Skip to main content

Posts

Showing posts from December 14, 2014

သြဇီ ဆစ်ဒနီ မြို့လယ်ခေါင် အကြမ်းဖက်မှု တိုက်ရိုက် ကြည့်ရှုနိုင်ပါပြီ - Live on ABC news (Australia)

သြစတြေးလျ နိုင်ငံ ဆစ်ဒနီမြို့ရှိ ကော်ဖီဆိုင်တွင် ဓားစာခံအဖြစ် ဖမ်းဆီးခံထား ရသူများ အနက်မှ သုံးဦးမှာ ထွက်ပြေး လွတ်မြောက်လာကြောင်း သတင်းများက ဆိုသည်။ ၎င်းတို့သည် ကော်ဖီဆိုင်ရှေ့ မျက်နှာစာ တံခါးနှင့် အရေးပေါ် ထွက်ပေါက်တို့မှ တစ်ဆင့် ထွက်ပြေး လာခြင်း ဖြစ်ကြောင်း သိရသည်။ from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1wuCSed

ကျန်းမာရေးနှင့် အလှအပရေးရာ ဂျာနယ် အမှတ် ၅၁၇

Good Health No 517.pdf by Thit Htoo Lwin ကျန်းမာရေးနှင့် အလှအပရေးရာ ဂျာနယ် အမှတ် ၅၁၇ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1yQHLeK via IFTTT

ပြည်မြန်မာ သတင်းဂျာနယ် အမှတ် ၉၅၁

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1BO3Ctw via IFTTT

The Street View Journal Vol-3,Issue-48

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။ from သစ်ထူးလွင် (သတင်းစာ၊ ဂျာနယ်နှင့် ရုပ်သံ) - Myanmar News Now http://ift.tt/1BO3Cth via IFTTT

လယ်တောပြန်ရွာသားကို သျှမ်းသူပုန်ဟုဆိုကာ အစိုးရစစ်တပ် တလကြာ ဖမ်းဆီးစစ်ဆေး

ဓါတ်ပုံ- ၁ လ ကြာဖမ်းဆီးစစ်ဆေးခံရသူ စိုင်းမြင့်ကျော် ဒီဇင်ဘာလ ၁၅ ရက် ၂၀၁၄ သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် တတ်မောက် ကျေးရွာမှ ရွာသား တဦး မြန်မာ အစိုးရ စစ်တပ်က သျှမ်းသူပုန်ဟုဆိုကာ ဖမ်းဆီး ရိုက်နှက်ကြောင်း ဒေသတွင်း သတင်းရပ်ကွက်က ဆိုပါသည်။ ဦးလုံးယန္န ပါခမ်းဆာတို့၏သား စိုင်းမြင့်ကျော်အား လယ်တောမှအပြန် စစ်ကြောင်းပြန် ခိုလမ်အခြေစိုက် ရလခတိုင်းမှ စစ်သားကဖမ်း ဆီးခေါ်ဆောင်ခြင်းဖြစ်ကြောင်း ဆွေမျိုး တော်စပ်သူတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။ “နိုဝင်ဘာလဆန်းက သူ့ကိုလမ်းမှာတွေ့ရင်း ဖမ်းသွားတာတဲ့။ ဒီဇင်ဘာ ၁၁ ရက်က ပြန် လွှတ်လာတာ။ တလ တိတိဘဲ။ သျှမ်းစစ်သားနဲ့ပတ်သက် လားဆိုပြီး နေ့တိုင်းရိုက်ပြီး စစ် တယ်တဲ့သူ့ကို။ စစ်တိုင်းလည်း သူက ဗိုက်ဆာတယ်ဘဲပြောတယ် ၊ ဒါကြောင့် သူ့ကိုပြန် လွှတ်တယ်လို့ စစ်တပ်ကပြောတယ်တဲ့။ အိမ်ရောက်တော့လဲ အဲ့တိုင်းဘဲ ထမင်း ဆာတယ် ဘဲပြောနေတယ်သူ။ ဘာဖြစ်သွားလဲမသိဘူး” ဟု ဆွေမျိုးတော်စပ်သူ အမျိုးသား တဦးက ပြောသည်။ ခိုလမ်မြို့အစိုးရ၏ စစ်တပ်အတွင်း တလကြာ ဖမ်းဆီးရိုက်နှက်ခံရသော စိုင်းမြင့်ကျော်သည် ယခင်က ကျန်းမာရေးကောင်းမွန်သူ သန်မာသန်စွမ်း သူဖြစ်ကြောင်း၊ အသက် ၃၀ ဝန်းကျင် အရွယ်ရှိပြီး လယ်ယာလုပ်ငန်း

