Skip to main content

Posts

Showing posts from May 11, 2014

သူတို့က ငါးတွေမဟုတ်။ ရွှံ့နွံတွေထဲ တစ်နေကုန် စိမ်နေတတ်သည့် ကျွဲများလည်း မဟုတ်။ သိ...

သူတို့က ငါးတွေမဟုတ်။ ရွှံ့နွံတွေထဲ တစ်နေကုန် စိမ်နေတတ်သည့် ကျွဲများလည်း မဟုတ်။ သို့သော် နံနက်မှစ အမှောင်စွန်းသည့် ညနေစောင်းအထိ ရေထဲတွင်သာ သူတို့ နေကြရသည်။ အပျော် ကစားနေခြင်း မဟုတ်ပါ။ ဝမ်းရေးအတွက် ရေစက်လက်ထဲ မမြင်ရသော သို့မဟုတ် မတော်တဆ ထိခိုက် နိုင်သော ဒဏ်ရာဒဏ်ချက်များနှင့် အကာအကွယ်မဲ့ ကျန်းမာ ရေးအာမခံချက်မဲ့မှု များအောက် ရှိနေကြရခြင်း ဖြစ်သည်။ အချို့က လူငယ်ဘဝမှစကာ နှစ်ပေါင်း ၂ဝ နီးပါးကာလ။ အချို့က ဆယ်စုနှစ် စွန်းစွန်း။ နေထွက်ချိန် ရေထဲဆင်း၍ နေဝင်ချိန် ကုန်းပေါ်တက်။ ထို့နောက် ထိုနည်းလည်းကောင်း ဘဝသံသရာရဟတ်က အရပ်အနားမရှိ ချာချာလည်။ တစ်နေ့တာလုပ်အားခ အသပြာကျပ်ငါး ထောင်သာသာအတွက် လက်တွေက မရပ်နိုင်၊ ခြေထောက်များလည်း မကိုက်ခဲနိုင်အား၊ ရေသည်လည်း မအေး၊ ရွှံ့နွံများသည်လည်း မနွေးထွေး။ လှေအဟောင်းမှ ဈေးကွက်ပြန်ဝင်မည့် သစ်များရရေးအတွက် သူတို့ဖျက်နေရ သည်မှာ သင်္ဘောလား၊ သူတို့အိပ်မက် ကိုယ်တိုင်ပင်လားကတော့ ဘယ်သူမှ တတ်အပ်သိနိုင်မည် မဟုတ်။ ဒလကမ်းနား တစ်နေရာသို့ သင် မတော်တဆ ရောက်ခဲ့ပါက ထိုမေးခွန်းကို မေ့ထားစေလိုပါသည်။ Photo by Ko Myo မျှော်လင့်ချက် ရေစက်လက်နှင့် မနုဿငါးများ သူတို့က ငါးတွေမဟုတ်။ ရွှံ့နွံတွေ
from The Voice Weekly's Facebook Wall http://ift.tt/1jibFjB

အခေါက်ရွှေ အရောင်းအဝယ်ပါး ရန်ကုန်၊ မေ ၁၁ ပြည်တွင်းရွှေဈေးမှာ မိုးဦးကျလာပြီ ဖြစ...

အခေါက်ရွှေ အရောင်းအဝယ်ပါး ရန်ကုန်၊ မေ ၁၁ ပြည်တွင်းရွှေဈေးမှာ မိုးဦးကျလာပြီ ဖြစ်သောကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ် ပါးနေကြောင်း ရွှေဘုံသာ အခေါက်ရွှေ လက်ကား ဈေးကွက်အတွင်းထံမှ သိရသည်။ “ရွှေဈေး အတက်အကျ မငြိမ်တာရယ်။ အခုက မိုးလည်း ကျလာတော့ ဈေးကွက်ထဲမှာ အရောင်းအဝယ်က ပါးလာတယ်” ဟု တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ဦးဇော်အောင်က ဆိုသည်။ ပြည်တွင်းရွှေဈေးမှာ လာမည့် တနင်္လာနေ့ အဖွင့်ဈေးတွင် ဆက်လက် ကျဆင်းနိုင်ခြေ ရှိပြီး ဈေးကွက်အတွင်း အရောင်းအဝယ်မှာလည်း ဆက်လက်အေးနိုင်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က သုံးသပ်သည်။ “မိုးကျလာရင် တောင်သူတွေက ရွှေမဝယ်ကြတော့ဘူး။ စပါးပေါ်ချိန်လောက်မှ ရွှေဝယ်တာ ဆိုတော့ အထည်ဈေးလည်းအေး၊ အပိုင်းဈေးကွက်လည်း အေးနေတယ်” ဟု ရွှေအပိုင်း လက်ကား အရောင်းအဝယ် လုပ်နေသည့် ရွှေကုန်သည်တစ်ဦးက ဆိုသည်။ ဧပြီလ ၁၀ ရက်နေ့ ကမ္ဘာ့ရွှေ အပိတ်ဈေးမှာ တစ်အောင်စလျှင် ၁၂၈၇ ဒေါ်လာ၊ ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၆၂,၅၀၀ ကျပ်ဖြင့် ဈေးပိတ်ထားပြီး လာမည့် တနင်္လာ အဖွင့်ဈေးတွင် ကမ္ဘာ့ဈေးနှင့်အတူ ပြည်တွင်းရွှေဈေးပါ ဆက်လက် ကျဆင်းနိုင်ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် တစ

"အလုပ်သင် သတင်းထောက် (၃)လ သင်တန်း ခေါ်ယူခြင်း"

"အလုပ်သင် သတင်းထောက် (၃)လ သင်တန်း ခေါ်ယူခြင်း" from Popular Myanmar News Journal's Facebook Wall http://ift.tt/1quIJyC

"၀န်ထမ်းအလိုရှိသည်။" အပတ်စဉ်ထုတ် ဂျာနယ် (၂)စောင် နှင့် လစဉ်ထုတ် မဂ္ဂဇင်း (၂)အုပ်...

