Skip to main content

Posts

Showing posts from March 18, 2014

ရှစ်ဆယ့်ရှစ်အသံလှိုင်းနောက်မှ သူရဲကောင်း --------------- ရေးသားသူ- အေးသူစံ နေအိမ...

ရှစ်ဆယ့်ရှစ်အသံလှိုင်းနောက်မှ သူရဲကောင်း --------------- ရေးသားသူ- အေးသူစံ နေအိမ်ရှိ တစ်လုံးတည်းသော အော်တိုတယ်လီဖုန်းမြည်လာချိန်တွင် ဦးနေမင်းတစ်ယောက် အလွန်သတိဝီရိယကြီးစွာဖြင့် ဖုန်းကိုင်လိုက်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တွင် အခြေစိုက်သည့် သူ့လုပ်ဖော်ကိုင်ဖက်သတင်းထောက်ဟု ထင်လိုက်သော်လည်း တစ်ဖက်မှ ‘‘BBC သတင်းထောက်လား’’ဆိုသော အသံကြောင့် တအံ့တသြဖြစ်သွားချိန်တွင် တစ်ဖက်က ဆက်လက်၍ ‘‘ကျွန်တော် မိုက်ကယ်အဲရစ်ပါ။ ဒေါ်အောင်ဆန်းစုကြည်က စကားပြောချင်လို့’’ဟု ပြောလာပါသည်။ မကြာမီ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏အသံကို ဖုန်းလိုင်းထဲတွင် ကြားလိုက်ရသည်။ အချိန်က စစ်တပ်အာဏာမသိမ်းခင် ၁၉၈၈ ခုနှစ် စက်တင်ဘာလဆန်းပိုင်းဖြစ်သည်။ ‘‘ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးဆောင်ပြီး လူထုဆန္ဒပြပွဲတွေ ရန်ကုန်မြို့ထဲမှာလုပ်မယ်လို့ ပြောဆိုလှုံ့ဆော်နေတဲ့ သတင်းတွေထွက်နေပါတယ်။ အဲဒီလိုလုပ်ဖို့ အစီအစဉ်မရှိတဲ့အကြောင်း BBC ကတစ်ဆင့် ရှင်းပေးပါလို့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မေတ္တာရပ်ခံတဲ့သတင်းကို ကျွန်တော် လက်ခံရရှိခဲ့တယ်။ အဲဒီသတင်းကို BBC က တစ်ဆင့်ပြန်လွှင့်ပေးခဲ့တယ်’’ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ခင်ပွန်း မိုက်ကယ်အဲရစ်တို့ကဲ့သို့ပင

ရင်နင့်စာ ------------ ရေးသားသူ- ငြိမ်းချမ်း ‘‘(၁) အမေကို အိမ်နဲ့ခြံနဲ့ထားချင်တ...

ရင်နင့်စာ ------------ ရေးသားသူ- ငြိမ်းချမ်း ‘‘(၁) အမေကို အိမ်နဲ့ခြံနဲ့ထားချင်တယ်။ (၂) ငါလဲ ကိုအိုးကိုအိမ်နဲ့ အေးအေးချမ်းချမ်းနေချင်တယ်။ ဒါကြောက် ငွေရှာမှဖြစ်မယ် ငွေရှိမှလဲ လုပ်ချင်တာကို လုပ်လိုရမှာဖြစ် ငွေကိုရအောင်ရှာရမယ်’’ (မူရင်းစာလုံးပေါင်းအတိုင်းသာ ဖြစ်ပါသည်။) ၂၀၁၃ နိုဝင်ဘာ ၂၄ ရက်က သမီးဖြစ်သူ နှင်းကေခိုင် ရေးသားထားသောစာကို မိခင်ဖြစ်သူ ဒေါ်အေးကြွယ်ဖတ်လိုက်ရသည့်နေ့က သမီးသေဆုံးပြီး ခြောက်ရက်အကြာ ၂၀၁၄ မတ်လ ၄ ရက်နေ့ပင်။ ခုနစ်နှစ်အရွယ်ကတည်းက ကွဲကွာသွားသောသမီးကို ဒေါ်အေးကြွယ်တွေ့လိုက်ရသည်က အသက်(၂၉)နှစ်အရွယ် သမီးငယ်နှင်းကေခိုင် ပြိုကျနေသော အုတ်ပုံကြား သေဆုံးနေသည့်ဓာတ်ပုံသာဖြစ်သည်။ မိခင်ဖြစ်သူဒေါ်အေးကြွယ်နှင့်အတူ နေထိုင်လိုသူ နှင်းကေခိုင်သည် ထိုင်းနိုင်ငံရှိ အီတာလျံထိုင်း ဆောက်လုပ်ရေးလုပ်ငန်းခွင် အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူ ၁၅ ဦးအနက် တစ်ဦးဖြစ်သည်။ ဖေဖော်ဝါရီလ ၂၆ ရက်တွင် နှင်းကေခိုင် သေဆုံးရခြင်းဖြစ်သည်။ ‘‘အုတ်ပုံကြားက သမီးအလောင်းဓာတ်ပုံကိုမြင်တော့ ကျွန်မသမီးမှန်း ချက်ချင်းသိတယ်’’ဟု သမီးဖြစ်သူ၏ ပတ်စပို့စာအုပ်ကိုကြည့်ကာ ဒေါ်အေးကြွယ်က ငိုရင်းပြောသည်။ နှင်းကေခိုင်ခုနစ်နှစ်အရွယ်တွင် မိခင်ေ

အစိုးရနှင့် လက်နက်ကိုင် ဆက်ဆံရေးရုံးများ ဆက်တိုက်တွေ့ဆုံမှုကြောင့် တိုက်ပွဲများြ...

အစိုးရနှင့် လက်နက်ကိုင် ဆက်ဆံရေးရုံးများ ဆက်တိုက်တွေ့ဆုံမှုကြောင့် တိုက်ပွဲများ ပြန်လည် ငြိမ်သက်ဟုဆို ရန်ကုန်၊ မတ် ၁၈ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းတွင် ယခုလအစပိုင်းက တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ဆက်ဆံရေးရုံများနှင့် အစိုးရတို့ ဆက်တိုက် တွေ့ဆုံမှုကြောင့် တိုက်ပွဲများ ပြန်လည် ငြိမ်သက်လာကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တောင်ကြီး ဆက်ဆံရေးရုံး တာဝန်ခံ ဦးစိုင်းဦးက ပြောကြားသည်။ ရှမ်းပြည်နယ်အတွင်း မတ်လဆန်းပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း တောင်ကြီးမြို့တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ဆက်ဆံရေး ခြောက်ဖွဲ့ တွေ့ဆုံပြီးနောက် တိုက်ပွဲများ ပြန်လည် ငြိမ်သက်သွားကြောင်း ၎င်းက ရှင်းပြသည်။ “အခု တိုက်ပွဲတွေ ပြန်ငြိမ်သွားပါတယ်။ နှစ်ဖက်တွေ့ဆုံတာကြောင့် ဆက်ဆံရေးပိုင်းတွေ ပိုအဆင်ပြေလာတယ်လို့ မြင်ပါတယ်” ဟု ၎င်းကဆိုသည်။ ထို့အပြင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ဆက်ဆံရေးရုံးများ တွေ့ဆုံခဲ့ပြီးနောက် နှစ်ဖက်ထိတွေ့မှုများ လျှော့ချရေး ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ရန် သုံးလတစ်ကြိမ် တွေ့ဆုံရန် သဘောတူညီခဲ့ကြောင်း RCSS/

မြန်မာဈေးကွက်အတွင်းရှိ Dee Do အချိုရည်အားလုံး ပြန်စစ်ဆေးမည်ဟုဆို ရန်ကုန်၊ မတ်...

