Skip to main content

Posts

Showing posts from March 19, 2015

ကျန်းမာရေးနှင့် ပတ်သက်ပြီး ဆီးသွားခြင်း၏ အံ့သြဖွယ်ရာ အချက်များ

မကြာခဏ ဆီးမသွားပါနှင့် မကြာခဏ ဆီးသွားလွန်း တာကြောင့် ဆီးအိမ်ကြွက်သားတွေ ပင်ပန်းပြီး ဆီးအိမ် အားနည်း တတ်ပါတယ်။ ဆီး မကြာခဏ သွားတတ်တဲ့ အမျိုးသမီးတွေဟာ ဆီး ကုန် စင်အောင် မစွန့်ထုတ်နိုင် တာကြောင့် ရောဂါပိုး ဝင်ရောက်နိုင်ခြေ မြင့်မားပါတယ်။ လက်ဖျက်ရည်ကြမ်း သောက်ပါ ဘရက်ဘယ်ရီ အရွက်နဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ရည်ကြမ်းကို သောက်သုံးရင် ဆီးလမ်းကြောင်း ရောဂါပိုးဝင်တာကြောင့် ဖြစ်ပေါ်တဲ့ နာကျင်မှုနဲ့ ဝေဒနာကြာချိန်ကို လျော့ကျသွားနိုင် ပါတယ်။ ပြဿနာ စဖြစ်ဖြစ်ချင်း ပုံမှန်သောက်သွားရင် အကျိုးသက် ရောက်မှု ကောင်းမွန် တယ်လို့ ဆိုပါတယ်။ အတင်းမညှစ်ပါနှင့် ဆီးသွားချင်စိတ် ပေါက်လာလို့ အိမ်သာသွားပေမယ့် အိမ်သာရောက်မှ ဆီးမထွက် ရင် ဆီးလမ်းကြောင်း ပိုးဝင်တဲ့ပြဿနာဖြစ်နိုင်ပါတယ်။ ဆီးအိမ်နဲ့ ကျောက်ကပ်တွင်း သို့ ရောဂါပိုး ပျံ့နှံ့ရင် ရောဂါပိုဆိုးနိုင်တာကြောင့် ဆရာဝန်နဲ့ ပြသသင့်တဲ့ အခြေအနေပါ။ ဆေးလိပ်ဖြတ်ပါ ဆေးလိပ်သောက်တာကြောင့် ဆီးလမ်းကြောင်းတွင်း ပိုးဝင်နိုင်ခြေ မြင့်မားသလို သွေးဖိအားလည်း မြင့်တက်နိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် ချောင်း ဆိုးနိုင်ပြီး ချောင်းဆိုး တာကြောင့် ဆီးထိန်း ရခက်ခဲတဲ့ ပြဿနာဖြစ်တတ် ပါတယ်။ ဆေး

အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသောအမျိုးသမီးများအတွက်

ပထမဦးစွာ ရှောက်ရွက်ကြမ်းများကို ရှာထားပါ... ပုလင်းတစ်လုံးစီတွင် ရိုးရိုးသကြား သုံးဇွန်း(ဟင်းစားဇွန်း) စီထည့် ရပါမည်။ ပုလင်းများတစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ ရေကျက်အေးများ ပုလင်းများထဲသို့ အပြည့်ထည့်ပြီး အဆို့ ပိတ်လျက် နေပူတွင်ကိုးရက်စီ ထည့်ပေးပါ။ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက်လှန်းပေးပါ။ ကိုးရက်စေ့လျှင် ဆးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါေ၇ှာက်၇ွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန် သောက်သုံးသွား ပေးပါ။ တစ်လနှစ်လ ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများကျသွား၍အသားအရေစစ်သွားပါမည်။အဆီကျဓာတ်စာဆေးများစားခြင်း ထက် စိတ်ချရသော ရိုးရာဆေးနည်း ဖြစ်ပါသည်။ မှန်မှန် သောက်သုံးခြင်းဖြင့် အသည်းအဆီဖုံးခြင်းနှင့် နှလုံးအဆီ ပိတ်ခြင်းတို့မှလည်း သက်သာပျောက်ကင်း စေပါသည်။ လစဉ် မြန်မာ လဆန်း တစ်ရက်နေ့၌ ရှောက်ရွက်နှစ်ရွက်၊ သုံးရွက် ကိုရှာပြီး စားဖြစ်အောင်စားထားရန်အမှာရှိသည်။ထို့သို့စားပေးခြင်းဖြင့် လေရောဂါများ မ၀င်ရောက်နိုင်၊ လေထိုး၊ လေအောင့်၊ လေငန်းရောဂါများ မ၀င်ရောက်နို