"၀န်ထမ်းအလိုရှိသည်။" အပတ်စဉ်ထုတ် ဂျာနယ် (၂)စောင် နှင့် လစဉ်ထုတ် မဂ္ဂဇင်း (၂)အုပ် ထုတ်ဝေလျှက် ရှိသော Asian Fame Media Group မှ အောက်ပါ ၀န်ထမ်းများ ခန့်ထားလိုပါ၍ စိတ်ဝင်စားသူများ လျှောက်ထားနိုင်ပါသည်။ from Popular Myanmar News Journal's Facebook Wall http://ift.tt/1sD4lXe

မကွေးမြို့အတွင်းရှိ နေရာအချို့တွင် ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေ ရာထူးမှ နုတ်ထွ...

မကွေးမြို့အတွင်းရှိ နေရာအချို့တွင် ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေ ရာထူးမှ နုတ်ထွက်ပေးရန် စာရေးသား ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ မကွေးမြို့အတွင်းရှိ လူစည်ကား ရာနေရာများ၊ အဆောက်အအုံအချို့၏ နံရံများနှင့် ကြော်ငြာ ဆိုင်းဘုတ်များတွင် ‘ဘုန်းမော်ရွှေ မကွေးတိုင်းမှ နုတ်ထွက်ပေး’ဟု ရေးသားထားပြီး ၀န်ကြီးချုပ်အား ရာထူးမှ ဆင်းပေးရန် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ မကွေးတိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးရန် စာရေးသား ဆန္ဒပြမှုများပေါ်ပေါက် - သစ်ထူးလွင် (နေ့� www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1l1l6GP

လယ်ယာစိုက်ပျိုးရန်၊ မွေးမြူရေး လုပ်ငန်းလုပ်ရန် မြေနေရာ လုံးဝမရှိသည့် မိသားစုမျ...

လယ်ယာစိုက်ပျိုးရန်၊ မွေးမြူရေး လုပ်ငန်းလုပ်ရန် မြေနေရာ လုံးဝမရှိသည့် မိသားစုများ နှင့် ၀န်ထမ်းများ၊ ပင်စင်စားများကို မြေနေရာ ပေးနိုင်ရေး အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက လုပ်ကိုင်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောသည်။ လယ်စိုက်ပျိုးရန် မြေယာလုံးဝမရှိသည့် မိသားစုများနှင့် မြေကြီးမရှိသည့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများကို လာမည့် တစ်နှစ်မှ နှစ်နှစ်အတွင်း မြေပေး နိုင်ရန် တိုင်းဒေသကြီး အစိုးရများက စာရင်းကောက်ယူမှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း ဦးစိုးသိန်းက မေလ ၁၁ ရက်တွင် မန္တလေးမြို့ ရွှေပြည်သာဟိုတယ်၌ ပြုလုပ်သည့် လူငယ်နှင့် ငြိမ်းချမ်းရေး ဖိုရမ်တွင် ပြောကြားသည်။ မြေယာမဲ့များကို မြေပေးရန် စတင်စာရင်းကောက်နေပြီဟုဆို - သစ်ထူးလွင် (နေ့စဉ်သတင်း) - Thit Htoo Lwin www.thithtoolwin.com မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။ from Myanmar News Now's Facebook Wall http://ift.tt/1l1l6qr

မလေးရှားရောက် တရားမဝင် မြန်မာများ အထောက်အထား ထုတ်ပေးရန် တစ်ကျော့ပြန်စ ရန်ကုန်၊...

မလေးရှားရောက် တရားမဝင် မြန်မာများ အထောက်အထား ထုတ်ပေးရန် တစ်ကျော့ပြန်စ ရန်ကုန်၊ မေ ၁၁ မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် တရားမဝင် မြန်မာများကို နှစ်နိုင်ငံ သဘောတူညီမှု စနစ်အရ ဧပြီလ၂၄ ရက်နေ့မှ စတင်ကာ အထောက်အထား ထုတ်ပေးလျက် ရှိကြောင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောကြားသည်။ ယင်းအစီအစဉ်ကို ခြောက်လကြာ လုပ်ကိုင်ရန် မလေးရှားအစိုးရက ခွင့်ပြုထားပြီး လက်ရှိတွင် တရားမဝင် နေထိုင်နေသည့် မြန်မာငါးရာကျော် လာရောက် လျှောက်ထားပြီး ဖြစ်ကြောင်း ၎င်းကဆိုသည်။ တရားဝင် အထောက်အထား ရရှိရေးအတွက် လျှောက်ထားလိုသည့် မြန်မာလုပ်သားများသည် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးတွင် လျှောက်ထားနိုင်ပြီး မြန်မာနိုင်ငံသား ဟုတ်မဟုတ် စစ်ဆေးရန် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်း ပြရမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။ တရားမဝင် လုပ်သားများကို တရားဝင် လုပ်ကိုင်ခွင့် ရရှိရန် ဆောင်ရွက်ပေးသည့် အစီအစဉ် (6P) ကို လုပ်ကိုင်ရန် မလေးရှားနိုင်ငံသို့ စေလွှတ်ခဲ့သည့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြ

လုပ်သား အခွင့်အရေး အပြည့်အဝရရှိရန် ရွှေပြည်သာစက်မှုဇုန် လုပ်သားရာကျော် လမ်းလျှောက်...

လုပ်သား အခွင့်အရေး အပြည့်အဝရရှိရန် ရွှေပြည်သာစက်မှုဇုန် လုပ်သားရာကျော် လမ်းလျှောက် ဆန္ဒထုတ်ဖော် ရန်ကုန်၊ မေ ၁၁ လုပ်သား ဆန္ဒဖော်ထုတ်မှုများ မကြာခဏ ဖြစ်ပွားလျက် ရှိသော ရန်ကုန်တိုင်းဒေသကြီးတွင် ရွှေပြည်သာ စက်မှုဇုန် အမှတ် ၂ အတွင်းရှိ စက်ရုံ လေးရုံမှ လုပ်သား ၅၀၀ ခန့်သည် မေလ ၁၁ ရက် နေ့တွင် လုပ်သား အခွင့်အရေးများကို အပြည့်အဝ ပေးအပ်ရန်အတွက် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း အဆိုပါ ဆန္ဒပြ လုပ်သားများထံမှ သိရသည်။ ယင်းဆန္ဒထုတ်ဖော်ခြင်းကို ရွှေပြည်သာ မြို့ဦးစေတီမှ ယနေ့ နံနက် ၇ နာရီတွင် စတင်ခဲ့ကာ နံနက် ၁၁ နာရီတွင် Star Tex စက်ရုံရှေ့၌ ဆန္ဒဖော်ထုတ်မှု ပြီးဆုံးခဲ့ကြောင်း အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ဦးဆောင်သူ PNG ရေသန့်စက်ရုံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကြည်မင်းထိုက်က ပြောကြားသည်။ အလုပ်သမား အငြင်းပွားမှု ဥပဒေအရ လုပ်သား ပြဿနာများကို ဖြေရှင်းရာတွင် တောင်းဆိုသော အချက်များကို အလုပ်ရှင်က စာချုပ်ပေါ်တွင်သာ ပေးအပ်ပြီး ပြင်ပတွင် ပေးအပ်ခြင်း မရှိဘဲ လုပ်သား အခွင့်အရေး ချိုးဖောက်ခြင်းကို ခံနေရကြောင်း ၎င်းက လက်ရှိ အခြေအနေကို ဝေဖန်ပြောဆိုသည်။ “နှစ်ပေါင်း ၆၀ လောက်က ဥပဒေတောင် အခုထိ လုပ်သားတွေ မရသေးဘူး” ဟု ဦးကြည်မင်းထိုက်က ဆိ