မြန်မာဈေးကွက်အတွင်းရှိ Dee Do အချိုရည်အားလုံး ပြန်စစ်ဆေးမည်ဟုဆို ရန်ကုန်၊ မတ် ၁၈ မသောက်သုံးသင့်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း၏ ကြေညာခြင်း ခံထားရသည့် ပြည်တွင်း ဈေးကွက်ရှိ ထိုင်းနိုင်ငံထုတ် Dee Do အချိုရည်ဘူးများကို လိုက်လံစစ်ဆေးရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာန (FDA) နှင့်ဆွေးနွေးမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် Foodstar (DeeDo) ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ Ms. Chantra Pongsri က ပြောကြားသည်။ တစ်လီတာ Dee Do အအေးဘူးတွင် မှိုခြောက်သိန်း ပါဝင်နေကြောင်း မတ်လ ၉ ရက်နေ့က မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်၏ ပြောကြားချက်အပေါ် တုံ့ပြန်သည့်အနေနှင့် တစ်နိုင်ငံလုံးက Dee Do အချိုရည်များကို စစ်ဆေးခြင်း ဖြစ်သည်။ ဓာတ်ခွဲစစ်ဆေးရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန တာဝန်ရှိသူများနှင့် မတ်လ ၁၉ ရက်နေ့တွင် သွားရောက် တွေ့ဆုံရန် စီစဉ်ထားကြောင်း Ms. Chantra Pongsri ကပြောဆိုသည်။ “ဈေးကွက်ထဲက ပစ္စည်းတွေ ပြန်သိမ်းရအောင် FDA က ဘာမှ မကြေညာသေးဘူး” ဟု မြန်မာနိုင်ငံရှိ Dee Do အချိုရည် ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။ ယင်းကြောင့် ဈေးကွက်အတွင်းရ

ပြည်နယ်ဝန်ကြီးချုပ် ထောက်ပံ့ငွေဖြင့် နောင်တုံကန်ပတ်လမ်း ပြုပြင်မည် ကျိုင်းတုံ၊...

ပြည်နယ်ဝန်ကြီးချုပ် ထောက်ပံ့ငွေဖြင့် နောင်တုံကန်ပတ်လမ်း ပြုပြင်မည် ကျိုင်းတုံ၊ မတ် ၁၈ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ကျက်သရေဆောင် နောင်တုံကန်ကြီး သန့်ရှင်းသာယာ လှပစေရေးအတွက် ကန်ပတ်လမ်း တစ်လျှောက် ထပ်ပိုးကတ္တရာခင်းခြင်း လုပ်ငန်းများနှင့် ရေမြောင်းများ ပြုပြင်ရန် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် ထောက်ပံ့သည့် ကျပ်သိန်းတစ်ထောင်ကို အသုံးပြုမည် ဖြစ်ကြောင်း ယင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်လှက ပြောကြားသည်။ အဆိုပါ ကျပ်သိန်းတစ်ထောင်သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိဒေသများ ဖွံ့ဖြိုးရေးလုပ်ငန်း ရှမ်းပြည်နယ် ဝန်ကြီးချုပ်များ ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည့် ဇန်နဝါရီလ ခရီးစဉ်အတွင်း ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေး လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ပေးအပ် ထားသည့် ငွေဖြစ်ပြီး လွှတ်တော်မှ လွှတ်တော် ကိုယ်စားလှယ်များသို့ ပေးအပ်ထားသည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ သိန်းတစ်ထောင်နှင့် သက်ဆိုင်ခြင်းမရှိဟု ၎င်းကဆိုသည်။ “ဝန်ကြီးချုပ်ပေးတဲ့ ကျပ်သိန်းတစ်ထောင်ကို ဘယ်လုပ်ငန်းတွေမှာ အသုံးပြုချင်ကြလဲလို့ ရပ်ကွက်နဲ့ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ အထောက်အကူပြု ကော်မတီတွေရဲ့ သဘောထားတေ

#emg_opinions သေဖော်ညှိ လောကထဲကလူ (Written by: မောင်စံပေါ) (၁) တစ်ခါတုန်းက ညီ...

#emg_opinions သေဖော်ညှိ လောကထဲကလူ (Written by: မောင်စံပေါ) (၁) တစ်ခါတုန်းက ညီအစ်ကိုနှစ်ယောက် ရှိကြပါတယ်။ အစ်ကိုက ရှစ်တန်းကျောင်းသား ဖြစ်နေချိန်မှာ ညီက သူငယ်တန်းတက်ခါစ အရွယ်။ အသက်ကွာသလို အရပ်ကွာတယ်။ ခြေတံလက်တံကွာတယ်။ တစ်ရက်မှာ မီးဖိုချောင်ထဲကို ညီအငယ်ကောင် ၀င်လာချိန် အစ်ကိုမုန့်ခိုးစားနေတာနဲ့ ပက်ပင်းတိုးပါရော။ အမေနဲ့ တိုင်ပြောမယ်ဆိုတော့ အစ်ကိုက ညီကိုချော့တယ်။ မတိုင်ပါနဲ့ ညီလေးရာ၊ မင်းကိုလည်း မုန့်ကျွေးပါမယ်ပေါ့။ ညီကလည်း စဉ်းစားတယ်။ ငါ့အရပ်နဲ့ လှမ်းလို့မမှီဘူး။ အစ်ကိုကျွေးမှ စားရမှာ။ နောက်ပြီး ငါခိုးစားတာမှ မဟုတ်ဘဲ။ သူပေးတာယူတာဟာ ဘာညာပေါ့လေ။ အစ်ကိုပေးတဲ့ နှုတ်ပိတ်ခ မုန့်လေးတစ်ခုနဲ့ ကျေနပ်ပြီးနေခဲ့တယ်။ အစ်ကိုကလည်း လောဘတကြီးနဲ့ ဘယ်လောက်ခိုးစားသလဲ မသိပါဘူး။ မုန့်တွေလျော့တယ်။ မုန့်ကုန်တာ မြန်တယ်ဆိုပြီး အမေ့မှာ မုန့်ကြွပ်တွေကို ရေတွက်မှတ်သားရတဲ့အလုပ် ပိုလာပါတယ်။ အဲဒီခေတ်က မုံရွာမှာ ကျောက်တိုင်တံဆိပ် မုန့်ကြွပ်ဆိုတာ အင်မတန် နာမည်ကြီးတာကလား၊၊ အဲဒီနောက်မှာ မုန့်တွေမလျော့တော့ပေမယ့် အရွယ်တွေသေးကုန်တယ်။ မုန့်ပုံးကို ခလောက်ပြီး မုန့်ကြွပ်အကြွေ အမှုန့်တွေကျအောင်လုပ်ပြီး ယူစားတာကိုများ (စကားချပ်) (၂) စာ

#emg_opinions အချစ်နဲ့ ပေါင်မုန့် (Written by: နရီမင်း) “အချစ်ရယ် ပေါင်မုန့်...