နုပျိုစေမည့် လျို့ဝှက်ချက် သုံးရပ်

နုပျိုစေမည့် လျို့ဝှက်ချက် သုံးရပ် အသားအရေ နုပျိုတင်း ရင်းစေဖို့အ တွက် မျိုးဗီဇကလည်း အရေးပါတဲ့ အချက်ဖြစ် ပါတယ်။ အရေးပါတဲ့ နောက် တစ်ချက်ကတော့ ဘဝနေထိုင် စားသောက် မှုပုံစံပဲ ဖြစ်ပါတယ်။ လျို့ဝှက်ချက် (၁) အရေးကြောင်း ကင်းဝေးဖို့ လျှို့ဝှက် ချက်တစ်ခုက နေရောင်ခြည်ဒဏ်ကို တိုက်ရိုက်မထိတွေ့အောင် ရှောင်ရှားဖို့ ပဲ ဖြစ်ပါတယ်။ အပြင်ထွက်တဲ့အခါမှာ နေရောင်ကာခရင်မ်ကို အမြဲလိမ်းပေးဖို့ လိုပါတယ်။ တိမ်ထူတဲ့နေ့ရက်တွေမှာ တောင် အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင် ခြည်ဟာ အရေပြားထဲကို ထိုးဖောက်ဝင် ရောက်နိုင်ပြီး အရေပြားကို ထိခိုက်စေ နိုင်တာကြောင့် အရေးကြောင်းပါးပါးထင် တာနဲ့ ပါးရေတွန့်တာတွေကို ဖြစ်စေနိုင် ပါတယ်။ နေရောင်ကာခရင်မ်ကို လိမ်းတဲ့ အခါမှာ မျက်နှာကိုသာမက လည်ပင်းကို ပါ လိမ်းပေးဖို့ လိုပါတယ်။ လျို့ဝှက်ချက်(၂) အရွယ်တင်နုပျိုဖို့အတွက် ဒုတိယ လျှို့ဝှက်ချက်ကတော့ စီးကရက်နဲ့ အ ရက်ကို ရှောင်ဖို့ပဲ ဖြစ်ပါတယ်။ နေရောင် ခြည်ဒဏ်ခံရတာက အသားအရေအ တွက် အဓိက ရန်သူဖြစ်ပြီး ဆေးလိပ် သောက်တာက အရေးကြောင်းဖြစ်စေ တဲ့ ဒုတိယအကြောင်းရင်းပါ။ ဆေးလိပ် သောက်တာ နှစ်ပေါင်းများစွာ ကြာလာ ရင် နှုတ်ခမ်းတစ်ဝိုက်မှာ အရေးကြောင်း ထင်နိုင်ခြေ များပါတယ်

အနာရွတ် မဖြစ်အောင် ကာကွယ်နည်များ

အနာရွတ် မဖြစ်အောင် ကာကွယ်နည်များ အနာရွတ် တွေက ကြည့်ရ ဆိုးပါတယ်။ အထူးသဖြင့် ဘောင်းဘီ တိုတို ဝတ်တဲ့ ဆယ်ကျော်သက် လေးတွေ သတိထား ပါ။ အနာရွတ် အသေးဆုံး ဖြစ်အောင် သို့မဟုတ် အနာရွတ် ပျောက်အောင် အောက်ပါအတိုင်း လိုက်နာပါ- ၁။ အနာကို သန့်ရှင်းပါစေ ကုတ်ခြစ်ဒဏ်ရာ အနာဖြစ်ဖြစ် ချင်းရေ အေးအေးကို သုံးပြီး အနာ တစ်ဝိုက် ဆေးကြော သန့်စင်ပါ။ ၂။ ပတ်တီး ပါးပါးလေး စီးပေးပါ။ အနာကို လေဝင်လေထွက် ကောင်းစေရန်နှင့် အစိုဓာတ် ရှိအောင် ပတ်တီး ပါးပါးပါးသာ အုပ်ပေးပါ။ ကသိ ကအောက် ဖြစ်စေ တတ်တဲ့၊ ဒုက္ခပေး မယ့် အရာများ မထည့်ရ။ မကပ်ရ။ ၃။ အနာဖေးကို မခွာပစ်ပါနှင့်။ အနာကျက် ခါနီးလျှင် အနာဖေး တက်လာ ပါလိမ့်မယ်။ ၄င်းကို လက်ယားပြီး မခွာချ လိုက်ပါနှင့်။ အနာဖေး ဆိုတာ အနာကျက်ရန် ခန္ဓာကိုယ်ရဲ့ သဘာဝ တုံ့ပြန်မှု တစ်ခု သာဖြစ်တယ်။ အကယ်၍ အနာ မကျက်မီ သွားခွာချ လိုက်ပါက သွေး စိမ့်တဲ့ နေရာမှ ပိုးဝင်ရောက် နိုင်ပါတယ်။ အနာရွတ်လည်း ပိုကြီးထွား စေနိုင်ပါ တယ်။ By Health Digest from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1xkDSEw