အခြေခံဥပဒေ ပြင်ဆင်ရေး ရမည်းသင်းတွင် ပထမဆုံး ဆန္ဒပြ နေပြည်တော်၊ မေ ၁၁ ဖွဲ့စည်းပု...

အခြေခံဥပဒေ ပြင်ဆင်ရေး ရမည်းသင်းတွင် ပထမဆုံး ဆန္ဒပြ နေပြည်တော်၊ မေ ၁၁ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၄၃၆၊ ၅၉ (ဃ) (စ) ပါ ပြဋ္ဌာန်းချက်ကို ပြင်ဆင်ပေးရေးအတွက် ရမည်းသင်းမြို့နယ်ရှိ ပြည်သူ ၅၀၀ ကျော် ပထမဆုံးအကြိမ် ဆန္ဒပြခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။ အဆိုပါ ဆန္ဒပြမှုကို ဒေသအာဏာပိုင်ထံမှ ခွင့်ပြုချက် တောင်းခံ၍ NLD ပါတီကို ထောက်ခံသူများအပြင် ၈၈ မျိုးဆက်များက ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ရမည်းသင်းမြို့ ဒေသခံ ဦးဇော်မင်းက ဆိုသည်။ ဥပဒေ ပြင်ဆင်ရေးတွင် ပုဒ်မ ၄၃၆၊ ၅၉ (ဃ) (စ)၊ ပုဒ်မ ၁၄၊ ၇၄ (က) (ခ)၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ ၂၀၁ နှင့် ပုဒ်မ ၂၀၄ (က) (ခ) တို့ အပါအဝင် မတရားသော ပုဒ်မအားလုံးကို ပြင်ဆင်ရန် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဆန္ဒပြပွဲသည် ပါတီနိုင်ငံရေး လှုပ်ရှားမှု မဟုတ်ဘဲ အမျိုးသားနိုင်ငံရေး လှုပ်ရှားမှုသာ ဖြစ်ကြောင်း ဆန္ဒဖော်ထုတ်ပွဲ ဖြစ်မြောက်ရေး ကော်မတီက ထုတ်ပြန်ထားသည်။ ဆန္ဒဖော်ထုတ်ပွဲတွင် ရမည်းသင်းခရိုင်နေ ပြည်သူလူထု အပါအဝင် နေပြည်တော်၊ ပျော်ဘွယ်၊ မိတ္ထီလာတို့ရှိ ဒေသခံ အချို့ ပါဝင်ခဲ့ခြင်း ဖြစ်ကြောင်း ကော်မတီက ထုတ်ပြန် ပြောကြားသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အခန်း (၁၂) ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးရေး အတွက် အမျို

ရခိုင်အမျိုးသားနေ့ တရားဝင် သတ်မှတ်ပေးရေး သမ္မတထံ တောင်းဆိုမည်ဟုဆို ရန်ကုန်၊ မေ ၁...

ရခိုင်အမျိုးသားနေ့ တရားဝင် သတ်မှတ်ပေးရေး သမ္မတထံ တောင်းဆိုမည်ဟုဆို ရန်ကုန်၊ မေ ၁၁ ရခိုင်အမျိုးသားနေ့ကို တရားဝင် အသိအမှတ်ပြုရေးအတွက် နိုင်ငံတော်သမ္မတထံ တင်ပြ တောင်းဆိုသွားမည် ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ပြောကြားသည်။ ကဆုန်လပြည့်ကျော် ၁ ရက်နေ့ ကို ရခိုင်အမျိုးသားနေ့အဖြစ် ရခိုင်တိုင်းရင်းသားများက သတ်မှတ်ထားပြီး ယင်းနေ့ကို တရားဝင် အတည်ပြုနိုင်ရေးအတွက် မေလ ၁၂ ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ အဆိုပါနေ့ ကျင်းပနိုင်ရေးအတွက် ရွှေတိဂုံဘုရား ခြေရင်းတွင် ရှိသည့် ရခိုင်ပြည်နယ် ဓမ္မာရုံတွင် မေလ ၁၁ ရက်နေ့ ညနေပိုင်းက ကျင်းပသည့် ရခိုင်အမျိုးသားနေ့ တရားဝင် သတ်မှတ်ရေး အစည်းအဝေး အပြီးတွင် ဦးဇော်အေးမောင်က ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။ သာသနာတော်နှစ် ၁၂၃ ခုနှစ်၊ ဓညဝတီခေတ်၊ စန္ဒသူရိယမင်း လက်ထက်တွင် မြတ်စွာဘုရားရှင် ရခိုင်ဒေသသို့ ကြွရောက်တော်မူစဉ် မဟာမြတ်မုနိ ကိုယ်ပွားရုပ်တုကို သွန်းလုပ် ပြီးစီးသည့်နေ့ကို အစွဲပြုကာ အမျိုးသားနေ့အဖြစ် သတ်မှတ်ခြင်း ဖြစ်ကြောင်း ဦးဇော်အေးမောင်က ဆိုသည်။ အစိုးရက တရားဝင် အသိအမှတ်ပြုထားခြင်း မရှိသောကြောင့် ယခုနှစ်အတွက် ရ

အာဆီယံထိပ်သီးအစည်းအဝေးမှ အချက် ၂၈ ချက်ပါဝင်သော နေပြည်တော်ကြေညာစာတမ်းထုတ်ပြန် ---...

