Skip to main content

Posts

Showing posts from March 27, 2014

ဝိုင်မက်စ် အင်တာနက်စနစ် နယ်မြို့များအထိတိုးချဲ့ရန် အစီအစဉ်ရှိ ဝိုင်မက်စ်အင်တာနက...

ဝိုင်မက်စ် အင်တာနက်စနစ် နယ်မြို့များအထိတိုးချဲ့ရန် အစီအစဉ်ရှိ ဝိုင်မက်စ်အင်တာနက်စနစ်ကို အချက်အချာကျသည့် နယ်မြို့များအထိ တိုးချဲ့ဝန်ဆောင်မှုပေးသွားရန် အစီအစဉ်ရှိကြောင်း Red Link ကုမ္ပဏီ က ပြောသည်။ အဆိုပါ ဝန်ဆောင်မှုများကိုဆက်သွယ်ရေးဥပဒေ၏ နောက်ဆက် တွဲနည်းဥပဒေအတည်ပြုပြီးနောက်တွင် စတင်သွားမည်ဖြစ်ပြီး လတ်တလောအနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပုဂံ တွင် ဝန်ဆောင် မှုပေးထားကြောင်းယင်း ကုမ္ပဏီမှ ဈေးကွက်မန်နေဂျာ ဦးမျိုးမြင့် ညွန့် က ပြောသည်။ မြန်မာနိုင်ငံအနေဖြင့် ဆက်သွယ် ရေးနှင့်ပတ်သက်သည့် ဥပဒေပြဋ္ဌာန်း ပြီးနောက် လိုင်စင်မရှိဘဲ အင်တာနက် နှင့်သက်ဆိုင်သည့် လုပ်ငန်းများကိုလုပ် ကိုင်နိုင်ခြင်း မရှိတော့သည့်အတွက် လိုင်စင် ပြန်လည်လျှောက်ထားရမည် ဖြစ်ကြောင်း ၎င်းကပြောသည်။ ''အခု လုပ်နေတဲ့ အပိုင်းက ရတနာပုံတယ်လီပို့ရဲ့ အောက်မှာ လုပ် နေတာပါ။ ဒါကြောင့် ကိုယ်ပိုင်သီးသန့် လုပ်လို့မရဘူး။ လုပ်ဖို့အတွက် လိုင်စင် လိုတယ်။ လိုင်စင်ရှိမှ လုပ်ငန်းတိုးချဲ့ လို့ရမယ်။ လောလော ဆယ်နည်းဥပဒေ မပေါ်သေးတော့ ဥပဒေပေါ်တဲ့အထိ လိုင်စင်လျှောက်ဖို့ အတွက် စောင့်ရ ဦးမှာပါ''ဟု ၎င်းက ဆက်ပြောသည်။ Red Link ကုမ္ပဏီသည်ဝိုင်မက်စ် အင်တာနက်ဝန်ဆောင်မှုကို
အင်းဝဂိတ်ရပ် မြင်းလှည်းသမားများ ဒဏ်ကြေးကြောင့် အခက်တွေ့ myanmar.mmtimes.com တံတားဦးမြို့နယ်အတွင်းရှိ အင်းဝရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် နိုင်ငံခြားခရီးသွား များကို လိုက်လံပို့ဆောင်ပေးသည့် မြင်းလှည်း များကို မောင်းနှင်ပို့ဆောင်ပေးသည့် အချိန်များတွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့က စစ်ဆေးခြင်းမရှိဘဲ ဂိတ်တွင်မြင်းဖြုတ်၍ ရပ်နားထားချိန်မှ လှည်းများ ကိုစစ်ဆေးပြီး ဒဏ် ငွေရိုက်ကြောင်... from The Myanmar Times's Facebook Wall http://ift.tt/1pg63Mo

သတင်းကျင့်ဝတ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ပဲခူးတွင် ကျင်းပ

တောင်ငူ၊ မတ် ၂၇ ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၂၈ မြို့နယ်မှ သတင်းစာဆရာများ အတွက် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) နှင့် နိုင်ငံတစ်ကာ မီဒီယာ ပံ့ပိုးရေးအဖွဲ့တို့ ပူးပေါင်းစီစဉ် ကျင်းပသော သတင်းကျင့်ဝတ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို မတ်လ ၇ ရက်၊ နံနက် ၉ နာရီမှ စတင်ကာ ညနေ ၄ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ကြောင်း အဆိုပါပွဲကို ဦးဆောင်းကျင်းပသူ တစ်ဦးက ပြောကြားသည်။ from Voice http://ift.tt/1lqApwK

စပါးဈေး ကျပ်သုံးသိန်းခွဲအောက် ပြုတ်မကျရန် အရန်ဆန်ကော်မတီ ထိန်းညှိပေးမည်ဟုဆို

ရန်ကုန်၊ မတ်လ ၂၇စပါးဈေး ကျဆင်းနေမှုကြောင့် စိုက်ပျိုးစရိတ် ချေးငွေ ပြန်ဆပ်ရန် အခက်အခဲ ဖြစ်ပေါ်နေသည့် လယ်သမားများ အတွက် နွေစပါးသစ် ပေါ်ချိန်တွင် စပါးတင်းတစ်ရာ ပေါက်ဈေး ကျပ်သုံးသိန်းခွဲအောက် ကျဆင်းမသွားရန် အရန်ဆန် ကြီးကြပ်ရေး ကော်မတီက ထိန်းညှိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အရန်ဆန် ကြီးကြပ်ရေး ကော်မတီဝင် ဒေါက်တာစိုးထွန်းက ပြောကြားသည်။ from Voice http://ift.tt/1lqArVk

သင်္ကြန်မဏ္ဍပ်များ၌ သရုပ်ပျက် ဝတ်စားဆင်ယင်သူများကို မှတ်တမ်းတင်သူတစ်ဦးစီထားကာ စောင့်ကြည့် သတိပေးမည်