#emg_opinions အချစ်နဲ့ ပေါင်မုန့် (Written by: နရီမင်း) “အချစ်ရယ် ပေါင်မုန့်တစ်လုံးရယ် ဘ၀ကို ငါရောင့်ရဲတယ်” လမ်းမပေါ်တွင် ပေါင်မုန့်တောင်းဆိုသံများ ညံနေသည်မှာ ပြင်သစ်ပြည် လူဝီဘုရင်ခေတ်ကို အမှတ်ရစရာ ဖြစ်ပါသည်။ (ပြင်သစ်ပြည်သည်လည်းကောင်း လူဝီဘုရင်သည်လည်းကောင်း ကျွန်တော်နှင့် လားလားမျှ မသက်ဆိုင်ပါ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အတိုင်း ချီတက်နေသောခေတ်တွင် ကြီးပြင်းခဲ့ရသော ကျွန်တော်သည် ၀ါဒဖြန့်ချိရေး သမိုင်းဘာသာကို သင်ကြားခဲ့ရသောကြောင့် ပြင်သစ်တော်လှန်ရေးအကြောင်း ခပ်ဝါးဝါး သိခဲ့ရပါသည်။ ထို့ကြောင့် ယခုကဲ့သို့ ပြင်သစ်ပြည်နှင့် လူဝီဘုရင်ခေတ်ဟူ၍ ကြားဖူးနားဝကို ဖြီးဖြန်းရေးသားနိုင်ခြင်း ဖြစ်ပါသည်) လူဝီဘုရင်၏ မိဖုရားက “ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပေါ့” ဟု အမှန်တကယ် ပြောခဲ့လေသလား မည်သူသေချာ သိမည်နည်း။ ခေတ်တစ်ခေတ်၌ ခိုင်လုံပါသည်ဆိုသော သမိုင်းအထောက်အထားများ သည်ပင်လျှင် နောက်တစ်ခေတ်တွင် မခိုင်မလုံ ဖြစ်သွားခဲ့ရပေါင်း များလေပြီ။ အမှန်တကယ်၌ ကိုယ့်သမိုင်းကိုယ်ရေးခြင်းသာ စိတ်အချရဆုံးဖြစ်သည်။ ကိုယ့်အကြောင်း ကိုယ်ကိုယ်တိုင်လောက် မည်သူမျှ အကောင်းရေးနိုင်ကြလိမ့်မည် မဟုတ်ပါ။ (မသေခင် ကိုယ့်သမိုင်း ကိုယ်ရေးခဲ့ဖို့ မ

#emg_opinions ရှေ့ကတက်ဖို့ အမိန့်ပေးမှာလား၊ နောက်ကလိုက်ခဲ့ဖို့ ခေါ်မှာလား (Wri...

#emg_opinions ရှေ့ကတက်ဖို့ အမိန့်ပေးမှာလား၊ နောက်ကလိုက်ခဲ့ဖို့ ခေါ်မှာလား (Written by: သူရိန်လှိုင်ဝင်း) ဒီရက်ပိုင်းအတွင်း အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ၂၀၁၂ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ခြံစည်းရိုးဆောက်ရင်း ပြန်ပေးဆွဲခံလိုက်ရတဲ့ အင်ဂျင်နီယာ တပ်မတော်သားသုံးဦးဆိုတဲ့ ဓာတ်ပုံများ ဆက်တိုက်ဖော်ပြနေကြပါတယ်။ တူရကီသတင်းဌာနတစ်ခုက ဖော်ပြထားတဲ့ သတင်းနဲ့ဓာတ်ပုံများကို ပြန်လည်ရေးသား ဖော်ပြကြတာ ဖြစ်ပါတယ်။ ဒီပုံရဲ့ အစစ်အမှန်ဟုတ်ခြင်း မဟုတ်ခြင်းကို အတည်မပြုနိုင်ပေမယ့်လည်း သူတို့ရဲ့ နာမည်နဲ့ရာထူး၊ မိခင်တပ်ရင်းတွေကို ဖော်ပြထားတဲ့ သစ်သားဆိုင်းဘုတ်လေးတွေကို ကိုင်ဆောင်ထားရင်း မျက်နှာငယ်ငယ်နဲ့ ဆောင့်ကြောင့်ထိုင်နေတဲ့ စစ်ဝတ်စစ်စား အမျိုးသားသုံးဦး၊ သူတို့နောက်မှာတော့ မျက်နှာကို အ၀တ်စည်းကာ၊ ဦးထုပ်အဖြူကိုယ်စီ ဆောင်းထားပြီး သေနတ်ကိုင်ဆောင် ချိန်ရွယ်ထားတဲ့ လူတစ်စုကို မြင်လိုက်ရတဲ့အခါ ဆွေမျိုးနီးစပ်တောင် မတော်စပ်ပေမယ့်လည်း ကိုယ့်နိုင်ငံသားတွေဆိုတဲ့စိတ်နဲ့ မခံချင်စိတ်တွေ၊ ဒေါသသွေးတွေ ပွက်ပွက်ဆူလာစေပါတယ်။ ပြီးတော့ ကင်မရာကို ကြည့်နေရှာတဲ့ အမျိုးသားသုံးဦးရဲ့ သူတို့လွတ်ရာလွတ်ကြောင်း တစ်စုံတစ်ခုအပေါ် အားကိုး

သန်းခေါင်စာရင်းကောက်ယူမှုတွင် ရိုဟင်ဂျာ အမည်ထည့်သွင်းရေးသား ကောက်ခံမည်မဟုတ် ရိုဟ...

သန်းခေါင်စာရင်းကောက်ယူမှုတွင် ရိုဟင်ဂျာ အမည်ထည့်သွင်းရေးသား ကောက်ခံမည်မဟုတ် ရိုဟင်ဂျာအမည်သည် နိုင်ငံတော်က လက်မခံသည့် အသုံးအနှုန်းဖြစ်၍သန်းခေါင်စာရင်းကောက်ယူချိန်တွင် ထိုအမည်ကိုထည့်သွင်းရေးသားမည် မဟုတ်ဟု ပြည်သူ့အင် အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်က ပြောသည်။ နှစ်ပေါင်း၃ဝကြာ ဆောင်ရွက်ခြင်း မရှိခဲ့သည့် သန်းခေါင်စာရင်းကောက်ယူ မှုကို ယခုလ ၃ဝ ရက်မှ ဧပြီ ၁ဝ ရက် အထိ တစ်နိုင်ငံလုံး တွင်ဆောင်ရွက်တော့ မည်ဖြစ်သည်။ ထိုသို့ သန်းခေါင် စာရင်း ကောက်ယူခြင်းသည် သတ်မှတ်သည့် အချိန်တစ် ခု၌ နိုင်ငံတွင်း နေထိုင်သူ အားလုံးကို ရေတွက်ခြင်းဖြစ်၍ နိုင်ငံ နယ်နိမိတ်အတွင်းရှိ နိုင်ငံသားအပါအ ဝင် နိုင်ငံခြားသားများအားလည်း ထည့် သွင်းကောက်ခံသွားမည်ဖြစ်သည်။ ထိုသို့ကောက်ခံရာတွင် နိုင်ငံအတွင်း နေထိုင်သူစာရင်း၌ ပြောသူ၏ လူမျိုးစာရင်းအတိုင်း ရေးသားမှတ်တမ်းယူရမည်ဖြစ်၍ ရိုဟင်ဂျာဟူသည့် အမည် ထည့်သွင်းကောက်ခံလာမည်ကို ရခိုင်တိုင်းရင်းသားအများစုက စိုးရိမ်လျက် ရှိသည်။ ယင်းကဲ့သို့ စိုးရိမ်မှုကြောင့် စစ်တွေ၊ ကျောက်ဖြူ၊ ရသေ့တောင်၊ မောင် တော၊ ဘူးသီးတောင်နှင့် မြောက်ဦး အစရှိသည့် ရခိုင်ပြည်နယ်အတွင်းရှိ မြို့ ၁၃ မြို့တွင် ယခုလ ၁၆

တစ်မတ်သားတို့ ဘယ်သူ့ရွေးမလဲ ----------------- ရေးသားသူ- အောင်သူရ၊ ဥက္ကာကိုကို နု...