သြစတြေးလျ၊ ဆစ်ဒနီမြို့ရှိ ကော်ဖီဆိုင်ကို လက်နက်ကိုင်များ ၀င်ရောက်စီးနင်း

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့လယ်က ကော်ဖီဆိုင်တဆိုင်ကို လက်နက်ကိုင်တွေ ၀င်စီးထားပြီး ကော်ဖီ ဆိုင်ထဲမှာ ရှိနေတဲ့ လူတွေကိုလည်း ဓားစာခံ အဖြစ် ဖမ်းထား ပါတယ်။ နယ်ခံ ရုပ်မြင်သံကြား သတင်းတွေမှာ အာရဘီ ဘာသာနဲ့ ရေးထားတဲ့ စာပါတဲ့ အဖြူအမဲ အလံကိုလည်း လှမ်းမြင် နေရတာကို ပြသပါတယ်၊ ဒီအလံဟာ အီရတ်နဲ့ ဆီရီးယားမှာ တိုက်ခိုက်နေတဲ့ အစ္စလာမ္မစ် နိုင်ငံတော် အမည်ခံ အိုက်အက်အဖွဲ့ရဲ့အလံနဲ့ ဆင်တူတယ်လို့ သတင်းတွေက ဆိုပါတယ်။ လက်နက်ကိုင်တွေ ၀င်စီးထားတဲ့ ကော်ဖီဆိုင်တ၀ိုက်မှာ ဘဏ်တွေ ရှိသလို၊ နယူးဆောက်ဝေး ပြည်နယ် လွှတ်တော်နဲ့လည်း နီးပါတယ်။ အနီးအနားတ၀ိုက်က လမ်းတွေကို ရဲတွေက ပိတ်ဆို့ထားပြီး ဒါဇင်နဲ့ ချီတဲ့ ရဲတွေလည်း လက်နက်အပြည့်အစုံနဲ့ ကော်ဖီ ဆိုင်တ၀ိုက်ကို ၀ိုင်းထားပါတယ်။ ဆိုင်တွင်းက အစ္စလာမ် အလံကို ပြတင်းပေါက်ကနေ လှမ်းမြင်ရတဲ့သတင်းကို နယူးဆောက်ဝေး ပြည်နယ် ရဲတပ်ဖွဲ့က အတည်ပြုချက် မပေးသေးပေမယ့် အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ အိုက်အက်စ် အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှု ဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း မြင့်တက်နေပါတယ်။ သြစတြေးလျဟာ အိုင်အက်စ်အဖွဲ့ကို တိုက်ခိုက်နေတဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးကို ထောက်ခံတဲ့ နိုင်ငံ ဖြစ်ပါတယ်။ အရှေ့အ