ရန်ကုန်၊ မတ် ၂၇ရန်ကုန်မြို့တော်ရှိ သင်္ကြန်မဏ္ဍပ်များ၌ စောင့်ကြည့်သူ တစ်ဦးစီထားကာ မြန်မာ့ယဉ်ကျေးမှုနှင့် မသင့်လျော်သော သရုပ်ပျက် ဝတ်စား ဆင်ယင်သူများကို မှတ်တမ်းတင်၍ ခေါ်ယူသတိပေး တားမြစ်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး ယဉ်ကျေးမှု ဝန်ကြီး ဒေါ်စန်းစန်းနွယ်က ပြောကြားသည်။ from Voice http://ift.tt/1lqArVg

အိန္ဒိယသမုဒ္ဒရာအတွင်း အပိုင်းအစ ၃၀၀ ကျော် ထိုင်းဂြိုဟ်တုမှ တွေ့ရှိ MH 370 လေယာဉ်ဟု...

အိန္ဒိယသမုဒ္ဒရာအတွင်း အပိုင်းအစ ၃၀၀ ကျော် ထိုင်းဂြိုဟ်တုမှ တွေ့ရှိ MH 370 လေယာဉ်ဟု ယူဆရ ကွာလာလမ်ပူ၊ မတ် ၂၇ အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်း ရေပြင်ပေါ်တွင် အပိုင်းအစများ ၃၀၀ ခန့် တွေ့ရှိရသည်ဟု ထိုင်းဂြိုဟ်တု တစ်လုံးက မှတ်တမ်းတင်နိုင်ခဲ့ရာ မလေးရှား လေကြောင်းလိုင်းမှ ပျောက်ဆုံးလေယာဉ် MH 370 ဟု ယူဆကာ ယင်းနေရာကို ရှာဖွေရန် ရှိကြောင်း BBC သတင်းတစ်ရပ်က ဆိုသည်။ မတ်လ ၂၄ ရက်နေ့က Thaichote ဂြိုဟ်တုမှရုပ်ပုံများတွင် ရေပေါ်တွင် မျောနေသော အရာဝတ္ထု ၃၀၀ ခန့် တွေ့ရှိရခြင်းဖြစ်ကာ ယမန်နေ့ကလည်း ပြင်သစ် ဂြိုဟ်တုတစ်ခုက အပိုင်းအစ ၁၂၂ ခုကို တွေ့ရှိခဲ့ရသေးသည်။ လေယာဉ် ခရီးစဉ်အမှတ် MH 370 သည် မတ်လ ၈ ရက်နေ့ကတည်းက ပျောက်ဆုံးလျက်ရှိရာ လေယာဉ်ပေါ်တွင် ခရီးသည် ၂၃၉ ဦး ပါဝင်သွားခဲ့သည်။ ယခုအချိန်အထိ ပင်လယ်ပြင်ထဲမှ အပျက်အစီး အပိုင်းအစများကို ပြန်တွေ့နိုင်ခြင်း မရှိသဖြင့် တိတိကျကျ သက်သေဖြင့် အဖြေထုတ်ရန် ခက်ခဲလျက် ရှိသည်။ တောင်အိန္ဒိယသမုဒ္ဒရာ အတွင်းတွင် မြင်နိုင်စွမ်းက အလွန်ကျဆင်း နေသဖြင့် လေယာဉ်ဖြင့် ရှာဖွေသည့် လုပ်ငန်းများကို ယာယီအားဖြင့် ဆိုင်းငံ့ထားရသည်။ ရာသီဥတုက မကောင်းသော်လည်း သင်္ဘောများက ခက်ခဲစွာဖြင့် ရှာဖွေရေး လုပ်ငန်းများကို လုပ်

ရေခဲရေ သောက်နေသူ အမျိုးသား ရုတ်တရက် သေဆုံး ရန်ကုန်၊ မတ် ၂၇ သင်္ဃန်းကျွန်းမြို့န...

ရေခဲရေ သောက်နေသူ အမျိုးသား ရုတ်တရက် သေဆုံး ရန်ကုန်၊ မတ် ၂၇ သင်္ဃန်းကျွန်းမြို့နယ် ဦးစံဖေရပ်ကွက် လေးထောင့်ကန်လမ်းရှိ EPC ဝန်ထမ်းအိမ်ရာတွင် မတ်လ ၂၆ ရက် မွန်းလွဲ ၂ နာရီခန့်က အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ အပြင်က ပြန်လာစဉ် ရေခဲရေ သောက်ရာမှ ရုတ်တရက် သေဆုံးခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှ ရဲအရာရှိက ပြောကြားသည်။ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ် (၅၄) ရပ်ကွက် နွယ်နီလမ်းတွင် နေသူ ကိုအောင်ဖြိုးပိုင်သည် ယင်းနေ့က အလုပ်ကိစ္စဖြင့် အပြင်သို့ သွားခဲ့ပြီး အဆိုပါ EPC ဝန်ထမ်း အိမ်ရာရှိ ကားစတေကာ လုပ်ငန်း အလုပ်ရှင်၏ တိုက်ခန်းထံသို့ ပြန်လာစဉ် ရေခဲသေတ္တာ အတွင်းမှ ရေခဲရေ ယူသောက်ပြီး ခဏအကြာ နှုတ်ခမ်းများ ပြာလာပြီး စကားမေးမရဖြစ်ကာ စံပြဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း ၎င်းက ရှင်းပြသည်။ “သူသောက်ခဲ့တဲ့ ရေခဲရေဘူးကို စစ်ဆေးကြည့်တော့ ရိုးရိုးသောက်ရေပါ။ အလောင်းကို မြောက်ဥက္ကလာ ပြည်သူ့ဆေးရုံကို လွှဲအပ်ပြီး ရင်ခွဲစစ်ကြည့်တော့ သွေးတိုးရောဂါကြောင့် ဦးနှောက်သွေးကြော ပြတ်ပြီး သေဆုံးတာလို့ တာဝန်ကျ ဆရာဝန်က အတည်ပြုတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။ အပြင်က ပြန်လာပြီး ရေခဲရေ သောက်၍ ရုတ်တရုက် သေဆုံးမှုမှာ သေဆု
ဗင်နီဇွဲလားတွင် အာဏာ သိမ်းရန်ကြံစည်သူ လေတပ် ဗိုလ်ချုပ်သုံးဦးကို ဖမ်းဆီး myanmar.mmtimes.com ကာရာကက်စ် - သမ္မတ နီကိုးလပ်စ်မာဒူရို၏ ဆိုရှယ်လစ်ဝါဒီအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းရန် လျှို့ဝှက်ကြံစည်သည်ဟု စွပ်စွဲခံရ သော ဗင်နီဇွဲလားလေတပ်မှ ဗိုလ်ချုပ်သုံးဦး ကို မတ်လ ၂၅ ရက်နေ့က ဖမ်းဆီးခဲ့သည်။ from The Myanmar Times's Facebook Wall http://ift.tt/1o6qKNU

