Skip to main content

ရခိုင်နှင့် ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးအတွက် ကန်ဒေါ်လာ သန်း ၇၅၀ နီးပါး အိန္ဒိယ...



ရခိုင်နှင့် ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးအတွက် ကန်ဒေါ်လာ သန်း ၇၅၀ နီးပါး အိန္ဒိယ ကူညီမည်



ရန်ကုန်၊ မတ် ၂၇



အိန္ဒိယအစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ ဖွံ့ဖြိုးရေး ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံခွဲအနက် အမေရိကန်ဒေါ်လာ သန်း ၇၅၀ နီးပါးကို ရခိုင်ပြည်နယ်ရှိ ကုလားတန်မြစ် ကုန်းလမ်း၊ ရေလမ်း စီမံကိန်းနှင့် ချင်းပြည်နယ်ရှိ ကလေး-တမူး လမ်းမကြီးအတွက် သုံးစွဲသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Mr. Gautam Mukhopadhaya က ပြောကြားသည်။



အဆိုပါ ကလေး-တမူ လမ်းမကြီးကို မြန်မာ-ထိုင်း-အိန္ဒိယ သုံးနိုင်ငံ လမ်းမကြီးနှင့် ချိတ်ဆက်ကာ တည်ဆောက်သွားရန် လျာထားပြီး ကုလားတန်မြစ် စီမံကိန်းအတွက်မူ ရေကြောင်းလမ်းများ ရှာဖွေဖော်ထုတ်ကာ စစ်တွေဆိပ်ကမ်းနှင့် ချိတ်ဆက်ရန် လျာထားကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။



“ချင်းပြည်နယ်နဲ့ စစ်တွေကို ချိတ်ဆက်ပေးမယ်။ စစ်တွေမြို့ကိုလည်း ကုန်းလမ်းရေလမ်း လမ်းပန်း ဆက်သွယ်ရေး တိုးတက်အောင် စီစဉ်ထားတယ်” ဟု သံအမတ် Mr. Gautam Mukhopadhaya က ဆိုသည်။



ကုလားတန်မြစ် စီမံကိန်းအတွက် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ၂၀၀၈ ခုနှစ်ကတည်းက လက်မှတ် ရေးထိုးပြီးနောက် ယင်းကုလားတန် ကဏ္ဍစုံ သယ်ယူပို့ဆောင်ရေး စီမံချက်အတွက် အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကုန်ကျခံရန် အိန္ဒိယအစိုးရက ကတိကဝတ် ပေးခဲ့သည်။



သို့သော် လက်ရှိအချိန်ထိ အဆိုပါ စီမံကိန်းမှာ ပီပီပြင်ပြင် အကောင်အထည် ဖော်နိုင်ခြင်း မရှိဘဲ အသေးစိတ် သုတေသနပြု စုံစမ်းဆေးရမည့် အပိုင်းများ ရှိနေသေးကြောင်း၊ အဆိုပါ စီမံကိန်းသည် အိန္ဒိယနိုင်ငံအတွက် ဖွံ့ဖြိုးရေးဆိုင်ရာ ထောက်ပံ့မှု စီမံကိန်း သာမက ရခိုင်ပြည်နယ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ စီမံကိန်းများနှင့် အပြိုင် စီးပွားရေး ချဲ့ထွင်ခြင်းမျိုးလည်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံတွင် စီးပွားဖွံ့ဖြိုးရေး ဘာသာရပ် မဟာဘွဲ့ ရရှိထားသူ ဦးအောင်ကျော်သိန်းက The Voice သို့ ပြောဆိုသည်။



ယင်းစီမံချက်နှင့် ပတ်သက်၍ စစ်တမ်းများ စတင် ပြုစုထားပြီး ဖြစ်ကြောင်းကို မတ်လ ၄ ရက်နေ့ ဘင်းမ်စတက် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ခဲ့သော အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး Mr. Salman Khurshid က The Voice သို့ ပြောကြားသည်။



အိန္ဒိယအစိုးရက မြန်မာပညာရေး ကဏ္ဍအတွက် ချင်းပြည်နယ်နှင့် နာဂဒေသတွင် အခြေခံပညာ မူလတန်းကျောင်း ၂၁ ခု တည်ဆောက်ပေးထားပြီး ရခိုင်ပြည်နယ်ရှိ မြို့လေးမြို့တွင်လည်း အမေရိကန်ဒေါ်လာ တစ်သန်းတန်ဖိုးရှိ အခြေခံပညာကျောင်းများ ဆောက်လုပ်ပေးရန် ကတိကဝတ် ပြုထားကြောင်း အိန္ဒိယသံရုံး၏ မတ်လ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

from The Voice Weekly's Facebook Wall http://ift.tt/1h1Fq73

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...