အာဆီယံထိပ်သီးအစည်းအဝေးမှ အချက် ၂၈ ချက်ပါဝင်သော နေပြည်တော်ကြေညာစာတမ်းထုတ်ပြန် ---------- တောင်တရုတ် ပင်လယ်အရေး လွှမ်းမိုးခဲ့သော အာဆီယံထိပ်သီးအစည်းအဝေး တွင် ဒေသတွင်း နိုင်ငံရေးနှင့် လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေး ဆိုင်ရာ ကိစ္စရပ်များအတွက် ခေါင်းဆောင်များ၏ ရှေ့ဆက် အကောင်အထည်ဖော်သွားမည့် အဓိက ဆုံးဖြတ်ချက်များပါဝင်သော အချက် (၂၈) ချက်ပါ နေပြည်တော် ကြေညာစာတမ်းကို ထုတ်ပြန်လိုက်သည်။ သတင်းအပြည့်အစုံ... http://ift.tt/1sjkP4Q from 7Day News Journal's Facebook Wall http://ift.tt/1gcNY1F

တပ်မတော်(ရေ)၏ ပထမဆုံး မြန်နှုန်းမြင့် တိုက်ရေယာဉ် ရေချ ------------- တပ်မတော်(ရေ)...

တပ်မတော်(ရေ)၏ ပထမဆုံး မြန်နှုန်းမြင့် တိုက်ရေယာဉ် ရေချ ------------- တပ်မတော်(ရေ)၏ ပထမဆုံး Torpedo Boat ဖြစ်သော မြန်နှုန်းမြင့် အပေါ့စား တိုက်ရေယာဉ်တစ်စီးကို မေလ ၉ ရက်က ရေတပ်သင်္ဘောကျင်း ဌာနချုပ်တွင် ရေချခဲ့ကြောင်း သတင်းရရှိသည်။ သတင်းအပြည့်အစုံ... http://ift.tt/1sjkOOh တပ်မတော်(ရေ)၏ ပထမဆုံး မြန်နှုန်းမြင့် တိုက်ရေယာဉ် ရေချ 7daydaily.com တပ်မတော်(ရေ)၏ ပထမဆုံး Torpedo Boat ဖြစ်သော မြန်နှုန်းမြင့် အပေါ့စား တိုက်ရေယာဉ်တစ်စီးကို မေလ ၉ ရက်က ရေတပ်သင်္ဘောကျင်း ဌာနချုပ်တွင် ရေချခဲ့ကြောင်း သတင်းရရှိသည်။ အခြားနိုင်ငံမှ ရေငုပ် သင်္ဘောများ မြန်မာ့ရေပိုင်နက်အတွင်း ၀င်ရောက်လာပါက တိုက်ဖျက်နိုင်ရန်အတွက် တပ်မတော် ရေ အင်ဂျင်နီယာများကိုယ်တိုင် တည်ဆောက်ခဲ… from 7Day News Journal's Facebook Wall http://ift.tt/1sjkQpf

မကွေးတိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးရန် စာရေးသား ဆန္ဒပြမှုများပေါ်ပေါက် ------------...

မကွေးတိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးရန် စာရေးသား ဆန္ဒပြမှုများပေါ်ပေါက် ------------ မကွေးမြို့အတွင်းရှိ နေရာအချို့တွင် ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေ ရာထူးမှ နုတ်ထွက်ပေးရန် စာရေးသားဆန္ဒပြမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းအပြည့်အစုံ... http://ift.tt/1sjkQ8P မကွေးတိုင်းဝန်ကြီးချုပ် နုတ်ထွက်ပေးရန် စာရေးသား ဆန္ဒပြမှုများပေါ်ပေါက် 7daydaily.com မကွေးမြို့အတွင်းရှိ နေရာအချို့တွင် ၀န်ကြီးချုပ်ဦးဘုန်းမော်ရွှေ ရာထူးမှ နုတ်ထွက်ပေးရန် စာရေးသားဆန္ဒပြမှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ မကွေးမြို့အတွင်းရှိ လူစည်ကားရာနေရာများ၊ အဆောက်အအုံအချို့၏ နံရံများနှင့် ကြော်ငြာဆိုင်းဘုတ်များတွင် ‘ဘုန်းမော်ရွှေ မကွေးတိုင်းမှ နုတ်ထွက်ပေး’ဟု ရေးသားထားပြီး ၀န်ကြီး… from 7Day News Journal's Facebook Wall http://ift.tt/1gcNV63

မြေယာမဲ့များကို မြေပေးရန် စတင်စာရင်းကောက်နေပြီဟုဆို ---------- လယ်ယာစိုက်ပျိုးရန...

မြေယာမဲ့များကို မြေပေးရန် စတင်စာရင်းကောက်နေပြီဟုဆို ---------- လယ်ယာစိုက်ပျိုးရန်၊ မွေးမြူရေးလုပ်ငန်းလုပ်ရန် မြေနေရာလုံးဝမရှိသည့် မိသားစုများ နှင့် ၀န်ထမ်းများ၊ ပင်စင်စားများကို မြေနေရာပေးနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက လုပ်ကိုင်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောသည်။ သတင်းအပြည့်အစုံ... http://ift.tt/1sjkOxG မြေယာမဲ့များကို မြေပေးရန် စတင်စာရင်းကောက်နေပြီဟုဆို 7daydaily.com လယ်ယာစိုက်ပျိုးရန်၊ မွေးမြူရေးလုပ်ငန်းလုပ်ရန် မြေနေရာလုံးဝမရှိသည့် မိသားစုများ နှင့် ၀န်ထမ်းများ၊ ပင်စင်စားများကို မြေနေရာပေးနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက လုပ်ကိုင်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောသည်။ from 7Day News Journal's Facebook Wall http://ift.tt/1sjkOxI

နိုင်ငံသားများနှင့်တန်းတူ အခွင့်အရေး ပေးမည်ဟု ထိုင်းနှင့် မလေးရှား အစိုးရ ကတိပေး...