စစ်တွေပဋိပက္ခ ညမထွက်ရ အမိန့်ထုတ်၊ INGO ဝန်ထမ်းများကို ရန်ကုန်သို့ အရေးပေါ်ပြန်ပို့

ရန်ကုန်၊ မတ် ၂၇INGO ဝန်ထမ်း နိုင်ငံခြားသား အမျိုးသမီးတစ်ဦးက သာသနာ့အလံကို ဖြုတ်ချရာမှ ဒေသခံနှင့် INGO များကြား ပဋိပက္ခ ဖြစ်ပွားမှုကြောင့် ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပြီး စစ်တွေမြို့ရှိ INGO ဝန်ထမ်းများကို ရန်ကုန်မြို့တော်သို့ အရေးပေါ် ပြန်လည် ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။ from Voice http://ift.tt/O35qrK

ရေခဲရေ သောက်နေသူ အမျိုးသား ရုတ်တရက် သေဆုံး

ရန်ကုန်၊ မတ် ၂၇သင်္ဃန်းကျွန်းမြို့နယ် ဦးစံဖေရပ်ကွက် လေးထောင့်ကန်လမ်းရှိ EPC ဝန်ထမ်းအိမ်ရာတွင် မတ်လ ၂၆ ရက် မွန်းလွဲ ၂ နာရီခန့်က အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ အပြင်က ပြန်လာစဉ် ရေခဲရေ သောက်ရာမှ ရုတ်တရက် သေဆုံးခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှ ရဲအရာရှိက ပြောကြားသည်။ from Voice http://ift.tt/1jczQE6

စစ်တွေပဋိပက္ခ ညမထွက်ရ အမိန့်ထုတ်၊ INGO ဝန်ထမ်းများကို ရန်ကုန်သို့ အရေးပေါ်ပြန်ပို့...

စစ်တွေပဋိပက္ခ ညမထွက်ရ အမိန့်ထုတ်၊ INGO ဝန်ထမ်းများကို ရန်ကုန်သို့ အရေးပေါ်ပြန်ပို့ ရန်ကုန်၊ မတ် ၂၇ INGO ဝန်ထမ်း နိုင်ငံခြားသား အမျိုးသမီးတစ်ဦးက သာသနာ့အလံကို ဖြုတ်ချရာမှ ဒေသခံနှင့် INGO များကြား ပဋိပက္ခ ဖြစ်ပွားမှုကြောင့် ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်ပြီး စစ်တွေမြို့ရှိ INGO ဝန်ထမ်းများကို ရန်ကုန်မြို့တော်သို့ အရေးပေါ် ပြန်လည် ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောကြားသည်။ Malteser International အမည်ရ INGO မှ အမေရိကန် နိုင်ငံသူသည် မတ်လ ၂၆ ရက်နေ့က ၎င်းတို့ ငှားရမ်းနေထိုင်သည့် နေအိမ်ပိုင်ရှင် လွှင့်ထူထားသော သာသနာ့အလံကို ဖြုတ်ချ၍ မဖွယ်မရာ ပြုလုပ်ခဲ့သည်ဟု ဆိုကာ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေမြို့ခံများထံမှ သိရှိရသည်။ အဆိုပါ အမျိုးသမီးသည် သာသနာ့ အလံကို ဖြုတ်ချကာ ဘောင်းဘီအိတ်ထဲ ထည့်ရာ မဆံ့သဖြင့် ခါးတွင်းထိုးထားခဲ့ရာ ပတ်ဝန်းကျင်က ဒေသခံများနှင့် အချေအတင် ဖြစ်ခဲ့ရာမှ စတင်ကာ လူစုလူဝေးဖြင့် ရုန်းရင်းဆန်ခတ်မှု စတင်ခဲ့ကြောင်း မျက်မြင်များ၏ တွေ့ရှိချက်ကို ကိုးကားကာ မြို့ခံအမျိုးသား တစ်ဦးက ပြောကြားသည်။ သန

ပုသိမ် မှန်စက်ရုံ စီမံကိန်း သိမ်းဆည်းခံ လယ်မြေများ တောင်သူများ ပြန်လည် ရရှိလိုဟု...

