Skip to main content

Posts

Showing posts from January 2, 2015

လူငယ်များ နှင့် အိပ်မပျော်ရောဂါ

အသက်(၁၉)နှစ် အရွယ်ခန့် လူငယ် တစ်ဦးကို မိဘက ဆေးခန်း လာပြသည်။ သူဖြစ်နေသော ရောဂါမှာ အိပ်မပျော်သော ရောဂါဖြစ်သည်။ ဆရာဝန်များက အိပ်ပျော် စေမည့် ဆေးများပေးသည်။ ဆေးစွမ်းကြောင့် အစောပိုင်း ရက်များက အိပ်ပျော် ခဲ့သော်လည်း နောက်ပိုင်း ရက်များတွင် အိပ်ဆေးလည်း မတိုးတော့။ အထူးသဖြင့် ညဥ့်ဦးပိုင်း တွင် အိပ်ပျော် သွားသော်လည်း ညဥ့်တစ်ဝက် တွင် နိုးလာပြီး ပြန်အိပ်မရ တော့ဟု ဆိုသည်။ အိပ်မပျော် ရောဂါသည် လူလတ်ပိုင်း (အသက် ၃၃ နှစ်မှ အထက်) နှင့် လူကြီးပိုင်း (အသက် ၆၇ နှစ်မှ အထက်) တို့တွင် ဖြစ်လေ့ ရှိသော်လည်း ဆယ်ကျော်သက် လူငယ်ပိုင်းတွင် ဖြစ်ပွားမှု အလွန် နည်းသည်။ မရှိသလောက် ပင်ရှားသည်။ လူငယ် ဆိုသည်မှာ ဦးခေါင်းချ လိုက်သည်နှင့် အိပ်ပျော်လေ့ ရှိကြသည်။ အကိုက်အခဲ နှင့် အဖျား ဝေဒနာကြောင့် အိပ်မပျော်သော အခါမျိုး ရှိနိုင် သော်လည်း အနာ၊ အဖျား မရှိဘဲ အိပ်မပျော် ရောဂါရလျှင် စိတ်ကြောင့်သာ ဖြစ်နိုင်ပေသည်။ ယခုအခါ ထို အိပ်မပျော် ရောဂါမှာ ဆယ်ကျော်သက် နှင့် အသက်နှစ်ဆယ် ဝန်းကျင် လူငယ်များတွင် ဖြစ်လာသည်ကို တွေ့ရသည်။ ထိုသို့ ဖြစ်ရခြင်း အကြောင်းရင်း ခံကို စူးစမ်း ကြည့်သောအခါ အဓိက တရားခံမှာ လက်ကိုင်ဖုန်း များ ပေါများ လာခြင်းနှင့်