အစိုးရစစ်တပ်နှင့် ကိုးကန့် တိုက်ပွဲဖြစ် အစိုးရတပ်မှ ၇ ဦးကျဆုံး

ဓာတ်ပုံ – Ministry of Defence’s ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ကိုးကန့်လက်နက်ကိုင်တွေနဲ့ တိုက်ပွဲမှာ အစိုးရ တပ်မတော် စစ်ကြောင်းက စစ်သည် ၇ ဦးကျဆုံးပြီး ၂၀ ဦး ဒဏ်ရာရသွားတယ်လို့ စစ်တပ်နဲ့ အစိုးရပိုင် မီဒီယာ တွေမှာ ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း ကွမ်းလုံမြို့ အနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ နမ့်ကျွမ်း၊ ဝေါခြုံဒေသနှင့် မုံးစီး၊ မုံးပေါ်လေး ဒေသအတွင်း နယ်မြေလုံခြုံရေး တာဝန် ထမ်းဆောင်နေတဲ့ တပ်မတော်စစ်ကြောင်းကို ကိုးကန့် လက်ကျန်တပ်တွေက လက်နက်ကြီးတွေသုံးပြီး အလစ်ပိတ်ဆို့ တိုက်ခိုက်ခဲ့တာလို့ သတင်းမှာဖော်ပြပါတယ်။ တိုက်ပွဲဖြစ်ပွားရာနေရာကို သွားရောက်စစ်ကူပေးခဲ့ရပြီး ပိတ်ဆို့ခံရတဲ့ စစ်ကြောင်းဟာ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ နမ့်ကျွမ်း စစ်ဆင်ရေး ခြေကုပ်စခန်းကို ပြန်လည်ရောက်ရှိ လာ တယ်လို့လည်းဆိုပါတယ်။ ခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြားတိုက်ပွဲတွေဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာပါ။ ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း ရှမ်းပြည်မြောက်ပိုင်း သိန္နီနဲ့ ကွမ်းလုံမြို့နယ်ကြား နမ့်ဆလပ်ရွာအနီးမှာ တစ်နာရီကျော် ပစ်ခတ်မှုဖြစ်ပ

လေ​ယာဉ်​နဲ့ ငှက်​အုပ် ဝင်တိုက်​မှု ၅ ရက် အတွင်း ၂ ကြိမ် ဖြ​စ်

MAI နဲ့ KBZ လေကြောင်းလိုင်းက လေယာဉ် တွေ ငှက်တွေနဲ့ ဝင်တိုက်တဲ့ ဖြစ်ရပ် အခု ရပ်ပိုင်းတွေမှာ တွေ့ကြုံ ခဲ့ရပါတယ်။ မြန်မာနိုင်ငံ မှာ လေယာဉ်နဲ့ ငှက်အုပ်တွေ ဝင်တိုက်တဲ့ ဖြစ်ရပ် ၅ ရက် အတွင်း ၂ ကြိမ် မြောက် အနေနဲ့ ကမ္ဘောဇ လေကြောင်းလိုင်းက လေယာဉ်ဟာ ဒီဇင်ဘာ ၁၄ ရက်နေ့က ပဲခူးမြို့ ပေါ် ပေ ၃ ထောင် အမြင့်လောက် မှာ ငှက်တွေနဲ့ ဝင်တိုက် ခဲ့လို့ ရန်ကုန် လေဆိပ်ကို နောက်ကြောင်း ပြန်လှည့်ပြီး အရေးပေါ် ဆင်းသက် ခဲ့ရပါတယ်။ အဲဒီ့ ဖြစ်ရပ်မှာ လေယာဉ်ရဲ့ အရှေ့မှန်တွေကို ငှက်တွေက ဝင်တိုက် ခဲ့တာပါ။ လေယာဉ် ပျက်စီးမှု အနည်းငယ် ရှိပေမယ့် လူတွေတော့ မထိခိုက် ခဲ့ဘူးလို့ ဆိုပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့တုန်း ကလည်း MAI လေယာဉ်တစ်စင်း လည်း ပဲခူးမြို့ပေါ် မှာပဲ ငှက်အုပ်နဲ့ အလားတူ ဝင်တိုက်ခဲ့လို့ လေယာဉ် ထိပ်ပိုင်း ပေါက်ပြဲပြီး အရေးပေါ် ဆင်းသက် ခဲ့ရ ပါသေး တယ်။ ငှက်တွေရဲ့ အမူအကျင့် အလေ့အထတွေ ကို ဆယ်စုနှစ် တော်တော်များများ လေ့လာထား တဲ့ မြန်မာနိုင်ငံ ငှက် ဝါသနာ ရှင်များ အသင်း ဥက္ကဌ ဦးသိန်းအောင် ကတော့ ဒီလို အဖြစ်အပျက် မျိုး ရက်ပိုင်း အတွင်း ဆက်တိုက် ဖြစ်လာခဲ့တာ ထူးဆန်းတယ် ဆိုပြီး မှတ်ချက် ချပေမယ့် သဘာဝ ရာသီဥတု အပြောင်းအလဲ နဲ့ ဆက်စပ်နိုင်တဲ့