ပုသိမ် မှန်စက်ရုံ စီမံကိန်း သိမ်းဆည်းခံ လယ်မြေများ တောင်သူများ ပြန်လည် ရရှိလိုဟုဆို ပုသိမ်၊ မတ် ၂၇ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မှန်စက်ရုံ စီမံကိန်း တည်ဆောက်စဉ်က သိမ်းယူခဲ့သော လယ်ယာမြေများကို စီမံကိန်း လုပ်ငန်းများ မရှိတော့ပါက ပြန်လည် ရယူလိုကြောင်း ဒေသခံ တောင်သူ များက ပြောဆိုသည်။ အဆိုပါ လယ်ယာမြေများကို ၁၉၇၇ ခုနှစ်ကတည်းက ပုသိမ်မှန်စက်ရုံ တည်ဆောက်ရန် အတွက်ဟု ဆိုကာ လယ်ဧက တစ်ထောင်ကျော် သိမ်းယူခဲ့သော်လည်း လယ်မြေအများစုမှာ စက်ရုံ တည်ဆောက်ရာတွင် မပါဝင်ဘဲ သိမ်းယူခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းလယ်များကို မှန်စက်ရုံမှူးများက တောင်သူများအား နှစ်စဉ် ပြန်လည် ငှားရမ်း၍ သီးစားချခဲ့ကြသည်ဟု တောင်သူများက ပြောကြားသည်။ “၁၉၇၄ နဲ့ ၁၉၇၅ ခုနှစ်တွေမှာ ဥယျာဉ်ခြံမြေတွေကို သိမ်းတယ်။ ၁၉၉၁ ခုနှစ်လောက်မှာ လယ်တွေကို သိမ်းတယ်။ သိမ်းတုန်းကလည်း လျော်ကြေး တစ်ပြားမှ မပေးဘူး။ အခု မူလပိုင်ရှင် ဖြစ်တဲ့ ကျွန်တော့် အဖေကလည်း အသက် ၉၀ ကျော်နေပြီ။ စက်ရုံလည်း မလည်တော့ဘူး ဆိုတော့ ကျွန်တော်တို့ လယ်ကို ကျွန်တော်တို့ ပြန်လုပ်ချင်ပါတယ်” ဟု ပုသိမ်မြို့နယ် ကုန်းကြီးကျေးရွာက တောင်သူ ဦးစိုးဝင်းက ပြောဆိုသည်။ ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ အခန်း ၁၁ ပုဒ်မ

သတင်းကျင့်ဝတ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ပဲခူးတွင် ကျင်းပ တောင်င...

သတင်းကျင့်ဝတ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ပဲခူးတွင် ကျင်းပ တောင်ငူ၊ မတ် ၂၇ ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်ပေါင်း ၂၈ မြို့နယ်မှ သတင်းစာဆရာများ အတွက် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) နှင့် နိုင်ငံတစ်ကာ မီဒီယာ ပံ့ပိုးရေးအဖွဲ့တို့ ပူးပေါင်းစီစဉ် ကျင်းပသော သတင်းကျင့်ဝတ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို မတ်လ ၇ ရက်၊ နံနက် ၉ နာရီမှ စတင်ကာ ညနေ ၄ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ကြောင်း အဆိုပါပွဲကို ဦးဆောင်းကျင်းပသူ တစ်ဦးက ပြောကြားသည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) မှ ဒုတိယဥက္ကဋ္ဌ ဖိုးသောကြာ (ခေတ်မိုး) က စာနယ်ဇင်းများ လိုက်နာရမည့် ကျင့်ဝတ်၊ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် တစ်ဦးဖြစ်သည့် ဦးဇော်ဝင်းမောင်က သတင်းကျင့်ဝတ် အကြောင်းကို ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်သူ သတင်းစာ ဆရာများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း ပဲခူးအခြေစိုက် သတင်းဂျာနယ်တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “စာနယ်ဇင်း အလုပ်ရုံ ဆွေးနွေးပွဲ ဆိုတာထက် ကျင့်ဝတ် စည်းကမ်းတွေနဲ့ ပတ်သက်ပြီး ရှင်းလင်း တင်ပြခဲ့တာပဲ ဖြစ်သလို စာနယ်ဇင်း ဥပဒေနဲ့ ပတ်သက်ပြီး ရှေ့ဆက်မဲ့ လုပ်ငန်းတွေကို တင်ပြဆွေးနွေး

စင်ကာပူတွင် အလုပ်လုပ်ကိုင်ကြသည့် မြန်မာအိမ်အကူများ အနိမ့်ဆုံးလစာ စင်ကာပူဒေါ်လာ ၄...

စင်ကာပူတွင် အလုပ်လုပ်ကိုင်ကြသည့် မြန်မာအိမ်အကူများ အနိမ့်ဆုံးလစာ စင်ကာပူဒေါ်လာ ၄၅ဝ ရတော့မည် စင်ကာပူတွင် အလုပ်လုပ်ကိုင်ကြ သည့် မြန်မာအိမ်အကူများအား အနိမ့် ဆုံးလစာ စင်ကာပူဒေါ်လာ ၄၅ဝ (ကန် ဒေါ်လာ ၃၅၃ ဒသမ ၃၈)ကို မုချပေးရ တော့ မည်ဖြစ်ကြောင်း သတင်းရရှိ သည်။ စင်ကာပူ နိုင်ငံအစိုးရအဖွဲ့မှ တာ ဝန်ရှိသူများနှင့် စင်ကာပူရှိ အလုပ်သ မားကိုယ်စားလှယ် ကုမ္ပဏီများနှင့် ညှိ နှိုင်းကာ စင်ကာ ပူရောက် မြန်မာအိမ် အကူများအတွက် စည်းမျဉ်းသတ်မှတ် ချက်အသစ်များချမှတ်ရန် စီစဉ်ကြရာ တွင် ထိုအချက်သည် ပထမဆုံးအချက် ဖြစ်သည်။ ဒုတိယအချက်မှာ မြန်မာအိမ် အကူများအား တစ်လလျှင် အနည်းဆုံး အားလပ်ရက် တစ်ရက်ပေးရမည်ဖြစ်ပြီး၊ တတိယအချက်အနေဖြင့် အိမ်အကူ များက အလုပ်သ မား ကိုယ်စားလှယ် ကုမ္ပဏီများသို့ပေးရမည့် ဝန်ဆောင်မှု ငွေကြေးသည် ယင်းတို့ရရှိမည့် လေး လစာ လစာငွေ ထက်မများရဟူ၍ ဖြစ် သည်။ သို့ရာတွင် ယင်းတို့ကိုအတိအကျ အကောင် အထည်ဖော်ရန်မှာမူ လက် ငင်းအခြေအနေတွင် ဖြစ်နိုင်ဦးမည် မ ဟုတ်ကြောင်း စင်ကာပူရှိ အလုပ် သမားကိုယ်စားလှယ် ကုမ္ပဏီများက ပြောသည်။ စင်ကာပူရှိ မြန်မာအိမ်အကူအများ စုမှာ လစာအဖြစ် စင်ကာပူဒေါ်လာ ၄ဝဝ မှ ၄၃ဝ အတွင်းရရှိနေကြပြီး၊ အားလပ်ရက်ဟူ၍မရှိချေ။

