Skip to main content

နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး ‘ဝ’၊ မိုင်းလား လက်နက်ကိုင်အဖွဲ့များနှင့် ဦးသိန်းေ...



နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး ‘ဝ’၊ မိုင်းလား လက်နက်ကိုင်အဖွဲ့များနှင့် ဦးသိန်းဇော် တွေ့ဆုံမည်



ကျိုင်းတုံ၊ မတ် ၁၈



နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP/UWSA၊ မိုင်းလား လက်နက်ကိုင် တပ်ဖွဲ့တို့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော် ထပ်မံတွေ့ဆုံမည် ဖြစ်ကြောင်း အဆိုပါ တပ်ဖွဲ့များ၏ ဆက်ဆံရေးရုံးများထံမှ သိရှိရသည်။



ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်သည် မတ်လ ၁၉ ရက်နေ့တွင် မိုင်းလားတပ်ဖွဲ့နှင့် တွေ့ဆုံမည်ဖြစ်ပြီး မတ်လ ၂၀ ရက်နေ့တွင် ‘ဝ’ အထူးဒေသ ပန်းဆန်း၌ UWSP/UWSA နှင့် တွေ့ဆုံမည် ဖြစ်ကြောင်း အဆိုပါ အဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရသည်။



နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးမည်ဟု ဆိုသော်လည်း မည်သည့် အကြောင်းအရာများ ဆွေးနွေးမည်ကို ကြိုတင် သတင်းထုတ်ပြန်ခွင့် မရှိကြောင်း UWSP ၏ ပြင်ပဆက်ဆံရေးဌာန ရုံးတာဝန်ခံ ဦးအားမင်က ဆိုသည်။

‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးပါတီသည် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီးနောက်ပိုင်း ပြုလုပ်မည့် တိုင်းရင်းသားအားလုံး ပါဝင်သော နိုင်ငံရေး ဆွေးနွေးပွဲတွင် ‘ဝ’ ပြည်နယ် သီးသန့် သတ်မှတ်ရေးအတွက် တောင်းဆိုမည် ဖြစ်ကြောင်း ပြောဆိုထားပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံလည်း မကြာခဏ တင်ပြတောင်းဆိုထားသည်။



ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်း နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော သန်းခေါင်စာရင်းနှင့် နေအိမ်အကြောင်းအရာ ဆိုင်ရာ ဆွေးနွေးပွဲသို့ UWSP ခေါင်းဆောင်အချို့ နေပြည်တော်သို့ ပထမဆုံး လာရောက်ကာ ပါဝင်ဆွေးနွေးခဲ့ကြသည်။



‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP) သည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အများစု ပါဝင်သည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအဖွဲ့ (NCCT) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးညီလာခံများတွင် ပါဝင်ခြင်း မရှိဘဲ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ထုတ်ပြန် ပြောဆိုထားသည့် အဖွဲ့အစည်းလည်း ဖြစ်သည်။



ယခုနှစ် မတ်လ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် မြန်မာ ငြိမ်းချမ်းရေးစင်တာ၌ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအဖွဲ့ NCCT နှင့် တပ်မတော် ခေါင်းဆောင်အချို့ ညှိနှိုင်းပြီး ဧပြီလ ပထမပတ်အတွင်း နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ကရင်ပြည်နယ် ဘားအံမြို့တွင် အကြိုဆွေးနွေးပွဲ ပြုလုပ်ရန် သဘောတူခဲ့သည်။





from The Voice Weekly's Facebook Wall http://ift.tt/1j1NFYk

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ်ယားခြင်း

အရင်ကတော့ ဒီလိုစာမျိုးကို ‘ဖေ့စ်ဘွတ်’ မှာမတင်ပါ။ (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာ ‘ဘလော့ခ်’ ပိတ်သွားလို့သာ တင်ပါတယ်။ နားလည်မှုပေးကြစေလိုပါတယ်။ ၁။ ကျွန်မအသက် ၃၃ ပြည့်ခါနီးပါပြီဆရာ။ အပျိုပါဆရာ။ ကန်တော့ပါဆရာ မိန်းမအဂါင်္တဝိုက် ယားယံမှုဖြစ်လို့ ညည အိပ်မရဘူးဆရာ။ အပြင်ဘေးပတ်ပတ်လည်က ယားတယ်ဆရာ။ အဖြူအဆက်မပြတ်ဆင်းတတ်လို့ အမြဲ daily pad သုံးပြီး Lactacyd (gentle cleaning wash) သုံးတယ်ဆရာ။ အမြဲအနံ့အသက်ကအစ သန့်ရှင်းမှုဂရုစိုက်တာတောင် ယားယံမှုက မခံမရပ်နိုင်ဘူးဆရာ။ ကျွန်မအခု့ မှာပါဆရာ။ အပူစာအစပ်စာ ရှောင်ပါတယ်ဆရာ။ ဘာကြောင့်ဖြစ်မှန်း မသိဘူးဆရာရယ်။ အလုပ်တဖက်နဲ့မို့ ညအိပ်ရေးပျက်တာ တော်တော် ဆိုးဝါးတယ်။ အခုရက်ပိုင်း ပိုဆိုးဝါးလို့ရေနွေးကို ဆားရှာလကာရည်ထည့်ပြီး အပေါ့သွားတိုင်း ဆေးပါတယ်ဆရာ။ လိမ်းဆေး Dermovate cream ကိုတနေ့ ၂ ကြိမ် ယားယံတဲ့နေရာပတ်ဝန်းကျင် လိမ်းပေမဲ့ လိမ်းတုန်းသက်သာပြီး ပြန်ဖြစ်တယ်ဆရာ။ ကျွန်မနာမည့့် ပါဆရာ။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာ။ မိန်းမအဂါင်္ပါ တခါတလေယားယံတာရော ကင်ဆာဖြစ်နိုင်ပါသလားဆရာ။ အလုပ်လုပ်ရတာ ဒီလိုဖြစ်နေတော့ စိတ်နဲ့လူမကပ်ဘူးဆရာရယ်။ ၂။ သမီးအိမ်ထောင်ပြုတာ ၁ နှစ်ရှိပါပြီ။ အသက်က...