၂၀၁၄ မယ်ကမ္ဘာ တောင်အာဖရိကသူ ရရှိ

၂၀၁၄ မယ်ကမ္ဘာဆုရသွားတဲ့ တောင်အာဖရိကနိုင်ငံက ဆေးကျောင်းသူ Rolene Strauss (လယ်) ၆၄ ကြိမ်မြောက် မယ်ကမ္ဘာရွေးချယ်ပွဲမှာ အသက် ၂၂ အရွယ် တောင်အာဖရိကအလှမယ်က အနိုင်ရပြီး သရဖူဆောင်းသွားခဲ့ပါတယ်။ ဆေးကျောင်းသူ Rolene Strauss ဟာ တနင်္ဂနွေနေ့က လန်ဒန်မှာကျင်းပတဲ့ အခုနှစ် မယ်ကမ္ဘာရွေးချယ်ပွဲမှာ အနိုင်ရရှိသွားခဲ့တာပါ။ ရုပ်သံကနေ တိုက်ရိုက်လွှင့်ထုတ်တဲ့ အဲဒီရွေးချယ်ပွဲကို ကမ္ဘာအနှံ့က လူသန်းပေါင်းရာနဲ့ချီပြီးတော့ ကြည့်ရှုခဲ့ကြပါတယ်။ ဟန်ဂေရီနိုင်ငံသူ Edina Kulcsar က ဒုတိယ၊ အမေရိကန်ပြည်ထောင်စုကအလှမယ် Elezabeth Safrit က တတိယ ရရှိခဲ့ကြပြီး ဒီပြိုင်ပွဲကို နိုင်ငံပေါင်း ၁၂၀ ကျော်က အလှမယ်တွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒီနှစ် မယ်ကမ္ဘာရွေးပွဲကို ၀င်ရောက်ယှဉ်ပြိုင်မယ့် ဟွန်ဒူးရပ်(စ) အလှမယ် Maria Jose Alvarado ပြီးခဲ့တဲ့လအတွင်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ စိတ်မကောင်းစရာ ဖြစ်ရပ်က အခုနှစ်မယ်ရွေးပွဲကို အစွန်းထင်းဖြစ်စေခဲ့ပါတယ်။ Maria နဲ့ သူမရဲ့အမတို့နှစ်ယောက်ဟာ အမဖြစ်သူရဲ့ရည်းစားက သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးသွားခဲ့ကြပါတယ်။ ဗွီအိုအေ (မြန်မာပိုင်း) http://ift.tt/1DyLky8 from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin ht

ဆစ်​ဒ​နီ​က စားသောက်ဆိုင် တစ်ဆိုင်ကို သေ​နတ်​သမား ဝင်​ရောက်​ပြီး ပြန်​ပေး​ဆွဲထား

ဆစ်ဒနီ မြို့လယ်က စားသောက် ဆိုင်ငယ် တစ်ခု စီးနင်း ခံထားရပြီး လူတွေ အများအပြား ကို ဓားဆာခံ အနေနဲ့ ဖမ်းဆီး ထားပါတယ်။ ဆစ်ဒနီ မြို့လယ်က Lindt Cafe ဆိုင်ထဲကို အနည်းဆုံး သေနတ်သမား တစ်ဦး ဝင်ရောက်ပြီး ဆိုင်ထဲက လူတွေကို ဓားစာခံလုပ် ဖမ်းဆီးထားပါတယ်။ အခုဆိုရင် လက်နက်ကိုင်ရဲတွေဟာ မြို့လယ်က နေရာတချို့ကို ပိတ်ဆို့ ဝိုင်းရံထားကြပြီ ဖြစ်ပါတယ်။ အဲဒီ့ စားသောက်ဆိုင်ရဲ့ မှန်တွေကို မျက်နှာ မူရင်းသား မတ်တပ်ရပ် လက်မြှောက် ထားကြရတဲ့ ဓားစာခံတွေကို မြင်တွေ့ နေရပါတယ်။ အစ္စလာမ်မစ် အနက်ရောင် အလံလည်း ဆိုင်ထဲမှာ လွှင့်ထူ ထားပါတယ်။ ဘီဘီစီ (မြန်မာပိုင်း) http://ift.tt/1DyLl4Y from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1DyLjdC