စပါးဈေး ကျပ်သုံးသိန်းခွဲအောက် ပြုတ်မကျရန် အရန်ဆန်ကော်မတီ ထိန်းညှိပေးမည်ဟုဆို...

စပါးဈေး ကျပ်သုံးသိန်းခွဲအောက် ပြုတ်မကျရန် အရန်ဆန်ကော်မတီ ထိန်းညှိပေးမည်ဟုဆို ရန်ကုန်၊ မတ်လ ၂၇ စပါးဈေး ကျဆင်းနေမှုကြောင့် စိုက်ပျိုးစရိတ် ချေးငွေ ပြန်ဆပ်ရန် အခက်အခဲ ဖြစ်ပေါ်နေသည့် လယ်သမားများ အတွက် နွေစပါးသစ် ပေါ်ချိန်တွင် စပါးတင်းတစ်ရာ ပေါက်ဈေး ကျပ်သုံးသိန်းခွဲအောက် ကျဆင်းမသွားရန် အရန်ဆန် ကြီးကြပ်ရေး ကော်မတီက ထိန်းညှိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အရန်ဆန် ကြီးကြပ်ရေး ကော်မတီဝင် ဒေါက်တာစိုးထွန်းက ပြောကြားသည်။ လက်ရှိ ဧရာဝတီတိုင်းဒေသကြီး အတွင်း၌ နွေစပါးများ စတင်ပေါ်နေပြီ ဖြစ်ရာ ယခုနှစ် တစ်ဧက အထွက်နှုန်းသည် ပျမ်းမျှ တင်း ၆၀ ဝန်းကျင်ခန့်သာ ထွက်ရှိခဲ့ပြီး၊ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နွေစပါး ထွက်နှုန်းအောက် တင်း ၂၀ ခန့် အထွက်နှုန်း လျော့ကျခဲ့ကြောင်း၊ ယင်းသို့ အထွက်နှုန်း ကျဆင်းခဲ့သည့် နှစ်တွင် စပါးဈေးနှုန်းများပါ ကျဆင်းလျက် ရှိခြင်းကြောင့် ဒေသခံ စိုက်ပျိုးရေး တောင်သူများမှာ စိုက်ပျိုးစရိတ် ချေးငွေ ပြန်ဆပ်ရန်ပင် အခက်တွေ့လျက် ရှိကြောင်း အဆိုပါ ဒေသခံ လယ်သမားများက ပြောကြားသည်။ “စပါး စပေါ်တုန်းကတော့ တင်းတစ်ရာ ကျပ်လေးသိန်းလောက် အထိ ဖြစ်လိုက်သေးတယ်။ အခု ဧည့်မထ အုပ်စုတွေက သုံးသိန်းဝန်းကျင်မှာ ရှိတော့တယ်။ စေ

မန္တလေးမြို့တွင် လျှပ်စစ်မီတာခ တိုးမြှင့်ခြင်းအတွက် ဆန္ဒပြသူ (၄) ဦး ထိန်းသိမ်းခံရ...

မန္တလေးမြို့တွင် လျှပ်စစ်မီတာခ တိုးမြှင့်ခြင်းအတွက် ဆန္ဒပြသူ (၄) ဦး ထိန်းသိမ်းခံရ၊ ရန်ကုန်မြို့တွင်လည်း မီတာခ တိုးမြှင့်ခြင်းအတွက် ဒုတိယမြောက်နေ့အဖြစ် လူ (၁၀၀) ခန့် ဆက်လက် ဆန္ဒပြ မန္တလေးမြို့တွင် လျှပ်စစ်မီတာခ တိုးမြှင့်ခြင်းအတွက် ဆန္ဒပြသူ (၄) ဦး ထိန်းသိမ်းခံရ၊ ရန်ကုန်မြို့တွင်လည်း မီတာခ တိုးမြှင့်ခြင်းအတွက် ဒုတိယမြောက်နေ့အဖြစ် လူ (၁၀၀) ခန့် ဆက်လက် ဆန္ဒပြ from Eleven Media Group's Facebook Wall http://ift.tt/1rILgDp

ရခိုင်နှင့် ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးအတွက် ကန်ဒေါ်လာ သန်း ၇၅၀ နီးပါး အိန္ဒိယ ကူညီမည်

ရန်ကုန်၊ မတ် ၂၇အိန္ဒိယအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ ဖွံ့ဖြိုးရေး ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံခွဲအနက် အမေရိကန်ဒေါ်လာ သန်း ၇၅၀ နီးပါးကို ရခိုင်ပြည်နယ်ရှိ ကုလားတန်မြစ် ကုန်းလမ်း၊ ရေလမ်း စီမံကိန်းနှင့် ချင်းပြည်နယ်ရှိ ကလေး-တမူး လမ်းမကြီးအတွက် သုံးစွဲသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Mr. Gautam Mukhopadhaya က ပြောကြားသည်။ from Voice http://ift.tt/1iG2MmX