နိုင်ငံသားများနှင့်တန်းတူ အခွင့်အရေး ပေးမည်ဟု ထိုင်းနှင့် မလေးရှား အစိုးရ ကတိပေး ရန်ကုန်၊ မေ ၁၁ ထိုင်းနှင့် မလေးရှား နိုင်ငံတို့တွင် ရောက်ရှိနေသည့် မြန်မာအလုပ်သမားများ အနည်းဆုံးလုပ်ခ သတ်မှတ်ရေး ရရှိရေးအပြင် အဆိုပါ နိုင်ငံသားများနည်းတူ အခွင့်အရေး ပေးမည်ဟု ထိုင်းနှင့် မလေးရှား အစိုးရတို့က ကတိပေးကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။ မြန်မာအလုပ်သမားများအရေး ကိစ္စနှင့် ပတ်သက်၍ မေလ ၃ ရက်နေ့မှ ၁၁ ရက်နေ့အထိ အဆိုပါ နိုင်ငံများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အပြီးတွင် ရန်ကုန်မြို့ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်းတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။ အနည်းဆုံး သတ်မှတ်ထားသည့် လုပ်အားခ မရရှိမှုအပြင် အခွင့်အရေး ချိုးဖောက်ခံရခြင်း စသည့် အလုပ်သမား ပြဿနာများကို သက်ဆိုင်ရာ နိုင်ငံရှိ လူမှုအဖွဲ့အစည်းများမှ တစ်ဆင့် တိုင်ကြားနိုင်ပြီး ယင်းသို့ တိုင်ကြားပါက သက်ဆိုင်ရာ နိုင်ငံအစိုးရကို တင်ပြကာ လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ဦးထင်အောင်က ဆိုသည်။ “သူတို့ နိုင်ငံသားတွေနဲ့ တန်းတူ အခွင့

ယနေ့ထုတ် #7DayDaily သတင်းစာ

ယနေ့ထုတ် #7DayDaily သတင်းစာ from 7Day News Journal's Facebook Wall http://ift.tt/1oHeYpy

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် လူထုသဘေ...

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်မှ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် လူထုသဘောထားနှင့် တွေ့ရှိချက်များအား NCCT အပါအ၀င် နိုင်ငံရေး အင်အားစုများနှင့် ဆွေးနွေးမည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်မှ ကောက်ယူရရှိသည့်၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် လူထုသဘောထားနှင့် စစ်တမ်းတွေ့ရှိချက်များအား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အပါအ၀င် နိုင်ငံရေးအင်အားစုများနှင့် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း အဆိုပါကွန်ရက်မှ သိရသည်။ မေ ၁၁ ရက်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ ဓမ္မပီယ ကျောင်းတိုက်တွင် ပြုလုပ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်၏ နိုင်ငံလုံးဆိုင်ရာ ကွန်ရက်အဖွဲ့ဝင်များ၏ ဒုတိယအကြိမ် စုံညီအစည်းအဝေးအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အဆိုပါ ကွန်ရက်အဖွဲ့ဝင် တစ်ဦးဖြစ်သူ မသင်းသင်းအောင်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ မသင်းသင်းအောင်က “ကျွန်မတို့အနေနဲ့ ဒီတွေ့ရှိချက်တွေ၊ လူထုသဘောထားတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးမယ်။ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ လက်နက်ကိုင် အင်အားစုတွေ

အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး ပြုလုပ်သော သမ္မတဦးသိန်းစိန်၏ သတင်းစာရှင်းလင်းပွဲ၌ သ...

အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး ပြုလုပ်သော သမ္မတဦးသိန်းစိန်၏ သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို မေးမြန်းခွင့်မပြုခဲ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအပြီး မေ ၁၁ ရက်တွင် ပြုလုပ်သော သမ္မတဦးသိန်းစိန်၏ သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို မေးခွန်းမေးမြန်းခွင့်မပြုကြောင်း တားမြစ်ခဲ့ပါသည်။ ပုံမှန်အားဖြင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားသည့် နိုင်ငံမှ သမ္မတသို့မဟုတ် ၀န်ကြီးချုပ်က ထိပ်သီးအစည်းအဝေးများ အပြီးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားလေ့ရှိသည်။ မြန်မာနိုင်ငံမတိုင်မီ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူခဲ့သော ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် ဘရူနိုင်းနိုင်ငံများ၌လည်း အာဆီယံထိပ်သီး အစည်းအဝေးများ ပြုလုပ်ပြီးချိန်တိုင်းတွင် သမ္မတ(သို့မဟုတ်) ၀န်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး သတင်းထောက်များ၏ မေးခွန်းများကို ဖြေကြားခဲ့သည်။ ၂၀၁၄ ခုနှစ်၏ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်ကမူ သတင်းစာရှင်းလင်းပွဲတွင် ပြုလုပ်ခဲ့သော အာဆီယံထိပ်သီး အစည်းအဝေးမှ အကြောင်းအရာများကို ဖတ်ကြားရှင်းလင်းခဲ

တောင်တရုတ် ပင်လယ်အရေး အာဆီယံ အသိုက်အဝန်း ဖော်ဆောင်ရေးကို မထိခိုက်ဟုဆို နေပြည်ေ...