မိကျောင်းကန် ပြဿနာ မပြေလည်သေး

မြို့တော်ခန်းမရှေ့မှာ ဘိုးဘွားပိုင်မြေ ပြန်လည်ရရှိရေး စခန်းချဆန္ဒပြနေကြသူ မိကျောင်းကန်ပြည်သူများ။ (ဓာတ်ပုံ- ဝေမှူးသွင်/ဒီဇင်ဘာ ၁၄၊ ၂၀၁၄) သင်္ကန်းကျွန်း၊ မိကျောင်းကန် မြေသိမ်းခံရမှုနဲ့ ပတ်သက်လို့ ဖြေရှင်းပေးဖို့ တောင်းဆိုနေတာ တနှစ်ကျော်ပြီ ဖြစ်ပေမဲ့ အခုချိန်ထိ အာဏာပိုင်တွေဘက်က သေသေချာချာ ဖြေရှင်း မပေးသေးတဲ့ အတွက် မြေအသိမ်း ခံရသူတွေဟာ ရန်ကုန်မြို့တော် ခန်းမရှေ့မှာ ထပ်မံဆန္ဒပြ နေကြပါတယ်။ အခုဆန္ဒပြနေတာ သုံးရက်ကြာ နေပြီဖြစ်ပေမဲ့ အာဏာပိုင်တွေဘက်က တေ့တေ့ဆိုင်ဆိုင်ခုထိ ညှိနှိုင်းတုံ့ပြန် ဆောင်ရွက်တာမျိုး မရှိသေး ဘူးလို့ ဆန္ဒပြသူတွေက ဗွီအိုအေကို ပြောပါတယ်။ အကြောင်းစုံကို မအင်ကြင်းနိုင်က ဆက်သွယ်စုံစမ်း တင်ပြထားပါတယ်။ ဆန္ဒပြသူတွေအဓိကတောင်းဆိုနေတာက သူတို့ဆုံးရှုံးခဲ့တဲ့ဘိုးဘွားပိုင်မြေတွေအတွက် အစိုးရဘက်က တုံ့ပြန်ဆောင်ရွက်ပေးဖို့ဖြစ်ပါတယ်။ အရင် နအဖအစိုးရလက်ထက်ကတည်းက အသိမ်းခံရတဲ့မြေတွေအတွက် ပြေလည်အောင်ဆောင်ရွက်ပေးဖို့ မိကျောင်းကန်ပြည်သူတွေက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခဲ့တာဖြစ်တယ်လို့ ဆန္ဒပြသူတဦးဖြစ်တဲ့ ဦးမောင်မောင်က ဗွီအိုအေကိုပြောပါတယ်။ "ကျနော်တို့ မရမချင်းမထတော့ဘူး၊ အစိုးရတရပ်အနေနဲ့ အာမခံချက်တခုခု ကျနေ

ရပ်ကွက်အဆင့် အခွန်စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းမည်

အခွန်တိမ်းရှောင်တာတွေနဲ့ အခွန်လွတ်ကင်း တာတွေ မရှိဖို့အတွက် ရပ်ကွက်အဆင့်ကစပြီး အခွန်စစ်ဆေး ရေးလို အဖွဲ့တွေ ဖွဲ့စည်းဖို့ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ အိမ်ခြံမြေ ၀န်ဆောင်မှု အသင်းရဲ့ လစဉ်တွေ့ဆုံပွဲမှာ ရန်ကုန်တိုင်း၊ ပြည်တွင်း အခွန်ဦးစီးဌာနက အခွန်နဲ့ ပတ်သက်တာတွေ လာရောက် ရှင်းလင်းရာမှာ တာဝန်ရှိသူတွေက ပြောကြား လိုက်တာပါ။ အဖွဲ့ဖွဲ့စည်းဖို့ သက်ဆိုင်ရာ အထက်အဆင့်ဆင့်ရဲ့ ညွှန်ကြားချက်ကိုစောင့်နေပြီး မကြာခင်မှာ ဖွဲ့စည်းဖြစ်မှာပါလို့ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်မြင့်အောင်က ဒီဗွီဘီကို ပြောပါတယ်။ လက်ရှိဖွဲ့စည်းပုံတွေအရ အခွန်ရုံးတွေရဲ့ ၀န်ထမ်းအင်အားနဲ့ အောက်ခြေအထိ ကွင်းဆင်းဆောင်ရွက်ဖို့ ခက်ခဲနေတယ်လို့လည်း ဦးဇော်မြင့်အောင်က ပြောပါတယ်။ By ဒီဗွီဘီ http://ift.tt/1Dyprit from သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin http://ift.tt/1uKFcJO