ယခုဘဏ္ဍာနှစ်တွင် ကျပ် ၂၂၀ ဘီလီယံကျော် အခွန် ပိုမိုကောက်ခံရရှိ

ရန်ကုန်၊ မတ် ၂၇ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာနက ယခုဘဏ္ဍာနှစ် (၂၀၁၃-၂၀၁၄) တွင် ပြီးခဲ့သည့် ဘဏ္ဍာနှစ်ကထက် ကျပ် ၂၂၂ ဘီလီယံ အခွန် ပိုမိုကောက်ခံရရှိကြောင်း အဆိုပါ ဌာနထံမှ သိရသည်။ from Voice http://ift.tt/1o6g7un

အမျိုးသားပညာရေး ဥပဒေကြမ်းကို အချက် ၁၃ ချက်ဖြင့် NNER ကန့်ကွက်

ရန်ကုန်၊ မတ် ၂၇ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက ပြင်ဆင် ရေးဆွဲထားသော အမျိုးသားပညာရေး ဥပဒေကြမ်းကို ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ရက် (NNER) က အချက် ၁၃ ချက်ဖြင့် ကန့်ကွက်ကြောင်း မတ်လ ၂၇ ရက်နေ့တွင် အဆိုပါ ကွန်ရက်က တရားဝင် ကြေညာလိုက်သည်။ from Voice http://ift.tt/1iG2M6w

မီတာခ တိုးမြှင့်ကောက်ခံမှု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံးရှေ့ ဆန္ဒထုတ်ဖော်

ရန်ကုန်၊ မတ် ၂၇မီတာခ တိုးမြှင့် ကောက်ခံရန်အတွက် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့ခြင်းကို ကန့်ကွက်သည့် အနေနှင့် အလုံမြို့နယ် အတွင်းရှိ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံး ရှေ့သို့ မတ်လ ၂၇ ရက်နေ့တွင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ၃၀ ကျော်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဦးဆောင် ဆန္ဒထုတ်ဖော်သူများက ပြောကြားသည်။ from Voice http://ift.tt/1o6g4yN

မြန်မာအစိုးရ ခွင့်ပြုပါက ကျေးလက်ဒေသတွင် အသေးစားချေးငွေများ အိန္ဒိယနိုင်ငံပိုင်ဘဏ် ထုတ်ချေးမည်ဟုဆို

ရန်ကုန်၊ မတ် ၂၇မြန်မာအစိုးရက ခွင့်ပြုပါက မြန်မာနိုင်ငံ၏ လူဦးရေ အများစုနှင့် ဆင်းရဲနွမ်းပါးမှု အမြင့်ဆုံးဖြစ်သော ကျေးလက်ဒေသသို့ အသေးစား ချေးငွေများ ထုတ်ချေးသွားမည် ဖြစ်ကြောင်း အိန္ဒိယနိုင်ငံပိုင် ဘဏ်ဖြစ်သည့် Bank of India ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး Gautam Mukhopadhaya က ပြောကြားသည်။ from Voice http://ift.tt/1o6g4yD

ကမ်းလွန်ရေနံ လုပ်ကွက်သစ်များတွင် ကမ္ဘာ့ထိပ်တန်း စွမ်းအင်ကုမ္ပဏီ အုပ်စုများသာ လုပ်ကိုင်ခွင့်ရ

ရန်ကုန်၊ မတ် ၂၇ရခိုင်ကမ်းရိုးတန်း မုတ္တမပင်လယ်ကွေ့နှင့် တနင်္သာရီကမ်းရိုးတန်းရှိ ကမ်းနီး၊ ကမ်းဝေးရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ကွက်သစ်များတွင် အမေရိကန်၊ သြစတြေးလျ၊ ဂျပန်၊ အိန္ဒိယနှင့် ဥရောပတို့မှ ကမ္ဘာ့ထိပ်တန်း စွမ်းအင် ထုတ်လုပ်ရေး လုပ်ငန်းစုကြီးများ တင်ဒါအောင်ကာ လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီး ဌာနထံမှ သိရသည်။ from Voice http://ift.tt/1iG2LPU

ရခိုင်နှင့် ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးအတွက် ကန်ဒေါ်လာ သန်း ၇၅၀ နီးပါး အိန္ဒိယ...

ရခိုင်နှင့် ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးအတွက် ကန်ဒေါ်လာ သန်း ၇၅၀ နီးပါး အိန္ဒိယ ကူညီမည် ရန်ကုန်၊ မတ် ၂၇ အိန္ဒိယအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ ဖွံ့ဖြိုးရေး ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံခွဲအနက် အမေရိကန်ဒေါ်လာ သန်း ၇၅၀ နီးပါးကို ရခိုင်ပြည်နယ်ရှိ ကုလားတန်မြစ် ကုန်းလမ်း၊ ရေလမ်း စီမံကိန်းနှင့် ချင်းပြည်နယ်ရှိ ကလေး-တမူး လမ်းမကြီးအတွက် သုံးစွဲသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Mr. Gautam Mukhopadhaya က ပြောကြားသည်။ အဆိုပါ ကလေး-တမူ လမ်းမကြီးကို မြန်မာ-ထိုင်း-အိန္ဒိယ သုံးနိုင်ငံ လမ်းမကြီးနှင့် ချိတ်ဆက်ကာ တည်ဆောက်သွားရန် လျာထားပြီး ကုလားတန်မြစ် စီမံကိန်းအတွက်မူ ရေကြောင်းလမ်းများ ရှာဖွေဖော်ထုတ်ကာ စစ်တွေဆိပ်ကမ်းနှင့် ချိတ်ဆက်ရန် လျာထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ “ချင်းပြည်နယ်နဲ့ စစ်တွေကို ချိတ်ဆက်ပေးမယ်။ စစ်တွေမြို့ကိုလည်း ကုန်းလမ်းရေလမ်း လမ်းပန်း ဆက်သွယ်ရေး တိုးတက်အောင် စီစဉ်ထားတယ်” ဟု သံအမတ် Mr. Gautam Mukhopadhaya က ဆိုသည်။ ကုလားတန်မြစ် စီမံကိန်းအတွက် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ၂၀၀၈ ခုနှစ်ကတည်းက လက်မှတ် ရေးထိုးပြီးနောက် ယင်းကုလားတန် ကဏ္ဍစုံ သယ်ယူပို့ဆောင်ရေး စ

အခြေခံဥပဒေ ပြင်ဆင်ရေး မြိတ်၌ နေရာပြောင်း ဆန္ဒပြခွင့်ရရှိ မြိတ်၊ မတ် ၂၇ ဖွဲ့စည်း...