တောင်တရုတ် ပင်လယ်အရေး အာဆီယံ အသိုက်အဝန်း ဖော်ဆောင်ရေးကို မထိခိုက်ဟုဆို နေပြည်တော်၊ မေ ၁၁ မြန်မာနိုင်ငံတွင် ကျင်းပနေသော အာဆီယံထိပ်သီး အစည်းအဝေးတွင် ဖိလစ်ပိုင်၊ ဗီယက်နမ် အပါအဝင် အဖွဲ့ဝင်နိုင်ငံများ အစိုးရိမ်ဆုံးသော ကိစ္စဖြစ်သည့် တောင်တရုတ် ပင်လယ်အရေး အငြင်းပွားမှုမှာ ၂၀၁၅ ခုနှစ်အလွန် အာဆီယံ အသိုက်အဝန်း ဖော်ဆောင်ရေးကို ထိခိုက်မှု မရှိနိုင်ကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် လီယောင်မင်က ပြောကြားသည်။ အာဆီယံ၏ ရပ်တည်ချက်အတိုင်း အကြမ်းဖက်ခြင်း၊ ထိပ်တိုက် ရင်ဆိုင်နည်းတို့ မသုံးဘဲ တရုတ်နိုင်ငံနှင့် ညှိနှိုင်း ဆွေးနွေးနေသည့် အတွက် စိုးရိမ်ဖွယ် မရှိကြောင်း လီယောင်မင်က မေလ ၁၁ ရက်နေ့ ညနေပိုင်းတွင် မီဒီယာစင်တာ၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။ တောင်တရုတ်ပင်လယ် အငြင်းပွားမှုအတွက် တရုတ်နှင့် အာဆီယံနိုင်ငံများ လိုက်နာရမည့် စည်းမျဉ်း (DOC) မှာ အပြည့်အဝ အကောင်အထည် မဖော်နိုင်သေးသည့်အတွက် အငြင်းပွားမှုများ ဆက်လက် ဖြစ်ပေါ်နေသောကြောင့် သက်ဆိုင်ရာ နိုင်ငံများ လိုက်နာရန် လုပ်ထုံးလုပ်နည်း (COC) ကို ဆက်လက် ဆောင်ရွက်နေကြောင်း မစ္စတာ လီယောင်မင်က ရှင်းပြသည်။ (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် အဖွဲ

ဘွဲ့ရအလုပ်လက်မဲ့များ စိုက်ပျိုးမွေးမြူရေးလုပ်မည်ဆိုက မြေနေရာနှင့်ချေးငွေထုတ်ပေးမ...

ဘွဲ့ရအလုပ်လက်မဲ့များ စိုက်ပျိုးမွေးမြူရေးလုပ်မည်ဆိုက မြေနေရာနှင့်ချေးငွေထုတ်ပေးမည် အောင်ကိုဦး| တနင်္လာနေ့၊ မေလ ၁၂ ရက် ၂၀၁၄ ခုနှစ် ဘွဲ့ရအလုပ်လက်မဲ့များ စိုက်ပျိုးမွေးမြူးရေးလုပ်ကိုင်မည်ဆိုပါက မြေနေရာနှင့် ချေးငွေထုတ်ပေးမည်ဟု မန္တလေးမြို့ရှိ ရွှေပြည်သာ ဟိုတယ်၌ မေလ ၁၁ရက်က ပြုလုပ်သော လူငယ်နှင့် ငြိမ်းချမ်းရေးဖိုရမ်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း က ပြောသည်။ အဆိုပါ လူငယ်နှင့် ငြိမ်းချမ်းရေးဖိုရမ်ပွဲတွင် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်း၊ မန္တလေးတိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူငယ်ကိုယ်စားလှယ်များနှင့် စိတ်ပါဝင်စားသူလူငယ်များ ၃၀၀ ကျော် တက်ရောက်ခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက “ဘွဲ့ရအလုပ်လက်မဲ့တွေနဲ့ ပတ်သက်ပြီး ပညာတတ်တွေကို စိုက်ပျိုးရေး မွေးမြူရေး လုပ်စေချင်ပါတယ်။ ပညာတတ်တွေလုပ်ရင် ပိုအောင်မြင်ပါတယ်။ အသင်းအဖွဲ့တွေဖွဲ့ပြီး လုပ်ကိုင်မယ်ဆိုရင် မြေတွေ ချပေးသွားမှာဖြစ်ပြီး ချေးငွေတွေလည်း ထုတ်ချေးသွားမှာဖြစ်ပါတယ်” ဟု ပြောသည်။ တက်ရောက်လာသော အသင်းအဖွဲ့များမှ လူငယ်များသည် ယခုလို ဖိ

မောင်တောတွင် ရခိုင်နှင့်ဘင်္ဂါလီ ပူးပေါင်း၍ စီးပွားရေးဇုန်တည်ဆောက်နိုင်ရန် စီစဉ်နေ...

မောင်တောတွင် ရခိုင်နှင့်ဘင်္ဂါလီ ပူးပေါင်း၍ စီးပွားရေးဇုန်တည်ဆောက်နိုင်ရန် စီစဉ်နေ ကေဇူး| တနင်္လာနေ့၊ မေလ ၁၂ ရက် ၂၀၁၄ ခုနှစ် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ရခိုင်တိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များနှင့် ဘင်္ဂါလီ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း၍ စီးပွားရေးဇုန်တစ်ခု အကောင်အထည်ဖော်ရန် ပြင်ဆင်လျက်ရှိသည်ဟု မောင်တောကုန်စည်အသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက မေ ၁၁ တွင် မဇ္ဈိမကို ပြောသည်။ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော ဒေသတွင် အအေးခန်းစက်ရုံများ၊ အထည်ချုပ်စက်ရုံများ တည်ဆောက်နိုင်မည့် စီးပွားရေးဇုန်တစ်ခု ဖော်ဆောင်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရန် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဒေသတွင်းရှိ နှစ်ဖက်အဖွဲ့အစည်းမှ ခေါင်းဆောင်များ တွေ့ဆုံခဲ့သည်ဟု ဦးအောင်မြင့်သိန်းက ဆိုသည်။ “ဒေသဖွံ့ဖြိုးမှ နှစ်ဖက်ပဋိပက်္ခကို ဖြေရှင်းနိုင်မယ်လို့ ကျွန်တော်တို့ နားလည်ထားတယ်။ ဒါပေမဲ့ လုံခြုံရေးကိုလည်း အစိုးရက အလေးပေး ဆောင်ရွက်ပေးထားဖို့လိုပါတယ်”ဟု ဦးအောင်မြင့်သိန်းကပြောသည်။ “စီးပွားရေးအရတော့ အခုလည်း နှစ်ဖက်အသိုင်းအ၀ိုင်းက လုပ်ငန်းရှင်တွေ ဆက်ဆံမှု ရှိပါတယ်”ဟု ဦးအောင်မြင့်သိန်းက ဆိုသည်။ ဘူးသီးတောင်၊ မောင်တောဒေ

ချင်း တစ်သိန်းကျော် သန်းခေါင်စာရင်းကောက်ရန် ကျန်နေ ဖိုးစိုးသူ| တနင်္လာနေ့၊ မေလ ၁၂...