Antidepressant and premenstrual syndrome စိတ်မကျဆေးနဲ့ ရာသီလာစဉ်ခံစားရတာတွေကို သက်သာစေနိုင်

• ရာသီလာတဲ့အရွယ်ရှိ မိန်းကလေးတွေ အမျိုးသမီးတွေထဲက ၈၅% မှာ ရာသီလာတာနဲ့ဆက်စပ်ပြီး တမျိုးမဟုတ်တမျိုး ခံစားကြရတယ်။ အဲတာကို Premenstrual syndrome (PMS) လို့ခေါ်ပါတယ်။ • နောက်ဆုံး ဆေးသုတေသန သတင်း တခုအရ အဲလိုခံစားနေရတာကို စိတ်မကျဆေး ၂ မျိုး Fluoxetine နဲ့ Prozac ထဲက တမျိုးကို ရာသီလာကာနီးမှာ ဆေးအဆနည်းနည်းပေးရင် ခံစားရမှာတွေကို ကာကွယ်နိုင်တာ တွေ့ရပါတယ်။ • PMS ကို အများဆုံးခံစားကြရသူတွေက အသက် ၂ဝ နဲ့ ၄ဝ ကြားတွေဖြစ်တယ်။ တကယ်လို့ မိသားစုထဲမှာ Depression စိတ်ကျရောဂါ၊ ဒါမှမဟုတ် postpartum depression or mood ကလေးဖွါးပြီးနောက်စိတ်ကျတာ ဒါမှမဟုတ် စိတ်မူပြောင်းတာရှိသူဆိုရင် PMS ပိုဖြစ်ကြတယ်။ • ရာသီမလာခင် တပါတ်လောက်ကတည်းက ဝက်ခြံထွက်တာ၊ ရင်သားတင်းနာတာ၊ အားယုတ်တာ၊ စိတ်တိုတာ၊ စိုးရိမ်တာ၊ အနာပိုမခံနိုင်တာတွေဖြစ်ကြရတယ်။ ရာသီလာတာနဲ့ သက်သာလာကြတယ်။ ဒေါက်တာတင့်ဆွေ ၁၂-၁၂-၂ဝ၁၄ http://ift.tt/1sTvhot from သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1ssu9ny

Cialis (Tadalafil) ပန်းသေပန်းညှိုးအတွက်ဆေး

ကျွန်တော် Tadalafil 20g သောက်ပြီးတာ ၃ ရက်မြောက်ပါပြီ။ သောက်ပြီးကတည်းက ခြေထောက်တွေ မခံမရပ်နိုင်အောင် တစ်ခါတစ်ခါကိုက်ပါတယ်။ ညလည်းမအိပ်ရဘူး တအားကိုက်ပါတယ်ဆရာ။ ဘာလုပ်သင့်လဲဆိုတာ ပြောပေးပါ။ ယောက်ျားတွေမှာ လိင်ပိုင်းဆိုင်ရာအခက်အခဲ ၃ မျိုးရှိတယ်။ (၁) သုက်လွှတ်မြန်တာ၊ (၂) လိင်အင်္ဂါ သန်မှုနည်းနေတာနဲ့ (၂) လိင်အင်္ဂါကို ပိုကြီးရှည်ချင်တာတွေဖြစ်တယ်။ မိန်းမတွေမှာလိုလိင်စိတ်နည်းတာမျိုးယောက်ျားမှာ ဖြစ်ခဲတယ်။ ကဲလွန်းနေတာတော့ ရှိတယ်။ Impotence ပန်းသေ-ပန်းညှိုးရောဂါကို Erectile dysfunction (ED) လို့ ဆေးစာနဲ့ ခေါ်တယ်။ ရောဂါအခြေအနေအပြော့၊ အပြင်းမတူပါ။ တချို့မှာလုံးဝလိင်အင်္ဂါ သန်မာမှုမရှိဘူး။ တချို့ကြ တခါတလေကောင်းလိုက် တခါတလေမကောင်းလိုက် ဖြစ်တယ်။ ယောက်ျားတွေလဲရှက်ကြတာဘဲ။ ဆရာဝနဆီမလာတာမနည်းလှဘူးထင်ရတယ်။ လူဘယ်လောက်မှာဒီလို ဖြစ်နေတယ် ပြောဘို့ခက်တယ်။ စာရင်းဇယားထားတတ်တဲ့ အမေရိကားမှာသန်း ၃ဝ ရှိမယ်တဲ့။ အသက်အရွယ် သိပ်မရွေး ဖြစ်နိုင်ပေမဲ့ ငယ်သူတွေမှာနည်းပြီး ကြီးသူတွေမှာအဖြစ်များတယ်။ ၄၅ ကျော်လာရင် နည်းနည်းဖြစ်ဖြစ် စကြပြီ။ (မက်ဆာချူးဆက်) အသက်ကြီးလေ့လာရေးဌာနကနေပြောတာက အသက် ၄ဝ ကျော်ရင် လုံးဝပန်းသေသူ ၅% တိုးလာပြီး၊ ၇ဝ ကျော်ရင်

