သူတို့က ငါးတွေမဟုတ်။ ရွှံ့နွံတွေထဲ တစ်နေကုန် စိမ်နေတတ်သည့် ကျွဲများလည်း မဟုတ်။ သို့သော် နံနက်မှစ အမှောင်စွန်းသည့် ညနေစောင်းအထိ ရေထဲတွင်သာ သူတို့ နေကြရသည်။ အပျော် ကစားနေခြင်း မဟုတ်ပါ။
ဝမ်းရေးအတွက် ရေစက်လက်ထဲ မမြင်ရသော သို့မဟုတ် မတော်တဆ ထိခိုက်
နိုင်သော ဒဏ်ရာဒဏ်ချက်များနှင့် အကာအကွယ်မဲ့ ကျန်းမာ ရေးအာမခံချက်မဲ့မှု များအောက် ရှိနေကြရခြင်း ဖြစ်သည်။
အချို့က လူငယ်ဘဝမှစကာ နှစ်ပေါင်း ၂ဝ နီးပါးကာလ။ အချို့က ဆယ်စုနှစ်
စွန်းစွန်း။ နေထွက်ချိန် ရေထဲဆင်း၍ နေဝင်ချိန် ကုန်းပေါ်တက်။
ထို့နောက် ထိုနည်းလည်းကောင်း ဘဝသံသရာရဟတ်က အရပ်အနားမရှိ
ချာချာလည်။
တစ်နေ့တာလုပ်အားခ အသပြာကျပ်ငါး ထောင်သာသာအတွက် လက်တွေက မရပ်နိုင်၊ ခြေထောက်များလည်း မကိုက်ခဲနိုင်အား၊ ရေသည်လည်း မအေး၊ ရွှံ့နွံများသည်လည်း မနွေးထွေး။
လှေအဟောင်းမှ ဈေးကွက်ပြန်ဝင်မည့် သစ်များရရေးအတွက် သူတို့ဖျက်နေရ
သည်မှာ သင်္ဘောလား၊ သူတို့အိပ်မက် ကိုယ်တိုင်ပင်လားကတော့ ဘယ်သူမှ တတ်အပ်သိနိုင်မည် မဟုတ်။ ဒလကမ်းနား တစ်နေရာသို့ သင် မတော်တဆ
ရောက်ခဲ့ပါက ထိုမေးခွန်းကို မေ့ထားစေလိုပါသည်။
Photo by Ko Myo
မျှော်လင့်ချက် ရေစက်လက်နှင့် မနုဿငါးများ
သူတို့က ငါးတွေမဟုတ်။ ရွှံ့နွံတွေထဲ တစ်နေကုန် စိမ်နေတတ်သည့် ကျွဲများလည်း မဟုတ်။ သို့သော် နံနက်မှစ အမှောင်စွန်းသည့် ညနေစောင်းအထိ ရေထဲတွင်သာ သူတို့ နေကြရသည်။ အပျော် ကစားနေခြင်း မဟုတ်ပါ။ ဝမ်းရေးအတွက် ရေစက်လက်ထဲ မမြင်ရသော သို့မဟုတ် မတော်တဆ ထိခိုက် နိုင်သော ဒဏ်ရာဒဏ်ချက်များနှင့် အကာအကွယ်မဲ့ ကျန်းမာ ရေးအာမခံချက်မဲ့မှု များအောက် ရှိနေကြရခြင်း ဖြစ်သည်။ အချို့က လူငယ်ဘဝမှစကာ နှစ်ပေါင်း ၂ဝ နီးပါးကာလ။ အချို့က ဆယ်စုနှစ် စွန်းစွန်း။ နေထွက်ချိန် ရေထဲဆင်း၍ နေဝင်ချိန် ကုန်းပေါ်တက်။ ထို့နောက် ထိုနည်းလည်းကောင်း ဘဝသံသရာရဟတ်က အရပ်အနားမရှိ ချာချာလည်။ တစ်နေ့တာလုပ်အားခ အသပြာကျပ်ငါး ထောင်သာသာအတွက် လက်တွေက မရပ်နိုင်၊ ခြေထောက်များလည်း မကိုက်ခဲနိုင်အား၊ ရေသည်လည်း မအေး၊ ရွှံ့နွံများသည်လည်း မနွေးထွေး။ လှေအဟောင်းမှ ဈေးကွက်ပြန်ဝင်မည့် သစ်များရရေးအတွက် သူတို့ဖျက်နေရ သည်မှာ သင်္ဘောလား၊ သူတို့အိပ်မက် ကိုယ်တိုင်ပင်လားကတော့ ဘယ်သူမှ တတ်အပ်သိနိုင်မည် မဟုတ်။ ဒလကမ်းနား တစ်နေရာသို့ သင် မတော်တဆ ရောက်ခဲ့ပါက ထိုမေးခွန်းကို မေ့ထားစေလိုပါသည်။ Photo by Ko Myo
from Popular Myanmar News Journal's Facebook Wall http://ift.tt/1l1oRMt
Comments
Post a Comment