ချင်း တစ်သိန်းကျော် သန်းခေါင်စာရင်းကောက်ရန် ကျန်နေ ဖိုးစိုးသူ| တနင်္လာနေ့၊ မေလ ၁၂ ရက် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ပြည်ပရောက်ချင်းလူမျိုး တစ်သိန်းကျော် ကျန်ရှိနေသည်ဟု ၂၀၁၄ သန်းခေါင်စာရင်းဆိုင်ရာ ချင်းအမျိုးသား အထောက်အကူပြုကော်မတီ ညှိနှိုင်းရေးမှူး ဆလိုင်းအိုက်ဇင်ခင်က မဇ္ဈိမကို ပြောသည်။ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် အိနိ္ဒယနိုင်ငံများသို့ ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်သည့် ချင်းလူမျိုးအရေအတွက် တစ်သိန်းကျော်ကို သန်းခေါင်စာရင်း ကောက်ယူရာတွင် မေးမြန်းခြင်း ထည့်သွင်းခြင်း မပြုလုပ်သည့်အတွက် ကျန်ရစ်ခဲ့သည်ဟု ၎င်းင်းကဆိုသည်။ ချင်းမျိုးနွယ်စု ၅၃ မျိုးရှိရာ သန်းခေါင်စာရင်းကောက်ယူမှုတွင် ချင်းလူမျိုး အမည်နာမများ လွဲမှားနေပြီး ပြည်ပရောက် ချင်းလူမျိုးများ သန်းခေါင်စာရင်းပါဝင်နိုင်ရန်အတွက် ဗဟိုသန်းခေါင်စာရင်းကောက်ခံမှုစာရင်း ထွက်လာချိန်အထိ စောင့်ကြည့် ရဦးမည်ဖြစ်သည်ဟု ဆိုသည်။ “ဗဟိုကော်မတီက အဖြေဘယ်လိုတွေ ထွက်မယ် မသိသေးဘူး။ ထွက်လာတဲ့ အပေါ် မူတည်ပြီး ပြည်ပရောက်ချင်းတွေ သန်းခေါင်စာရင်း ကောက်ဖို့ ကျန်နေသေးတယ်။ ဘယ်လိုတွေလုပ်ပေးမှာလည်းဆိုပြီး ထွက်လာတဲ့အဖြေပေါ်မှာ ထောက်ပြတာ

သာသနာတော် တည်တံ့ပြန့်ပွားရေးအတွက် မဘသက ကူညီဟု ဦးဆန်းဆင့်ဆို ရန်ကုန်၊ မေ ၁၁ မျ...

သာသနာတော် တည်တံ့ပြန့်ပွားရေးအတွက် မဘသက ကူညီဟု ဦးဆန်းဆင့်ဆို ရန်ကုန်၊ မေ ၁၁ မျိုးစောင့်ဥပဒေ ရေးဆွဲရေး လုပ်ငန်းစဉ်များကို အဓိကထား လုပ်ဆောင်နေသော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) သည် သာသနာ တည်တံ့ပြန့်ပွားရေးအတွက် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကို အကူအညီ ပေးနေကြောင်း သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတော်အတွင်း မေလ ၁၁ ရက်နေ့တွင် ပြုလုပ်သော သတ္တမအကြိမ် နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ဒုတိယ အထူးအစည်းအဝေးတွင် ၎င်းက ယင်းသို့ တရားဝင် ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ “အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့များ၏ ဆောင်ရွက်ချက်၊ သဘောထား ကြေညာချက်များကို ကြည့်ခြင်းဖြင့် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်က ဆောင်ရွက်လျက် ရှိသော သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားရေး လုပ်ငန်း သုံးမျိုးအနက် တည်တံ့၊ ပြန်ပွားရေး လုပ်ငန်း နှစ်မျိုးကို အထောက်အကူပြု ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။ မေလ ၅ ရက်နေ့တွင် ပြုလုပ်ခဲ့သော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများထံမှ သြဝါဒ ခံယူပွဲတွင် အမျိုးဘ

ပြည်သူဗဟိုပြု အာဆီယံအသိုက်အမြုံ ပေါ်ထွက်လာရေးအတွက် စိန်ခေါ်မှုများစွာ ရှိနေကြောင်း...

ပြည်သူဗဟိုပြု အာဆီယံအသိုက်အမြုံ ပေါ်ထွက်လာရေးအတွက် စိန်ခေါ်မှုများစွာ ရှိနေကြောင်း သမ္မတဦးသိန်းစိန် (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး အဖွင့်မိန့်ခွန်း၌ ပြောကြား ပြည်သူ့ဗဟိုပြု အာဆီယံအသိုက်အမြုံ ပေါ်ထွက်လာရေးအတွက် စိန်ခေါ်မှုများစွာ ရှိနေကြောင်း သမ္မတဦးသိန်းစိန်က မေ ၁၁ ရက် နံနက်ပိုင်းတွင် ပြုလုပ်သည့် (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။ “မိမိတို့ ဆက်လက်ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေဟာ ကြီးလေးပြီး စိန်ခေါ်မှုများစွာရှိမှာ ဖြစ်ပါတယ်။ စည်းလုံးခြင်းဟာ အင်အားဆိုတဲ့ ဆိုရိုးအတိုင်း အခက်အခဲများ မည်သို့ပင်ရှိပါစေ အာဆီယံရဲ့ စည်းလုံးမှုအင်အားနဲ့ ကျော်လွှားနိုင်မယ်လို့ အပြည့်အ၀ ယုံကြည်ပါတယ်” ဟု သမ္မတဦးသိန်းစိန်က ပြောကြားသည်။ ၂၀၁၄ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံက ရရှိခဲ့ပြီးနောက် ပထမဆုံးပြုလုပ်သည့် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများအတွက် ဖွင့်ပွဲကို မေ ၁၁ နံနက်ပိုင်းက နေပြည်တော်ရှိ MICC ၌ပြုလုပ်ခဲ့ပြီး သမ္မတဦးသိန်းစိန်က အာဆီယံဥက္ကဋ္ဌအနေဖြင့် အဖွင့်မိန့်ခွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ကြီးလေးသော စိန်ခေါ်မှုများစွာ ရှိနေသည့်တိုင် ကျန

သတ္တမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်မှုအဖွဲ့ ဒုတိယအထူးအစည်းအဝေး ကမ္ဘာအေး မဟာပါသ...