တစ်မတ်သားတို့ ဘယ်သူ့ရွေးမလဲ ----------------- ရေးသားသူ- အောင်သူရ၊ ဥက္ကာကိုကို နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ မတ်လ ၁၆ ရက်နေ့ ကချင်ပြည်နယ်ခရီးစဉ်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လိုက်ပါသွားခြင်းက မြန်မာ့နိုင်ငံရေးလေ့လာသူများ၏ ဦးနှောက်ကို အလုပ်ပေးလိုက်ပါပြီ။ သမ္မတက ကချင်ပြည်နယ်ရှိ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုပါ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ ထိုမတိုင်မီကလည်း အာဆီယံကာကွယ်ရေးဦးစီးချုပ်များ သတင်းစာရှင်းလင်းပွဲတွင် မြန်မာကာချုပ်ပါဝင်၍ ပထမဆုံးသတင်းစာဆရာများနှင့် တွေ့ဆုံခဲ့ခြင်း၊ ပြည်ပနိုင်ငံများသို့ ချစ်ကြည်ရေးခရီးစဉ်များ ခပ်စိပ်စိပ်သွားရောက်ခဲ့ခြင်း၊ စစ်လက်နက်ပစ္စည်းနှင့် တပ်အင်အားများ ထုတ်ဖော်ပြသလာခြင်းတို့အပေါ် နိုင်ငံရေးလေ့လာသူများသာမက ကမ္ဘာကပါ အာရုံစိုက်မိလာကြသည်။ ကာချုပ်သည် ယခင်တစ်လျှောက်လုံး စွဲကိုင်လာခဲ့သော တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ ဆောင်ပုဒ်ကိုစွန့်လွှတ်ကာ မကြာသေးမီက သွားရောက်ခဲ့သော အင်ဒိုနီးရှားခရီးစဉ်အတွင်း ပြည်သူသာ အမိ၊ ပြည်သူသာ အဖဟု ပြောင်းလဲ၍ စတင်သုံးနှုန်းလိုက်သူလည်းဖြစ်သည်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်

မရွှေ့ရန် ရေလောင်း မလောင်း၍ ရွှေ့ --------------- ရေးသားသူ- အေးသူစံ ၀န်ကြီးဌာန ၃၆...

မရွှေ့ရန် ရေလောင်း မလောင်း၍ ရွှေ့ --------------- ရေးသားသူ- အေးသူစံ ၀န်ကြီးဌာန ၃၆ ခုရှိသည့်အနက် မြန်မာနိုင်ငံ၌ အစိုးရ၀န်ထမ်းပေါင်းကိုးသိန်း၏ အပြောင်းအရွှေ့ကို ကိုင်တွယ်ရာတွင် အဓိကအချက်နှစ်ချက်ရှိသည်။ ပြစ်ချက်ရှိသူဝန်ထမ်းများကို ဝေးလံခေါင်ဖျားဒေသသို့ အပြစ်ပေးသည့်အနေဖြင့် ပို့ဆောင်တာဝန်ထမ်းဆောင်စေခြင်းနှင့် နှစ်အပိုင်းအခြားသတ်မှတ်၍ အပေးအယူသဘောဖြင့် ပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခြင်းတို့ဖြစ်သည်။ တရားဝင်ထုတ်ပြန်ထားခြင်းမဟုတ်သော်လည်း ၀န်ထမ်းအပြောင်းအရွှေ့မူဝါဒတွင် ယင်းနှစ်ချက်ကို အဓိကကျင့်သုံးနေကြောင်း အစိုးရ၀န်ထမ်းအသိုင်းအ၀ိုင်းကဆိုသည်။ ထို့ကြောင့် အလှည့်ကျ အပြောင်းအရွှေ့ တာဝန်ထမ်းဆောင်သည့်စနစ်က အပေးအယူနှင့် မသမာမှုများစွာ ရှိနေခြင်းဖြစ်သည်။ အစိုးရသစ်လက်ထက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို မျှော်လင့်ခဲ့သူများထဲတွင် အစိုးရ၀န်ထမ်းနှင့် ၎င်းတို့၏မိသားစုများလည်း ပါဝင်ကြသည်။ သို့သော် နေရာဒေသမရွေး တာဝန်ထမ်းဆောင်ရမည်ဟူသော သဘောတူညီချက် လက်မှတ်ရေးထိုးထားသော အဆက်အသွယ်မရှိသည့်၊ ငွေကြေးမတတ်နိုင်သည့် ၀န်ထမ်းများမှာ စည်းကမ်းချက်အတိုင်းပင် ပို့သည့်နေရာသွားကြရသည်။ မသွားနိုင်ပါက တစ်ခုတည်းသော ရွေးစရာလမ်းမှာ အလုပ်

ခြင်ဆေးခွေထွန်းရာမှ ရွှေစက်တော်ဘုရားဖူး အထူးတည်းခိုဆောင်များ နံနက်စောစောမီးလောင်...

ခြင်ဆေးခွေထွန်းရာမှ ရွှေစက်တော်ဘုရားဖူး အထူးတည်းခိုဆောင်များ နံနက်စောစောမီးလောင် မန်းရွှေစက်တော်၊ မတ်လ၁၉ မန်းရွှေစက်တော်ဘုရားပွဲကွင်းရှိ(နမ္မဒါ)အဆောင်(၅) အခန်း(၆)တွင်တည်းခိုသူ ထွန်းညှိထားသောခြင်ဆေးခွေမှတစ်ဆင့် မတ်လ(၁၉)ရက်နံနက်(၂း၂၀)နာရီတွင်မီးလောင်ကျွမ်းခဲ့သည်။ လောင်ခဲ့သောမီးကြောင့်တည်းခိုဆောင်(၁၄)ဆောင်၊ ဆုံးရှုံးမှုတန်ဖိုးကျပ်သိန်းသုံးဆယ်နှင့် သုံးသောင်းခန့်ရှိခဲ့သည်ဟုမင်းဘူးမီးသတ်ဦးစီးမှထုတ်ပြန်ခဲ့သည်။ မီးကိုနံနက်(၃)နာရီတွင် မန်းစက်တော်ရာမီးသတ်ဖွဲ့နှင့်အတူ မကွေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးဆောင်လျှက် မင်းဘူး၊ငဖဲ မီးငြိးသတ်ယာဉ်များနင့် သန္တေ(၂၇)ဦး၊အရန်(၃၆)ဦးတို့ပူးပေါင်းပါဝင်ငြိမ်းသတ်နိုင်ခဲ့သည်။ အဆိုပါတည်းခိုဆောင်များမှာ နမ္မဒါကွင်းတွင်သီးသန့်ဆောက်လုပ်ထားရှိကြောင်းနှင့် ဌာနဆိုင်ရာတည်းခိုဆောင်များနှင့် အလွန်နီး ကပ်သော်လည်း မီးကူးဆက်လောင်ကျွမ်းခြင်းမရှိဟုသိရသည်။ "အားလုံးတော့လန့်ဖြတ်ကုန်တာပေါ့ဗျာ၊ထူးခြားတာကမီးက ကွင်းထဲတင်ဝေ့လောင်နေတာဗျ၊တခြားကိုမကူးဖူး" ဟု မျက်မြင်ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးမှ ပြောပြခဲ့သည်။ ယခုအခါမီးလောင်ကွင်းကိုစက်ကြီးများဖြင့်ရှင်းလင်

စီမံကိန်းနယ်မြေအများစုကို ယနေ့အချိန်အထိ ပိုင်ဆိုင်နိုင်ခြင်း မရှိသေးကြောင်း မြန်...