အထိုင်များသော အလုပ်ကြောင့် စောစော စီးစီး သေဆုံးစေနိုင်

တစ်ခါထိုင်ရင် သုံးလေးနာရီကျော် ကြာတဲ့သူတွေကို လေ့လာခဲ့ရာ စောစောစီးစီး သေဆုံးနိုင်ခြေ မြင့်မား နေတယ်လို့ လေ့လာမှု နှစ်ခုအရ သိရပါတယ်။ အမေရိကန် လေ့လာမှုအရ တစ်နေ့ ခြောက်နာရီထက် ပိုမိုထိုင်ပြီး လေ့ကျင့်ခန်း မလုပ်တဲ့ အမျိုးသမီးတွေက အချိန် မတိုင်မီ စောစော သေဆုံးနိုင်ခြေ ၇၀ ရာခိုင်နှုန်းကျော် ပိုမိုမြင့်မားကြောင်း၊ အမျိုး သားတွေ မှာတော့ အချိန် မတိုင်မီ စောစောသေဆုံး နိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမိုမြင့်မားကြောင်း လေ့လာ တွေ့ရှိရပါတယ်။ သြစတြေးလျ လေ့လာမှုအရ လူတွေက အထိုင်များ လေလေ၊ ဘ၀သက်တမ်းတိုဖို့ အခွင့်အလမ်း ပိုများလေလေ ဖြစ်တာကိုတွေ့ရပါတယ်။ အထိုင်များသူတို့အတွက် ဖြေရှင်းနည်း အထိုင်များတဲ့ အလုပ်လုပ်ရသူတွေ အနေနဲ့ နာရီဝက်ကြာ ထိုင်ပြီးတိုင်း မတ်တပ်ရပ်ပေးဖို့ လိုပါတယ်။ ဖုန်းကို ရပ်ပြီးပြောတာ၊ လက်ကိုင်ဖုန်းကို လမ်းလျှောက်ပြီး ပြောတာမျိုးလုပ်ပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောရာ မှာ အီးမေး၊ ချက်တင်တွေနဲ့ ပြောမယ့်အစား သူတို့ဆီကို သွားရောက်ပြီး ပြောပါ။ နာရီများစွာ ကြာကြာထိုင်ပြီး အလုပ်လုပ်မယ့် အစား မကြာခဏ ရေသောက်လိုက်၊ အိမ်သာသွားလိုက် (ဆီးသွားလိုက်) လုပ်ပေးပါ။ မြ၀တီ from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo L

ပလတ်စတစ်ဆာ ဂျရီနှင့် စိတ်ကျန်းမာရေး

ကာလရှည်ကြာ လေ့လာမှု တစ်ခုအရ ပလတ်စတစ် ဆာဂျရီ ပြုပြင်မှု ခံယူထားသော သူများသည် ဘဝတွင် ပိုမိုပျော်ရွှင် လာကြပြီး မိမိကိုယ်ကို ယုံကြည်မှုလည်း ပိုရှိလာကြောင်း တွေ့ရသည်။ ယင်းလေ့လာမှုအား Univ ersity of Basel မှ စိတ်ပညာရှင် ပါမောက္ခ ဒေါက်တာJurgen Margrof မှ ဦးဆောင် လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး ခွဲစိတ်မှု ခံယူထားသူ ၅၅ဝဦး အပေါ်တွင် လေ့လာမှုများ လုပ်ခဲ့သည်။ လေ့လာခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ပလတ်စတစ် ဆာဂျရီ ခွဲစိတ်မှု ခံယူခြင်းနှင့် ကျန်းမာရေး ပြောင်းလဲမှု (စိတ်ကျန်းမာရေး၊ ဘဝတွင် နေပျော်မှု၊ စိတ်ကျဝေဒနာ)ကို လေ့လာရန် ဖြစ်သည်။ စိတ်ပညာရှင် များက ခွဲစိတ်မှုခံ ယူထားသော လူနာများအား ခွဲပြီးနောက် သုံးလ၊ ခြောက်လနှင့် ၁၂လ တို့တွင် အသီးသီး လေ့လာခဲ့ရာ လူနာ အများစုသည် မိမိတို့ မျှော်လင့်ထား သကဲ့သို့ ဖြစ်လာပြီး ဘဝ၌ ပိုမို နေပျော်လာကြောင်း တွေ့ရသည်။ ခွဲစိတ်ရန် ပြင်ပြီးမှ မခွဲဖြစ်သူများထက် ခွဲဖြစ်သူများသည် ပို၍ စိတ်ပူပန်မှု လျော့နည်းပြီး မိမိကိုယ်ကို ယုံကြည်မှု ပိုလာကြောင်း တွေ့ရလေသည်။ မိုင်ကိ ref: MNT Health Updates Journal from သစ်ထူးလွင် (ကျန်းမာရေး) - Thit Htoo Lwin http://ift.tt/1xkDPsy