အခြေခံဥပဒေ ပြင်ဆင်ရေး မြိတ်၌ နေရာပြောင်း ဆန္ဒပြခွင့်ရရှိ မြိတ်၊ မတ် ၂၇ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် မတ်လ ၂၉ ရက်နေ့၌ လူအင်အား ၃၀၀ ဖြင့် ဆန္ဒထုတ်ဖော်ခွင့်ကို နေရာပြောင်း၍ မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက မတ်လ ၂၇ ရက်နေ့က ခွင့်ပြုချက် ပေးလိုက်ပြီ ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်မှု ဦးဆောင်သူ ဦးမြတ်ကိုက ပြောကြားသည်။ ယင်း ဆန္ဒထုတ်ဖော်ခွင့်ကို မတ်လ ၂၃ ရက်နေ့က လျှောက်ထားသူ ဦးစိုးပိုင်ဌေးသည် မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ လူအင်အား ၁၀၀၀ ဖြင့် မြိတ်တောင်နယ်မြေ ဦးမြတ်လေးလမ်းမကြီး Garden ခန်းမရှေ့မှ ဆိပ်ငယ်ရပ်ကွက် ပုလဲရတနာ ခန်းမရှေ့သို့ ချီတက် ဆန္ဒထုတ်ဖော်သွားရန် လျှောက်ထားခဲ့သည်။ သို့သော် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ ၅ အရ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ကို၊ မြိတ်မြို့နောက်လယ်ရပ်၊ အမှတ် (၁) ဗောတံတားဆိပ်မှ ဆိပ်ငယ်ရပ်၊ ပုလဲရတနာ ခန်းမရှေ့သို့ နေရာပြောင်း သတ်မှတ်ပေးပြီး ခွင့်ပြုပေးလိုက်သည်ဟု ဦးဆောင်သူ ဦးမြတ်ကိုက ပြောကြားသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်

အခြေခံဥပဒေကို ၉၂%ထောက်ခံမဲဖြင့် အတည်ပြုခဲ့၍ ပြင်ရန်လိုပါကဥပဒေနှင့်ဆောက်ရွက်ရမည်ဟု

from Eleven Daily News http://ift.tt/1rIHBWl

သစ်အလုံးလိုက်တင်ပို့ခွင့်ရပ်ရန် ရက်ပိုင်းအလိုတွင် ရန်ကုန်ရှိ ဆိပ်ခံတံတားထက်ဝက်ကျော်မှ

from Eleven Daily News http://ift.tt/1dSLY8c

သမီးကလေးကျေးရွာမှအိမ်ထောင်စု(၆၃)စုမြေအစား ပြန်လည်ချထားပေးသည့်နေရာသို့ အပြီးရွှေ့ပြောင်း

from Eleven Daily News http://ift.tt/1dSLXRy

စစ်တွေ၌ INGO နှင့် NGO များငှားရမ်းထားသည့် အိမ်ကို ဒေသခံများက ခဲဖြင့်ပစ်ပေါက်မှု မတ်လ (၂၇)ရက်တွင်

from Eleven Daily News http://ift.tt/1rIHCJO

Ooredoo က ဇွန်လတွင် မိုဘိုင်းဖုန်းဆင်းကတ်များ ရောင်းချနိုင်ရန် စီစဉ်လျက်ရှိ

from Eleven Daily News http://ift.tt/1rIHCth

တပ်ထဲတွင် တိုင်းရင်းသားများ ရာထူးနေရာချထားမှု ခွဲခြားမှုမရှိဟု ကာချုပ်ပြော အခြေခံဥ...

တပ်ထဲတွင် တိုင်းရင်းသားများ ရာထူးနေရာချထားမှု ခွဲခြားမှုမရှိဟု ကာချုပ်ပြော အခြေခံဥပဒေမှာ လူပုဂ္ဂိုလ်တစ်ဦး၊ ပါတီတစ်ခု၊ အဖွဲ့အစည်းတစ်ခု၊ တိုင်းရင်းသားတစ်ခု၊ တပ်မတော်အတွက် ရေးဆွဲခဲ့ခြင်းမဟုတ်ဟု ကာချုပ်ဆို ------------------------------- တပ်ထဲတွင် တိုင်းရင်းသားများအား ရာထူးနေရာချထားပေးမှုတွင် ခွဲခြားထားခြင်းမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။ သတင်းအပြည့်အစုံ..... http://ift.tt/1gI3ou0 တပ်ထဲတွင် တိုင်းရင်းသားများ ရာထူးနေရာချထားမှု ခွဲခြားမှုမရှိဟု ကာချုပ်ပြော အခြေခံဥပဒေ� 7daydaily.com တပ်ထဲတွင် တိုင်းရင်း သားများအား ရာထူးနေရာချထား ပေးမှုတွင် ခွဲခြားထားခြင်းမရှိ ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။ တိုင်းရင်းသားလူမျိုးစုများ သည် တပ်မတော်ရှိ အဆင့်တိုင်း တွင် တာဝန်ထမ်းဆောင်နေကြ ကြောင်း၊ မည်သည့်တိုင်းရင်း သားဖြစ်မှ ရာထူးပေးမည်ဆိုပြ... from 7Day News Journal's Facebook Wall http://ift.tt/1gI3qlu

စစ်တွေမြို့တွင် အကြမ်းဖက်မှုများဖြစ်ပွား ---------------------- အိုင်အင်န်ဂျီအို...