စီမံကိန်းနယ်မြေအများစုကို ယနေ့အချိန်အထိ ပိုင်ဆိုင်နိုင်ခြင်း မရှိသေးကြောင်း မြန်မာဝမ်ပေါင်ဆို 'မြန်မာဝမ်ပေါင်' ကုမ္ပဏီအနေဖြင့် စီမံကိန်းနယ်မြေအများစုကို ယနေ့အ ချိန်အထိ ပိုင်ဆိုင်နိုင်သေးခြင်း မရှိသေးကြောင်း အထွေထွေမန်နေဂျာ မစ္စတာ ဂန်းရီက ပြောသည်။ ''စီမံကိန်းမှာ လက်ရှိမြန်မာနိုင်ငံရဲ့ တရားဥပဒေကို အခြေခံပြီး အစိုးရရဲ့ လမ်းညွှန်မှုနဲ့ မြေယာထောက်ပံ့ကြေးတွေကိုလည်း သုံးကြမ်တိုင်တိုင်ထပ်တိုး ပေးထားပါတယ်။ သို့ပေမယ့် လက်တွေ့မှာတော့ စီမံကိန်းနယ်မြေ အများစုကို ပိုင်ဆိုင်နိုင်ခြင်း မရှိသေးပါဘူး။ ဒီကိစ္စ ရပ်တွေကို အချိန်တိတိကျကျသတ်မှတ် ပြီး နည်းမျိုးစုံနဲ့ ဖြေရှင်းနိုင်ဖို့ လိုအပ်နေပါတယ်''ဟု မစ္စတာ ဂန်းရီက ပြောခြင်း ဖြစ်သည်။ ''ကျွန်တော်တို့ စီမံကိန်းစတင်ခဲ့ တာ ၉ နှစ်ရှိပါပြီ။ ကျွန်တော်ဆိုရင်လည်း မြန်မာနိုင်ငံကို ရောက်နေတာ ၈ နှစ်ရှိနေပါပြီ''ဟုလည်း မစ္စတာ ဂန်းရီက ပြောပါသေးသည်။ မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ဆီဒီုးနားဟိုတယ်တွင် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတ ကာ လေ့လာရေးဌာန (CSIS) နှင့် နိုင် ငံတကာအပြန် အလှန်ဆက်ဆံရေးဆိုင်ရာတရုတ် NGO ကွန်ရက် (China NG

မန္တလေးမြို့ တွင် စီးပွား ရေး တက္ကသိုလ် တည် ဆောက် ရန်အဆို တိုင်း လွှတ်တော် ယနေ့အတ...

မန္တလေးမြို့ တွင် စီးပွား ရေး တက္ကသိုလ် တည် ဆောက် ရန်အဆို တိုင်း လွှတ်တော် ယနေ့အတည်ပြု မန္တလေးမြို့-မတ်၁၉ မန္တလေးမြို့တွင် စီးပွား ရေး တက္ကသို လ် တစ် ခု ဖွင့် လှစ် ဆောင် ရွက် ပေး ရေး အဆို ကို ယ နေ့ ကျင်း ပ သောု မန္တလေးတိုင်း ဒေသ ကြီး လွှတ်တော် တွင် မဲခွဲ ဆုံးဖြတ်ပြီး အတည်ပြု ခဲ့ကြောင်း သိ ရသည်။ မန္တ လေး မြို့သည် စီးပွား ရေး အချက် အခြာကျပြီး မြန်မာပြည် ဒေသ တွင်းနှင့် ပြည် ပအထိ ရောင်း ၀ယ် ရေး ထွန်းကားသည့် မြို့ဖြစ် သည့် အ လျောက် စီးပွား ရေး ပညာ ကျွမ်းကျင် သော လူ့ စွမ်းအား အရင်း အမြစ် များ လိုအပ် ပါ ၍ စီးပွားရေး ပညာကို သီးခြား စီးပွား ရေး တက္ကသို လ် တစ် ခု ဖွင့် လှစ် ဆောင် ရွက် ပေး ရေး အဆို ကို လွှတ်တော် ကိုယ် စားလှယ် နှစ် ဦးက ထောက် ခံဆွေးနွေးခဲ့ပြီး သက် ဆိုင် ရာ လူ မှု ရေးဝန် ကြီး က လော လော ဆယ် တည် ဆောက် ပေးရန်အစီအစဉ် မရှိ သေးဟု ပြောကြားခဲ့သော် လည်း လွှတ်တော် က မဲခွဲ ဆုံးဖြတ် အတည်ပြုခဲ့ ခြင်း ဖြစ် သည်။ ပထမ အကြိမ် မန္တ လေးတိုင်း ဒေသကြီးလွှတ်တော် န၀မ ပုံမှန် အစည်းအ ဝေး အဌမ နေ့ အဖြစ် ယ နေ့ ကျင်း ပ နေ ခြင်း ဖြစ် သည။်ခက်ဆစ် from Popular Myanmar News Journal's Facebook Wall http://ift.tt/1osakvR

ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းဆရာဝန်များ အောင်မြင်စွာ ခွဲစိတ်ကုသ ပေးခဲ့သည့် ခြေလေး...

ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းဆရာဝန်များ အောင်မြင်စွာ ခွဲစိတ်ကုသ ပေးခဲ့သည့် ခြေလေးချောင်းပါကလေးငယ် နေရပ်သို့ ကျန်းမာစွာပြန်ပြီ ရှမ်းပြည်နယ်မှ ခြေထောက်လေးချောင်းပါ ကလေးငယ်ကို လူကောင်းပကတိဖြစ်အောင် ပြည်တွင်းဆရာဝန်များအဖွဲ့က ရန်ကင်းကလေးဆေးရုံကြီးတွင် အောင်မြင်စွာခွဲစိတ် ကုသမှု ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။ အဆင့် ၄ ဆင့် ခွဲစိတ်မှုပြုလုပ်ခဲ့ရပြီး ဒုတိယအဆင့်၌ အချိန် ၁ဝ နာရီကျော် ယူခဲ့ရသော ယင်းခွဲစိတ်မှုမှာ မြန်မာ့ဆေးပညာ လောက၌ အချိန်အကြာဆုံးနှင့် ပထမဦးဆုံး ခွဲစိတ်မှုတစ်ခုလည်းဖြစ်ပြီး ကလေးငယ်မှာကျန်းမာစွာဖြင့် ဆေးရုံမှဆင်းသွားပြီဟု သိရသည်။ ခွဲစိတ်မှုတွင် ပါဝင်သူ ရန်ကင်းကလေးဆေးရုံ အုပ်ကြီး ဒေါက်တာ အောင်မြင့်လွင်က ''ရင်ချင်းဆက် စတာတွေကို ခွဲစိတ်မှု ပြုလုပ်ခဲ့ဖူးပေမယ့် ခြေထောက်အပိုပါတာကို ခွဲစိတ်တာက ဒါပထမဦးဆုံးပါပဲ''ဟုပြောသည်။ ရှမ်းပြည်နယ် ပင်လုံမြို့နယ်ထဲမှ လွယ်မွတ်ကျေးရွာ တွင် နေထိုင်သည့် တောင်သူမိသားစုမှ မွေးဖွားလာသော အဆိုပါ ကလေးငယ်မှာ မိန်းကလေးဖြစ် ပြီး ခွဲစိတ်မှုကို ပြီးခဲ့သော ၂ဝ၁၃ ခုနှစ် ဇူလိုင်လက ရန်ကင်းဆေးရုံတွင် စတင် ပြုလုပ်ခဲ့သည် ဟု ဆေးရုံမှတ်တမ်းများ အရ သိရသည်။ ရန်ကင်းဆေးရုံသ