စီးပွား​ရေး ပြောင်းလဲ​မှု​တွေ ဆက်​လုပ်​မယ်​လို့ ဂျပန် ဝန်ကြီး​ချူပ် ပြော

လူတွေ အတွက် အကျိုးအမြတ် ဖန်တီး ပေးနိုင်တဲ့ အခြေအနေ ရောက်တဲ့ အထိ ဆောင်ရွက်မယ် ဆိုပြီး ဝန်ကြီးချူပ် အာဘေး ပြော။ အချိန် မတိုင်ခင် စောစီးစွာ ကျင်းပခဲ့တဲ့ ဂျပန် ရွေးကောက်ပွဲ မှာ ဝန်ကြီးချူပ် ရှင်ဇိုအာဘေး ဦးဆောင်တဲ့ ညွန့်ပေါင်း အုပ်စုကပဲ ပါလီမန် အောက် လွှတ်တော် ရဲ့ နေရာ အများစု ၃ပုံ ၂ပုံကို ဆက်လက် ရရှိ ခဲ့ပါတယ်။ မဲပေးပိုင်ခွင့် ရှိသူတွေ ထဲက ၅၂ % ပဲ မဲလာ ပေးခဲ့ကြတာ ဖြစ်လို့၊ ဒါဟာ ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း အနည်းဆုံး ပမာဏပဲ ဖြစ်ပါတယ်။ ဂျပန် နိုင်ငံရဲ့ စီးပွားရေးကို အခြေခံကျကျ ပြင်ဆင်ဖို့ ကြိုးစားနေတဲ့ ဝန်ကြီးချူပ် အာဘေးဟာ နောက်ထပ် ဝန်ကြီးချူပ် သက်တမ်း ရရှိဖို့ အတွက် အတိုက်အခံတွေ အားနည်းနေချိန်မှာ ရွေးကောက်ပွဲကို အခုလို အချိန် မတိုင်ခင် စောပြီး ကျင်းပဖို့ တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။ အာဘေးနည်းကျ စီးပွားရေး မူ ဝါဒလို့ ခေါ်တဲ့ သူ့ရဲ့ စီးပွားရေး ပြင်ဆင်မှု မူဝါဒတွေ အကောင်အထည် ပေါ်လာဖို့ ဆက်လက် ဆောင်ရွက်သွားမယ် ဆိုပြီး ဝန်ကြီးချူပ် အာဘေးက ပြောပါတယ်။ မစ္စတာ အာဘေးရဲ့ မူဝါဒတွေဟာ တိုင်းပြည်ကို လကျာ် နိုင်ငံရေး လမ်းကြောင်းပေါ်ကို ပိုပြီး ဆွဲခေါ်သွားခြင်း မျိုးနဲ့ ဂျပန် နိုင်ငံရဲ့ စစ်ဆန့်ကျင်ရေး အခြေခံ ဥပဒေကို