Skip to main content

Cialis (Tadalafil) ပန်းသေပန်းညှိုးအတွက်ဆေး



ကျွန်တော် Tadalafil 20g သောက်ပြီးတာ ၃ ရက်မြောက်ပါပြီ။ သောက်ပြီးကတည်းက ခြေထောက်တွေ မခံမရပ်နိုင်အောင် တစ်ခါတစ်ခါကိုက်ပါတယ်။ ညလည်းမအိပ်ရဘူး တအားကိုက်ပါတယ်ဆရာ။ ဘာလုပ်သင့်လဲဆိုတာ ပြောပေးပါ။

ယောက်ျားတွေမှာ လိင်ပိုင်းဆိုင်ရာအခက်အခဲ ၃ မျိုးရှိတယ်။ (၁) သုက်လွှတ်မြန်တာ၊ (၂) လိင်အင်္ဂါ သန်မှုနည်းနေတာနဲ့ (၂) လိင်အင်္ဂါကို ပိုကြီးရှည်ချင်တာတွေဖြစ်တယ်။ မိန်းမတွေမှာလိုလိင်စိတ်နည်းတာမျိုးယောက်ျားမှာ ဖြစ်ခဲတယ်။ ကဲလွန်းနေတာတော့ ရှိတယ်။


Impotence ပန်းသေ-ပန်းညှိုးရောဂါကို Erectile dysfunction (ED) လို့ ဆေးစာနဲ့ ခေါ်တယ်။ ရောဂါအခြေအနေအပြော့၊ အပြင်းမတူပါ။ တချို့မှာလုံးဝလိင်အင်္ဂါ သန်မာမှုမရှိဘူး။ တချို့ကြ တခါတလေကောင်းလိုက် တခါတလေမကောင်းလိုက် ဖြစ်တယ်။ ယောက်ျားတွေလဲရှက်ကြတာဘဲ။ ဆရာဝနဆီမလာတာမနည်းလှဘူးထင်ရတယ်။ လူဘယ်လောက်မှာဒီလို ဖြစ်နေတယ် ပြောဘို့ခက်တယ်။ စာရင်းဇယားထားတတ်တဲ့ အမေရိကားမှာသန်း ၃ဝ ရှိမယ်တဲ့။ အသက်အရွယ် သိပ်မရွေး ဖြစ်နိုင်ပေမဲ့ ငယ်သူတွေမှာနည်းပြီး ကြီးသူတွေမှာအဖြစ်များတယ်။ ၄၅ ကျော်လာရင် နည်းနည်းဖြစ်ဖြစ် စကြပြီ။


(မက်ဆာချူးဆက်) အသက်ကြီးလေ့လာရေးဌာနကနေပြောတာက အသက် ၄ဝ ကျော်ရင် လုံးဝပန်းသေသူ ၅% တိုးလာပြီး၊ ၇ဝ ကျော်ရင် ၁၅% တိုးလာတယ်။ နယ်သာလန်က သုတေသနတခုအရ အသက် ၅ဝ နဲ့ ၅၄ ကြားမှာ ၂ဝ% ရှိတယ်။ ၇ဝ နဲ့ ၇၈ ကြားမှာ ၅ဝ% ရှိတယ်။


Tadalafil ဆေးဟာ PDE5 inhibitors ဆေးအမျိုးအစားဖြစ်တယ်။ ဒီဆေးအုပ်စုထဲမှာ Sildenafil (Viagra) နဲ့ Vardenafil (Levitra) ဆေးတွေလဲပါတယ်။ Viagra (Sildenafil) ဆေးကို ၂၇-၃-၁၉၉၈ ကစပြီး FDA ကနေခွင့်ပြုခဲ့တယ်။ Viagra ကို ရေးပြီးဖြစ်ပါတယ်။ Cialis (Tadalafil) ဆေးကတော့ ၂၁-၁၁-၂ဝဝ၃ ဖြစ်တယ်။


Cialis (Tadalafil) 20 mg ကို လိင်မဆက်ဆံမီ အစာနဲ့ နီးနီးဝေးဝေးသောက်ရတယ်။ အတိအကျ ဆိုရရင် ၁၆ မိနစ် စောသင့်တယ်။ အစွမ်းက ၃၆ နာရီအထိ ရှိနိုင်တယ်။ တနေ့ထဲမှာတခါသာသောက်သင့်တယ်။ ကျားလိင်အင်္ဂါ သန်မာမှုကိုသာမက ဆက်ဆံမှုဆက်ဆံရေးအတွက်ပါ ပိုကောင်းစေတယ်လို့ ဆေးညွှန်းကဆိုပါတယ်။