အစိုးရ၏ကတိများ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အပြီးသတ်ဆောင်ရွက်ရန် ဦးခင်အောင်မြင့် တ...

အစိုးရ၏ကတိများ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အပြီးသတ်ဆောင်ရွက်ရန် ဦးခင်အောင်မြင့် တိုက်တွန်း နေပြည်တော်၊ မတ် ၁၈ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများက လွှတ်တော်အတွင်း လာရောက် ပြောကြားထားသည့် ကတိများကို လွှတ်တော် သက်တမ်းကုန်ဆုံးချိန် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ကာလအတွင်း အကောင်အထည် ဖော်ရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တိုက်တွန်း ပြောကြားသည်။ လွှတ်တော်သက်တမ်း ၂ နှစ်ခန့်သာ ကျန်တော့သည့် အချိန်တွင် ဆောင်ရွက်ရန် ကျန်ရှိသည့် ကတိကဝတ်များနှင့် ပတ်သက်ပြီး လာမည့် ဘဏ္ဍာနှစ်များတွင် ဘတ်ဂျက်ငွေ ထည့်သွင်း တောင်းခံရန်လည်း မတ်လ ၁၈ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် တိုက်တွန်းခဲ့သည်။ ကတိပေးထားပြီး ဆောင်ရွက်ရန် ကျန်သည့် ကိစ္စများအတွက် ဘတ်ဂျက်ငွေကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်နှင့် နောက်ဆက်တွဲ ရန်ပုံငွေ သို့မဟုတ် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်နှင့် ယင်းနှစ်၏ နောက်ဆက်တွဲ ရန်ပုံငွေ စာရင်းများတွင် ထည့်သွင်း တောင်းဆိုနိုင်ရန် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီအနေနှင့် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဆွေးနွေးရမည့်အပြင် သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် ညှိနှိုင်းရန် လိုကြောင်း ၎င်းကဆိုသည်။ “အဲ
မပြီးဆုံးသေးသော တံတားနီ ပန်းချီကားတစ်ချပ် myanmar.mmtimes.com "ကျောင်းသူ တစ်ယောက်ရဲ့ လည်ကုပ်ကို လုံထိန်းရဲက တုတ်နဲ့ဖြတ်ရိုက်လိုက်တော့ သူကန်ဘောင် ပေါ်ကနေ ထွေးခနဲ့လိမ့်ပြီး ကျသွားတဲ့မြင်ကွင်းကို ကျွန်တော့ မျက်လုံးထဲ မြင်မိတယ်"ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်က သူမမေ့နိုင်သည့်မြင်ကွင်း တစ်ခုကို ပြောသည်။ from The Myanmar Times's Facebook Wall http://ift.tt/1cXYBDy

မြန်မာနိုင်ငံ၏ မြေမြှုပ်မိုင်းပညာပေး လုပ်ငန်းများ အမေရိကန်အစိုးရ ကူညီမည် ရန်ကုန...

မြန်မာနိုင်ငံ၏ မြေမြှုပ်မိုင်းပညာပေး လုပ်ငန်းများ အမေရိကန်အစိုးရ ကူညီမည် ရန်ကုန်၊ မတ် ၁၈ လက်နက်ကိုင် ပဋိပက္ခများ၏ နောက်ဆက်တွဲ မြေမြှုပ်မိုင်း အန္တရာယ် ပညာပေး အစီအစဉ်များအတွက် ကယားပြည်နယ်ရှိ ဒေသခံ အရပ်ဘက် အဖွဲ့အစည်းများထံ အမေရိကန် အစိုးရက အမေရိကန်ဒေါ်လာ တစ်သိန်းကျော် ထောက်ပံ့ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ထုတ်ပြန်သည်။ အဆိုပါ ထောက်ပံ့ငွေများကို မတ်လ ၂၀ ရက်နေ့တွင် ကယားဒေသခံ အဖွဲ့အစည်းများထံ အပ်နှံမည်ဖြစ်ပြီး ယင်းအသုံးစရိတ်များကို မြေမြှုပ်မိုင်းဆိုင်ရာ ပညာပေး လုပ်ငန်းများနှင့် မိုင်းဒဏ်ခံရသူများ ကျန်းမာရေး စောင့်ရှောက်မှုတွင် အသုံးပြုရန် ရည်ရွယ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။ ကယားပြည်နယ်သည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှု အများဆုံး ပြည်နယ်တစ်ခု ဖြစ်ပြီး ပြည်နယ် တစ်ခုလုံးရှိ လူဦးရေ ထက်ဝက်မှာ မြေမြှုပ်မိုင်းဒဏ် ခံစားနေရကြောင်း မြေမြှုပ်မိုင်း ရှင်းလင်းရေးနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းများက ဆိုသည်။ မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်း အများဆုံးရှိရာ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မြေမြှုပ်မိုင်း ရှင်းလင်းရေးနှင့် မိုင်းအန္တရ

လိမ်လည်ရောင်းချခံရသော မော်တော်ယာဉ်များ သုံးပုံနှစ်ပုံခန့် ပြန်လည်ရရှိဟုဆို ရန်က...

လိမ်လည်ရောင်းချခံရသော မော်တော်ယာဉ်များ သုံးပုံနှစ်ပုံခန့် ပြန်လည်ရရှိဟုဆို ရန်ကုန်၊ မတ် ၁၈ မော်တော်ယာဉ် နံပါတ်အနက်များကို လချုပ်အဖြစ် ငှားရမ်းရာမှ လိမ်လည် ရောင်းချခံရသည့် မော်တော်ယာဉ်များ အနက်မှ သုံးပုံနှစ်ပုံခန့် ပြန်လည် ရရှိပြီ ဖြစ်ကြောင်း လိမ်လည်ခံရသည့် မော်တော်ယာဉ် အငှားဝန်ဆောင်မှု ကုမ္ပဏီအချို့ထံမှ သိရသည်။ “ကားတချို့ ပြန်ရပြီ။ တချို့ကတော့ တရားရုံးမှာ အမှုရင်ဆိုင်နေရတုန်းပဲ။ ကျန်တဲ့ ကားတွေကိုလည်း ဆက်စုံစမ်း နေပါတယ်” ဟု ရောင်နီဦး မော်တော်ယာဉ် ငှားရမ်း၊ ရောင်းချရေးစင်တာမှ မန်နေဂျာ ဦးဝင်းထွဋ်က ပြောကြားသည်။ အဆိုပါ မော်တော်ယာဉ်များကို လိမ်လည်သူများက မှတ်ပုံတင်အတု၊ နေရပ်လိပ်စာ အတုနှင့် သန်းခေါင်စာရင်း အတုများဖြင့် လိမ်လည် ငှားရမ်းကာ ပြန်လည် ရောင်းချခြင်း ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီများထံမှ သိရသည်။ “ကျွန်တော်တို့ ကုမ္ပဏီကတော့ ၁၀ စီးပျောက်တာ ကိုးစီးပြန်တွေ့ပါပြီ။ သုံးစီးက ကျွန်တော်တို့ဆီ ရောက်နေပါပြီ။ ခြောက်စီးကတော့ အမှုရင်ဆိုင်နေရတုန်းပါ။ အဲဒီလိုပဲ တစ်ချို့ကားပိုင်ရှင်တွေလည်း ပြန်ရနေကြပါပြီ” ဟု ဦးဝင်းထွဋ်က ဆိုသည်။ ယင်းသို့ လိမ်လည်ရောင်းချ ခံရသည့် မော်တော်ယာဉ် အစီးရေ စုစုပေါင်း ၇၀ ခန့်ရှိကြောင