ဆေးဝါး အလွဲသုံးစွဲခြင်း

ဆေးဝါး အလွဲသုံးစွဲခြင်း လူသားများဟာ ဆေးဝါးကို တလွဲ သုံးနေတတ် ကြတယ်။ တန်ဆေး လွန်ဘေး ဆိုသလို ကိုယ်ကျိုးကို အမှုမထားဘဲ သက်သာရင် ပြီးရောဆိုပြီး အလွယ်တကူ သုံးနေကြတယ်။ (၁) အပူကျ ၊ အကိုက်အခဲ ပျောက်ဆေး အလွယ်သုံးခြင်း ကိုယ်ပူတာ ၊ ကိုက်ခဲ နာကျင်တာ ဖြစ်စေတဲ့ အကြောင်း ဇာစ်မြစ်ဟာ များပြား ရှုပ်ထွေးတယ်။ ရောဂါကြီး ငယ်ရဲ့ ဇာစ်မြစ် အတိအကျ မသိဘဲ အပူကျဆေး ၊ အကိုက်အခဲ ပျောက်ဆေး သုံးရင် သက်သာရုံ သက်သာစေပြီးေ from Myanmar CNN http://ift.tt/1iHIUmM

ဘီပိုးအတွက် သဘ၀ဆေးပင်

ယခုပုံမှာ မြင်တွေ့နေရတဲ့ အပင်ဟာ အလွန်းဆေးဖက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘီပိုးအတွက် အသည်းရောဂါများအတွက် အသုံးပြုနိုင်ပါတယ်။ ၄င်းအပင်ကို ကချင်ပြည်နယ်အနှံ့အပြားနှင့် ပူတာအိုဒေသတို့မှာ အများအပြားတွေ့ရတတ်ပါတယ်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင် စတဲ့ အအေးပိုင်းဒေသတွေမှာလည်း ပေါက်တယ်လို့ သိရပါတယ်။ ဒေသအခေါ်အဝေါ် ခန္တီးရှမ်းဘာသဖြင့် ဖတ်ခွယ်၊ ကချင်လို ထင်ကဲ့၊ ရှမ်းလို ဖတ်ခေးဒေါင်း၊ မြန်မာလို ကြေးနီပင်၊ ကွမ်းရိုင်းရွတ်လှပင်၊ ပိတ်ချင်းပင်၊ ငါးညှီပင်၊ တရုတ်လို ယွီကျင်းဆိုက် (ငါးညှီဟင်း) ဆိုပြီးတော့ ဒေသအလိုက် အခေါ်အဝေါ်တွေ အမျိုးမျိုး ကွဲပြားကြပါတယ်။ သူ့ရဲ့အနံ့ကတော့ ငါးညှီနံ့၊ ငါးစိမ်းနံ့ ဖြစ်ပါတယ်။ အရွက်ပုံစံကတော့ ကွမ်းရွက်ပုံပါ။ အရောင်ကတော့ အစိမ်းခပ်ဖျော့ဖျော့ဖြစ်ပြီး ရိုးတံကတော့ ကြေးနီရောင် ပေါက်ပါတယ်။ ဆေးအဖြစ် အသုံးပြုပုံ (၁) ၄င်းအပင်၏ အရွက်၊ အရိုးတံ၊ အမြစ်တို့ကို ၅ ပင်ခန့် ခူးယူ၍ ရေစင်အောင်ဆေးကာ ရေ ၃ ခွက် ၁ ခွက် ကျို၍ တစ်နေ့တစ်ခွက် တစ်လခန့် သောက်သုံးပါက ဘီပိုးသက်သာ ပျောက်ကင်းစေပါသည်။ (၂) ၄င်းအရွက်နုနုများကို သုပ်စားနိုင်ပါသည်။ (၃) အခြားဟင်းသီးဟင်းရွတ်များနှင့်အတူ ရော၍ သုပ်စားနိုင်ပါသည်။ (၄) ၄င်းအမြှစ်က...