သတ္တမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်မှုအဖွဲ့ ဒုတိယအထူးအစည်းအဝေး ကမ္ဘာအေး မဟာပါသဏ လိုဏ်ဂူတော်အတွင်း ကျင်းပ သတ္တမအကြိမ် နိုင်ငံတော်သံဃာ့ဝန်ဆောင်မှုအဖွဲ့ ဒုတိယအထူးအစည်းအဝေးကို မတ် ၁၁ ရက်က ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသဏ လိုဏ်ဂူတော်အတွင်း ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ နိုင်ငံတော်သံဃာ့ဝန်ဆောင်မှုအဖွဲ့ ဒုတိယအထူးအစည်းအဝေးသို့ နိုင်ငံတော်သြ၀ါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော် ဗဟိုသံဃ၀န်ဆောင် ဆရာတော်ကြီးများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ သဘာပတိ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော်ကြီးက သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်သည် သာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး ဦးတည်ချက်ဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းများဖြစ်ကြောင်း၊ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းဆိုင်ရာ အချက်အလက်များ၌ ပြင်ဆင်၊ ဖြည့်စွက်၊ နုတ်ပယ်လိုသည်များကို ဝေဖန်သုံးသပ် ဆွေးနွေးကာ လိုအပ်သလို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းဆောင်ရွက်ချက်များကို ဂိုဏ်းပေါင်းစုံ သံဃာ့အစည်းအဝေးကြီးသို့ တင်ပြရမည်ဖြစ်ကြောင်း မိန့်ကြားသည်။ “အဆင့်အမြင့်ဆုံးသော သာသနာရေးကိစ္စများကို ဆောင်ရ

မုတ်သုံ ၀င်ပြီလား . . . ဧပြီလဆန်းခန့်မှစ၍ မြန်မာနိုင်ငံအထက်ပိုင်း ဒေသများတွင်...

မုတ်သုံ ၀င်ပြီလား . . . ဧပြီလဆန်းခန့်မှစ၍ မြန်မာနိုင်ငံအထက်ပိုင်း ဒေသများတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း လေဆင်နှာမောင်း တိုက်ခတ်ခြင်းနှင့် နေရာကွက်ကြား မိုးရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့သည်။ မုတ်သုံဝင်ခါနီး ရာသီဖြစ်သော မေလဆန်းပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် မိုးကြိုမိုးရွာသွန်းမှု စတင်ခဲ့သည်။ မိုးကြိုကာလအတွင်း ထိုကဲ့သို့ လေပြင်းတိုက်ခတ်ခြင်း၊ မိုးရွာသွန်းခြင်းများသည် အနောက်လေပွေလှိုင်းများနှင့် မိုးတိမ်တောင်များကြောင့် ဖြစ်သည်။ မုတ်သုံကို မျှော်လေပြီ အနောက်တောင် မုတ်သုံလေသည် ဇွန်လပထမ ၁၀ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးကို ၀င်ရောက်နိုင်ဖွယ်ရှိကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းခဲ့သည်။ ထို့ပြင် မိုးလေ၀သ ပညာရှင်များက မုန်တိုင်းငယ်များနှင့်အတူ မြန်မာနိုင်ငံအတွင်းသို့ မုတ်သုံလေ၀င်ရောက်ရန် ခန့်မှန်းမှုများ ရှိနေခဲ့သည်။ “မုတ်သုံကာလကို ၁၄၄ ရက် သတ်မှတ်ထားတယ်။ အခုနောက်ပိုင်းမှာ မုတ်သုံဝင်တဲ့ရက်တွေက နောက်ကျလာပြီး ထွက်တဲ့ရက်တွေ စောလာတဲ့အတွက် ရက်ပေါင်း ၃၀ လောက် မုတ်သုံကာလ တိုတောင်းသွားတယ်။ ၂၀၁၁ ကနေ ၂၀၁၃ အထိကု

နေပြည်တော် အာဆီယံထိပ်သီး အစည်းအဝေးတွင် သတင်းထုတ်ပြန်မှုအားနည်းဟု နိုင်ငံတကာ သတင်း...

နေပြည်တော် အာဆီယံထိပ်သီး အစည်းအဝေးတွင် သတင်းထုတ်ပြန်မှုအားနည်းဟု နိုင်ငံတကာ သတင်းထောက်များ ဝေဖန် နေပြည်တော်တွင် ကျင်းပနေသော (၂၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းဝေးတွင် ဆွေးနွေးမှုများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်မှုအားနည်းကြောင်း နေပြည်တော်အာဆီယံ ထိပ်သီးအစည်းအဝေးပွဲသို့ တက်ရောက်သတင်းယူနေသော နိုင်ငံတကာ သတင်းမီဒီယာများမှ သတင်းထောက်များက ဝေဖန်ပြောဆိုခဲ့သည်။ အာဆီယံထိပ်သီး အစည်းအဝေးပွဲကို မေ ၁၀ ရက်နှင့် ၁၁ ရက်များ၌ နေပြည်တော်မြို့၊ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ အမှတ်(၁)တွင် ပြုလုပ်နေခြင်းဖြစ်ပြီး နိုင်ငံတကာ သတင်းမီဒီယာများမှ သတင်းထောက် ၄၀၀ ကျော် တက်ရောက်သတင်းယူနေခြင်း ဖြစ်သည်။ ထိုသို့ သတင်းရယူရာတွင် အိမ်ရှင်နိုင်ငံအနေဖြင့် သတင်းထုတ်ပြန်မှု အားနည်းနေကြောင်း နိုင်ငံတကာ သတင်းထောက်များက ဝေဖန်ပြောဆိုခဲ့ကြခြင်းဖြစ်သည်။ “အခုချိန်မှာက တောင်တရုတ်ပင်လယ် အရေးအခင်းနဲ့ ပတ်သက်ပြီး ဒီအာဆီယံထိပ်သီး အစည်းအဝေးကို စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။ အဲဒီအတွက် သတင်းရေးသားဖို့အတွက် အခုဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အချက်အလက်တွေ များနိုင်သမျှ များများလိုအပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အစည်းအဝေးမှာ ၀င်ရောက်ဆွေးနွေးတဲ့ သူ