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ကို တာဝန်မှရုပ်သိမ်းနိုင်မည့် ဥပဒေကြမ်း အတည်ပြု

နေပြည်တော်၊ မတ် ၁၈ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်ထားသော တပ်မတော် သားလွှတ်တော်ကိုယ် စား လှယ်များ ကို ပြည်သူလူထုက လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ ရုပ်သိမ်းနိုင်မည့် ဥပဒေကြမ်းကို ယနေ့ ကျင်းပသော ပြည်သူ့ လွှတ်တော် အစည်းအဝေးကအတည် ပြုလိုက်ပြီဖြစ်သည်။ နိုင်ငံတော်နှင့် နိုင်ငံသားများ ၏အကျိုး ကို အခြေခံဥပဒေပါ ပြဌာန်းချက်များ နှင့်အညီ ထမ်းဆောင်ခြင်း မရှိပါက လွှတ်တော်ကိုယ်စားလှယ်တာဝန်မှ from Myanmar CNN http://ift.tt/1ighqkG

ဂျပန်အကြီးစား စီးပွားရေး လုပ်ငန်းများ သီလဝါထက် ထားဝယ်ကို ပိုစိတ်ဝင်စား ရန်ကုန်...

ဂျပန်အကြီးစား စီးပွားရေး လုပ်ငန်းများ သီလဝါထက် ထားဝယ်ကို ပိုစိတ်ဝင်စား ရန်ကုန်၊ မတ် ၁၈ ဂျပန်နိုင်ငံမှ အကြီးစား စီးပွားရေး လုပ်ငန်းကြီးများက သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံခြင်းထက် ထားဝယ် အထူးစီးပွားရေးဇုန်တွင် လုပ်ငန်း လုပ်ကိုင်ရန် ပိုမို စိတ်ဝင်စားကြောင်း ဂျပန်နိုင်ငံ ပြည်ပကုန်သွယ်မှုအဖွဲ့မှ အမှုဆောင် အုပ်ချုပ်မှု ဒါရိုက်တာ Mr. Masaki Takahara က The Voice သို့ ပြောကြားသည်။ “သီလဝါက မြစ်ထဲကို ပြန်ဝင်ရတာ ရှိပေမယ့် ထားဝယ်က ပိုပြီးကြီးတယ်။ ဒါ့အပြင် ဘန်ကောက်မြို့ အနောက်ဘက် ကီလိုမီတာ ၃၂၀ အကွာမှာ ရှိတာရယ်။ လွတ်လွတ်လပ်လပ် လုပ်နိုင်တာကြောင့် ထားဝယ်ကို စိတ်ဝင်စားကြတယ်” ဟု ၎င်းကဆိုသည်။ ထားဝယ် အထူးစီးပွားရေးဇုန်၏ တည်ဆောက်မှု အခြေအနေမှာ လတ်တလောတွင် ဆိုင်းငံ့ထားပြီး ယခင်ဇုန်တည်ဆောက်ရေး တာဝန်ခံ အီတာလျံ-ထိုင်းကုမ္ပဏီ နုတ်ထွက်ပြီးနောက်တွင် စီမံကိန်း၏ နောက်ဆုံး အခြေအနေ သိရှိရန် တိုင်းတာစစ်ဆေးမှုများ (Due Diligent) ပြုလုပ်ရဦးမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဒီဇင်ဘာလက ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဟံစိန်က ပြောကြားထားသည်။ “ထားဝယ်စီမံကိန်းက စလု

အသေးစားရွှေတူးဖော်ရေး လုပ်ငန်းများတွင် CN ဓာတုပစ္စည်း အသုံးပြုခွင့်ပေးရန် လွှတ်တော်...

အသေးစားရွှေတူးဖော်ရေး လုပ်ငန်းများတွင် CN ဓာတုပစ္စည်း အသုံးပြုခွင့်ပေးရန် လွှတ်တော်တင် နေပြည်တော်၊ မတ် ၁၈ ရွှေတူးဖော်ရှာဖွေရာတွင် ထည့်သွင်း အသုံးပြုရသည့် ဆိုင်ရာနိုက် (CN) ဓာတ်ဆေး (ဓာတုပစ္စည်း) ကို အသေးစား ရွှေထုတ်လုပ်ငန်းများတွင် တရားဝင် အသုံးပြုခွင့်ပေးရန် မတ်လ ၁၈ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ သတ္တုနှင့် သယံဇာတရေးရာ ကော်မတီ အတွင်းရေးမှူး ဦးလှဆွေက တင်သွင်းခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ သတ္တုတွင်း ဝန်ကြီးဌာနက ရွှေတူးဖော်ရေး လုပ်ငန်းများအနေနှင့် တရားဝင် ခွင့်ပြုထားခြင်း မရှိသော ဆိုင်ရာနိုက် ဓာတုပစ္စည်းများကို အသေးစား ရွှေတူးဖော်ရေး လုပ်ငန်းများတွင် သုံးစွဲနေမှုများစွာ ရှိနေသောကြောင့် တရားဝင် ခွင့်ပြုပြီး စနစ်တကျ အသုံးပြုရန် ညွှန်ကြားပါက ပတ်ဝန်းကျင် ထိခိုက်မှု နည်းလာမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက ပြောဆိုသည်။ အဆိုပါဆိုင်ရာ နိုက်ဓာတ်ဆေး တစ်တန်လျှင် ပြင်ပပေါက်ဈေး ကျပ်ဆယ်သိန်း ဝန်းကျင်သာ ရှိသော်လည်း တရားဝင် ခွင့်ပြုထားမှု မရှိခြင်းကြောင့် အသေးစား လုပ်ငန်းရှင်များ အနေနှင့် ယင်းဓာတ်ဆေး အသုံးပြုခွင့်ရရှိသည့် ကုမ္ပဏီကြီးများထံမှ တစ်တန်လျှင် ကျ

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး ‘ဝ’၊ မိုင်းလား လက်နက်ကိုင်အဖွဲ့များနှင့် ဦးသိန်းေ...

