေးညံ့တဲ့ ခေါင်းလျှော်ရည်တွေဟာ ခေါင်းလျှော်ပြီးတဲ့အခါ သင့်ဆံပင်တွေကို ကြမ်းတမ်း ခြောက်သွေ့ သွားစေရုံသာမက ဆံပင်ပေါ်မှာလည်း ခေါင်းလျှော်ရည် အကြွင်းအကျန်တွေ ကျန်ရှိနေတတ်ပါတယ်။ ဒါကြောင့် အရည်အသွေးကောင်းတဲ့ ခေါင်းလျှော်ရည်ကို ရှာဖွေဖို့လိုပါတယ်။ ပါးပြီးပျော့တဲ့ ဆံပင်တွေအတွက် ပရိုတင်းကြွယ်ဝတဲ့ ခေါင်းလျှော်ရည်ကို သုံးပါ သင့်ဆံပင်ဟာ ပါးပြီး နူးညံ့ပျော့ပျော