စစ်တွေမြို့တွင် အကြမ်းဖက်မှုများဖြစ်ပွား ---------------------- အိုင်အင်န်ဂျီအိုဝန်ထမ်း နိုင်ငံခြားသူတစ်ဦး သာသနာ့အလံကို မဖွယ်မရာလုပ်ကြောင်း သတင်းထွက်ပေါ်ရာမှ အကြမ်းဖက်မှုများ စတင်ဖြစ်ပွားပြီး ဒေါသထွက်နေသော ဒေသခံများက ကုလနှင့် အိုင်အင်န်ဂျီအိုဝန်ထမ်းများ၏ ရုံးနှင့်နေအိမ် ၃၀ ခန့်ကို ဖျက်ဆီး သတင်းအပြည့်အစုံ..... http://ift.tt/1g5ZjtI စစ်တွေမြို့တွင် အကြမ်းဖက်မှုများဖြစ်ပွား 7daydaily.com အိုင်အင်န်ဂျီအိုတစ်ခုမှ နိုင်ငံခြားသူ ဝန်ထမ်းတစ်ဦးက သာသနာ့အလံကို မဖွယ်မရာ ပြု လုပ်သည်ဟု သတင်းများထွက် ပေါ်ရာမှတစ်ဆင့် စစ်တွေမြို့ တွင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ် ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ က သေနတ်ဖြင့်အကြိမ်ကြိမ် မိုးပေါ်ထောင်၍ ပစ်ဖောက်ထိန်းသိမ်းခဲ့ရကြောင်း သတင်းရရှိသည်။ from 7Day News Journal's Facebook Wall http://ift.tt/1gI3q4Z

တရုတ်အစိုးရ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးကြောင့် ကျောက်စိမ်းအရောင်းအ၀ယ်ပါး --------...

တရုတ်အစိုးရ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးကြောင့် ကျောက်စိမ်းအရောင်းအ၀ယ်ပါး ------------------------------------- တရုတ်အစိုးရက ထိပ်ပိုင်းအရာရှိများ၏ ငွေကြေးသုံးစွဲမှုနှင့် ပတ်သက်ပြီး ၀င်ရောက်စစ်ဆေးအရေးယူမှုများ ပြုလုပ်နေသဖြင့် မြန်မာနိုင်ငံမှ တန်ဖိုးမြင့် ကျောက်စိမ်းကျောက်မျက်ဈေးကွက်တွင် အရောင်းအ၀ယ်နည်းသွားကြောင်း မြစ်ကြီးနား ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးလာခရီလာအောင်ကပြောသည်။ သတင်းအပြည့်အစုံ.... http://ift.tt/1gI3nWR တရုတ်အစိုးရ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေးကြောင့် ကျောက်စိမ်းအရောင်းအ၀ယ်ပါး 7daydaily.com တရုတ်အစိုးရက ထိပ် ပိုင်းအရာရှိများ၏ ငွေကြေးသုံးစွဲ မှုနှင့် ပတ်သက်ပြီး ၀င်ရောက် စစ် ဆေးအရေးယူမှုများပြုလုပ်နေသ ဖြင့် မြန်မာနိုင်ငံမှ တန်ဖိုးမြင့် ကျောက်စိမ်းကျောက်မျက်ဈေးကွက်တွင် အရောင်းအ၀ယ်နည်းသွားကြောင်း မြစ်ကြီးနား ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူးဦးလာခရီလာအောင်ကပြောသည်။ from 7Day News Journal's Facebook Wall http://ift.tt/1gI3pOl

အစိုးရ၀န်ထမ်းလစာနှင့် မီတာခတိုးသဖြင့် ကုန်ဈေးနှုန်းကြီးမြင့်လာမည်ကို ပြည်သူများစ...

အစိုးရ၀န်ထမ်းလစာနှင့် မီတာခတိုးသဖြင့် ကုန်ဈေးနှုန်းကြီးမြင့်လာမည်ကို ပြည်သူများစိုးရိမ် ----------------------------- အစိုးရ၀န်ထမ်းများ လုပ်ခလစာနှင့် မီတာခတို့ အတူတိုးမြှင့်လိုက်ခြင်း၏ နောက်ဆက်တွဲအဖြစ် ကုန်ဈေးနှုန်းမြင့်တက်လာနိုင်ခြင်းကို ပြည်သူများ၊ အစိုးရ၀န်ထမ်းများသာမက လုပ်ငန်းရှင်များကပါ စိုးရိမ်ပူပန်မှုရှိနေကြောင်း သတင်းရရှိသည်။ သတင်းအပြည့်အစုံ..... http://ift.tt/1gI3phn အစိုးရ၀န်ထမ်းလစာနှင့် မီတာခတိုးသဖြင့် ကုန်ဈေးနှုန်းကြီးမြင့်လာမည်ကို ပြည်သူများစို 7daydaily.com အစိုးရ၀န်ထမ်းများ လုပ်ခလစာနှင့် မီတာခတို့ အတူတိုးမြှင့်လိုက်ခြင်း၏ နောက်ဆက်တွဲအဖြစ် ကုန်ဈေးနှုန်းမြင့်တက်လာနိုင်ခြင်းကို ပြည်သူများ၊ အစိုးရ၀န်ထမ်းများသာမက လုပ်ငန်းရှင်များကပါ စိုးရိမ်ပူပန်မှုရှိနေကြောင်း သတင်းရရှိသည်။ ‘‘လစာတိုးရင်တော့ ကုန်ဈေးနှုန်းက ပုံမှန်တက်လေ့ရှိတာပဲ။ လုပ်ငန်းရှင်တွေကလည်း မီတာခ... from 7Day News Journal's Facebook Wall http://ift.tt/1gI3nGm