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး ‘ဝ’၊ မိုင်းလား လက်နက်ကိုင်အဖွဲ့များနှင့် ဦးသိန်းဇော် တွေ့ဆုံမည် ကျိုင်းတုံ၊ မတ် ၁၈ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP/UWSA၊ မိုင်းလား လက်နက်ကိုင် တပ်ဖွဲ့တို့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ထပ်မံတွေ့ဆုံမည် ဖြစ်ကြောင်း အဆိုပါ တပ်ဖွဲ့များ၏ ဆက်ဆံရေးရုံးများထံမှ သိရှိရသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်သည် မတ်လ ၁၉ ရက်နေ့တွင် မိုင်းလားတပ်ဖွဲ့နှင့် တွေ့ဆုံမည်ဖြစ်ပြီး မတ်လ ၂၀ ရက်နေ့တွင် ‘ဝ’ အထူးဒေသ ပန်းဆန်း၌ UWSP/UWSA နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရသည်။ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးမည်ဟု ဆိုသော်လည်း မည်သည့် အကြောင်းအရာများ ဆွေးနွေးမည်ကို ကြိုတင် သတင်းထုတ်ပြန်ခွင့် မရှိကြောင်း UWSP ၏ ပြင်ပဆက်ဆံရေးဌာန ရုံးတာဝန်ခံ ဦးအားမင်က ဆိုသည်။ ‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးပါတီသည် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီးနောက်ပိုင်း ပြုလုပ်မည့် တိုင်းရင်းသားအားလုံး ပ

မန္တလေးတွင် တရုတ်အကူအညီဖြင့် ခုတင် ၃၀၀ ဆံ့ ကလေးဆေးရုံ တည်ဆောက်မည်

မန္တလေး၊ မတ် ၁၇ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကူအညီဖြင့် မန္တလေးမြို့တော်တွင် ခုတင် ၃၀၀ ဆံ့ အထွေထွေရောဂါကု ကလေးဆေးရုံ ထပ်မံတည်ဆောက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာဝင်းလှိုင်က ပြောကြားသည်။ တရုတ်နိုင်ငံက မည်မျှ အကူအညီ ပေးမည်ကိုမူ မသိရှိရသေးပေ။ မန္တလေးခရိုင် မဟာအောင်မြေမြို့နယ် ၃၅လမ်း၊ ၆၆လမ်းရှိ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန မြေနေရာတွင် ကုတင် ၃၀၀ ဆံ့ အထွေထွေရောဂါကု from Myanmar CNN http://ift.tt/1qSEVVC

ကျွဲများအား စက်လှေဖြင့် တရားမ၀င်သယ်ဆောင်လာစဉ် ဖမ်းဆီးရမိ

ရန်ကုန်၊ မတ် ၁၈ ၁၆.၃.၂၀၁၄ ရက်နေ့တွင် ဧရာဝတီရေတပ်စခန်းဌာနချုပ်၏ ကွပ်ကဲမှုေ အောက်ရှိ အမှတ်(၃၆)စစ်ရေယာဉ်စုလက်အောက်ခံ ထောက်ပံ့ရေး ရေယာဉ်(၆၂၃)တွင်လိုက်ပါသော ဗိုလ်တထောင်မြို့နယ်၊သန်လျက်စွန်း၊ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ တပ်ကြပ်ကြီး အောင်ဝင်းလှိုင်နှင့် အဖွဲ့သည် မြန်မာ့ပင်လယ်ပြင် ရေပိုင်နက်အတွင်း စစ်ဆင်ရေးတာဝန် ဆောင်ရွက်နေစဉ် ဖျာပုံဘက်မှကျိုက္ခမီဘက်သို့ ခုတ်မောင်းနေသော စက်တပ်လှေတစ်စီးအားတွေ့ရှိသဖြင့် from Myanmar CNN http://ift.tt/1hzkmqQ

သာကေတမြို့နယ်တွင် ခိုက်ရန်ဖြစ်ပွားကာ ဓါးဖြင့်ထိုးခဲ့၍(၁)ဦးသေ၊(၂)ဦး ဒဏ်ရာရခဲ့သည့် အမှုမှ ကျန်ရှိ နေသော ပြစ်မှုကျူးလွန်ပြီး ထွက်ပြေး တိမ်းရှောင်နေသူ (၂)ဦးကို မိဘအုပ်ထိန်းသူများက ရဲစခန်းသို့ လာရောက်အပ်နှံ

ရန်ကုန်၊ မတ် ၁၈ ၁၂.၃.၂၀၁၄ ရက်နေ့ ၂၃၃၀အချိန်ခန့်တွင် ကိုကျော်ထင်ဦးနှင့်သူငယ်ချင်း (၅)ဦးတို့သည် သာကေတမြို့နယ် ရန်ပြေထိပ်အနီးရှိ အရက်ဆိုင်တွင် အတူအရက်သောက်ခဲ့ကြပြီးပြန်လာခဲ့ကြစဉ် အချင်းချင်း ဖုန်းဆက်ပြီး ဆဲဆိုပြောသည်ကို အနီးရှိလမ်းဘေးတွင်ထိုင်နေကြသောအမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးတို့က ၎င်းတို့ကိုဆဲသည်ဟုထင်ကာ နှစ်ဖက်အုပ်စု စကားများခဲ့ကြပြီး ခိုက်ရန်ဖြစ်ပွားခဲ့သည့်အတွက် (၁)ဦးသေဆုံးပြီး(၂) from Myanmar CNN http://ift.tt/1qSEU3W

အမေရိကန်ကို “ပြာမှုန့်” ဖြစ်အောင် ရုရှလုပ်နိုင်ဟု နိုင်ငံပိုင်ရုပ်သံ ဆို

photo-internet အေအက်ဖ်ပီ ကရိုင်းမီးယားဒေသနှင့် သက်ဆိုင်သော တင်းမာမှုများ မြင့်တက်နေသည့် အချိန်နှင့် တစ်ပြိုင်နက်တည်း၌ ရုရှနိုင်ငံပိုင် ရုပ်သံဌာနမှ အမေရိကန်နိုင်ငံကို “ပြာအဖြစ် ပြောင်းလဲသွားစေရန် ရုရှနိုင်ငံသာလျှင် ပြုလုပ်နိုင် သည်” ဟု ရုရှရုပ်သံမှ မတ်လ ၁၆ ရက်က ဖော်ပြခဲ့သည်ဟု အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ “အမေရိကန်နိုင်ငံကို ရေဒီယိုသတ္ထုကြွ ပြာမှုန်ဖြစ်သွားအောင် အမှန်တကယ်ြ from Myanmar CNN http://ift.tt/1hzkk1Y

လစ်ဗျားသူပုန်များ ရေနံတင်ပို့သည့် သင်္ဘောကို အမေရိကန်ကွန်မန်ဒိုများ စီးနင်း

Tuesday, March 18, 2014 လစ်ဗျားအစိုးရ ဆန့်ကျင်ရေး သူပုန်တပ်ဖွဲ့များထံမှ တင်ပို့လိုက်သည့် ရေနံများ သယ်ဆောင်လာသော သင်္ဘောတစ်စင်းကို အမေရိကန်ရေတပ် အထူးကွန်မန်ဒိုများက စီးနင်းလိုက်ကြောင်း သိရသည်။ ဆိုက်ပရပ်စ်တောင်ပိုင်း နိုင်ငံတကာ ရေပိုင်နက်တွင် Morning Gloryကို တားဆီးထိန်းချုပ်ခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က ကြေညာသည်။ Morning Gloryသင်္ဘောသည် လစ်ဗျားသူပုန်များ သိမ်းပိုက်ထားသည့် နိုင်ငံအရှေ့ပိုင်း from Myanmar CNN http://ift.tt/1qSETwX