လိင်ကျန်းမာရေးအတွက် Cialis နာမည်နဲ့ရောင်းတယ်။ 2.5, 5, 10 and 20 mg ဆေးပြားတွေ လာတယ်။ အများဆုံး ပေးတာက တနေ့မှာ 10 mg ကို အတူနမဲ့အချိန်မတိုင်ခင်မှာ သောက်ရတယ်။ တနေ့မှာ 5 mg တိုးပြီး 20 mg အထိ ပေးနိုင်တယ်။ ပြန်လျှော့ရင်လဲ အဲလိုပဲ။ ၃၆ နာရီအထိ ဆေးအစွမ်းနေတယ်။ ၇၂ နာရီအတွင်းမှာ 10 mg သာ သောက်သင့်တယ်။ BPH ဆီးကျိတ်ကြီးနေသူကို တနေ့မှာ 5 mg ပေးတယ်။


Cialis ဆေးကို Weekend Pill လို့ ခေါ်ကြသေးတယ်။ ဆေး ၃ မျိုးလုံးဟာလိုရင်သောက်ပါ အမျိုးအစားတွေ ဖြစ်တယ်။ တနေ့ ၁ လုံးသောက်နိုင်တယ်ဆိုတာထူးခြားတယ်။ လိင်စိတ်ဖြစ်လာချိန်မှာ ဆေးသောက်လိုက်ရင် လိင်အင်္ဂါ သန်မာလာစေဘို့ သွေးစီးလျှောက်မှုကိုတိုးများလာစေနည်းနဲ့ အကူအညီပေးတယ်။ အဲလိုဖြစ်လာအောင် လိင်တံ သွေးလွှတ်ကြောလေးတွေနဲ့ လိင်တံ-အသားမွတွေကို ပြေလျှော့စေတယ်။


အာရုံကြောလေးတွေအဖျားနဲ့ Endothelial cells တွေကနေ Nitric oxide ထွက်လာတာလဲ တခန်းတကဏ္ဍကနေ ပါဝင်သေးတယ်။ Phosphodiesterase type 5 (PDE5) ကိုတားဆီးပေးတာမို့ cGMP ကိုများစေတာ ဖြစ်တယ်။ ဆေးတွေက PDE5 ကိုတားစေပေမဲ့ လိင်စိတ်နိုးဆွမှု လိုသေးတာသတိထားရမယ်။


၂ဝဝ၉ မှာTadalafil (Adcirca) 40 mg ကိုအမေရိကားနဲ့ ဥရောပမှာ၊ ၂ဝ၁ဝ မှာကနေဒါ နဲ့ ဂျပန်မှာ အဆုပ်သွား သွေးလွှတ်ကြောဖိအားတက်ခြင်းရောဂါအတွက် တနေ့တခါသောက် ခွင့်ပြုလာတယ်။


ဘေးထွက်-ဆိုးကျိုးတွေ = ဆေးကိုသုတေသနလုပ်တုံးက လူပေါင်း ၁၅ဝဝဝ ပါဝင်ခဲ့တယ်။ လူ ၈ သန်းမကသုံးခဲ့ပြီ။ ခေါင်းကိုက်၊ အစာမကျေ၊ ခါးနာ၊ ကြွက်သားနာ၊ မျက်နှာနီမြန်း၊ နှာခေါင်းပိတ်-နှာရည်ယို။ ဒါပေမဲ့ ၄၈ နာရီကြာရင် ပျောက်ကုန်မယ်။ နောက်ပိုင်းမှာ မျက်စိအကြည့်ခက်တာ တွေ့လာတယ်။ သွေးဖိအားကျစေနိုင်တယ်။ ၄၈ နာရီအတွင်း နှလုံးသွေးကြောကျဉ်းရောဂါအတွက်ပေးတဲ့ Glyceryltrinitrate ဆေးမသောက်သင့်ဘူး။ ရှားရှားပါးပါး Priapism ခေါ်တဲ့ လိင်တံ သန်မာနေတာ ပြန်မလျှော့တာလဲ ဖြစ်စေနိုင်တယ်။ ၄ နာရီနေလို့ မကျရင် အရေးပေါ် ဆေးကုသမှု ခံယူရမယ်။


ဒေါက်တာတင့်ဆွေ

http://ift.tt/1sTvhot







from သစ်ထူးလွင် (ကျန်းမာရေးနှင့် အနုပညာ) - Thit Htoo Lwin http://ift.tt/1ssu7vX

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...